အာက်ပါနည်းကလေးကို ပြုလုပ်ခြင်းအားဖြင့် လာဘ်ရွှင် ဝင်ငွေတိုးစေပါလိမ့်မည်…..
အကယ်၍ သင်သည် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ကုန်စုံဆိုင် …စသည်ဖြင့် ဈေးရောင်းချခြင်းဖြင့် စီးပွားရှာသူတစ်ဦး ဖြစ်သည်ဆိုပါစို့ …။ နံနက်စောစောဆိုင်ဖွင့်ချိန်တိုင်းတွင် အောက်ပါနည်းကလေးကို ပြုလုပ်ခြင်းအားဖြင့် သင်၏ဆိုင်တွင် ရောင်းပန်းဝယ်ပန်းပွင့်လန်းကာ လာဘ်ရွှင် ဝင်ငွေတိုးစေပါလိမ့်မည်။ ငွေစက္ကူတစ်ထောင်တန်တစ်ရွက်ကို တစ်လက္ခမခန့် လေးထောင့်ပုံလေးဖြစ်အောင် ခေါက်ပါ။ ပိုက်ဆံကြဲသောအခါများတွင် ခေါက်လေ့ရှိကြသကဲ့သို့ ခေါက်ပါ။ ထိုအတိုင်း နှစ်ခု ပြုလုပ်ပါ။ ထိုတစ်ထောင်တန်ငွေစက္ကူအခေါက်ကလေး နှစ်ခုကို သင်၏ လက်ဝဲဘက်လက်တွင် ဆုပ်ထားပါ။ ပြီးနောက် ‘လာဘ်’ဟု ရေရွတ်ရင်း ညာဘက်လက်သို့ ပြောင်းလိုက်ပါ။ ထို့နောက်တစ်ဖန် ‘လာဘ်’ဟု ရေရွတ်ရင်း ဝဲဘက်လက်သို့ ပြန်ပြောင်းလိုက်ပါ။ ထို့နောက် ထိုတစ်ထောင်တန် ငွေစက္ကူအခေါက်ကလေးနှစ်ခုကို သင်၏ ပိုက်ဆံသတ္တာ၊ ပိုက်ဆံပုံးထဲသို့ ထည့်ထားလိုက်ပါ။ တစ်စုံတရာ ရောင်းချပြီးနောက် ငွေ ဝင်လာ တိုင်းဝင်လာတိုင်း ထိုတစ်ထောင်တန် … Read more