ၾကားသိရသမွ်
အဖြူရောင် အနုပညာရှင်တွေကို ခြိမ်း​ခြောက်နေတဲ့ အကြမ်းဖက် PDF တွေကိုကြည့်လို့မရဘူး လို့ဆိုလာတဲ့ မင်းသားကြီး ရဲအောင်
Unicode မင်းသားကြီးရဲအောင်လို့ ဆိုလိုက်ရင် ရာစုနှစ်ပေါင်း များစွာ ရုပ်ရှင်ဗီဒီယိုလောကမှာ အောင်မြင်ကျော်ကြား လာခဲ့တဲ့ မင်းသားကြီးမှန်း အားလုံး အသိပါပဲနော်။ ရဲအောင်ဟာဆိုရင် ငယ်ရွယ်စဥ်ကနေ စပြီး ဇာတ်ကားပေါင်း များစွာ ရိုက်ကူးခဲ့ပြီး ယခုအချိန်ထိ အောင်မြင်မှုတွေ ပိုင်ဆိုင်ထား နေဆဲသူ တစ်ဦး ဖြစ်ပြီး ပရိသတ်တွေ နှစ်သက်နေဆဲသူ ဖြစ်ပါ တယ်နော်။ သို့ပေမယ့်လည်း အာဏာသိမ်းမှုကြောင့် ပြည်သူတွေ ဒုက္ခရောက်နေတဲ့ ယခုကာလမှတော့ ရဲအောင် ဟာ အာဏာသိမ်းစစ်ကောင်စီ စီစဥ်တဲ့ပွဲတွေမှာ ပါဝင်​ဖျော်ဖြေကာ ပြည်သူ့ဖက်က ရပ်တည်မှု မရှိခဲ့တဲ့အတွက် ဝေဖန်မှုတွေနဲ့ ကြုံခဲ့ ရပါတယ်နော်။ ယခုလတ်တလော မှာလည်း စစ်ကောင်စီ စီစဥ်တဲ့ MRTVဂီတပွဲမှာ ပျော်ပျော်ကြီး ပါဝင်ခဲ့တဲ့အကယ်ဒမီရဲအောင်ရဲ့ နေအိမ်မှာ ဗုံးလန့်မှု ကြုံခဲ့ရပြီးနောက် ရဲအောင်တစ်ယောက် နေရာရွှေ့ပြောင်းနေထိုင်ခဲ့ရပါတယ်နော်။ […]
ဗဟုသုတ
“ခွေး များ အူ လျှ င် သ တိ ထား ရ မ ည့် အ ရာ နှ င့် ခွေး အူ လျှ င် လု ပ် ဆော င် ရ မ ည့် အ ရာ များ”
Zawgyi ယခုတလော မြန်မာပြည်မြို့အနှံ့တွင် ညသန်းခေါင်ချိန်၌ ပုံမှန်မဟုတ်သော ခွေးအူခြင်းများ နေစဉ်ကြားရ လျက်ရှိသည်။ ပုံမှန်ဟောင်သော အသံမဟုတ်ပဲ စူးရှဆို့နစ်သောအသံများ၊ဆိုးဝါးသောအသံများတို့ဖြင့် နားမကြားသာအောင် အူလျက်ရှိသည်။ထိုအရာသည် မကောင်းသော နိမိတ်ကိုပြနေခြင်းဖြစ်လေသည်။ မြို့ရွာတို့၌ ဘေးဆိုး အန္တရာယ်ဆိုး ကပ်ဆိုး မကောင်းမှု့တို့ ကြီးစွာကျရောက်နိူင်ပြီး အသေအပျောက်များနိူင်ခြင်း၊မြို့ရွာတို့၌ကုသိုလ်တရားနည်းပါးလာ၍ ဖုတ်၊ပြိတ္တာ၊ဘီလူး၊တစ္ဆေ၊နာနာဘာဝတို့က ဝင်ရောက်လာကြခြင်းတို့ကြောင့်ဖြစ်လေသည်။ ထိုသို့ ဝင်ရောက်လာကြသောအခါ မကောင်းသောအရာများကို မြင်နိူင်စွမ်း အရှိဆုံးမှာ ခွေးများပင်ဖြစ်လေသည်။နောက်တခုကား မြို့ရွာများကို စောင့်ရှောက်သော သမ္မာဒေဝနတ်ကောင်း နတ်မြတ်များမှလည်း ဘေးဆိုးတို့ကိုမကြုံရအောင် ခွေးတို့မှတဆင့် သတိပေးစေသော