ကျွန်မတို့ မိသားစု ကိုဗစ် ၁၉ ကိုအနိုင်ယူခဲ့တဲ့အကြောင်း ပြန်လည်မျှဝေပါတယ် 16ရက်နေ့မှာ ကျွန်မအမျိုးသားစဖျားပါတယ်။အဲနေ့ညမှာပဲဝမ်းလျှောပါတယ် 17ရက်နေ့ အမျိုးသားဆေးခန်းပြ ဓူဝံမှာ RDT သွားစစ်တော့ positive ထွက်ပါတယ်။ ကျွန်မအပါအဝင် ကျန်တဲ့ အိမ်သားအားလုံး (ကလေးနှစ်ယောက်နဲ့ Nurse နှစ်ယောက်မပါ) ချက်ချင်းစစ်တဲ့အခါ Negative ထွက်ပါတယ်။ အဲဒါနဲ့ သားသားကလေးဆရာဝန်ကို ဖုန်းဆက်အကျိုးအကြောင်းပြောပြီးတိုင်ပင်တော့ အဖေ positive အမေ negative ဆိုလည်း အမေကစိတ်မချရသေးဘူး။ကလေးနဲ့ ၃ရက်ခွဲနေရမယ်။ ၃ရက်ပြည့်လို့ ပြန်စစ်ရင် PCR Test ကို ဖြစ်နိုင်ရင်စစ်ပါ။သူကပိုပြီးတိကျတယ်။ အဲကျမှ Negative ထွက်ရင်စိတ်ချရပြီ။ ကလေးကိုလည်း စစ်ကိုစစ်ပေးရမယ်တဲ့။ ကလေးငယ်ငယ်လေးရဲ့ နှာခေါင်းထဲနှိုက်ပြီးစစ်ရမယ်ဆိုတော့ တွေးရင်း ရင်တွေနာပြီးသနားလိုက်တာ။ အဲနေ့က စပြီး သူ့အဖေကတခန်း ကျွန်မက တခန်း ၊ […]
ၾကားသိရသမွ်
ထောင်ထဲမှာ ဒုက္ခိတဖြစ်ပြီး ဆေးကုသဖို့ အရေးပေါ်လိုအပ်နေတဲ့ သားလေးအတွက် ပြည်သူတွေဆီ အသနားခံ တောင်းဆိုလာတဲ့ မောင်လျှံဖြိုးအောင်ရဲ့ မိဘများ
ကိုလျှံဖြိုးအောင်က မတ်လ(၂၇)ရက်နေ့က ပြုလုပ်တဲ့ အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲမှာ ပါဝင်ရင်း ပစ်ခတ်ဖြိုခွင်းခဲ့မှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အသက်(၂၂)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကိုလျှံဖြိုးအောင်က မျက်လုံးတစ်ဖက် ဆုံးရှုံး၊ ညာဘက်လက်ပြတ်၊ ဘယ်ဘက်လက်ကျိုးခဲ့တဲ့အပြင် လမ်းကောင်းကောင်းမလျှောက်နိုင်ဘဲ ဆေးကုသမှုတွေလိုအပ်နေဆဲဖြစ်ပါတယ်။ အခုလိုဆေးကုသမှုတွေအရေးပေါ်လိုအပ်နေပေမယ့် ကိုလျှံဖြိုးအောင်ကို အကျဉ်းချထားဆဲဖြစ်ပါတယ်။ အခုလိုဆေးကုသမှုတွေလိုအပ်နေတာကြောင့် ကိုလျှံဖြိုးအောင်ကိုဆေးကုသခွင့်ရရန်အတွက် မိဘဆွေမျိုးတွေနဲ့ မကွေးနည်းပညာတက္ကသိုလ်ကျောင်းသား၊ကျောင်းသူဟောင်းတွေက အသနားခံစာရေးကာတောင်းဆိုလာကြပါတယ်။ ဒါ့အပြင် သူငယ်ချင်းမိတ်ဆွေတွေနဲ့ မတရားမှုကိုလက်သင့်မခံနိုင်ကြတဲ့ပြည်သူတွေကလည်း အသနားခံစာရေးကာတောင်းဆိုလာကြပါတယ်။ ဒီအကြောင်းအရာလေးကို လူမှုကွန်ယက်စာမျက်နှာမှာ “မကွေးအကျဉ်းထောင်အတွင်းမောင်လျှံဖြိုးအောင်အားဖမ်းဆီးချုပ်နှောင်ထားခြင်းမှလွတ်မြောက်ပေးရန်အတွက်မကွေးနည်းပညာတက္ကသိုလ်ကျောင်းသား/ကျောင်းသူဟောင်းများ၏သဘောထားထုတ်ပြန်ချက်နှင့်ပြည်သူများ၏လက်မှတ်ရေထိုးတောင်းဆိုချက်များအားယနေ့မှစ၍ ကူညီတောင်းခံလျှက်ရှိပါသည်။ မောင်လျှံဖြိုးအောင်ဆေးကုခွင့်ရရန်နှင့်အမြန်ဆုံးလွတ်မြောက်စေရန်အတွက်ပြည်သူများ၏တောင်းဆိုမှု့၊အရေပေါ်လိုအပ်နေပါသည်။သို့ပါသောကြောင့်ပြည်သူများအနေဖြင့်အောက်ဖော်ပြပါအသနားခံတင်ပြသောပုံစံများနှင့်အတူမိဘပြည်သူများကူညီပေးပါရန်မောင်လျှံဖြိုးအောင်မိသားစုမှလေးစားစွာအသနားခံတင်ပြအပ်ပါသည်။ အသနားခံစာကူညီပေးပါသောမိဘပြည်သူများအနေဖြင့်comment / Cb တွင်စာရေးသားပေးပို့နိုင်ပါသည်ခင်ဗျာပြည်သူများထံမှအသနားခံစာကူညီစောင်ရွက်ပေးပါသောမကွေးနည်းပညာတက္ကသိုလ်မှကျောင်းသားဟောင်းကိုတိုးနိုင်ဌေးနှင့်သူငယ်ချင်းများအားအထူးပင်ကျေးဇူးတင်ရှိပါသည်” ဆိုပြီးလည်းရေးသားမျှဝေထားတာကိုတွေ့ရပါတယ်။ ပရိသတ်တွေအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ သတင်းအရင်းမြစ်: Hlyan Phyo Aung’s Facebook acc
ပုဇွန်တောင် မြို့နယ် တွင်မီးလောင်မူ့ ဖြစ်ပေါ်နေ လက်ရှိ lv 2ပါ (ရုပ်/သံ)
ပုဇွန်တောင် မြို့နယ် တွင်မီးလောင်မူ့ ဖြစ်ပေါ်နေ လက်ရှိ lv 2ပါ (ရုပ်/သံ) ရန်ကုန် ပုဇွန်တောင် ၅၄လမ်း နှင့် ၅၅လမ်းကြားတွင် ဒီကနေ့ ဇူလိုင်လ(၇)ရက်နေ့လည်က မီးလောင်မှုဖြစ်ပွားလျက်ရှိပြီး လက်ရှိ Level 2 အဆင့်သတ်မှတ်ထားကြောင်း သိရပါတယ်။ 7.7.2021(3:15pm) ပုဇွန်တောင် မြို့နယ် တွင်မီးလောင်မူ့ ဖြစ်ပေါ်နေ ၇.၇.၂၀၂၁ ရက်နေ့၊ ၁၅ ၁၅အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ (၂)ရပ်ကွက်၊ ၅၄လမ်းနှင့် ၅၅လမ်းကြားတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level 1ယာဉ်အုပ်စုများ ထွက်ခွာလျက်ရှိသည်။ Update ၁၅ ၂၀ အချိန် Level 2 ယာဉ်အုပ်စုများ ထွက်ခွာလျက်ရှိပါသည်။ &; Zawgyi ပုဇွန်တောင် မြို့နယ် တွင်မီးလောင်မူ့ ဖြစ်ပေါ်နေ လက်ရှိ […]
စုထက်ဝိုင်းရဲ့မိခင်ကို အချုပ်ကားနဲ့တင်ဆောင်ပြီး ဘယ်ခေါ်သွားမှန်းမသိလို့ ဇနီးအတွက် အရမ်းစိတ်ပူနေရတဲ့ မိုးကုတ်မြို့ကကိုစိုးဌေး
လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေ စတင်ချိန်ကတည်းက လူကြီး၊လူငယ်တွေအပြင် ကလေးတွေကပါတစ်တပ်တစ်အားပါဝင်လှုပ်ရှားခဲ့ကြတာဖြစ်ပါတယ်။ မိုးကုတ်မြို့က ကိုစိုးဌေးရဲ့ သမီးငယ်လေး စုထက်ဝိုင်း ဆိုရင်လည်း (၅)နှစ်အရွယ်လေးနဲ့ လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။ ကိုစိုးဌေးကလည်း တက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်တာကြောင့် ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်လို့ လုံခြုံမယ့်နေရာမှာ ရှောင်တိမ်းနေထိုင်နေရတာဖြစ်ပါတယ်။ ကိုစိုးဌေးကို ဖမ်းလို့မမိတာကြောင့် သူ့ရဲ့ဇနီးသည်နဲ့ သမီးကြီး၊သမီးငယ်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။သမီးငယ်လေး စုထက်ဝိုင်းဆိုရင် (၅)နှစ်အရွယ်လေးနဲ့ ထောင်ထဲမှာ နေခဲ့ရတာဖြစ်ပါတယ်။ ဇွန်လ (၃၀)ရက်နေ့မှာ သမီးငယ်လေး စုထက်ဝိုင်းကို ပြန်လွှတ်ပေးလိုက်ပေမယ့် ဇနီးသည်နဲ့ သမီးကြီးကိုတော့ အခုချိန်ထိဖမ်းဆီးထားဆဲပဲဖြစ်ပါတယ်။ကိုစိုးဌေးကလည်း သမီးကြီးရဲ့ ကျန်းမာရေးအခြေအနေအရမ်းဆိုးနေတယ်လို့ကြားတာကြောင့် စိတ်ပူနေရတာဖြစ်ပါတယ်။ အခုဆိုရင်လည်း ကိုစိုးဌေးက သူ့ရဲ့ ဇနီးသည်ကို အချုပ်ကားနဲ့ တင်ပြီး ဘယ်နေရာကိုခေါ်သွားမှန်းမသိဘူးလို့ ဖွင့်ဟလာတာဖြစ်ပါတယ်။ ကိုစိုးဌေးရဲ့ဇနီးကလည်း လမ်းပေါ်မှာတွေ့တဲ့ မိုးကုတ်ကလူအချို့ကို လက်ဟန်ခြေဟန်နဲ့ပြောသွားခဲ့တယ်လို့ သိရပါတယ်။ ကိုစိုးဌေးခမျာ ဇနီးသည်ကို ဘယ်ခေါ်သွားမှန်းလဲမသိရတဲ့အပြင် သမီးကြီးလည်း အချုပ်ထဲမှာ […]
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီး အသိအမှတ်ပြုလိုက်ပါပြီ…
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီး အသိအမှတ်ပြု၊ မြန်မာ့ပြဿနာ ကပ်ဘေးအဆင့်နှင့်ပြည်တွင်းစစ်ဆီ ဦးတည်နေဟု သတိပေး ရန်ကုန်၊ ဇူလိုင် ၇ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bacheletက အသိအမှတ်ပြုလိုက်ပြီး မြန်မာ့ပြဿနာသည် လူ့အခွင့်အရေးဆိုင်ရာ ကပ်ဘေးအဆင့်နှင့် ပြည်တွင်းစစ်ဆီသို့ ဦးတည်ပြီး အခြေအနေ ဆိုးဝါးနိုင်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ တင်ပြပြောဆိုလိုက်သည်။ မြန်မာစစ်တပ်အနေဖြင့် NUG အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲကများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ CDM အဖွဲ့များ၊ အလုပ်သမားသမဂ္ဂ၊ သပိတ်ကော်ငစီများနှင့် တွေ့ဆုံဆွေးနွေးရန် လူ့အခွင့်အရေး မဟာမင်းကြီး က အကြံပြုတိုက်တွန်းသည် ။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် Michelle Bacheletက တင်ပြရာတွင် အမျိုးသားညီညွတ်ရေးအစိုးရအမည်ကို ထုတ်ဖော်ပြောဆိုပြီး နိုင်ငံတကာအနေဖြင့် […]
