Myanmar Idol Season (4) မှာ Top 3 list ထဲထိ တက်လှမ်းနိုင်ခဲ့တဲ့ အေးမြဖြူဟာ လူငယ်ပေမယ့် အဆိုပညာမှာ ထူးချွန်သူတစ်ယောက်ပါ။ ပညာလည်းတော်တာကြောင့် မိဘဂုဏ်ယူရတဲ့ သမီးလေး တစ်ယောက်ဖြစ်ခဲ့ပါတယ်။ ငယ်စဉ်ကတည်းက ကလေးသရုပ်ဆောင်အဖြစ်နဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ခဲ့သလို သီချင်းဆိုပြိုင်ပွဲတွေမှာလည်း သူမကိုတွေ့ရတာမို့ ပရိသတ်တွေက မိုးသိုငယ်ငယ်လေး ကတည်းက ချစ်ခင်ပြီးအားပေးခဲ့ကြပါတယ်။ ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့အချိန်မှာတော့ Myanmar Idol မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး သူမရဲ့အရည်အချင်းကြောင့် အားပေးတဲ့ပရိသတ်တွေ ပိုမိုများပြားလာခဲ့ပါတယ်။ နွေဦးတော်လှန်ရေးမှာလည်း တတ်စွမ်းသလောက်ပါဝင်ခဲ့ပါတယ်။ တော်လှန်ရေးအစပိုင်းမှာ မိုးသိုနဲ့ပတ်သက်တဲ့ အထင်လွဲမှုအနည်းငယ်ရှိခဲ့တာကြောင့် သူမက ပရိသတ်တွေကို ပြန်လည် ရှင်းပြပြီး တောင်းပန်ခဲ့ပါသေးတယ်။ ဒီနေ့မှာလည်း ဆွေမျိုးတစ်ယောက်ရဲ့ မင်္ဂလာဆောင်မှာ သွားရောက်ဖျော်ဖြေဖို့ ရှိတာကြောင့် ပရိသတ်တွေအထင်မှား အမြင်မှား မဖြစ်ရအောင် သူမရဲ့ […]
Day: May 10, 2021
မိန်းကလေးများ ဖတ်သင့်သော စကား(၂၉) ခွန်း
မိန်းကလေးများ ဖတ်သင့်သော စကား(၂၉) ခွန်း (၁) ကိုယ့်ရှေ့က ဒီယောက်ျားဟာ ဘယ်လောက်ပဲကောင်းကောင်း ပြောစရာမရှိအောင် ကောင်းနေပါစေ။ သင့်ကို သူမချစ်ရင် ဒါဟာချွတ်ယွင်းချက်ပါ… ဒီချွတ်ယွင်းချက်ကို သင်လုံးဝပြောင်းလဲလို့ မရနိုင်ဘူး။ (၂) လူတစ်ယောက်ရဲ့ အကြီးဆုံးချွတ်ယွင်းချက်က တစ်ကိုယ်ကောင်းဆန်တာ၊ ရိုင်းစိုင်းတာ၊ မတည်တံ့တာ မဟုတ်ဘူး။ ကိုယ့်ကို မချစ်တဲ့လူတစ်ယောက်ကို ခေါင်းမာမာနဲ့ ဆက်ချစ်နေတာပဲဖြစ်တယ်။ (၃) သင့်လက်ရှိအနေထားဟာ ဘယ်လောက်ပဲဆိုးနေပါစေ။ သင့်ကို ချစ်တဲ့လူ ရှိနိုင်တယ်။ သင့်လက်ရှိ အနေအထားဟာ ဘယ်လောက်ပဲကောင်းနေပါစေ။ သင့်ကို မချစ်တဲ့လူ ရှိနိုင်တယ်။ (၄) ဘယ်လောက်ပဲ လှအောင်ပြင်ပြင်၊ ဘယ်လောက်ပဲ တန်ဖိုးကြီးတဲ့ အဝတ်အစား ဝတ်ဝတ် ဒါတွေဟာ ခဏတာ ပဲဖြစ်တယ်။ စိတ်ရင်းစေတနာကောင်းတွေကမှ အပြင်ပန်းရဲ့ တကယ့်အလှဆုံးတွေဖြစ်တယ်။ (၅) သင့်ကို ဘာကြောင့်ထိခိုက်စေခဲ့သလဲလို့ […]
ကျွန်တော် နမ်းလို့ မဝသေးတဲ့ ပါးတစ်ခြမ်း
ကျွန်တော့် မိန်းမက သူ ကိုယ်ဝန်ရှိနေပြီ လို့ပြောတော့ကျွန်တော် မြန်မာ ဗီဒီယို ကားထဲကမင်းသားတွေ ပျော်သလိုမျိုး ဟိုလျောက်ပြေး ဒီလျောက်ပြေး ၊ဟိုအော်ဒီအော် ပုံစံမျိုးနဲ့မပျော်ခဲ့ပါဘူး။ မိန်းမကလည်း သူကိုယ်ဝန်ရှိနေတာကိုရုပ်ရှင်ထဲကလို နား နားကပ်ပြီးမပြောပါဘူး ကြေးအိုး ဆိုင်မှာကြေးအိုးစားရင်းပလုပ်ပလောင်းနဲ့ ပြောတာ၊ကိုယ်ဝန်ရှိနေပြီထင်တယ်တဲ့ကျွန်တော်လည်း ဟုတ်လားပျော်စရာကြီးပေါ့၊လို့ပြောလိုက်တယ်ဒီလောက်ပါပဲ အာထရာ စောင်းရိုက်ကြည့်တော့ သမီးလေးလို့သိရတယ် ငါ သမီးလေးရတော့မယ်၊ကလေးအဖေ ဖြစ်တော့မယ် ဒီထက်ကြိုးစား ရတော့မယ်ဆိုတဲ့အသိ တော့ ရှိလာတာအမှန်ပဲ။ သမီးလေးကိုSSC ရွှေဂုံတိုင် ဆေးရုံမှာမွေးတာမိန်းမမွေးခန်း ဝင်တော့ စိတ်တော့ပူသား ၊မိန်းမ နေကောင်းဖို့ နဲ့သမီးလေး ကောင်းကောင်းမွန်မွန်ဖြစ်ဖို့ ရုပ်ရှင်ထဲကကလေးအဖေတွေလိုဆပ်ပြာသည်လင်ပျောက်သလိုတော့မဖြစ်ပါဘူး။ မွေးခန်း ထဲက နပ်(စ်) မကဘေဘီ ချောစုဝင်းရှိလားတ ဲ့ဒီနပ်(စ်)မ ကငါ မိန်းမ ကို ဘေဘီလို့ခေါ်တာသူဘယ်လိုများသိသွားသလည်းပေါ့ ဟုတ် ကျွန်တော်ပါ ကျွန်တော်ပါ ရော့ […]
“ချစ်ရင် ပစ်မထားပါဘူး မချစ်လို့ အဖက်မလုပ်တာပါ…”
“ချစ်ရင် ပစ်မထားပါဘူး မချစ်လို့ အဖက်မလုပ်တာပါ…” ချစ်ရင် ပစ်မထား ပါဘူး မချစ်လို့ အဖက် မလုပ် တာ ပါ ။ ချစ် ရင် အချိန်ပေး ပါ တယ် မချစ်လို့အလေးမထား တာပါ ။ ချစ်ရင် အမြဲ ဂရု စိုက် ပါ တယ် မချစ် လို့ ဥပေက္ခာပြု တာပါ ။ တကယ် ချစ်ရင် ဖုန်းဆက် ပါ တယ် မ ချစ် လို့ မ ဆက် သွယ် တာ ပါ ။ ချစ် ရင် ဘာမှ မမြင် ပါဘူး မချစ်လို့ အပြစ်မြင် တာ ပါ […]
