ၾကားသိရသမွ်
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးမှ စစ်ကိုင်းမြို့ အောက်ဆီဂျင်စက်တည်ဖို့ သိန်း၃၀၀ ထပ်မံလှူဒါန်း
ကျမ္မာရေး ဗဟုသုတ
ဘယ်ဆေးရုံမှမသွားပဲအံ့သြစရာကောင်းအောင် ကိုဗစ်လူနာ၃၈ဦးလုံးပျောင်ကင်းခဲ့တဲ့ ရွှေဆံပင်းကျောင်းကကုထုံး
ရွှေဆံပင်ကျောင်းမှ ကိုဗစ်လူနာအားလုံး နေကောင်းကျန်းမာသွားကြပြီဖြစ်ကြောင်း သိရ”ရွှေဆံပင်ကျောင်းမှ ကိုဗစ်လူနာအားလုံးနေကောင်းကျန်းမာသွားကြပြီလို့ သိရပါတယ်။ ကိုဗစ်လူနာ၃၈ဦးလုံးဘယ်ဆေးရုံမှမသွားပဲဆရာဝန်များအတွေ့ကြုံရှိသူများ၏အကြံပေးမှုကိုအခြေခံပြီးဆရာတော်နဲ့ယျောဝစ္စအဖွဲ့၏အနီးကပ်ကြည့်ကြပ်စောင့်ရှောက်မှုရွှေဆံပင်ဒကာဒကာမများ၏ဝိုင်းဝန်းပံ့ပိုးမှု တို့ကြောင့်အားလုံးအဆင်ပြေခဲ့တာပါ။ ကိုဗစ်တိုက်ပွဲအတွေ့ကြုံလေးကို စိတ်ဝင်စားသူများအတွက် ပြန်လည်မျှဝေပေးထားတာကို ဖော်ပြပေးလိုက်ရပါတယ်။နေထိုင်မှုစနစ်ကိုဗစ်စတွေ့ပြီဆိုတာနဲ့ ပိုးတွေ့သူသံသယရှိသူ နေကောင်းသူများကိုသုံးအုပ်စုခွဲလိုက်ပြီးကျောင်းဆောင်၁၀ဆောင်လောက်မှာခပ်ကျဲကျဲနေစေပြီး ကုဋီတွေကစ ခွဲနိုင်သမျှ ခွဲပြီးနေထိုင်လိုက်ကြပါတယ်။Maskတပ်ခြင်း လက်ဆေးခြင်းများတောက်လျောက်လုပ်ခိုင်းပါတယ်။ ဆေးဝါးကိုဗစ်တွေ့ပြီလို့ကြားတာနဲ့ရန်ကုန်က ဆွေတော်မျိုးတော်များကလိုလေးသေးမရှိပို့လှူပေးကြသောဆေးဝါးများ ရောက်ရှိလာပြီးပိုးတွေ့သူများကိုVITAMIN C 500နှစ်ပြားနှင့် အားဆေးတလုံးကျန်သူများကို အားဆေးနှင့် V C500တပြားကျွေးပေးလိုက်ပါတယ်။ နှာစေးချောင်းဆိုးဖျားလျင် LOCKOနှစ်ကြိမ်ကိုက်ခဲလင်paragesic လေးနာရီခြားတိုက်ပေးခဲ့ပါတယ်။လည်ချောင်းနာရင်ZINCငုံခိုင်းထားလိုက်ပါတယ်။နှာစေးချောင်းဆိုးနှစ်ယောက်လောက်နဲ့လည်ချောင်းနာကိုက်ခဲသုံးယောက်လောက်ပဲဖြစ်ပြီးသုံးရက်အတွင်း အာလုံးပျောက်ခဲ့ပါတယ်။ တိုင်းရင်းဆေးနဲ့ဓာတ်စာဖြစ်တဲ့နေ့ကစပြီး