ဘယ်သူမွေးမွေးငါတို့သားတွေပါဆိုတဲ့ ..PDF များဆီသို့
ဘယ်သူမွေးမွေးငါတို့သားတွေပါဆိုတဲ့ ..PDF များဆီသို့ ကျနော်တို့ရဲ့ လူငယ်သစ်များအတွက် တိုင်းရင်းသားတဦးရေးတဲ့စာ ။ ခုတော်လှန်ရေးမှာ တိုင်းရင်းသားတွေ ကျေးဇူးအရမ်းကြီးပါတယ် ။ လူငယ်အချင်းချင်းရေးပြောတဲ့စာမို့လို့ ပိုကြည်နူးတယ် ။ မျိုးဆက်သစ်ကို ကျနော်ယုံကြည်တယ် ။ 🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩 🔥ကျွန်တော်တို့ KIA မှာဆယ်တန်းအောင်ပညာတတ်တွေဗိုလ်လောင်းသင်တန်းတက်ကြတယ်။မြို့ပြအုပ်ချုပ်ရေး DJA ကနေဖွင့်တဲ့ Salang Kaba အုပ်ချုပ်ရေးမှူး သင်တန်းမှာတက်တဲ့လူငယ်တွေပိုများတယ်။Army ဘက်မှာအားနည်းလာတော့တစ်အိမ်တစ်ယောက်မလုပ်မနေရ စာနဲ့ခေါ်တယ်။မလာဘူးဆိုရင်ဖမ်းတယ်။ကိုယ့်အသိစိတ်ဓာတ်နဲ့ KIA ရဲဘော်လုပ်ဖို့ KIA တပ်ထဲဝင်လာတဲ့လူတွေကအင်မတန်ရှားပါးလာပါတယ်။ရဲဘော်အများစုဟာ စစ်ရှောင်သားသမီးတွေများတယ်။အမှန်အတိုင်းဝန်ခံတာပါ။ 🔥နွေဦးတော်လှန်ရေးမှာ ပြည်မဘက်မှအမှန်တရားကိုမြတ်နိုးသောချမ်းသာပြီးပညာတတ်တဲ့ အတိုင်းအဝိုင်းကလူငယ်တွေ၊ပညာမတတ်တဲ့ အညတရ ဆင်းရဲသား Gen Z တွေအလွှာပေါင်းစုံအဆင့်အတန်းပေါင်းစုံ စိတ်တူကိုယ်တူ ခံယူချက်ရည်မှန်းချက်တူညီတဲ့လူငယ်မြောက်များစွာ စစ်အာဏာရှင်အမြစ်ပြတ်ခြေမုန်းဖို့ နီးစပ်ရာတိုင်းရင်းသားလက်နက်ကိုင်တွေဆီမှာနိမ့်ချစွာစစ်ပညာသင်ကြားဖို့ရောက်လာခဲ့ကြတယ်။ဘာသာမတူ လူမျိုးမတူ တဲ့ ကျွန်တော်တို့နယ်မြေမှာ အာဏာရှင် တော်လှန်လိုတဲ့စိတ်တစ်ခုတည်းနဲ့ စွန့်စားပြီးလာခဲ့ကြတယ်။သူတို့ကိုကြည့်လိုက်ရင် ကျွန်တော်တို့ကိုအားကိုးတဲ့မျက်လုံးတွေနဲ့ပါ..တိုင်းပြည်ကစုတ်ပြတ်သတ်နေတော့ တန်ဖိုးရှိတဲ့လူငယ်တွေတောခိုလာကြတယ်။သူတို့ တွေအလီလီရောက်လာကြတော့ […]
ကိုဗစ်တတိယလှိုင်းမှာ ကိုယ့်အားကိုယ်ကိုးပြီး ကာကွယ်ရမှာဖြစ်လို့ ပြည်သူတွေအတွက် အဓိကအရေးကြီးတာတွေကို အကြံပြုပြောပြလာခဲ့တဲ့ ဒေါင်း