စိတ်ကောင်းရှိတဲ့ မိန်းကလေးတွေ အချစ်ရေးကံမကောင်းရတဲ့ အကြောင်းရင်း(၅)ချက်
စိတ်ကောင်းရှိတဲ့ မိန်းကလေးတွေ အချစ်ရေးကံမကောင်းရတဲ့ အကြောင်းရင်း(၅)ချက် စိတ်ကောင်းရှိတဲ့ မိန်းကလေးတွေ အချစ်ရေးကံမကောင်းရတဲ့ အကြောင်းရင်း(၅)ချက်… တချို့မိန်းကလေးတွေဟာ ကိုယ်တိုင်ကစိတ်ကောင်းရှိတဲ့သူ တစ်ယောက်၊ လူကောင်းတစ်ယောက်ဖြစ်ပါရက်နဲ့ သူတို့အပေါ်မကောင်းတဲ့သူတွေနဲ့တွေ့ဆုံရပြီး အချစ်ရေးမှာကံမကောင်းတတ်ကြပါဘူး။ တကယ်တော့ ဒါဟာအကြောင်းမဲ့မဟုတ်ပါဘူး။ ခိုင်လုံတဲ့အကြောင်းရင်းလေးတွေရှိပါတယ်။ စိတ်ကောင်းရှိတဲ့မိန်းကလေးတွေ အချစ်ရေးကံမကောင်းရတဲ့ အကြောင်းရင်းတွေကတော့ ဒီလိုပါ။ ၁။ နားပဲထောင်တယ် မပြောဘူး စိတ်ထားကောင်းတဲ့သူလေးတွေဟာ သူများရဲ့ပြဿနာတွေ မကျေနပ်ချက်တွေကိုပဲတစ်ချိန်လုံးနားထောင်ပေးပြီး ကိုယ့်ရဲ့ခံစားချက်တွေကိုတော့ဖွင့်မပြောတတ်ပါဘူး။ ဒီလိုမျိုး တစ်ချိန်လုံးနားထောင်ပေးပြီး ကိုယ့်ဘက်ကခံစားချက်တွေကိုမပြောဘဲနေရာက ကိုယ့်ရဲ့အဆင်မပြေမှုတွေကို လုံးဝပြောခွင့်မရတဲ့အခြေအနေမျိုးဖြစ်လာတန်ပါတယ်။ ဒီကတဆင့် ကိုယ်ကချည်းနားထောင်ပေးဖေးမပေးရတဲ့ တစ်ဖက်စောင်းနင်းဆက်ဆံရေးမျိုးဖြစ်လာတတ်ပါတယ်။ ၂။ ကိုယ့်အချိန်တွေကိုတခြားသူအတွက်ဖြုန်းတယ် ကိုယ့်မှာအချိန်ရှိရှိမရှိရှိ သူ့အတွက်အချိန်ပေးတယ်၊ ကိုယ့်အားလပ်ချိန်တွေတင်မက အလုပ်လုပ်နေချိန်တွေကိုတောင်ဖျက်ပြီး သူ့အတွက်အချိန်ပေးတာမျိုးတွေက တဖြည်းဖြည်းနဲ့ သူဖြစ်ချင်တာမှန်သမျှကိုယ်ကပဲ လိုက်ဖြည့်ဆည်းပေးရတဲ့သူမျိုး ဖြစ်လာပါတယ်။ ကြာလာတော့ ကိုယ်ကချည်း အချိန်ပေးရသူဖြစ်လာပါလိမ့်မယ်။ ၃။ ဟန်မဆောင်တတ်ဘူး စိတ်ကောင်းရှိသူတို့ထုံးစံအတိုင်း တစ်ခုခုဆို အဆင်ပြေတယ်ဆိုတာချည်းပဲ။ […]
