ဆန်ဆေးရေနဲ့ ခေါင်းလျှော်ဖြစ်အောင် လျှော်ကြည့်ပါ ဆန်ဆေးရေနဲ့ ခေါင်းလျှော်ကြမယ် ဆန်ဆေးရေ ဆိုတာဟာ ကျွန်တော်တို့ နေ့စဉ်စားတဲ့ဆန်ကို ထမင်းအဖြစ်မချက်ခင်မှာ ရေနဲ့ ဆန်ကို ဆေးရာကနေ ရတဲ့ ရေပါ။ကျွန်တော်တို့ အတော်များများကတော့ ဆန်ဆေးရေကို သွန်ပစ်ကြလေ့ရှိပါတယ်။ သို့သော် ရှေးယခင်ကတည်းက ဆန်ဆေးရေရဲ့ အကျိုးအာနိသင်ကိုသိပြီး ဆန်ဆေးရေကို အလှအပအတွက်သုံးခဲ့တဲ့ လူတွေလည်းရှိပါတယ်။သုတေသနပညာရှင်များရဲ့ အဆိုအရ ဂျပန်နိုင်ငံရဲ့ H e i a n ခေတ် (794 AD – 1185) မှာ ဂျပန်အမျိုးသမီးတွေရဲ့ ဆံပင်အရှည်ဟာ ခေါင်းကနေ ခြေဖျားထိရှိပြီး ဆံသားကလည်းကောင်းတယ်လို့ ဆိုပါတယ်။ အဲ့လိုဆံပင်ရှည်ပြီး ဆံသားကောင်းဖို့ကို ဆန်ဆေးရည်နဲ့ ခေါင်းလျှော်ခဲ့ကြတယ်လို့ သုတေသနပညာရှင်များက ဆိုပါတယ်။အဲ့ခေတ်ကာလက တော်တော်ကြာခဲ့ပြီဆိုတော့ တချို့တွေအနေနဲ့ ယုံချင်မှ ယုံပါလိမ့်မယ်။ ဒါပေမယ့် […]
Day: June 20, 2020
အလကားရတုံးက စားခဲ့ပြီး တရားဝင်လက်ထပ်ခိုင်းမှ..
လားရှိုးမြို့နယ် မတ်ချီးနုကျေးရွာအနီးမှာဖြစ်ပွားခဲ့တဲ့ လူသတ်မှုမှတရားခံအား ဖော်ထုတ်နိုင်ခဲ့… ဇွန်(၁၉)၊လားရှိုး ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့နယ် တာပုံကျေးရွာအုပ်စုရှိ မတ်ချီးနုကျေးရွာအနီးကားလမ်းဘေးချုံပုတ်အတွင်း ပုတ်ပွသေဆုံးနေသော အမျိုးသမီး(၂)ဦးအား သတ်ခဲ့ပြီး အလောင်းဖျောက်ဖျက်ခဲ့သူအား လားရှိုးမြို့မှ ရဲတပ်ဖွဲ့ဝင်များ၏ကြိုးစားဖော်ထုတ်မှုအရ ဖမ်းဆီးရမိခဲ့ပြီဖြစ်ပြီး တရားခံမှာလည်း၎င်းကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့သည်ဟုသိရသည်။ ဖြစ်စဉ်မှာ လားရှိုးမြို့နယ် မတ်ချီးနုကျေးရွာအုပ်စု မတ်ချီးနုကျေးရွာနှင့် (၅)မိုင်ခန့်အကွာ အရှေ့မြောက်ဘက်သင်္ချိုင်းကုန်းသွားလမ်းဝဲဘက် ချုံတောထဲတွင်အမည်မသိအမျိုးသမီး(၂)ဦးအား ခြေလက်များကို နိုင်လွန်ကြိုးအဖြူဖြင့်တုတ်လျက် သေဆုံးနေသည်ကိုတွေ့ရှီရပြီး ၄င်းတို့အနီးတွင်လည်း အနီရောင်ခေါင်းအုံး(၁)လုံး၊အညိုရောင်စောင်(၁)ထည်၊အနီရောင်မွေ့ယာ(၁)ခုကိုလည်းတွေ့ရှိရသည်ဟု ၂၀၂၀ ခုနှစ် ဇွန်လ(၁၆)ရက်နေ့ နံနက်ပိုင်းက ကျေးရွာတာဝန်ရှိသူက လားရှိုးနယ်မြေရဲစခန်းသို့လာရောက်သတင်းပို့ရာမှ စတင်ခဲ့သည်။ သေဆုံးနေသည့် အလောင်းများအား လားရှိုးမြို့မှ လူမှုကူညီရေးကားများဖြင့်လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးသို့အပ်နှံခဲ့ပြီး ဒုရဲအုပ်သိန်းဝင်းထွန်းမှ တရားလိုပြုလုပ်ကာ တိုင်တန်း၍အမှု့ဖွင့်လှစ်ခဲ့သည်ဟုဆိုသည်။ ထို့နောက်လားရှိုးမြို့မှ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး၊လားရှိုးခရိုင်ရဲတပ်ဖွဲ့မှူး ၊ လားရှိုးမြို့နယ်ရဲတပ်ဖွဲ့မှူး တို့၏ အနီးကပ်လမ်းညွှန်မှုဖြင့် လားရှိုးနယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်လှိုင်ထွန်း ဦးစီးပြီး […]
ယနေ့ မနက် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ အလှဆင်ထားသော ပန်းပင်ကျောက်စည် အလုံးပေါင်း ၃၉ လုံ ဖျက်ဆီးခံထားရ . . .