အရာတို့လည်းရှိလေသည်။ ထို့သို့ ပုံမှန်မဟုတ်သောခွေးအူပါက ခွေးအူနေသောအချိန်တွင် လုပ်ဆောင်ရမည့်အရာမှာ သမ္ဗုဒ္ဓေဂါထာအား ကျယ်လောင်စွာရွတ်ဆိုခြင်း၊ဖွင့်ထားခြင်းတို့ကို ပြုလုပ်ရပေမည်။သမ္ဗုဒ္ဓေဂါထာရွတ်ဆိုသည့် အသံ၏အစွမ်းသည် ဖုတ်၊ပြိတ္တာ၊ဘီလူး၊တစ္ဆေ၊နာနာဘာဝတို့ ကမခံနိူင်ပဲ ပူလောင်လာပြီး မြို့ရွာတို့နှင့် ဝေးရာသို့သာ ထွက်ပြေးကြရလေသည်။ မိမိထံသော်လည်းကောင်း၊အိမ်ဝိုင်းနှင့် လမ်းတို့တွင် သော်လည်းကောင်း […]
ၾကားသိရသမွ်
တအိအိကျဆင်းလာနေတဲ့ ပြည်တွင်း အခေါက်ရွှေဈေး အခြေအနေ
တအိအိကျဆင်းလာနေတဲ့ ပြည်တွင်း အခေါက်ရွှေဈေး တစ်ကျပ်သားကို ငွေကျပ် ၂၂သိန်းအထိ စံချိန်တင်တက်ခဲ့တဲ့ အခေါက်ရွှေဈေးဟာ ငွေကျပ် ၁၈သိန်းအထိ တအိအိကျဆင်းသွားပြီး ယနေ့ နိုဝင်ဘာ ၂၅ ရက်အရောက်မှာတော့ အခေါက်ရွှေတစ်ကျပ်သားကို ၁၇၇၀၀၀၀ ကျပ်ထိ ကျဆင်းလာတာတွေ့ရပါတယ်။ ကမ္ဘာ့ရွှေစျေးမှာ နိုဝင်ဘာ ၂၃ ရက်နေ့က တစ်အောင်စကို ၁၈၀၈ ဒေါ်လာရှိခဲ့ပြီး ယနေ့ နိုဝင်ဘာ ၂၅ ရက်နေ့မှာတော့ တစ်အောင်စကို ၁၇၉၃ ဒေါ်လာထိ ကျဆင်းလာတာတွေ့နေရပါတယ်။ ရွှေကုန်သည်တစ်ဦးက ”အခေါက်ရွှေဈေးဟာ တစ်ကျပ်သားကို ငွေကျပ်တစ်ဆယ့်ရှစ်သိန်းပါတ် ချာလည် ဈေးရှိနေတာ ၁ လခွဲကာလရှိနေပြီး အခု ငွေကျပ် တစ်ဆယ့်ရှစ်သိန်းအောက်ကို တဖြည်းဖြည်းဆက်ကျနေတာ၊ ကမ္ဘာ့ရွှေဈေးဟာလည်း အခုရက်ပိုင်းအတွင်း အနည်းငယ်ကျဆင်းနေတာရှိတယ်လို့”ပြောပါတယ်။ ရွှေအရောင်းအဝယ်ပြုလုပ်နေသူတစ်ဦးက ”အရောင်းအဝယ်က ပုံမှန်ပဲ ရွှေဈေးအတက်အကျကြမ်းတဲ့ကာလတွေတုန်းကနဲ့ပြောမယ်ဆိုရင် အတော်လေးကျသွားတယ်လို့ ပြောလို့ […]
ၾကားသိရသမွ်
မိုးခေါင်၍ ဖားနှစ်ကောင်ကို ပေးစားတဲ့ မိုပြည်နယ် ရေကြီးခဲ့သဖြင့် ထိုဖားနှစ်ကောင်ကို ပြန်လည်ကွာရှင်းပေးခဲ့ရ
ၾကားသိရသမွ်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ချယ်ရီထက်ရဲ့အမှုကထူးခြားဖြစ်စဉ်များ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ချယ်ရီထက်ရဲ့အမှုကထူးခြားဖြစ်စဉ်များ အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီး တရားစွဲထားသည့် ဒုရဲအုပ် ချယ်ရီထက်၏ လက်ကိုင်ဖုန်းအား ဖွင့်ကြည့်ကာ တရားခွင်အတွင်း ထွက် ဆိုရန် တရားလို၏ ဆောင်ရွက်မှုအပေါ် ယနေ့ ရုံးချိန်းတွင် ကန့်ကွက်လျှောက်လဲခဲ့ကြောင်း ဒုရဲအုပ် ချယ်ရီထက်၏ ရှေ့နေဖြစ်သူက ပြောသည်။ စစ်ကောင်စီသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ် လုံခြုံရေးဖြစ်သူ ဒုရဲအုပ် ချယ် ရီထက် အား စက်တင်ဘာ ၂၃ ရက်က ဖမ်းဆီးအမှုဖွင့်ကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် တရားစွဲကာ ယနေ့တွင် ရုံးထုတ် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ ရှေ့နေဖြစ်သူက “ချယ်ရီထက်ရဲ့ ဖုန်းကို ဖွင့်ကြည့်ပြီး ထွက်ဆိုချက်ပေးဖို့ လုပ်ထားတာ။ ကျနော်တို့က တပါးသူရဲ့ ဖုန်းကို […]
ၾကားသိရသမွ်
မန္တလေးစည်ပင်ရုံး ပေါက်ကွဲမှုမှာ တစ်မြို့လုံး၏ CCTV Link ရှိသည့်ပုံးကို ခွဲခြင်းဖြစ်ဟုဆို
မန္တလေးစည်ပင်ရုံး ပေါက်ကွဲမှုမှာ တစ်မြို့လုံး၏ CCTV Link ရှိသည့်ပုံးကို ခွဲခြင်းဖြစ်ဟုဆို အမရပူရမြို့တွင်လည်း လက်လုပ်မိုင်း နှစ်နေရာပေါက်ကွဲပြီး နှစ်ဦး ဒဏ်ရာရ မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ ရုံးအနီး၌ ယနေ့နံနက် (၆)နာရီခန့်က ပေါက်ကွဲမှုမှာ တစ်မြို့လုံး၏ CCTV Link ရှိသည့် Network ကေဘယ်လ်ပုံးကို အခွဲခံရခြင်းဖြစ်ကြောင်းလည်း စကစ အသိုင်းအဝိုင်းထံမှ သိရသည်။ မန္တလေးမြို့ရှိ မီးပွိုင့်အများစု၌ တပ်ဆင်ထားသည့် CCTV များကို စည်ပင်ရုံးအတွင်းမှနေ၍ စောင့်ကြည့် ထိန်းချုပ်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။ ထိုပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦ ထိခိုက်သူမရှိဟုလည်း စကစနှင့် နီးစပ်သူများက ဆိုသည်။ အမရပူရမြို့တွင်လည်း ယနေ့ နိုဝင်ဘာလ (၂၅)ရက် နံနက်ပိုင်းက နေရာနှစ်ခုတွင် လက်လုပ်မိုင်းများ ပေါက်ကွဲခဲ့ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။ […]
ၾကားသိရသမွ်
လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄) ကို ရေးဆွဲ အတည်ပြုခဲ့ ကြောင်း လူကယ်ပြန်ဝန်ကြီးပြောကြား
လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄) ကို ရေးဆွဲ အတည်ပြုခဲ့ ကြောင်း လူကယ်ပြန်ဝန်ကြီးပြောကြား မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူငယ်ထုဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာမူဝါဒနှင့် လူငယ်ရေးရာမူဝါဒ ဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄) ကို ရေးဆွဲအတည်ပြုခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်က ပြောသည်။ လူငယ်ရေးရာမူဝါဒနှင့် ဆက်စပ်လုပ်ငန်းစဉ်များအား အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနသို့ လွှဲပြောင်းပေး အပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန် ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၁) ရက်နေ့မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏အမိန့်အမှတ် (၁၅၁/၂၀၂၁) ဖြင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနကို ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ နိုင်ငံရဲ့ အနာဂတ်ဖြစ်တဲ့လူငယ်များကို စနစ်တကျပြုစု ပျိုးထောင်ပေးနိုင်ရန်မျှော်မှန်း၍ သီးခြားဝန်ကြီးဌာနတစ်ခုအဖြစ် […]
ၾကားသိရသမွ်
တိပိဋကယောဆရာတော်ကြီး သီတင်းသုံးနေသည့် ရန်ကုန်ကျောင်းတိုက်ကို စစ်တပ်က စစ်ဖိနပ်မချွတ်ဘဲ အင်အားအလုံးအရင်းဖြင့် အကြမ်းဖက်ဝင်စီး….
တိပိဋကယောဆရာတော်ကြီး သီတင်းသုံးနေသည့် ရန်ကုန်ကျောင်းတိုက်ကို စစ်တပ်က စစ်ဖိနပ်မချွတ်ဘဲ အင်အားအလုံးအရင်းဖြင့် အကြမ်းဖက်ဝင်စီး၊ ဘာမှ ရှာမတွေ့မှ သတင်းမှားဟု ရိုင်းပျစွာ ပြောဆို ပြန်သွား ရန်ကုန်၊ နိုဝင်ဘာ ၂၄ ဝိနည်းကို အထူးအလေးထားပြီး သီလ၊ သမာဓိ၊ ပညာဖြင့် ပြည့်စုံသော တိပိဋကယောဆရာတော် စီမံအုပ်ချုပ် သီတင်းသုံးနေသော ရန်ကုန်တိုင်း၊ ဗဟန်းမြို့ နယ် ရှိ မဟာဝိသုဒ္ဓါရုံရွှေကျင်ကျောင်းတိုက်ကြီးကို စစ်ကောင်စီတပ်က နိုဝင် ဘာ လ ၂၁ ရက်နေ့ နံနက် ၄ နာရီ ၄၀ မိနစ်တွင် အကြမ်းဖက် ဝင်ရောက်စီးနင်းခဲ့ ကြောင်း ဆရာတော်ကြီး၏ ဒါယိကာများထံမှ သိရှိရသည်။ ယောဆရာတော်ကြီးအပါအဝင် သံဃာတော်များ ဘုရားဝတ်ပြုနေချိန်တွင် စစ်ကား ၅ စီးဖြင့် ရောက်ရှိလာပြီး စစ်ဖိနပ်များမချွတ်ဘဲ […]
ဗဟုသုတ
