နိုင်ငံတော်မှပေးဝေသော ဆန်၊ ဆီနှင့်၊ ငွေကြေးများ မရရှိဟုဆိုကာ ရပ်ကွက်နေ ပြည်သူတစ်ချို့ ပြောဆို ဇူလိုင်(၁၃) AlinnMyay(အလင်းမြေ) မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ)ရပ်ကွက် အပိုင်း ၁ မှ ရပ်ကွက်နေပြည်သူတစ်ချို့သည် ပထမအကြိမ် နိုင်ငံတော်မှ ဆန်၊ဆီ ပေးဝေတုန်းကလည်း မရရှိ၊ ဒုတိယအကြိမ် ပိုက်ဆံပေးဝေတဲ့အခါမှာလည်း မရရှိဟု ဆိုတာ ရင်ဖွင့် ပြောဆိုလာခဲ့ကြပါတယ်။ ယနေ့မှာတော့ ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးထံ ထပ်မံမေးမြန်းရာတွင် မရသေးပဲ ကျန်ရှိနေသူအချို့ကို ထပ်မံစာရင်းကောက်ယူကာ ပေးဝေပေးခဲ့ပြီဖြစ်ကြောင်း ပြောပါတယ်။ AlinnMyay(အလင်းမြေ) ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး သတင်းမှန်မီဒီယာ Credit to AlinnMyay Zawgyi နိုင်ငံတော်မှပေးဝေသော ဆန်၊ ဆီနှင့်၊ ငွေကြေးများ မရရှိဟုဆိုကာ ရပ်ကွက်နေ ပြည်သူတစ်ချို့ ပြောဆို ဇူလိုင်(၁၃) AlinnMyay(အလင်းမြေ) […]
Day: July 14, 2020
မပွင့်မီက နွမ်းခဲ့ရတဲ့ (၁၀)တန်းကျောင်းသူလေးရဲ့ ဖြစ်စဉ် (ရုပ်သံ)
မပွင့်မီက နွမ်းခဲ့ရတဲ့ (၁၀)တန်းကျောင်းသူလေးရဲ့ ဖြစ်စဉ် (ရုပ်သံ) သမီးငယ်လေးတွေရော သမီးငယ်မိဘတွေရော ဂရုစိုက်ဆင်ခြင်နိုင်အောင်မို့ တင်ပေးခြင်းဖြစ်ပါတယ်။ သမီးငယ်လေး ပြောပြထားတာကို နားထောင်ကြည့်ပါနော်။ ရုပ်သံဖိုင်ကို အောက်ဆုံးတွင်ဖော်ပြထားပါသည်။ မပွင့်မီက နွမ်းခဲ့ရတဲ့ (၁၀)တန်းကျောင်းသူလေးရဲ့ ဖြစ်စဉ် 1 မပွင့်မီက နွမ်းခဲ့ရတဲ့ (၁၀)တန်းကျောင်းသူလေးရဲ့ ဖြစ်စဉ် 2 မပွင့်မီက နွမ်းခဲ့ရတဲ့ (၁၀)တန်းကျောင်းသူလေးရဲ့ ဖြစ်စဉ် 3 မပွင့်မီက နွမ်းခဲ့ရတဲ့ (၁၀)တန်းကျောင်းသူလေးရဲ့ ဖြစ်စဉ် 4 မပွင့်မီက နွမ်းခဲ့ရတဲ့ (၁၀)တန်းကျောင်းသူလေးရဲ့ ဖြစ်စဉ် 5 မပွင့်မီက နွမ်းခဲ့ရတဲ့ (၁၀)တန်းကျောင်းသူလေးရဲ့ ဖြစ်စဉ် 6 Video Player video credit ကာမဖောက်ပြား မမှောက်မှားနှင့်… ကာမေသု- ကာမဂုဏ်ကို၊ မိစ္ဆာ- မှားယွင်းစွာ၊ အာစာရ- […]
ကျောက်တည်နေလား..မပူပါနဲ့…၂ ခွက်တည်း သောက်ရုံနဲ့ တည်နေတဲ့ကျောက် ကျလာတဲ့ မြန်မာ့ဆေးနည်းလေး