ယနေ့ မနက် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ ဝန်ဇင်းကန်ဘောင်ပေါ်ရှိ ထီလာစည်ပင်သာယာမှ ပြည်သူများ၏ အခွန်ငွေများဖြင့် အကုန်ကျခံ အလှဆင်ထားသော ပန်းပင်ကျောက်စည် အလုံးပေါင်း ၃၉ လုံးတို့ကို စိတ်ဓာတ်ညံဖျင်းစွာဖြင့် ဖျက်ဆီးခံထားရသည့် ဓာတ်ပုံများ crd-Khin Ko Latt Myanmar_Online_News ယနေ့ မနက် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ ဝန်ဇင်းကန်ဘောင်ပေါ်ရှိ ထီလာစည်ပင်သာယာမှ ပြည်သူများ၏ အခွန်ငွေများဖြင့် အကုန်ကျခံ အလှဆင်ထားသော ပန်းပင်ကျောက်စည် အလုံးပေါင်း ၃၉ လုံးတို့ကို စိတ်ဓာတ်ညံဖျင်းစွာဖြင့် ဖျက်ဆီးခံထားရသည့် ဓာတ်ပုံများ crd-Khin Ko Latt Myanmar_Online_News
ပေါင်းဖက်ရန်အသင့်တော်ဆုံး အိမ်ထောင်ဖက်နေ့နံများနဲ့ နေ့ကောင်းရက်သာများ
ဈေးသုံးလည်းမလွယ်နဲ့၊ ရှေးထုံးလည်းမပယ်နဲ့ ဆိုတဲ့ ဆိုရိုးစကားအတိုင်း မင်္ဂလာပြုသင့်တဲ့ ရက်မြတ်တွေကို ဝေမျှ ဖော်ပြပေးလိုက်ပါတယ် မြန်မာတို့ရဲ့ ထုံတမ်းအစဉ်အလာမှာ တစ်ဦးနဲ့တစ်ဦး လက်ထပ်ထိမ်းမြားတော့မယ်ဆိုရင် ဗေဒင်တွေမေးပြီးပြက္ခဒိန်တွေ ကြည့်ကာ နေ့ကောင်းရက်သာတွေ ရွေးချယ်ပြီးမှ ထိမ်းမြားလက်ထပ်လေ့ရှိပါတယ်။ ဒီလို ထုံးတမ်းစဉ်လာက ရှေးအရင်အချိန်တည်းက လူကြီးမိဘတွေ ပြုလုပ်လာကြတဲ့ အစဉ်အလာတစ်ခုလည်း ဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာတော့ အယူအဆတွေ သိပ်မရှိတော့ဘူးဆိုပေမယ့် ဈေးသုံးလည်းမလွယ်နဲ့၊ ရှေးထုံးလည်းမပယ်နဲ့ ဆိုတဲ့ ဆိုရိုးစကားအတိုင်း လက်ထပ်တော့မယ့် ဇနီးမောင်နှံများအတွက် ရှေးအရင်တည်းက တွက်ချက်ထားတဲ့ အိမ်ထောင်ဖက်၊ ရန်ဖက်များနဲ့အတူမင်္ဂလာပြုသင့်တဲ့ ရက်မြတ်တွေကို ဝေမျှ ဖော်ပြပေးလိုက်ပါတယ်။ အိမ်ထောင်ဖက် – ဦး၊ သာ၊ စိန်၊ ပန်း၊ ဒန်း၊ လှ၊ ကို၊ ရှာဦး-သာ တနင်္ဂနွေနှင့်သောကြာအိမ်ထောင်ဖက်စိန်-ပန်း အင်္ဂါနှင့်ကြာသပတေးအိမ်ထောင်ဖက် ဒန်း-လှ စနေနှင့် ဗုဒ္ဓဟူး […]
ပထမဝါဆိုလအတွက်အကောင်းဆုံးယတြာ (20.6.2020)မှ ပထမဝါဆိုလကွယ်နေ့(19.7.2020)အထိ
