ပြီးခဲ့တဲ့ရက်က ဗီယက်နမ်နိုင်ငံ Hanoi မြို့မှာ မိုးအတော်လေးကိုကြီးလို့ မြို့ထဲရေကြီးမှုတွေဖြစ်ခဲ့တဲ့အပြင် ၊ ဆိုင်ကယ်သမားတွေမှာလည်း ဆက်ပြီးမောင်းနှင်လို့ မရတော့လို့ တံတားအောက်မှာ မိုးခိုခဲ့ရပါတယ် ။ ထိုအချိန်မှာပဲ Lien Phoong Pham အမည်နဲ့ အမျိုးသားတစ်ယောက်က ကြည်နူးစရာအဖြစ်အပျက်ဓာတ်ပုံလေးကို Facebook စာမျက်နှာမှာ ဝေမျှခဲ့ပါတယ် ။ မိသားစုတစ်စုဟာ ဆိုင်ကယ်နဲ့မောင်နင်လာရင်း မိုးကြီးလို့ တံတားအောက်မှာဝင်နားခဲ့ရတာပါ ။ ထိုအချိန်မှာပဲ မိုးကြိုးပစ်သံတွေ ၊ လျှပ်စီးသံတွေကြောင့် သမီးငယ်လေးဟာ အတော်လေးလန့်ပြီး အော်ငိုနေခဲ့တာပါ ။ မိခင်ဖြစ်သူမှာတော့ ဆိုင်ကယ်ကိုစောင့်ကြည့်နေခဲ့တာပါ ။ ဖခင်ဖြစ်သူမှာတော့ သမီးလေးကိုထွေးပွေ့ပြီး မငိုနဲ့ အဖေရှိတယ် ၊ အဖေကာကွယ်ပေးမယ် ဆိုပြီး တဖွဖွပြောကာ သမီးလေးအငိုတိတ်အောင်ကြိုးစားခဲ့ပါတယ် ။ မကြာခင်မှာဘဲ သမီးလေးလည်း အငိုတိတ်ပြီး မိုးကြီးတာကိုတောင်ဂရုမစိုက်နိုင်ဘဲ ဖခင်နဲ့ဆော့ကစားနေခဲ့ပါတယ် […]
Day: July 10, 2021
အထီးကျန်တဲ့ မိန်းကလေးတွေ ဈေးဝယ်ထွက်ရင် အဆင်ပြေရအောင် ချစ်သူကောင်လေး ငှါးရမ်းခွင့်ရမဲ့ ကုန်တိုက်များ
တစ်ယောက်ထဲဆိုလည်း အဆင်ပြေတယ်ဆိုတဲ့မိန်းကလေးတွေအတွက်တော့ တစ်ခါတစ်ရံ ၊ ခရစ်စမတ်နေ့ ၊ ချစ်သူများနေ့ စတဲ့နေ့တွေမှာ အနည်းငယ်တွေ အထီးကျန်သလိုခံစားမိကြမှာပါ ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ တရုတ်နိုင်ငံက shopping centers တွေကတော့ အဆိုပါမိန်းကလေးတွေ ဈေးဝယ်ထွက်ရင် အထီးကျန်မှုမဖြစ်အောင် ချစ်သူကောင်လေး အငှါးပေးတဲ့စီးပွားရေးမျိုး စတင်ခဲ့ပါပြီ ။ ကောင်လေးတွေက အရုပ်မတွေထည့်တဲ့ ဘူးလေးတွေထဲမှာ နေရာယူထားပြီး မိန်းကလေးတွေကြိုက်တဲ့ကောင်လေးမျိုး ငှါးရမ်းလို့ရပါတယ် ။ ငှါးရမ်းခ တစ်နာရီမှာတော့ 2ယွမ်ခန့် ကျသင့်မှာဖြစ်ကြောင့် ၊ ငှါးရမ်းခကိုတော့ ဘူးခွံမှာကပ်ထားတဲ့ QR Code ကနေ ပေးချေရမှာဖြစ်ကြောင်း သိရပါတယ် ။ အထီးကျန်နေတဲ့ မိန်းကလေးတွေ အတော်များများကတော့ ကိုယ်ကြိုက်တဲ့ ချစ်သူကောင်လေးတွေ ရွေးချယ်ဖို့ center အတွင်းမှာ ပြည့်ကြပ်နေလျက်ရှိကြောင်း သိရပါတယ် ။ […]
မိဘလုပ်စာစားပြီး လက်သည်းနီ၊ခြေသည်းနီနဲ့နေခဲ့တဲ့ဘဝကနေ လက်နက်ကိုင် PDFဘဝကိုခံယူဖြစ်ခဲ့တဲ့အကြောင်းရင်းကို ဖွင့်ဟလာတဲ့အမျိုးသမီးတစ်ဦး
နွေဦးတော်လှန်ရေးမှာတော့ ပြည်သူတွေက ရရာနေရာကနေ အာဏာရှင်ကို နည်းလမ်းမျိုးစုံနဲ့ တော်လှန်နေကြတာပဲ ဖြစ်ပါတယ် ။ ကိုယ်တတ်စွမ်းသလောက် တစ်ထောင့်တစ်နေရာကနေ ပါဝင်လှုပ်ရှားနေကြတဲ့ ပြည်သူတွေက ဘယ်တော့မှအရှုံးမပေးဘူးဆိုတဲ့ စိတ်ဓာတ်ကို ခံယူထားကြတာ ဖြစ်ပါတယ် ။ အခုဆိုရင် မြို့နယ်အသီးသီးမှာ သက်ဆိုင်ရာ PDF တပ်ဖွဲ့တွေ ဖွဲ့စည်းထားပြီး အာဏာရှင်ဆန့်ကျင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ် ။ ဝန်းသိုမြို့နယ်မှာဆိုရင်လည်း “Wuntho People Defense Force-WPDF” ကိုဖွဲ့စည်းခဲ့ပြီးပြီ ဖြစ်ပါတယ် ။ WPDF အဖွဲ့မှာတော့ အမျိုးသားတွေသာမက အမျိုးသမီးတွေပါ တာဝန်ထမ်းဆောင်နေကြတာ ဖြစ်ပါတယ် ။ အခုလည်း WPDF က အဖွဲ့ဝင်အမျိုးသမီးတစ်ဦးက အခုလိုမျိုး လက်နက်စွဲကိုင် တော်လှန်ရတဲ့ PDF ဘဝကို ခံယူဖြစ်ခဲ့တဲ့အကြောင်းရင်းကို ပြောပြခဲ့တာ ဖြစ်ပါတယ် ။ […]