ကွမ်းရွက်ရှောက်ရွက်ဂျင်းထန်းလျက်ကြိုပြီးကိုဗစ်ရှိသူတွေဓာတ်ဗူးတလုံးစီကျန်သူတွေမတ်ခွက်တလုံးစီသောက်ခိုင်းပြီးနာနတ်သီးသရက်သီးနဲ့ရှောက်သီးသုပ်တလှည့်စီကျွေးပြီး(နာနတ်သီးအများဆုံးကျွေးဖြစ်)တကျောင်းလုံးကြက်ဥပြုတ်နှစ်လုံးစီနဲ့ နွားနို့သို့မဟုတ်ကွေကာအုပ်နဲ့ ဓာတ်ဆားများတိုက်ပါတယ်။ ထမင်းစားပျက်တဲ့သူလည်းတစ်ယောက်မျှ မရှိပါ။ကြက်သွန်နီစားဖြစ်အောင်ထမင်းစားတဲ့နေရာအနီးတွေမှာတောင်းလိုက်ချပေးထားပါတယ်။လင်းလွန်းတစ်ထောင်ဆရာတော်ကြီးရဲ့သစ္စာမေတ္တာ ကိုဗစ်ကာကွယ်ဆေးများလည်းတိုက်ပေးထားပါတယ်။ စိတ်ဓာတ်မြင့်တင်ရေးနှင့်ကိုယ်လက်လှုပ်ရှားမှုကျောင်းစည်းကမ်းအရ ဖုန်းကိုင်ခွင့်မရှိပေမယ့်ဒီရက်ပိုင်း ဖုန်းကိုင်ခွင့်ပေးထားပြီးအိမ်နဲ့လည်းပြောခိုင်းဆရာတော်ကိုယ်တိုင်လည်းဖုန်းဆက်ပြီးကိုဗစ်ကကြောက်စရာမဟုတ်ကြောင်းခဏနဲ့ပျောက်မယ့်အကြောင်းစားချင်တာလိုအပ်တာပြောခိုင်းပြီးတယောက်ချင်းစီဖုန်းနဲ့စကားလိုက်ပြောကာ စာကြည့်တိုက်က ဖတ်ချင်တဲ့စာအုပ်တွေ ထုတ်ပေးထားပြီးပန်းချီဆွဲဖို့လည်းစီစဉ်ပေးပါတယ်။ အားကစားလှုပ်ရှားမှုလုပ်ရန် ကြက်တောင်နဲ့ ခြင်းလုံးများ ပေးထားလိုက်ပါတယ်။သင်ပေးထားတဲ့အကများလည်းအဆင်ပြေသလိုကခိုင်းထားပါတယ်။ဖုန်းလေးပြောလိုက် တခုပြီးတခုစားလိုက်ကစားလိုက် ဘုရားရှိခိုးပရိတ်ရွတ်လိုက်အိပ်လိုက်နဲ့ပျင်းချိန်စိတ်ညစ်ချိန်တောင်မရှိတော့ပါဘူး။(အိပ်ချိန်မအိတ်ဘဲဖုန်းသုံးရင်ဖုန်းသိမ်းမှာပြောထားတာ) ဘာသာတရားအများစုကဗုဒ္ဓဘာသာတွေမို့ဘာသာတရားကလည်း မလုပ်လို့မရပါဘူး။မနက် ၈နာရီမှ ၉နာရီထိနေ့လည် ၃နာရီမှ […]
အခ်စ္ေရး
အမျိုးသမီးအများစု ယောကျာ်းတွေကို ဘယ်တော့မှ အမှန်အတိုင်း ပြောလေ့မရှိတဲ့ အချက် (၄) ချက်
အမျိုးသမီးအများစု ယောကျာ်းတွေကို ဘယ်တော့မှ အမှန်အတိုင်း ပြောလေ့မရှိတဲ့ အချက် (၄) ချက် ရိုးသားမှုဆိုတာ ချစ်ခြင်းတစ်ခုမှာ အရေးအကြီးဆုံး မရှိမဖြစ်ပါပဲ။ သို့ပေမယ့်လည်း တစ်ချို့သော အတိတ်ဖြစ်ရပ် တွေဟာ ပွင့်ပွင့်လင်းလင်း ပြောပြဖို့ အခြေအနေမပေးတာမျိုး ရှိနိုင်ပါတယ်။ အတိတ်ဟာ အတိတ်ပဲဖြစ်ပြီးတော့ အတိတ်ကိုပြန်တူးဆွရင် လက်ရှိအခြေအနေတွေ ပျက်စီးတ တ်ပါတယ်။ တကယ်လို့ အတိတ်ဟာ လက်ရှိအချိန်ကို လာရောက်ထိခိုက်မှု မရှိစေနိုင်ဘူးဆိုရင်တော့ အနောက်မှာပဲ ချန်ထားခဲ့တာ ပိုကောင်းပါလိမ့်မယ်။ ကျွနု ်ပ်တို့လည်း အလားတူ ရိုးသားစွာနဲ့ လိမ်ကောင်း လိမ်မိဖူးကြပါလိမ့်မယ်။ ဒီဆောင်းပါးလေးကတော့ မိန်းကလေးတွေအနေနဲ့ အမှန်အတိုင်း ဖွင့်ပြောလို့မရှိတဲ့ အရာ (၄) မျိုးအကြောင်း ဖော်ပြမှာဖြစ်ပါတယ်။ (၁)သူမ ပတ်သက်ခဲ့ဖူးတဲ့ အမျိုးသားတွေရဲ့ အရေအတွက် သူမဟာ အတွေ့အကြုံရှိတဲ့ ပရောဖက်ရှင်နယ်တစ်ယောက် […]
ၾကားသိရသမွ်
“ မြန်မာနိုင်ငံရဲ့ အသက်အငယ်ဆုံး ပရဟိတသူရဲကောင်းလေး ”
“ မြန်မာနိုင်ငံရဲ့ အသက်အငယ်ဆုံး ပရဟိတသူရဲကောင်းလေး ” မြန်မာနိုင်ငံရဲ့ အသက်အငယ်ဆုံး ပရဟိတသူရဲကောင်းလေးအတွက် ဂုဏ်ပြုစကားလေးပြောသွားကြပါဦး မင်္ဂလာပါ ပရိသတ်ကြီးရေ ယခုတင်ဆက်ပေးလိုက်တဲ့ ကလေးလေးကတော့ မန္တလေးမြို့ရဲ့ ဂုဏ်ဆောင် အသက်အငယ်ဆုံး ပရဟိတသမားလေး ဆိုပြီး နာမည်ကြီးနေတဲ့ ကလေးငယ်ဖြစ်ပါတယ်။ ပရဟိတ အလုပ်ဆိုတာ လူတိုင်း လုပ်ဖို့ မလွယ်ကူတဲ့ အလုပ်တစ်ခုပါ။ကိုယ်ကျိုးကို မငဲ့ကွက်ပဲ လူအများရဲ့အကျိုးကို ဆောင်ရွက်နိုင်မှ တကယ့်ပရဟိတစစ်စစ်ဖြစ်ပါတယ်။ လူတိုင်း မလုပ်နိုင်တဲ့အလုပ်တစ်ခုကို ဒီကလေးလေးကတော့ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အများအကျိုးကိုဆောင်ရွက်နေတဲ့အတွက် သိပ်ကို လေးစားစရာ ချီးကျူးဂုဏ်ယူစရာကောင်းလှပါတယ်။ ဒီကလေးလေးက မန္တလေးမြို့ တမ္ပဝတီမြို့နယ်မှာရှိတဲ့ တဝမေတ္တာ လူမှုကူညီရေးအသင်းအပြင် တခြားအသင်းအဖွဲ့တွေမှာပါ ပရဟိတအလုပ်များ လုပ်ကိုင်နေတာဖြစ်ပါတယ်။ပရိသတ်ကြီးကလည်း ဒီကလေးလေးအတွက် ဂုဏ်ပြုစကားလေးပြောသွားပါဦးနော်။အချိန်ပေးပြီးဖတ်ရှုခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ unicode “ မြန်မာနိုင်ငံရဲ့ အသက်အငယ်ဆုံး ပရဟိတသူရဲကောင်းလေး ” […]
ၾကားသိရသမွ်
ခုချိန်ဘာမှမကူညီနိုင်လို့ စိတ်မကောင်းစွာပြောလာတဲ့ နာရေးကူညီမှု့အသင်းမှ ထွန်းကိုကို..