နဖူးကို ကြင်ကြင်နာနာ နမ်းခြင်းရဲ့ အဓိပ္ပာယ်
ချစ်သူရဲ့ နဖူးလေးကို ကြင်ကြင်နာနာ နမ်းဖူးတဲ့ သူတွေ ရှိသလို အနမ်းခံရဖူးတဲ့ သူတွေလည်း ရှိမှာပါနော်။ အများအားဖြင့်တော့ အမျိုးသားတွေက အမျိုးသမီးတွေကို နမ်းလေ့ရှိတဲ့ အနမ်းလေးပါ။ ပါးနဲ့ နှုတ်ခမ်းကိုမဟုတ်ဘဲ နဖူးလေးကို နူးနူး ညံ့ညံ့လေး သူအနမ်း ချွေလိုက်တဲ့အခါ ရင်ထဲမှာ နွေးထွေး ကြည်နူးရတဲ့ အခိုက်တန့်လေး ချစ်သူတိုင်းမှာ ရှိကြမှာပါ။ ကိုယ့်ချစ်သူ ကိုယ့်ကို ဘယ်အချိန်မှာ နဖူးကို နမ်းတယ်လို့ သင် သတိထားမိလဲ။ ဘာလို့ နမ်းတယ်လို့ ထင်သလဲ။ ၁။ သင်တစ်ခုခုကို မကျေမနပ် ဖြစ်နေတဲ့အခါ သင်တစ်ခုခုကြောင့် စိတ်မကျေမနပ် ဖြစ်နေတဲ့အခါ ချစ်သူက သင့်နဖူးကို ဖွဖွလေး နမ်းလေ့ရှိပါတယ်။ သင်ငိုနေတဲ့အခါ သင် နာကျင်နေတဲ့အခါ ချစ်သူက မကြည့်ရက်လို့ အဲလို နမ်းတာဖြစ်ပြီး […]
မိန်းကေလးတိုင်း သတျိပုသင့်တဲ့ အမိုးသမီးရောဂါမ်ားရဲ့အစပိုးလက္ခဏာမ်ား..
အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက အမျိုးသားတွေနဲ့ လုံးဝကို ခြားနားနေပြီး အမျိုးသမီးတွေမှာသာ ဖြစ်တတ်တဲ့ ရောဂါတစ်ချို့ကြောင့် ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ဖို့ အထူးလိုအပ်ပါတယ် အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ ရောဂါတွေဟာ တစ်ရက်နှစ်ရက်အတွင်း ဖြစ်လာတာ မဟုတ်ဘဲ ရက်ရှည်လများ အစပျိုးပြီး ဖြစ်လာတာမျိုးပါ …။ ရောဂါအစပြုနေချိန်မှာ သတိထားမိခဲ့ရင် အသက်အန္တရာယ်မဖြစ်အောင် အချိန်မီတားဆီးနိုင်မှာပဲ ဖြစ်ပါတယ် …။ ဒါကြောင့် အမျိုးသမီးတိုင်းသတိပြုသင့်တဲ့ ရောဂါအစပျိုးလက္ခဏာတွေကို ပြောပြပေးလိုက်ပါတယ်နော် (၁) ဗိုက်ပူနေခြင်း” မိန်းကလေးတွေဟာ အသက်ရလာတာနဲ့အမျှ လေ့ကျင့်ခန်းတွေ သေချာမလုပ်ဘူးဆိုရင် ဗိုက်ပူလာတတ်ပါတယ် …။ ဗိုက်မှာအဆီစုပြီး ဗိုက်ပူတာက ပုံမှန်ပဲဖြစ်ပေမယ့် အစားအများကြီး စားထားသလိုမျိုး ဗိုက်ဖောင်းပြီး ပူနေတယ်ဆိုရင်တော့ စိုးရိမ်ရပါတယ် …။ ဝမ်းဗိုက်က အမြဲလိုလိုတင်းပြီး ပူနေတယ်ဆိုရင် ဒါဟာ ရင်သားကင်ဆာ ဒါမှမဟုတ် သားအိမ်ကင်ဆာအစပျိုးနေတာ […]