Unicode ကျောက်တည်နေလား..မပူပါနဲ့…၂ ခွက်တည်း သောက်ရုံနဲ့ တည်နေတဲ့ကျောက် ကျလာတဲ့ မြန်မာ့ဆေးနည်းလေးကို ဖော်ပြပေးလိုက်ပါတယ်…ဆန်ဆေးရေ နဲ့ စပါးလင် စိမ်ပြီး သောက် တာတစ်ညနဲ့ တစ်မနက် ၂ ခွက်သောက်ရုံရှိသေး တယ် ကျောက် ကျလာတယ်… အဖေ့ ဆီက ဘာပဲဖြစ်ဖြစ် ဆေးနည်းဖြန့်ပေးတာပါ…လက်တွေ့ တစ်ရက်နဲ့တစ်ည အောင့် တာ မခံနိုင် လို့ ဆေးရုံပြတာ ၂.၁.၁၈ ရက်နေ့ဆေးရုံမှာ လေဆာနဲ့ ချေဖို့ချိန်းထား ပြီးသားကို မိတ်ဆွေတစ်ယောက်က ညွှန်လို့ သောက်ကြည့်တာပါ… ဆေနည်းညွှန်တဲ့ ကို အသေး လေးလဲ ကျေး ဇူး အရမ်း တင်ပါတယ်… သူ့မိတ်ဆွေတုန်းက လဲ ဘန် ကောက် သွားဖို့ လုပ် ပြီးသား ပါ… ဆန်ဆေးရေကို ဆန်တအိုးကြီး […]
ဘတ်သန်း ၉၀ ပေါက်ခဲ့သူအမျိုးသမီး မွေးနေ့မှာ ဘတ် ၃ သိန်းဖိုး ရွှေဆွဲကြိုးအကုံး ၃၀ နှင့် ဘတ်ငွေများ ဝေဟင်မှ ကြဲချ
ထိုင်းထီ ပထမဆုကြီး ဘတ်သန်း (၉၀) ပေါက်ခဲ့သူအမျိုးသမီး မွေးနေ့မှာ ဘတ် ၃ သိန်းဖိုး ရွှေဆွဲကြိုး အကုံး (၃၀) နှင့် ဘတ်ငွေများ PARAMOTOR (၁၀) စီးဖြင့် ဇူလိုင်လ ၁၃ ရက် ထိုင်းနိုင်ငံ အူဒွန်ဌာနနီခရိုင် ကုမ္ဖဝါပီမြို့နယ် နောင်ဝါ့ကျေးရွာ အုပ်စု ဘန့်နောင် ဟိယ တွင်နေ ထိုင် သူ Miss. Wannaree Panyasai သည် ယနေ့မှာ ကျရောက်တဲ့ သူမ၏ အသက် ၄၈ နှစ်ပြည့်မွေးနေ့တွင် သူမနေထိုင် သည့် ရပ်ကွက်သူ ရွပ်ကွက်သား ၃၀၀၀ ခန့် ကို ဖိတ်ကြားကာကြွေးမွေး ဧည့် ခံခဲ့ ပြီး ဝေဟင်မှေ န ၍ Paramotor […]
သင့်ကို ရက်ရက်စက်စက် ထားခဲ့သူကို ကျေးဇူးတင်ရမယ့် အကြောင်းအရင်းများ
အချစ်ဆိုတာ ချစ်သူတွေ ထားတိုင်းလည်း တွေ့ရတတ်တာမျိုးလည်း မဟုတ်ပါဘူး။ အချစ်ဆိုတာ သိပ်ကို ဆန်းကြယ်ပါတယ်။ သင့်ကို ပစ်ပစ်ခါခါ ပြောပြီး လမ်းခွဲသွားတာမျိုးနဲ့ သင့်ကို ဘာမှ ရေရေရာရာ မပြောဘဲ လမ်းခွဲသွားတာမျိုးလည်း ရှိတတ်ပါတယ်။ သင့်နဲ့ မကိုက်ညီတဲ့ ချစ်သူတွေဆိုတာ သင့်နားမှာ ကြာကြာ ရှိနေမှာ မဟုတ်ပါဘူး။ ဒါကြောင့် အချစ်ကြီး ချစ်ခဲ့လို့ အမုန်းကြီး မုန်းမယ့်အစား ကျေးဇူးတောင် တင်သင့်ပါသေးတယ်။ ဘာလို့လဲဆိုရင်တော့…. (၁) ကံကောင်းခြင်းတွေ ပေးသွားလို့ မကောင်းတဲ့သူတွေက ကောင်းတဲ့သူတွေနားမှာ ကြာကြာ ရှိမနေနိုင်ပါဘူး။ ဒါကြောင့် သင့်ဆီမှာ မနေနိုင်ကြတာပါ။ သင့်ဘက်က အချစ်တွေ ပေးခဲ့ပေးမယ့် မထိုက်တန်တဲ့သူကတော့ ရမှာ မဟုတ်ပါဘူး။ ဒီလို မတူညီမှုက သင့်ကို ကြာရင် စိတ်ညစ်ရစေမှာပါ။ ချစ်သူ […]