ပထမဝါဆိုလဆန်း(၁)ရက်နေ့(20.6.2020)မှ ပထမဝါဆိုလကွယ်နေ့(19.7.2020)အထိတစ်လတာလုံး “စာရွက်ပြောင်တစ်ရွက်ပေါ်တွင် အောက်ပါ အတိုင်း ဆုတောင်းစာကို အပြာရောင်ရှိသော ဘောပင်(သို့) ဆော့ပင်များဖြင့် ရေးသားပြီး ပန်းကန်ပြား တစ်ချပ်တွင် တင်ထားပါ။ “ထိုဆုတောင်းစာရေးထားသော စာရွက်ပေါ်၌ နွားနို့ကျို ပြီးသားတစ်ခွက်*ကို ထပ်မံ၍တင်ထား၍ စံပယ်ပန်းအနည်းငယ်ဝိုက်ထည့်ပြီး မိမိအိမ်/လုပ်ငန်း ဘုရားကျောင်းဆောင်ရှိ မြတ်စွာဘုရားရှင်အား တင်ထား ကပ်လှူ ရပါမယ် မိတ်ဆွေများ ခင်ဗျား….။ အောက်ပါ ဂါထာတော်ကို (၁၆)ခေါက်တိတိ ရွတ်ဖတ်ပေးရပါမယ်။ ” ဥုံ ပထဗျာ အာကာသေ ပဗ္ဗတေစေဝ ဥဒကေ ဝနေ ယံယံ ပတ္တံ ပဝါဒေမိ သဗ္ဗ လာဘသိဒ္ဓိ ဥပတုံမေ။” ဆုတောင်းစာ ပထမဝါဆိုလ တစ်လတာအတွင်း ကိုယ်ရောကျန်းမာ၊ စိတ်ရောချမ်းသာစွာဖြင့် မကောင်းသော အညံ၊အပ၊အခိုက် များ မှန်သမျှ ကင်းရှင်းပြီးကောင်းခြင်းမင်္ဂလာအဖြာဖြာဖြင့် အောင်မြင်ဖြစ်ထွန်းတိုးတက်ရပါလို၏။ […]
ဒူဘိုင်းမြို့က ပထမဦးဆုံး ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းကို တည်ထောင်နိုင်ခဲ့ပြီဖြစ်ပါတယ်
ဒူဘိုင်းမြို့ကပထမဦးဆုံး ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း အာရပ်စော်ဘွားနိုင်ငံ ဒူဘိုင်းမြို့က ပထမဦးဆုံး ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းကို တည်ထောင်နိုင်ခဲ့ပြီဖြစ်ပါတယ် ။ သာသနာတော်ကြီး စည်ပင်ပြန့်ပွားစေဖို့ သံဃာတော်တွေ ရှိဖို့လိုအပ်ပါတယ်။ သံဃာတော်တွေထဲကမှ ပရိယတ် ပရိပတ် အရည်အသွေး ထူချွန်တဲ့သံဃာတော်တွေပေါ်ထွန်းမှ သာသနာတွေပြန့်ပွားနိုင်မည်။ သာသနာပြန့်ပွားမှ လူတွေရဲ့ စိတ်ထဲ နှလုံးထဲ ဗုဒ္ဓတရားတော် ကိန်းအောင်မှ ကမ္ဘာကြီးငြိမ်းချမ်းနိုင်မည်။ ဒါကြောင့် ဗုဒ္ဓသာသနာကြီး မ် ားမ် ား ပြန့်ပွားနိုင်အောင် သာသနာ့ရှင်ဟန်း မ် ားမ် ား မွေးထုတ်ဖို့နှင့်… သာသနာ့ ဝန်ကိုထမ်းနေတဲ့ ရှင် ရဟန်းများကို မိမိတို့တတ်စွမ်းသရွှေ့ဠပစ္စည်းလေးပါး ထောက်ပံ့ရန် ဗုဒ္ဓဘာသာဝင်တိုင်းမှာ ကိုယ်စီတာဝန်ရှိကြတယ်လို့အကြံပြုလိုက်ပါတယ်။ credit Tech News unicode version ဒူဘိုင်းမြို့ကပထမဦးဆုံး ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း အာရပ်စော်ဘွားနိုင်ငံ […]