ခက်သီရဲ့ ရှင်သန်ခြင်းရှင်းတမ်းကဗျာလေး ဂုဏ်ပြု အလေးနီပြုရင်း ရွတ်လိုက်ပါတယ်
ခက်သီရဲ့ ရှင်သန်ခြင်းရှင်းတမ်းကဗျာလေး ဂုဏ်ပြု အလေးနီပြုရင်း ရွတ်လိုက်ပါတယ် ကျမ ကဗျာရွတ်လေ့မရှိပါဘူး ခက်သီနဲ့ ကျမတို့တွေကြား ခင်မင်ခဲ့တဲ့နှစ်ကာလတွေ အိမ်မှာနေထိုင်စားသောက်ကြတာတွေ ဒုက္ခတခုခုဖြစ်တိုင်း အတူတူဖေးမအားပေးကြတာတွေ ကျမတစ်သက်လုံး သတိရနေမှာပါ ပုံတောင်ပုံညာတောင်တန်းတွေကနေတနိုင်ငံလုံးကခင်ဗျား တော်လှန်သံကဗျာကို ကြားရပါစေ အလေးနီဖြင့် ပိုပြည့်သူ unicode &; ခကျသီရဲ့ ရှင်သန်ခြင်းရှင်းတမ်းကဗျာလေး ဂုဏ်ပြု အလေးနီပြုရင်း ရွတ်လိုက်ပါတယ် ကျမ ကဗျာရွတ်လေ့မရှိပါဘူး ခက်သီနဲ့ ကျမတို့တွေကြား ခင်မင်ခဲ့တဲ့နှစ်ကာလတွေ အိမ်မှာနေထိုင်စားသောက်ကြတာတွေ ဒုက္ခတခုခုဖြစ်တိုင်း အတူတူဖေးမအားပေးကြတာတွေ ကျမတစ်သက်လုံး သတိရနေမှာပါ ပုံတောင်ပုံညာတောင်တန်းတွေကနေတနိုင်ငံလုံးကခင်ဗျား တော်လှန်သံကဗျာကို ကြားရပါစေ အလေးနီဖြင့် ပိုပြည့်သူ
ဆင်းရဲနေပေမယ့် သူများပိုက်ဆံ အလကားမလိုချင်တဲ့ ပန်းရောင်းတဲ့ ကလေးရဲ့ ချီးကျူးလေးစားစရာ စိတ်ဓာတ်
ဆင်းရဲနေပေမယ့် သူများပိုက်ဆံ အလကားမလိုချင်တဲ့ ပန်းရောင်းတဲ့ ကလေးရဲ့ ချီးကျူးလေးစားစရာ စိတ်ဓာတ် မင်္ဂလာပါစာဖတ်ပရိတ်သတ်ကြီးရေ အခု ကလေးလေးဟာ အင်မတန် မျက်နှာချိုပြီးတော့ သနပ်ခါးတွေ အပြည့်လူးထားတဲ့ သူများပိုက်ဆံ အလကားမလိုချင်တဲ့ ပန်းရောင်းတဲ့ ကလေးလေးတစ်ယောက်ရဲ့ စိတ်ဓာတ်လေးအကြောင်းကို ဖော်ပြချင်ပါတယ်။ ယခု အကြောင်းလေးကတော့ လူမှုကွန်ရက်သုံးစွဲ သူတစ်ဦးက ဓာတ်ပုံလေးတွေနဲ့ အတူ စာလေးကို တင်ခဲ့တာပဲ ဖြစ်ပါတယ်။ သူက နေ့လယ်က ကုသိုလ်တော် ဘုရားမှာ တွေ့ခဲ့တဲ့ ချာတိတ် စတွေ့တွေ့ချင်း သူကကျနော်တို့ကို ပန်းလာရောင်းတယ်ဗျ။ ကျနော်တို့လဲ ပန်းမဝယ်ဘူးဆိုတော့ သနပ်ခါးလိမ်းပေးရမလားတဲ့ မုန့်ဖိုး ပေးချင်သလောက်ပေးခဲ့ပါတဲ့ (အသက်ငယ်ပေမယ့် သူတစ်ပါးပိုက်ဆံကို အလကားမလိုချင်တဲ့စိတ်ကိုတော့ လေးစားမိတယ်)။ ကျနော်လဲ သူသနပ်ခါးလိမ်းတာ သဘောကျတာနဲ့ တစ်ချက်ခုတ် ၂ချက်ပြတ်ဆိုပြီးတော့ သူ့ကိုဓာတ်ပုံရိုက် မုန့်ဖိုးပေးပေါ့ (သနပ်ခါး […]
ကျွမ်းကျင်ပညာရှင်များ ဝေမျှထားတဲ့ ဂျင်းကိုစားသုံးပေးခြင်းရဲ့အကျိုးကျေးဇူးများ
ကျွမ်းကျင်ပညာရှင်များ ဝေမျှထားတဲ့ ဂျင်းကိုစားသုံးပေးခြင်းရဲ့အကျိုးကျေးဇူးများ တွန့်လိမ်တွန့်လိမ်နဲ့ ကြည့်ရတာတစ်မျိုးလေးဖြစ်နေတဲ့ <ဂျင်းတွေကိုဂျင်းတေကိုယခင်မြင်တွေ့တုန်းက ဘယ်လိုသုံးရတယ်၊ ဘယ်လိုအကျိုးကျေးဇူးတွေရှိလဲ ဆိုတာကို မသိခဲ့ဖူးဖြစ်နိုင်ပါတယ်။ ထိုကဲ့သို့ ကိုယ်မသိခဲ့တဲ့ ဂျင်းကို ရှေးယခင်ကတည်းက ဆေးဖြစ်ဝါးဖြစ် အသုံးပြုခဲ့ကြပါတယ်။ဒါကြောင့် ဂျင်းနဲ့ပတ်သက်ပြီး ဘယ်လိုအချိန်၊ ဘယ်လိုနေရာတွေမှာ ဘယ်လိုအသုံးဝင်သလဲဆိုတာကို သိရှိနိုင်စေဖို့ ဖော်ပြပေးလိုက်ရပါတယ်။ ၁။ အသားအရေပျော့တွဲမှုကို တိုက်ဖျက်ခြင်း ဂျင်း Scrub လုပ်ပေးခြင်းက အသားအရေကိုအနွေးဓာတ်ပေးစွမ်းပြီး သွေးလည်ပတ်မှုအားကောင်းစေပါတယ်။ကြိတ်ပြီးသားဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ဂျင်းရည် ၀.၅ လီတာနဲ့ရောစပ်၍ ပင်လယ်ဆားခွက်တစ်ခွက်စာ ထည့်ပြီးရောမွှေပါ။ ထိုအရောကို Sponge သုံးပြီး အသားအရေပျော့တွဲနေတဲ့နေရာများကို ပွတ်ပေးနိုင်ပါတယ်။ ၂။ ဇီဝဖြစ်စဉ်အားကောင်းစေပြီး မအီမသာဖြစ်ခြင်းကိုသက်သာစေခြင်း အစာမကြေတဲ့ပြဿနာတွေ၊ လှိုင်းမူးတတ်တာတွေ၊ ကိုယ်ဝန်ဆောင်နေစဉ် မအီမသာဖြစ်တာတွေကို ခံစားရတတ်ရင် ဂျင်းကိုဝါးနိုင်သလို လက်ဖက်ရည်ထဲကို ဂျင်းထည့်ပြီးတော့လည်း သောက်သုံးပေးနိုင်ပါတယ်။ […]









