—အရေးပေါ်သတိပေးကြေညာချက်— မိဘပြည်သူများ ခင်များ…. ယနေ့ ( ၂၉၊ နိုဝင်ဘာလ၊၂၀၂၁) ရက် နေ့လည် ၁၂:၀၀ နာရီ မှစ၍ မန္တလေး-မြင်းမူ-မုံရွာ လမ်းပိုင်းအား ခရီးသွားယာဉ်များ၊ ကုန်တင်ကားများအား သွားလာခြင်း လုံးဝ(လုံးဝ)မပြုလုပ်ကြပါရန် ထပ်မံအသိပေး တားမြစ်အပ်ပါသည်ခင်မျာ။ ထိုသို့ တားမြစ်သည့်ကြားမှ သွားလာလှုပ်ရှားခြင်းပြုလုပ်ခဲ့ပါက ကျွန်တော်တို့ BlackEagleDefenceForce -MMU အနေဖြင့် တာဝန် ယူနိုင်မည် မဟုတ်ကြောင်း ဝမ်းနည်းစွာကြေညာအပ်ပါသည်ခင်များ။ #blackeagledefenceforce_mmu —အရေးပေါ်သတိပေးကြေညာချက်— မိဘပြည်သူများ ခင်များ…. ယနေ့ ( ၂၉၊ နိုဝင်ဘာလ၊၂၀၂၁) ရက် နေ့လည် ၁၂:၀၀ နာရီ မှစ၍ မန္တလေး-မြင်းမူ-မုံရွာ လမ်းပိုင်းအား ခရီးသွားယာဉ်များ၊ ကုန်တင်ကားများအား သွားလာခြင်း လုံးဝ(လုံးဝ)မပြုလုပ်ကြပါရန် ထပ်မံအသိပေး တားမြစ်အပ်ပါသည်ခင်မျာ။ ထိုသို့ တားမြစ်သည့်ကြားမှ သွားလာလှုပ်ရှားခြင်းပြုလုပ်ခဲ့ပါက […]
Month: November 2021
ယွန်းယွန်းကအိုပါးလို့ခေါ်လိုက်တာနဲ့ချက်ချင်းရောက်လာပြီးရှေ့ကနေမားမားမတ်မတ်ကာကွယ်ပေးနေတဲ့ အောင်မင်းခန့်ရဲ့ဗီဒီယိုဖိုင်
ယွန်းယွန်းကအိုပါးလို့ခေါ်လိုက် တာနဲ့ချက်ချင်းရောက်လာပြီ းရှေ့ကနေမားမားမတ်မတ်က ာကွယ်ပေးနေတဲ့အေ ာင်မင်းခန့်ရဲ့ဗီဒီယိုဖိုင် MRTV 4မင်းသားတစ် လက်ဖြစ်တဲ့အောင်မင်းခန့်ကတော့အနုပညာ အရည်အချင်းပြည့်ဝပြီးပရိသတ် အားပေးချစ်ခင်ရ တဲ့သူတစ်ယောက်ပါ။ သူဟာမော်ဒယ်လောကမှတစ်ဆင့် သရုပ်ဆောင်ဘက်သို့ကူးပြောင်းလာခဲ့တာလည်းဖြစ်ပါတယ်။ အောင်မင်းခန့်ဟ ာသရုပ်ဆောင်နိုင်းနိုင်းရဲ့ညီအစ်ကိုဝမ်းကွဲတော် စပ်ပြီးအစ်ကိုဖြစ်သူရဲ့လမ်းညွှန်ပြသမှုတွေ ကြောင့်အနုပညာအလုပ်တွေ ကိုအခက်အခဲမရှိလုပ်ဆောင်နိုင်တာလည်းဖြစ်ပါတယ်။ အောင်မင်းခန့်ဟာလတ်တလောမှ ာတော့သရုပ်ဆောင်စည်သူဝင် း၊သဇင်ထူးမြင့်၊ယွန်းယွန်း၊ သိန်းလင်းစိုးတို့နဲ့အ တူ Double Datingဆိုတဲ့ Pr ogamရိုက်ကူးနေတာလည်းဖြစ်ပါတယ်။ ဒီအစီအစဥ်ဟာလ တ်တလောပရိသတ်တွေရဲ့အား ပေးမှုတွေများစွာကိုရရှိနေ တာလည်းဖြစ်ပါတယ်။ ဒီအစီအစဉ်ထဲမှမင်းသမီ းချောလေးယွန်းယွန်းနဲ့အတူတွဲ ဖက်ပါဝင်နေရတာပဲဖြစ်ပြီးအား လုံးကလည်းချစ်ခင်နေကြ တာလည်းဖြစ်ပါတယ်။ မကြာသေးခင်နာရီပိုင်းလေ ာက်ကလည်းအောင်မင်းခန့်ရဲလူမှုကွန်ယ က်စာမျက်နှာမှာဗီဒီယိုလေးတ စ်ခုတင်ထားတာပဲဖြစ်ပါတယ်။ ဒါကတော့ယွန်းယွန်းက အိုပါးလို့ခေါ်လိုက်တာနဲ့ ချက်ချင်းရောက်လာပြီးရှေ့ကမားမားမတ်မတ်ကာ ကွယ်ပေးနေတဲ့အောင်မင်းခန့်ရဲ့ဗီဒီယို ဖိုင်လေးပဲဖြစ်ပါတယ်။ ဒီ Tik Tokလေးတွေဟာလည်း အောင်မင်းခန့်ရဲ့ပထမဦးဆုံးကစားဖူး တဲ့ဗီဒီယိုလေးတွေပဲဖြစ်ပါတယ်။ ပရိသတ်တွေလည်းကြည့်ရှုခံစ ားနိုင်အောင်ဒီဗီဒီယိုဖိုင်လေ းတွေကိုတစ်ဆင့်ပြန်လည်ကူးယူတ င်ဆက်ပေးလိုက်ရပါတယ်နော်။ Video […]
“မင်းလားကွ မန်ယူဖန်”ဟုဆိုကာ လူငယ်တစ်ဦးကို အရက်ပုလင်းဖြင့် လူငယ်တစ်စုမှ ရိုက်နှက်မှုဖြစ်ပွား
နိုဝင်ဘာ ၂၉ မိတ္ထီလာမြို့နယ်မှာ “မင်းလားကွ မန်ယူဖန်”ဟုဆိုကာ လူငယ်တစ်ဦးကို အရက်ပုလင်းဖြင့် လူငယ်တစ်စုမှ ရိုက်နှက်မှုဖြစ်ပွားခဲ့တယ်လို့ မျိုးဆက်သစ်မြတ်ပါရမီလူမှုကယ်ဆယ်ရေးအဖွဲ့ရဲ့ ပြောဆိုချက်အရ သိရပါတယ်။ အဆိုပါဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၉ရက်နေ့ နံနက် ၁နာရီခွဲအချိန်က မိတ္ထီလာမြို့၊ ပေါက်ချောင်းကွက်သစ်မှာ လူငယ်တစ်ဦးသည် ဘောလုံးပွဲကြည့်ပြီး တစ်ဦးတည်းအိမ်ပြန်လာသည့်အချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ထိုသို့ ဘောလုံးပွဲကြည့်ပြီး လမ်းလျှောက်ကာ အိမ်ပြန်လာသည့် လူငယ်တစ်ဦးကို အနောက်မှလိုက်လာသော လူငယ်တစ်စုမှ “မင်းလားကွ မန်ယူဖန်”ဟုဆိုကာ အသင့်ပါလာသော အရက်ပုလင်းဖြင့် ဦးခေါင်းအား ရိုက်နှက်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ “အသင့်ပါလာတဲ့ အရက်ပုလင်းနဲ့ ဦးခေါင်းကို ရိုက်နှက်လိုက်တဲ့အရှိန်ကြောင့် ပုလင်းကွဲသွားပြီး လက်ထဲမှာကျန်တဲ့ ပုလင်းကွဲအချွန်နဲ့ ရင်ဘက်ကို ထပ်ပြီးထိုးသွင်းခံရတယ်”လို့ လူနာရဲ့ပြောဆိုချက်ကို လူမှုကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။ ယခုကဲ့သို့ ဦးခေါင်းအား အရက်ပုလင်းဖြင့်ရိုက်နှက်ပြီး ထိုးသွင်းဒဏ်ရာရရှိခဲ့သည့် လူနာအား မျိုးဆက်သစ်မြတ်ပါရမီ […]
ရေကြီးနေတဲ့လမ်းကို ဖြတ်ကူးဖို့ အမျိုးသား၄ဦးက ဆိုင်ကယ်ကိုထမ်းသွားပြီး ကူညီပေးခဲ့တာကြောင့် မျိုးစုံဝေဖန်သုံးသပ်ခံခဲ့ရတဲ့ မိန်းကလေး