လတ်တလောမှာ တစ်ကျော့ပြန်ဖြစ်ပွားလာခဲ့တဲ့ ဗီဇပြောင်း ကိုဗစ်ရောဂါကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကူးစက်နှုန်းဟာ သိသိသာသာကို မြင့်တက်လာတာတွေ့ရပါတယ်။ ယခုတစ်ခါ တတိယလှိုင်း ကိုဗစ်ကူးစက်မှုကတော့ အရင်ဖြစ်ပွားခဲ့ ကိုဗစ်ဒုတိယလှိုင်းတွေထက်တောင် တစ်နေ့တာ ကူးစက်နှုန်းလည်း မြင့်တက်လာသလို သေဆုံးလူဦးရေးကလည်း များလာခဲ့ရပါတယ်။ ဒါ့အပြင် ဇူလိုင်လ (၆)ရက်နေ့ ည(၈)နာရီ ကိုဗစ်ရောဂါထုတ်ပြန်ချက်တွေရ ပိုးတွေ့အတည်ပြုလူနာသစ်(၃၆၀၂)ဦးဖြစ်ပြီး ထပ်မံသေဆုံး (၅၂)ဦးရှိခဲ့ပါတယ်။ ဒါဟာ မြန်မာပြည်မှာ စံချိန်တင်လောက်တဲ့ ကူးစက်မှုနှုန်းနဲ့ သေဆုံးသူဦးရေ မြင့်မားခဲ့တဲ့ ဆိုးဆိုးရွားရွား နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။ ယခုအချိန်အခါမှာ ကိုဗစ်ရောဂါ ထိန်းချုပ်ကုသရေးကို အာဏာရှင်များက လုပ်ဆောင်ပေးနေတာကြောင့် အရင်လို ကျန်းမာရေးစောင့်ရှောက်ပေးမှုတွေ မလုံလောက်တာလည်း တွေ့နေရပါတယ်။ ယခုလို ကိုဗစ်တတိယလှိုင်းမှာ မိမိကိုယ်ကိုယ်ကိုပဲ အားကိုးရမှာဖြစ်တာကြောင့် ဂရုတစိုက်သွားလာနေထိုင်ရမှာဖြစ်ပါတယ်။ ဒီလို ရောဂါကူးစက်မှုမရှိအောင် ဂရုတစိုက်နေထိုင်သွားလာဖို့အတွက် ပြည်သူတွေနဲ့အတူ အမြဲတမ်းရပ်တည်ပေးနေတဲ့ သရုပ်ဆောင်ဒေါင်းကလည်း […]
မင်္ဂလာပွဲမှာ သတို့သမီးကို လုံးဝဂရုမစိုက်တဲ့အပြင် ဂိမ်းအဆော့မပျက်ခဲ့တဲ့ သတို့သား
ဒီအဖြစ်အပျက်လေးကတော့ အိန္နိယနိုင်ငံ ၊ Siliguri မြို့မှာ ကျင်းပခဲ့တဲ့ မင်္ဂလာပွဲတစ်ခုမှာ ဖြစ်ပျက်ခဲ့တာပါ ။ သတို့သားကတော့ မင်္ဂလာပွဲအစ ကနေ အဆုံးထိ လုံးဝကို ဂိမ်းအဆော့မပျက်ခဲ့ပါဘူး ။ သတို့သမီးမှာလည်း သတို့သားကို နားမလည်နိုင်အောင်ဖြစ်ခဲ့ရပါတယ် ။ သို့ပေမဲ့လည်း အဆိုပါမင်္ဂလာပွဲဟာ မိဘတွေစီစဉ်ကျင်းပပေးခဲ့တဲ့ ပွဲဖြစ်ကြောင်းလည်း သိရပါတယ် ။ သတို့သားမှာတော့ မင်္ဂလာပွဲလာရောက်တဲ့သူတွေရဲ့ လက်ဖွဲ့ကိုတောင် လက်မခံနိုင်တော့ဘဲ ဖယ်ထုတ်ပစ်ခဲ့တဲ့အထိ ဂိမ်းအဆော့ပျက်မှာကိုသာ စိုးရိမ်နေခဲ့ကြောင်း သိရပါတယ် ။ အချို့သောသူတွေကတော့ သတို့သမီးအနေနဲ့ အဆိုပါယောင်္ကျားမျိုးကို လက်ထပ်ယူခြင်းက သူမရဲ့ ဘဝအနာဂတ်အတွက် မသေချာမရေရာနိုင်ကြောင်း ဝေဖန်ထောက်ပြခဲ့ကြတဲ့အပြင် အချို့မှာတော့လည်း အဆိုပါယောင်္ကျားမျိုးဟာ ဂိမ်းကိုသာ အာရုံစိုက်ပြီး မိန်းမတွေကို လုံးဝဂရုမစိုက်နိုင်လို့ သူမအနေနဲ့ သစ္စာမဖောက်ဖျက်တဲ့ ယောင်္ကျားမျိုးရရှိသွားခဲ့တာဖြစ်ကြောင်း မျိုးစူံမှတ်ချက်ပေးရေးသားခဲ့ကြပါတယ် ။ Jasmine […]
