ပရိတ်သတ်ကြီးရေ မင်းသမီး မယ်လိုဒီကတော့ ခင်ပွန်းနဲ့ အတိအလင်း ကွာရှင်းခဲ့ပြီး လက်ရှိမှာတော့ တစ်ဦးတည်းသော သားလေးနဲ့ အေးအေးချမ်းချမ်းနဲ့ ဘဝကို ဖြတ်သန်းနေပြီပဲ ဖြစ်ပါတယ်။ ခင်ပွန်းနဲ့ ကွာရှင်းခဲ့ပြီးနောက်မှာတော့ ကောလဟာလများ ဆက်တိုက်ဆိုသလို ပေါ်ပေါက်ခဲ့ပါတယ်။ မင်းသမီး မယ်လိုဒီကတော့ အဆိုပါ ကောလဟာလများနဲ့ ပက်သက်ပြီး အခုလို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။ မယ်လိုဒီ ပြောခဲ့တာကတော့ ” အကောင့်တုတွေနဲ့pageမှာ မကောင်းတာတွေ ဝင်မရေးပါနဲ့ရှင် ကျွန်မမှာ အရင်က သား ဖြစ်ဖြစ် သမီး ဖြစ်ဖြစ် ရှိခဲ့မယ်ဆိုရင် ဖုံးဖိထားလို့ရမယ်ထင်လား ကျွန်မရဲ့လှပမှုကြောင့်သရုပ်ဆောင်အလုပ်ကို လုပ်ဖို့ အားလုံးကတိုက်တွန်းလို့ လုပ်ဖြစ်ခဲ့တာပါ အဲ့ဒီအတွက် အကောင်းအဆိုး မျှတပါတယ် ကျွန်မသား ဖြစ်ဖြစ် သမီး ဖြစ်ဖြစ် မွေးထားခဲ့ရင် အသားရည်ရဲ့လှပမှု မျက်ဝန်းရဲ့ဆွဲဆောင်မှု ကျစ်လစ်တင်းရင်းသော […]
Day: June 17, 2020
သူမရဲ့ ဆံပင်ကို သိန်း ရာချီနဲ့ လာဝယ်ရင်တောင် မရောင်းပါဘူးဆိုတဲ့ ဆံပင်ရှည်လေးနဲ့ မြန်မာမလေး
ပရိသတ်ကြီးရေ မြန်မာလူမျိုးတွေမှာ စကားပုံလေးတွေရှိကြပါတယ်နော်…. မိန်းမတို့ဘုန်း ဆံထုံး…ယောက်ကျားတို့ဘုန်း လက်ရုံးဆိုတဲ့ စကားလေးကို ကြားဖူးကြမှာပါနော်….မိန်းကလေးတွေရဲ့ အလှကျက်သရေဟာ သူမရဲ့ ဆံကေသာဖြစ်တယ်လို့ ဆိုချင်တာပါ….ခုခေတ်မှာလည်းပဲ တခြားနိုင်ငံက ယဉ်ကျေးမှုတွေ ထွန်းကားလာနေတာမို့ မြန်မာဆန်ဆန် ဆံပင်ရှည်လေးနဲ့ကျက်သရေရှိတဲ့ မိန်းကလေးဆိုတာ ရှိတော့ ရှိတယ် ရှားသွားပြီလို့ ဆိုရမှာပေါ့နော်…. ခုဖော်ပြမဲ့ မြန်မာမလေးကတော့ ဆံပင်အရှည်ကြီးထားပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းသူလို့ ဆိုရမှာပါ….ဘယ်လောက်ထိတောင် ထိန်းသိမ်းလည်း ဆိုရင် သိန်း ၁၀၀ ပေးတာတောင် မရောင်းဘူးလို့ ခုလိုလေး လူမှုကွန်ရက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်….