ဗီယက်နမ်နိုင်ငံက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် Phuoc Loc ရေလျှံတံတား၊ Phu Yen ပြည်နယ်၊ Dong Xuan ခရိုင်တစ်ခုလုံး ရေလွှမ်းမိုးသွားခဲ့ပါတယ် ။ ထို့ကြောင့် အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားတဲ့ မိန်းကလေးငယ်တစ်ဦးဟာ ဆိုင်ကယ်နဲ့ ရေလျှံနေတဲ့ လမ်းကိုဖြတ်ကျော်ရန် ခက်ခဲတဲ့ အတွက်ကြောင့် ထိုနေရာရှိ အမျိုးသား ၄ ဦးက မိန်းကလေးငယ်နဲ့ ဆိုင်ကယ်ကို တစ်ချိန်တည်း သယ်ပြီး လမ်းဖြတ်ကူးရန် မိန်းကလေးကို ကူညီခဲ့ပါတယ် ။ အဆိုပါအမျိုးသား၄ဦးရဲ့ လုပ်ဆောင်ပုံကို မြင်တွေ့ရဲ့ လူများစွာက ဓာတ်ပုံရိုက်ပြီး ဆိုရှယ်မီဒီယာပေါ် တင်လိုက်တဲ့အခါမှာ netizen တွေကို အမြင်အမျိုးမျိုးနဲ့ ချက်ချင်းဖမ်းစားလိုက်ပါတယ် ။ ပုံထဲမှာ ပါဝင်တဲ့ မိန်းကလေးဟာ 10A6၊ Le Loi အထက်တန်းကျောင်း […]
ပြင်ဦးလွင်မှာ မြေကွက်ဝယ်ထားသူတွေ ကျူးဖြစ်သွားခြင်းနှင့် ပွဲစားများ ထည့်တဲ့ ဂျင်း
ပင်ဦးလွင်မှာ မြေကွက်ဝယ်ထားသူတွေ ကျူးဖြစ်သွားခြင်းနှင့် ပွဲစားများ ထည့်တဲ့ ဂျင်း ( ရောင်းနေတုန်းက မပြောဘဲ ခြံစည်းရိုးခတ် အိမ်ဆောက်ပြီးမှ သစ်တောကြိုးဝိုင်းမြေဆိုတော့…..) မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မေမြို့ထင်းကြိုးဝိုင်းအတွင်း ခွင့်ပြုချက်တစ်စုံ တစ်ရာမရှိဘဲ ကျူးကျော်ဝင်ရောက်၍ ကျောက်တိုင်စိုက်/သွပ်ဆူးကြိုးကာရံခြင်း၊ အုတ်တံတိုင်း ခတ်ကာရံ၍ အဆောက်အဦ အခိုင်အမာဆောက်လုပ်ထားခြင်းများ တွေ့ရှိရပြီး ကျူးကျော် လုပ်ကိုင်ဆောင်ရွက်နေသူများ အား ဖော်ထုတ်၍ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာနက လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ပြင်ဦးလွင်တွင် မြေကွက်များကို အကွက်ရိုက်၍ ဈေးနှုန်းချိုသာစွာဖြင့် ရောင်း ချမှုများ ၂၀၁၅ ခုနှစ်မှစတင်၍ ခေတ်စားလာပြီး အနယ်နယ်အရပ်ရပ်မှ ပြင်ဦးလွင်သို့ သွားရောက်ဝယ်ယူမှုများရှိကြောင်း၊ အဓိက အားဖြင့် အရပ်စာချုပ်များဖြင့် ဝယ်ယူရောင်းချမှုများရှိကြောင်း၊ အထူးသဖြင့် လူမှုကွန်ရက်တွင် ဈေးပေါပေါဖြင့် ပြင်ဦးလွင်မြေကွက်များ ရောင်းချမှုများ လွန်စွာ […]
အချစ်ဆုံးသူငယ်ချင်းက ရုတ်တရက် ယောကျ်ားယူပြီး အိမ်ထောင်ပြုလိုက်လို့ မင်္ဂလာပွဲမှာ ငိုကြွေးနေခဲ့တဲ့ မိန်းကလေး
နှစ်အတော်ကြာ အတူတွဲကစားပြီး ချိုမြိန်စွာဘဝကို မျှဝေခဲ့ကြပေမယ့် ရုတ်တရတ် အချစ်ရဆုံးသူငယ်ချင်းတစ်ယောက် အိမ်ထောင်ပြုဖို့ ထွက်ခွာသွားတဲ့အခါ အတော်လေး ဝမ်းနည်းမိပါတယ် ။ ဟုတ်ပါတယ် ၊ မကြာသေးခင်ကဘဲ မိန်းကလေးငယ်တစ်ဦးဟာ နှစ်လရှည်စွာ အတူတူနေလာတဲ့ အခင်ဆုံးသူငယ်ချင်းက ရုတ်တရက် အိမ်ထောင်ကျပြီးနောက် သူမရဲ့ခံစားချက်တွေကို