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိ ဦးဇော်နိုင်ဝင်း ထောင် ၇ နှစ် ကျ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိ ဦးဇော်နိုင်ဝင်း ပုဒ်မ ၄၀၉ ဖြင့် ထောင် ၇ နှစ် ကျ နေပြည်တော်၊ ဇူလိုင် ၇ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံတွင် ကိုယ်ရေးအရာရှိ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ နိုင်ငံရေး ခြားရေး ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဗိုလ်ကြီးဟောင်း ဦးဇော်နိုင်ဝင်းကို ပြီးခဲ့သည့် ဇွန်လက နေပြည်တော်၊ ဇမ္ဗူ သီရိမြို့နယ် တရာရုံးက ယုံကြည်အပ်နှံဖောက်ဖျက်သည့် ပုဒ်မ ၄၀၉ ဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ကြောင်း သိရ သည်။ “သူက စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ထွက်စာတင်တယ်။ ပြီးတော့ ဖေဖော် ဝါရီလထဲမှာပဲ Free Daw […]
ကိုဗစ် တတိယလှိုင်းက အတော်ဆိုးပါတယ် /ကာကွယ်ဆေးထိုးပြီးသူတွေပါ သေဆုံးမှုများနေ
ကိုဗစ် တတိယလှိုင်းက အတော်ဆိုးပါတယ် ။ကာကွယ်ဆေးထိုးပြီးသူတွေပါ ဖြစ်တာကိုတွေ့ရပါတယ် ကာကွယ်ဆေးထိုးထားသူတွေမှာ အသက်အန္တရာယ် ဖြစ်ပွားမှု နည်းပါးပြီး ကာကွယ်ဆေးမထိုးထားသူ သက်ကြီးရွယ်အိုတွေ ရောဂါ အခံရှိသူတွေမှာ ဖြစ်ပွားရင် သေနှုန်းများပါတယ် “ကျွန်တော်တို့ကတော့ ဖြစ်နိုင်ရင် ဝေဒနာရှင်တွေ အားလုံးကို ပိန်းကြာဖက် ရေမတင်သလို ရောဂါတွေ ကင်းစင် ပပျောက်သွားစေချင်တာပါ ဒါပေမယ့် ခုလက်ရှိ အနေအထားကတော့ လူနာတိုင်း ကုတင်နဲ့နေရရေး ကြမ်းပြင်ပေါ်မှာ ချထားတာ မရှိရေး အောက်စီဂျင်လိုသူများ အောက်စီဂျင် ရစေရေး ဆေးဝါးများ ပြတ်လတ်မှုမရှိရေးကို ဦးစားပေးစီစဉ်နေပါတယ်” လို့ ပြည်နယ်ကုသရေးမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ် ကျိုက်ခမီမှာတော့ ဘုရားဇောင်းတန်းက သစ်သားဆောင်တွေမှာမို့ ကုတင်နှင့် မသုံးပဲ သစ်သားကြမ်းပေါ်နေရာချထားတယ်လို့ ကျိုက်ခမီတိုက်နယ်ဆေးရုံက သိရပါတယ် “လူတွေကိုမသေစေချင်ဘူးဗျာ ဒါပေမယ့်ရောဂါက အတော်ဆိုးတယ် ကွယ်လွန်သွားသူတွေဟာ ကိန်းဂဏန်းအရ […]