“ရောင်းမလား ခဏခဏလာမမေးပါနဲ့။တစ်ကိုယ်လုံးမှာ ဆံပင်ကအသက်မို့ သိန်း၁၀၀ပေးတောင် မရောင်းပါဘူးနော်။သိဖို့” ဆိုပြီး ချစ်စရာကောင်းတဲ့ ဆံပင်အရှည်ကြီးနဲ့ ပုံလေးတွေနဲ့အတူ မျှဝေထားတာပါ… ဒီဘက်ခေတ်မှာ ခုလို စိတ်ဓာတ်ရှိရှိနဲ့ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့ မြန်မာမလေးကို ချီးကျူးစားလေးတွေဆိုခဲ့ကြပါအုံးနော်… Writer […]
အမျိုးသမီးတိုင်း သိထားသင့်တဲ့ ခေါင်းအစခြေအဆုံး လှပလာစေမယ့် နည်းလမ်း
လူတိုင်းလှချင်ကြပါတယ်။ တနေ့တာလုံးမှာ လူကိုလန်းလန်းဆန်းဆန်းနဲ့ ဆွဲဆောင်မှုရှိရှိဖြတ်သန်းနိုင်ဖို့ မျက်နှာ ဆံပင် သွား ခြေထောက်၊ လက် စတဲ့ တကိုယ်လုံးလှပနေဖို့လိုပါတယ်။ အလှအပအတွက် ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းလေးတွေကိုပြောပြချင်ပါတယ်။ (၁) ပီကေဝါးပါ မေးနှစ်ထပ်ဖြစ်တာကို သက်သာပျောက်ကင်းစေဖို့အတွက် သကြားမပါတဲ့ ပီကေဝါးပေးပါ။ တစ်နေ့ကို ၃ ကြိမ် ၄ ကြိမ်လောက်ဝါးပေးပါ။ မျက်နှာပြင်ရဲ့ ကြွက်သားကို တင်းစေပြီး သွားနဲ့ သွားဖုံးကိုလည်းကျန်းမာစေသလို မေးနှစ်ဖက်ဖြစ်တာကို သက်သာစေပါတယ်။ (၂) သက်သက်လွတ်စားပြီး ဝိတ်ချပါ ကိုယ်အလေးချိန်ကျစေဖို့အတွက် အသားချည်းဇွတ်မစားဘဲ အသီးအရွက်နဲ့ သစ်သီးဝလံတွေစားပြီး ဝိတ်ချပါ။ (၃) ခြေထောက်နာကို ကုသမယ် ခြေထောက်ရောင်တာ ခြေထောက်နာမျိုးဖြစ်ပြီဆိုရင်တော့ နှမ်းဆီ စားပွဲတင်ဇွန်း ၃ ဇွန်းနဲ့ လေးညှင်းပွင့်ဆီ ၃ စက်ရောပြီး ခြေဖနောင်နဲ့ ခြေချောင်းတွေ နာတဲ့နေရာတွေမှာ […]
သက်ကြီးရွယ်အိုတွေကို မကျွေးနိုင်ရင် လာအပ်လိုက်ပါ ဦးဇင်း လာခေါ်ရမယ်ဆိုလည်းလာခေါ်ပါမယ်…
ယနေ့ေ ခတ်မှာ သက်ကြီးရွယ်အိုတွေကို လမ်းဘေးမှာ စွန့်ပစ်သူတွေရှိလာပါတယ်… အကြောင်းအမျိုးမျိုးကြောင့် မကျွေးမွေးမပြုစုနိုင်လို့ ခုလိုစွန့်ပစ်မှုတွေ ဖြစ်လာရတယ်လို့ ဆိုရမှာပါ….. ဒါကြောင့် အဘိုးအဘွားတွေကို မစွန့်ပစ်ဘဲ စောင့်ရှောက်ချင်တယ်ဦးဇင်းတစ်ပါးက ခုလို ပြောပြထားပါတယ်… “အဖိုးအဖွားများကို လမ်းဘေး မစွန့်ကြပါနဲ့ ဦးဇင်းဆီကို လာပို့လှည့်ပါ..