ခုချိန်ဘာမှမကူညီနိုင်လို့ စိတ်မကောင်းစွာပြောလာတဲ့ နာရေးကူညီမှု့အသင်းမှ ထွန်းကိုကို ပရိတ်သတ် ကြီးရေ ထွန်းကိုကို ဆိုတာ ကတော့ မိမိုက် နေတဲ့ အရပ်အမောင်းနဲ့ ယောကျားပီ သတဲ့ မော်ဒယ်နဲ့ သရုပ်ဆောင် တစ်ယောက် ဖြစ်ပါတယ်။ပရဟိတ အသင်းရဲ့ ဦးကျော်သူ နဲ့အတူ လူမှု့ ကူညီရေး တွင်မှာ ကူညီလုပ် ကိုင်ပေးနေ တဲ့သူပါ ။ သူရဲ့ပရဟိတ လုပ်ဆောင်မှု့ တွေကြောင့် ပရိတ်သတ်တွေရဲ့လေးစားမှု့ကို ပိုမို ရရှိခဲ့ တာလဲဖြစ်ပါတယ်။ ထွန်းကိုက တော်လှန်ရေး ကာလတွေ မှာလဲ ပြည်သူတွေ အတွက် လိုအပ်တဲ့ အစာ အာဟာရ အလှူတွေအပြင် ပြည်သူေ တွနဲ့ တစ်သားတည်း ရပ်တည်ပြီး ဆန္ဒပြပါဝင် ခဲ့ပါတယ် ။ ခုဆို သူဟာ တစ်ခြား […]
ဟာသ
အပျိုကြီးကုန်းရွာသား မောင်လေး တစ်ယောက်ကို သွားကြူမိလိုက်တဲ့ အပျိုကြီးတစ်ယောက်ရဲ့ အဖြစ်
ဆိုးပါ့ကွယ်..အပျိုကြီးဘဝ ( စလိုက်ဦးမည် ) အပျိုကြီး – “Hi .. မောင်လေး” ကောင်လေး – “Hi Hi … မမ” အပျိုကြီး – “မောင်လေးက ဘယ်ကလဲဟင်။ ပလုံဖိုင်းပုံလေးကတော့ အလွင့်လေးနော့.. ခိ၊ အပြင်မှာရော ချောလား”( ရရာဆွဲ စပ်စု ရမှာပဲလေ ) ကောင်လေး – “ပရိုဖိုင်းပုံ အမှန်ပါ မမ” အပျိုကြီး – “လူချောလေးပဲ။ ဘယ်မှာ နေတာလဲ ဟင်”( ပုံကတော့.. ခိုက်စရာ။ ကံ ထလာပြီ ထင်ရဲ့ ခိ ခိ ) ကောင်လေး – “ဟုတ်ကဲ့… အပျိုကြီးကုန်း ရွာကပါ ” အပျိုကြီး – […]
ကြားသိရသမျှ
မြို့လယ်ခေါင်လမ်းမတွေပေါ်ထိတက်ကာမီးတုတ်တွေကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတဲ့ ရန်ကုန်အမျိုးသမီးထုကြီးရဲ့ အကြမ်းစားဗီဒီယိုဖိုင်
ကြားသိရသမျှ
ကိုဗစ်ထိန်းချုပ်ကုသရေး မနိုင်မနင်းဖြစ်နေလို့ စေတနာ့ဝန်ထမ်းတွေ ပူးပေါင်းကူညီဖို့ စစ်ကောင်စီ မေတ္တာရပ်ခံ
ကိုဗစ်ထိန်းချုပ်ကုသရေး မနိုင်မနင်းဖြစ်နေလို့ စေတနာ့ဝန်ထမ်းတွေ ပူးပေါင်းကူညီဖို့ စစ်ကောင်စီ မေတ္တာရပ်ခံ မဇ္ဈိမ ကိုဗစ် ၁၉ ထိန်းချုပ်ကုသရေးလုပ်ငန်းတွေမှာ မနိုင်မနင်းဖြစ်နေလို့ စေတနာ့ဝန်ထမ်းတွေအနေနဲ့ ပူးပေါင်းပါဝင် ကူညီပေးကြဖို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင်လ ၁၃ ရက်နေ့မှာ မေတ္တာရပ်ခံထားပါတယ်။ ကျန်းမာရေး ဝန်ထမ်းတွေ လုပ်ငန်းခွင် ပျက်ကွက်ပြီး လူအင်အား မပြည့်စုံတာနဲ့ အလွန်ကူးစက်မြန် ဗိုင်းရပ်ကူးစက်နေတာကြောင့် ဝန်နဲ့အား မမျှဖြစ်ကာ ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ ကုသရေးအပိုင်းမှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အနေနဲ့ ကျန်းမာရေးဝန်ထမ်း အများအပြား အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဒေသန္တရဆေးခန်းတွေနဲ့ […]
