သွေးလှူရှင် အံ့သြလောက်အောင်ခေါင်းထောင်ကြည့်ခဲ့ရသည့် အဖြစ်အပျက်လေးတစ်ခု../
သွေးလှူရှင် အံ့သြလောက်အောင်ခေါင်းထောင်ကြည့်ခဲ့ရသည့် အဖြစ်အပျက်လေးတစ်ခု ကြည်နူးစရာပုရိပ်တစ်ခု…ဤပုံကိုကြည့်ပါ…..တန်ဖိုးသိသူတိုင်း မြင်နိုင်ပါသည်။သွေးသည်အသက် အသက်သည်သွေး မိမိအသက်ရှင်ရေးအတွက် လာရောက်လှူဒါန်းပေးသော သွေးလှူရှင်အား လာရောက်ကန်တော့နေသည်မှာ အရွယ်နှင့်မမျှ ကျေးဇူးတရား သိတက်ပုံကိုပြသလိုက်သည်မှာ သွေးလှူရှင် အံ့သြလောက် အောင်ခေါင်းထောင်ကြည့်ပြီး ဝမ်းသာပီတိဖြစ်ရမည်မှာ မလွဲဧကန်ပါ ဆင်းရဲပေမဲ့ကျေးဇူးတရားသိတက်လှပေသည်။သွေးတစက်၏တန်ဖိုးကို သိတက်သည့် လူဆင်းရဲ၏ မိသားစုက ပေါက်ဖွားလာသော သမီးဖြစ် နိုင်ပါသည်။ တန်ဖိုးသိမှ တန်ဖိုးရှိနိုင်ပါသည်။တန်ဖိုးမသိက တန်ဖိုးဆုံရှုးနိုင်ပါသည်။တချို့သောသူများသည် မိမိအခက်အခဲမိမိအတ္တကိုရှေ့တန်းတင်ကြသည်။တချို့ကငွေဂုဏ်မောက်ပြီး မာန်တက်နေကြသည်။တချို့က မတူသလို မတန်သလိုဆက်ဆံကြသည်။တချို့က လိုသုံးလုပ်ကြသည်။တချို့က မယုံကြည်သလိုနှင့်မေးခွန်းပေါင်းများစွာ မေးကြသည်။တချို့က ရန်တွေ့ကြသည်။လူအမျိုးမျိုးရှိကြသည်။ကျေးဇူတင်ရကောင်းမှန်း မသိကြပါ။ဤနေရာ ကျွန်ုပ်သာဆိုလျင် ဝမ်းသာပီတိမျက်ရည်ကျမိမှာ အမှန်ပင်…..ကလေးမိဘများလည်း ဝမ်းသာပီတိမျက်ရည်ကျမိမယ် ထင်ပါသည်။ ဒါဟာ ပရဟိတသမားများနှင့်သွေးလှူ ရှင်တို့ပီတိကိုစားအားရှိပါ၏။သမီးလေးဘယ်မှာနေ၍ ဘယ်ဆေးရုံတက်နေသည်တော့ မသိပါ….နာမည်လဲ မသိပါ။ဤပုံကိုတွေ့၍ တန်ဖိုးမသိတဲ့သူများ သိအောင်သင်ခန်းစာယူစေချင်တဲ့ဆန္ဒဖြင့် တင်ပြခြင်းဖြစ်ပါသည်။မည်သူကိုမျှ ထိခိုက်စေသောဆန္ဒဖြင့် ရိုးသားစွာတင်ပြပါသည်။သမီးလေးရဲ့ အသိတရားကိုမြင်တွေ့လိုက်ရသည့်အတွက်ကျမ်းမာ … Read more