ဦးဇင်းလာခေါ်ရမယ်ဆိုလည်းလာခေါ်ပါမယ်… ဦးဇင်း ကျောင်းခွဲတည်လိုက်ခြင်းက အဲဒီလို အဖိုးအဖွားများကို စောင့်ရှောက်ချင်လို့ တည်လိုက်ခြင်းပါ… ဘယ်မှာတွေ့တွေ့ မကျွေးချင်ရင်မပြုစုချင်ရင် လာရောက်ထားနိုင်ပါတယ်..ပေါက်မြို့နယ် ရှားပင်ရေရွာ တောင်ဘက်.. သာယာအေးဓမ္မရိပ်သာကျောင်း..ဖုန်း=၀၉၂၅၆၁၄၇၅၈၃.. ဆိုပြီး လာရောက်ထားနိုင်တဲ့အကြောင်း ဖော်ပြထားတာပါ…ဒါကြောင့် အဘိုးအဘွားတွေကို လမ်းဘေးမှာ မစွန့်ပစ်ကြပါနဲ့ … ဦးဇင်းဆီ ဆက်သွယ်ပြီး ပို့ပေးနိုင်ပါတယ်နော်… Writer ; Kwee (Jeeptoolay) Source ; U Pyin Nyar Thithat Unicode version […]
သင် ဒီစာလေးဖတ်ပြီးရင် မင်းကွတ်သီး အခွံကို ဘယ်တော့မှ လွှင့်ပစ်တော့မှာမဟုတ်ဘူ;
မင်းကွတ်သီးက အသုံးဝင်သလို မင်းကွတ်သီးရဲ့ အခွံကလည်း များစွာ အသုံးဝင်လှပါတယ်။ အများစုက မင်းကွတ်သီး အခွံကို ကျန်းမာရေးအတွက် ဆေးဝါးအဖြစ် အသုံးပြုကြပါတယ်။ ဝမ်းပျက် ဝမ်းလျှော ရောဂါအတွက် မင်းကွတ်သီး အခွံကို တစ်ည ရေစိမ်ပြီး ထို အရည်အား သောက်သုံးခြင်းဖြင့် သက်သာ ပျောက်ကင်း စေနိုင်ပါတယ်။ မင်းကွတ်သီးအခွံကို ပါးပါးလှီးပြီး အခြောက်ခံကာ လက်ဖက်ခြောက်အဖြစ် အသုံးပြုရင်လည်း ဆီးရောဂါကို သက်သာပျောက်ကင်းစေပါတယ်။ ခန္ဓာကိုယ် အရေပြားပေါ်တွင် အနီ အစက်အပြောက်များ၊ အရေပြားရောဂါများအတွက်လည်း မင်းကွတ်သီးအခွံကို လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ မင်းကွတ်သီးရဲ့ အခွံကို ဘယ်လိုနေရာတွေမှာ အကျိုးရှိအောင် အသုံးချရမလဲ ဆိုတာ သိရှိပြီး မင်းကွတ်သီး စားဖြစ်တဲ့အခါ အခွံတွေကို လွှင့်ပစ်စရာ မလိုတော့ဘူးပေါ့။ မင်းကွတ်သီးအခွံကို နေ့လှန်း၍ သိမ်းထားပြီးနောက် […]
“ချစ်သူတွေကြားမှာ ဘယ်သောအခါမှ မလုပ်သင့်သော အချက်များ”
“ချစ်သူတွေကြားမှာ ဘယ်သောအခါမှ မလုပ်သင့်သော အချက်များ” အရမ်းချစ်ကြတဲ့ ချစ်သူတွေကြားမှာ ဘယ်တော့မှ မလုပ်သင့်သော အချက်လေးတွေကို ပြောပြပေးချင်ပါတယ်နော် …။ 1. ဖုန်း screen မှာ ချစ်သူနဲ့ပုံကိုတင်ထားပြီး တခြားအပြင်သွားတဲ့အခါ ကိုယ့်ပုံကို ပြန်ပြောင်းခြင်း …၊ (အစကထဲကမတင်ချင် မတင်နဲ့ပေါ့လေ) 2. “ချစ်လား’”လို့ ကြည်ကြည်နူးနူး မေးတဲ့အခါ မချစ်ပါဘူးလို့ စနောက်ခြင်း …၊ (နောက်လို့ကောင်းတဲ့အရာမှ မဟုတ်တာ) 3. မောင်တွေမတွေ ခေါ်နေရာကနေ ရန်ဖြစ်နေတုန်းမို့ဆိုပီး နင်နဲ့ငါ လို့ အခေါ်အဝေါ်ပြောင်းခြင်း …၊ (ရန်ဖြစ်နေတောင် မောင်နဲ့မပဲဆက်ပြောနေမယ်ဆို အလိုလိုဒေါသတွေ ပျောက်သွားနိုင်လို့ပါ) 4. ညဖက်အိပ်နေတုန်း ကိုယ့်ချစ်သူက ဖုန်းခေါ်ရင် ‘အိပ်ချင်နေလို့ ဒါပဲ’ ဆိုပြီး ချက်ချင်း ဖုန်းချပစ်ခြင်း …၊ (ဘာပဲဖစ်ဖစ် နားထောင်ပေးလိုက်တော့ရော […]
Covid -19 ကူးစက်ခံရတဲ့ အဘွားဖြစ်သူကို အသက်ပြန်ရှုအောင်ကြိုးစားခဲ့တဲ့ မြေးရဲ့အဖြစ်…
အချို့သောသူတွေဟာ အဘိုး၊ အဘွားတွေနဲ့သာကြီးပြင်းလာခဲ့ရလို့ ၎င်းတို့အတွက် အဘိုးအဘွားတွေဟာ မိဘတစ်ဖွယ်ချစ်မြတ်နိုးတန်ဖိုးထားနေရတာပါ ။ မကြာသေးခင်က online ပေါ်မှာ ပျံ့နှံ့နေခဲ့တဲ့ ဓာတ်ပုံလေးရဲ့ နောက်ကွယ်က မြေးအဘွားရဲ့အဖြစ်ဟာလည်း အတော်လေးရင်ကွဲနာကျရလောက်တဲ့အထိ မြင်တွေ့နေရသူတွေကိုခံစားရစေမှာပါ ။ ထို့အပြင် အဆိုပါဓာတ်ပုံလေးထဲမှ မြေးဖြစ်သူဟာ သူ၏အဘွားကို မည်မျှချစ်မြတ်နိုးကြောင်း စားဖွဲ့ပြီးပြောဆိုရင်တောင် မမှီပါဘူး ။ ဖြစ်စဉ်ကတော့ မက်စီကိုမြို့ရဲ့ General Hospital ဆိုတဲ့ဆေးရုံရဲ့ ကားပါကင်တစ်နေရာမှာ အမျိုးသားတစ်ဦးဟာ Covid -19 ကူးစက်ခံထားရတဲ့ အဘွားဖြစ်သူကို ဆေးရုံတက်ရောက်ကုသနိုင်ပြင်ဆင်နေခဲ့တာပါ ။ ထို့နောက် အဘွားဖြစ်သူကို ကားထဲမှာစောင့်ခိုင်ခဲ့ပြီးနောက် ဆေးရုံအတွင်းသို့ပြေးဝင်ခဲ့ပြီး ကားဆီသို့ပြန်လာချိန်မှာတော့ မမျှော်လင့်ထားခဲ့တဲ့အခြေအနေပုံစံနဲ့ အဘွားဖြစ်သူကိုမြင်တွေ့ခဲ့ပါတော့တယ် ။ အဲဒါကတော့ အဘွားဖြစ်သူဟာ အသက်မရှုတော့သလို ဘာတုံ့ပြန်မှုမျိုးမှမရှိတော့လို့ အဆိုပါအမျိုးသားဟာ ရောဂါကူးစက်ခံရမှာကိုမကြောက်တော့ဘဲ ချက်ချင်းအဘွားဖြစ်သူကိုကယ်နိုင်ဖို့ mouth-to-mouth ဖြင့် […]
မိဘက လိုအပ်သည်ဖြစ်စေ၊ မလိုအပ်သည် ဖြစ်စေ လုပ်ကျွေးဖြစ်အောင် လုပ်ကျွေးကြပါ . . .