ၾကားသိရသမွ်
DR.SASAလိုလူမျိုး စိတ်ဓာတ်ကတော့ ရှားမှရှားပါ
Dr.Sasaလိုလူမျိုး စိတ်ဓာတ်ကတော့ ရှားမှရှားပါ အခုတော့ ရှင်းသွားပြီ Dr.Sasaနှင့် NUG အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် ဘယ်လို သဘောထားမလဲ ဆိုတဲ့ မေးခွန်း သိချင်သူများအတွက် အဖြေမှန် ဒေါ်အောင်ဆန်းစုကြည်နဲ့ Dr.Sasa က ၂၀၂၀ ရွေးကောက်ပွဲမတိုင်မှီ မဲစွယ်စည်းရုံး ကာလမှာ တွေ့ဆုံ ဆွေးနွေးမူတွေ လုပ်ခဲ့ကြတယ် Feb 1ရက်နေ့ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည် သမ္မတကြီး၊ ဒုသမ္မတ၊ ဒေါက်တာဆာဆာ ဆွေးနွေးတိုင်ပင်မူတွေ လုပ်နေကြတဲ့အချိန်မှာပဲ အာဏာသိမ်းမူဖြစ်ပွားခဲ့တယ် ဒီနေရာမှာ ကျွန်တော်တို့ ပြည်သူတွေ ကံကောင်းချင်တော့ အာဏာရူးအုပ်က ဒေါက်တာဆာဆာကို လုံးဝ မသိကြဘူး ဒါလည် တစ်ပိုင်းပေါ့ ဒေါ်အောင်ဆန်းစုကြည်က NUG အစိုးရကို လက်ခံပါ့မလား ဆိုတဲ့ အဖြေက ဒီမှာ.. အာဏာတကယ်သိမ်းသွားပြီ သိလိုက်ကြတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကနေ […]
ကြားသိရသမျှ
KPDF တွေရဲ့ ပြင်းပြတဲ့စိတ်ဓာတ်….
KPDF တွေရဲ့ ပြင်းပြတဲ့စိတ်ဓာတ် မြို့ပေါ်မှာ အေးဆေးနေလို့ရရဲ့သားနဲ့ အားလုံးကို စွန့်ပြီး ကယားပြည်နယ်ရဲ့တောထဲတစ်နေရာမှာ အားလုံးနဲ့အတူ တိုက်ပွဲဝင်နေတဲ့ KPDF တွေပါ။ အနေအစား ချို့ချို့တဲ့တဲ့နဲ့နေရပေမယ့် တစ်ချက်မငြိုငြင်ဘဲ တိုက်ပွဲတွေကို လက်လုပ်သေနတ်နဲ့ စကစအဖွဲ့တွေကို ရွံ့ရွံချွံချွံ တိုက်လာခဲ့တာ အခုဆို ၁၀ ပွဲနီးပါးရှိပါပြီ။ လူတိုင်းလိုက်မလုပ်နိုင်တဲ့အရာကို သူတို့လုပ်ခဲ့တယ်…လုပ်နေဆဲပါပဲ။ သူတို့ရဲ့ ပြင်းပြတဲ့ စိတ်ဓာတ်ကိုတော့ တကယ်လေးစားမိပါတယ်။ ကိုယ်မလုပ်နိုင်တဲ့အရာကို လုပ်နေတဲ့သူတို့တွေအတွက် အနည်းငယ်သော ထောက်ပံ့မှုလေးတစ်ခုပေးနိုင်မယ်ဆိုရင် သူတို့အတွက် ခွန်အားတက်စရာတစ်ခုဖြစ်လာမှာပါ။ စိတ်ဓာတ်ရေးရာအားပေးတဲ့အနေနဲ့ လိုအပ်တာတွေ ထောက်ပံ့ပေးနိုင်ဖို့ ကျွန်တော်ဒီကနေ တောင်းဆိုချင်ပါတယ်။ Strong spirit of KPDF KPDF တွေရဲ့ ပြင်းပြတဲ့စိတ်ဓာတ် မြို့ပေါ်မှာ အေးဆေးနေလို့ရရဲ့သားနဲ့ အားလုံးကို စွန့်ပြီး ကယားပြည်နယ်ရဲ့တောထဲတစ်နေရာမှာ အားလုံးနဲ့အတူ တိုက်ပွဲဝင်နေတဲ့ KPDF […]