(၈)တန်း နဲ့ (၁၀)တန်းကျောင်းသူ ညီအစ်မ(၂)ဦး အသတ် ခံထားရမှု နတ်မဟုတ်ကလေးရွာ အနီးတွင်ဖြစ်ပွား
(၈)တန်း နဲ့ (၁၀)တန်းကျောင်းသူ ညီအစ်မ(၂)ဦး အသတ် ခံထားရမှု တစ်ခု နတ်မဟုတ်ကလေးရွာ အနီးတွင်ဖြစ်ပွား အင်းတော်မြို့နယ် နတ်မဟုတ်ကလေးကျေးရွာအနီး မီးရထားသံလမ်းဘေး တောစပ်တနေရာ မောင်းအင်းကန် ဘေးတွင် (၈)တန်းကျောင်းသူနဲ့ (၁၀)တန်းကျောင်းသူ ညီအစ်မ(၂)ဦး အသတ်ခံရမှု ဖြစ်ပွားကြောင်း သိရပါတယ်။ 13-7-2020 မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ပြီး နတ်မဟုတ်ကလေးရွာနေ ဦးသိန်းသန်းစိုး+ဒေါ်တင်ဖြူ ဦးတို့၏သမီးနှစ်ယောက် သေဆုံးလျက်တွေ့ရကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်၍ မြို့နယ်မှ တာဝန်ရှိသူများ ရပ်ရွာမှ တာဝန်ရှိသူများပူးပေါင်းလျက် အခင်းဖြစ်ရာသို့ သွားရောက်ပြီး လိုအပ်သည်များစစ်ဆေးခြင်း တရားခံကို အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက် အပူတပြင်းဆောင် ရွက်လျက်ရှိကြောင်း ကနဦးသတင်းအရ သိရပါသည်။ သတင်းဓါတ်ပုံ – မောင်ချစ်လင်း(အင်းတော်)/လူအောင် ZinMoe unicode (၈)တန်း နဲ့ (၁၀)တန်းကျောင်းသူ ညီအစ်မ(၂)ဦး အသတ် ခံထားရမှု တစ်ခု […]
တစ်ပါတ်စာအထူးဟောစာတမ်းဗေဒင် [14.7.2020]မှ [20.7.2020]ထိ..
တစ်ပတ်စာဟောစာတမ်းစောင့်မျှော်နေကြသူလေးတွေတွက် ဆရာအောင်ချစ်မင်းရဲ့ (14.7.2020) မှ (20.7.2020) ထိ တစ်ပတ်စာကံကြမ္မာအဟော တစ်ပါတ်စာအထူးဟောစာတမ်းဗေဒင်ဆရာကအညံ့တွေမြင်ရင်ပြောပေးမှာပဲမိတ်ဆွေတို့အတွက်ရှောင်ရန်ဆောင်ရန်သိရတာပေါ့သိပ်ညံ့နေတယ်ဆိုလည်းယတြာလေးတွေပြုလုပ်လိုက်ပါအဆင်ပြေသွားပါလိမ့်မယ်….. မိတ်ဆွေများအထူးကံကောင်ကြပါစေ.. ဆရာအောင်ချစ်မင်း။ တနင်္ဂနွေ ဒီရက်ပိုင်းအတွင်းစိတ်လေစိတ်နှစ်ခါဖြစ်စရာတွေကြုံတွေ့ရတတ်သည်။ စိတ်ရှည်ရှည်ခေါင်းအေးအေးထားပြီးအလုပ်လုပ်သင့်ပါသည်။ အထင်လွဲစွပ်စွဲခံရတာတွေလည်းကြုံတွေ့ရတတ်သည်။ နေရာထိုင်ခင်းအဆောက်ဦးကိစ္စတွေမတင်မကျဖြစ်တတ်သည်။ ပြည်တွင်ခရီးကောင်ပါသည်။ စက်မှုလုပ်ငန်တွေလွဲချော်မှုတွေဖြစ်ပေါ်တတ်ပါသည်။ အလုပ်လုပ်ပြီးငွေတွေမြုပ်နေတတ်ပါသည်။ ဝန်ထမ်းရာထူးနိုင်ငံခြားကိစ္စတွေအထူးအောင်မြင်ပါလိမ့်မည်။ အိမ်ထောင်ရှင်များအိမ်ထောင်ရေးစိတ်ချမ်းသာစရာတွေကြုံတွေ့ရတတ်သည်။ ငယ်ရွယ်သူများအချစ်ရေးခွဲခွာနေထိုင်ရတတ်သည်။ သင့်ကျန်းမာရေးကတောသွေးအားနည်းတတ်သည်။ သင့်အတွက်ကံကောင်စေသောအရောင်မှာအနက်ရောင်ဖြစ်ပါသည်။ သင်ထီထိုးမယ်ဆိုရင်ကံကောင်စေမည့်ဂဏန်း၅၇အတွဲဟာသင့်အတွက်ကံကောင်းစေပါသည်။ သင့်အတွက်ကံကောင်းစေရန်ယတြာကိုလည်းဖော်ပြပေးလိုက်ပါသည်။ အိမ်ဘုရားတွင်ပေါင်မုန့်(၅)ခုလှူပြီးလိုရာဆုတောင်းပါ။ သင်၏ အခက်အခဲအားလုံးတို့သည် ပြီးစီးအောင်မြင်ပါလိမ့်မည် ဟု ကျွန်ုပ်မှ ယုံကြည်သည်။ တနင်္လာ ဒီရက်ပိုင်းအတွင်းအစစအရာရာသတိကြီးစြာထားဖို့လိုအပ္ပါသည်။ ရန်များသောအချိန်ဖြစ်ပါသည်။ပြဿနာတွေလည်းတစ်ခုပြီးတစ်ခုဝင်လာတတ်ပါသည်။ ကိုယ့်ကိစ္စမဟုတ်လည်းသူတပါးကိစ္စတွေဖြေရှင်းရတတ်ပါသည်။သတိထားပါ။ ခရီးကံတော့အလွန်ကောင်းပါသည်။ မိတ်ဆွေတွေရဲအကူညီကောင်းတွေလည်းရရှိပါလိမ့်မည်။ အိမ်ကိစ္စ ၊အဖိုးတန်းပစ္စည်းအရောင်ဝယ်ကိစ္စတွေအောင်မြင်ပါလိမ့်မည်။ အိမ်အဆာက်ပစ္စည်း၊အုတ်၊သစ်၊အသီးနှံလုပ်ငန်းတွေအကျိုးပေးအောင်မြင်ပါလိမ့်မည်။ မြေ၊အမွေ၊ပညာရေးကိစ္စတွေကတော့ဆုံးဖြတ်ရခတ်လိမ့်မည်။ ငွေကြေးကအဝင်ထါက်မျှတပါလိမ့်မည်။ အိမ်ထောင်ရှင်များအိမ်ထောင်ဖက်ရဲသတင်းကောင်းကြားရမည်။ ငယ်ရွယ်သူများအချစ်ရေးဝေးလေကောင်းဆိုတဲ့ကိန်းမျိုးကျနေပါသည်။ ကျန်မာရေးအစာအိမ်ရောဂါဖြစ်တတ်သည်။သတိထားပါ။ သင့်အတွက်ကံကောင်စေသောအရောင်မှာအစိမ်းရောင်ဖြစ်ပါသည်။ သင်ထီထိုးမယ်ဆိုရင်ကံကောင်စေမည့်ဂဏန်း၁၆အတွဲဟာသင့်အတွက်ကံကောင်းစေပါသည်။ သင့်အတွက်ကံကောင်းစေရန်ယတြာကိုလည်းဖော်ပြပေးလိုက်ပါသည်။ အိမ္ဘုရားတြင်သာသနာ့အလံ(၆)လက်လှူပြီးလိုရာဆုတောင်းပါ။ သင်၏ အခက်အခဲအားလုံးတို့သည် ပြီးစီးအောင်မြင်ပါလိမ့်မည် ဟု ကျွန်ုပ်မှ […]
အိမ်ထောင်ရေး ကံကောင်းလိုလျှင်…..