မိဘက လိုအပ်သည်ဖြစ်စေ၊ မလိုအပ်သည် ဖြစ်စေ လုပ်ကျွေးဖြစ်အောင် လုပ်ကျွေးကြပါ “ဆရာကြီး …သမီး သီတင်းကျွတ် လာကန်တော့တာပါရှင့်” “ကျေးဇူးပါ..သာဓုပါကွယ်… အိမ်မှာ အဖေနဲ့အမေ ရှိသေးလား.. သူတို့ကိုရော ကန်တော့ပြီးပြီလား” “ဟုတ်..ကန်တော့မှာပါ” “သမီးလခ ဘယ်လောက်ရသလဲ” “၃သိန်း -၄ သိန်းရပါတယ်” “မိဘ ကို တစ်လ ဘယ်လောက် ကန်တော့လဲ” ” လစဉ်တော့မကန်တော့ဖြစ်ဘူးဆရာ..အခုလို သီတင်းကျွတ် .. သင်္ကြန်ဆိုရင်တော့ ကန်တော့ဖြစ်ပါတယ်..” ” လျှာရှည်တယ် စပ်စုတယ်တော့ မထင်နဲ့.. တစ်ခါကန်တော့ရင် ဘယ်လောက်ကန်တော့လဲ” ” လေးသောင်း/ငါး သောင်းလောက်တော့ ကန်တော့ဖြစ်ပါတယ်” ” တစ်နှစ်မှာ နှစ်ခါ သုံးခါ ထားပါတော့ တစ်နှစ်ကို ၁သိန်း/၂ သိန်းပေါ့… တစ်ရက်မှာ သမီး ၄၀၀/ ၅၀၀ […]
ယနေ့မိုးလေဝသသတင်း ထုတ်ပြန်ချက်…မုတ်သုံလေ အားကောင်းလာမှုကြောင့် နေရာအနှံ့ အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်
နေ့စဉ်မိုးလေဝသသတင်း (၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁၇)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။ ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့ အပြား မိုးထစ်ချုန်းရွာပြီး… ရခိုင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် […]
” ရုပ်အဆင်း လှပစေသော ကုသိုလ် (၄) မျိုး “
ရုပ်အဆင်း လှပစေသော ကုသိုလ် (၄) မျိုး “ လူ၊ နတ်၊ ဗြဟ္မာ ဖြစ်လေရာ ဘဝတို့တွင် သူတစ်ပါးထက် ရုပ်အဆင်း လှပ လိုသူတို့ သည်ကောင်းမှု ( ၄ ) ပါး ကိုပြုကြ ရမည် ဟု ကျမ်းဂန်တို့ ၌ဆို ကြ၏ ။ ထိုကောင်းမှု ( ၄ ) ခုသည်ကား ၁။ အဝတ်အစား , သင်္ကန်း လှူဒါန်းခြင်း ၂။ အစာအဟာရ လှူဒါန်းခြင်း ၃။ ဒေါသကို ချုပ်တည်း၍ မေတ္တာပွားခြင်း ၄။ တံမြက်လှည်းခြင်း ဤ( ၄)ပါးသည် ရုပ်အဆင်း လှပခြင်း၏ အကြောင်းရင်း ဖြစ်လေ ၏ ။ ထိုကုသိုလ်( […]