ကလေးကိုရိုက်မိ အော်မိတာ ကလေးဦးနှောက်ဖွံ့ဖြိုးမှုကိုမသိတော့ နားလည်မပေးနိုင်လို့ပါ
ကလေးကိုရိုက်မိ အော်မိတာ ကလေးဦးနှောက်ဖွံ့ဖြိုးမှုကိုမသိတော့ နားလည်မပေးနိုင်လို့ပါ။အကြိမ်ကြိမ် ပြန်တင်ခဲ့ပြီး သော ပို့စ်အဟောင်းလေးပါ ကလေး တွေ ဆိုးတယ် ၊ထိန်း မနိုင်ဘူး တဲ့လားမေမေ တို့ရေ..ကလေး ရှိတဲ့ အိမ်တိုင်းလိုလိုမှာ တစ်နှစ်ခွဲ နှစ်နှစ်လောက်က စပြီးတော့ ကလေးတွေ ဂျစ်တိုက်တာ ၊ ဂျီကျတာ၊ ပြောစကား နားမထောင်တာတွေကို ကြံရစမြဲပါ။ အဲဒီ့ အခါမှာ ကလေးနဲ့ မိဘ ကြားမှာ တိုက်ပွဲလေးတွေ စလာရတော့တာပါပဲ။ ကလေးတို့ ဂျစ်တိုက်လာတယ်၊ ဂျီကျလာတယ်။ ပြောလို့ ဆိုလို့ မကောင်းဘူး ဆိုတာဟာ တကယ်တော့ မိဘ (လူကြီး) ဘက် က မြင် တဲ့ အမြင်ပါပဲ။ ဒီအရွယ် တစ်နှစ်ကနေ သုံးနှစ်အရွယ်ဟာ ကလေးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက် ဖွံ့ဖြိုးတဲ့ အချိန်မို့လို့ […]
ဗေဒင်
တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း 25.11.2021 မှ 1.12.2021 အထိ…
25.Nov.2021 မှ 1.Dec.2021 အထိတစ်ပတ်စာ ရရက်သားသမီး ဟောစာတမ်း တနင်္ဂနွေ အဆင်မပြေလိုက်၊ ပြေလိုက်ဖြစ်နေရတတ်သည်။ အချစ်ရေး၊ အိမ်ထောင်ရေးလေးတွေ အဆင်မပြေစိတ် တိုင်းမကျမှုတွေ ဖြစ်နေရတတ်သည်။ သားသမီး၊ သားချင်းတွေ အတွက်လည်း စိတ်မောရတတ်သည်။ အရာရာ ဆန္ဒမစောသင့်ပါ။ စိတ်ဓာတ်မကျသင့်ပါ။ ကုသိုလ်ကောင်းမှု အလှူဒါနတွေ ပြုဖြစ်မှာပါ။ ကုသိုလ် များများလုပ်ပါ။ မကောင်းသောကံနှင့် အန္တရာယ်တွေ ကင်းတာပေါ့။ မလွတ်လပ်ခြင်းတွေ၊စည်းကမ်းဘောင်တွေ မကြိုက်သူတွေ အတွက်ဒီကာလဟာ ဒုက္ခများရတတ်ပါတယ်။ ပျော်လွန်းသူတွေ ပျက်ရမဲ့ကာလပါ။ လူငယ်တွေအချစ်နယ်ကျွံတတ် တယ်။ ဆိတ်ကွယ်ရာမသွားပါနှင့်။ချစ်သူ မရှိသေးသူများ အောင်သွယ်ကောင်းမှုကြောင့် ချစ်သူရတတ်သည်။ အလုပ် ဝန်ပိတာ၊မနိုင်ဝန်ထမ်းရတာမျိုးတော့ရှိတတ်ပါတယ်။အခက်အခဲတွေကြုံပါစေ….မိတ်ဆွေသူငယ်ချင်း တွေရဲ့ကူညီမှု တွေကြောင့် ပြေလည်သွားတတ်ပါတယ်။ ကျန်းမာရေးအနည်းငယ် ဂရုစိုက်ပါ။ ယာဉ်ကား သတိနဲ့စီးနင်းမောင်း နှင်ပါ။ ခရီးဝေးသွားစရာများ၊ အဝေးမှာ အလုပ်ကိစ္စဖြင့်သွားစရာများကြုံမည်။ ခြေ၊လက်၊ […]