ထိန်းမထားနိုင်တာကြောင့် မင်္ဂလာပွဲအတွင်း ငိုကြွေးနေခဲ့ပါတယ် ။ ဧည့်သည်များက ဝိုင်းအုံပြီး အားလုံးက နှစ်သိမ့်ပေးကြသော်လည်း သတို့သမီးက သူမကို နှစ်သိမ့်ဖို့ ပိုကြိုးစားလေလေ ပိုငိုလေပါပဲ ။ ဒီပုံတွေကို ကြည့်လိုက်တော့ အင်တာနက်သုံးစွဲသူတော်တော်များများက ရယ်မောကြပါတယ် ။ လက်ရှိမှာ အဆိုပါပုံများကို လူမှုကွန်ရက်ပေါ်ရှိ လူများက တက်ကြွစွာမျှဝေပြီး လက်ခံရယူနေကြဆဲဖြစ်ပါတယ် ။ ဒီသူငယ်ချင်းအပေါ် သင် ဘယ်လိုထင်လဲ၊ သင့်ရဲ့ထင်မြင်ချက်ကို ပြန်လည်ဝေမျှပေးနိုင်ပါတယ် ။ JRose (KB […]
နိုဝင်ဘာ ၂၉ ရက်နေ့ – ရွှေဈေး၊ စက်သုံးဆီဈေး၊ ငွေလဲနှုန်း၊ ကမ္ဘာ့ရွှေဈေး
နိုဝင်ဘာ ၂၉ ရက်နေ့ ရွှေစျေး၊ စက်သုံးဆီစျေး၊ ငွေလဲနှုန်း၊ ကမ္ဘာ့ရွှေစျေး ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂၉) ရက်နေ့ ယနေ့အတွက် ပြည်တွင်း ရွှေစျေး၊ကမ္ဘာ့ရွှေစျေး၊ စက်သုံးဆီစျေးနှုန်းတို့ကိုဖော်ပြပေးလိုက်ပါတယ်။ ရန်ကုန်စျေးကွက်အတွင်း ၁၆ ပဲရည်အခေါက်ရွှေ တကျပ်သား အတွက် 1780000 ကျပ် အဖွင့်စျေးရှိပြီး ၁၅ ပဲရည်ပြည့်စပ်ရွှေ တကျပ်သား ကို 1675500 ကျပ်ရှိပါတယ်။ မန္တလေးရွှေစျေးကွက်မှာ ၁၆ ပဲရည်အခေါက်ရွှေ တကျပ်သား အတွက် 1779000 ကျပ်အဖွင့်စျေးရှိပြီး ၁၅ ပဲရည်ပြည့်စပ်ရွှေ တကျပ်သား ကို 1674500 ကျပ်ရှိနေပါတယ်။ နိုဝင်ဘာလ 29 ရက် ယနေ့ ကမ္ဘာ့ရွှေစျေးမှာ $1793 ရှိနေပါတယ်။ နိုဝင်ဘာ ၂၉ ရက်နေ့အတွက် ပြင်ပငွေလဲနှုန်းမှာ အမေရိကန် […]
ရန်ကုန်မှာ ကျောက်စိမ်းတောင်ကြီးရှိတယ်တဲ့…
ရန်ကုန်မှာ ကျောက်စိမ်းတောင်ကြီးရှိတယ်တဲ့ အရမ်းထူးဆန်းပြီး အံ့သြသွားမယ်ထင်ပါတယ် ကျွန်မတို့ ရန်ကုန်သူ/သားတွေနဲ့ မစိမ်းတဲ့နေရာဖြစ်ပေမယ့် သတိမထားမိတဲ့နေရာတစ်ခုမှာပါ နိုင်ငံခြားသားတွေအနေနဲ့ကျတော့ အရမ်းကို ထူးဆန်းပြီး သူတို့ကိုယ်တိုင် ကျောက်စိမ်းတောင်ဆိုပြီး တင်စားထားတဲ့နေရာလေးကတော့ ဆဌမသင်္ဂါယနတင်ခဲ့တဲ့ သီရိမင်္ဂလာကုန်း ကမ္ဘာအေးစေတီရှိ မဟာပါသာဏလိုဏ်ဂူတော်ကြီးရဲ့အဝင်လမ်းမုဒ်ဝကြီးပဲဖြစ်ပါတယ် မဟာပါသာဏလိုဏ်ဂူတော်ကြီးအဝင်လမ်းက တောင်ကြီးသဖွယ် သဘာဝလိုဏ်ဂူကြီးသဖွယ်ဖြစ်နေတာပါပဲ အနီးကပ်ရောက်လေ…. ကျောက်စိမ်းတုံးများကပ်ထားတဲ့တောင်ကြီး နေရောင်အောက်မှာ ဝင့်ကြွားစွာနဲ့ နတ်ပြည်ဝင်ပေါက်သကဲ့သို့ ဖြစ်နေတာပါပဲ ရှုထောင့်အမျိုးမျိုးကနေ ပုံစံအမျိုးမျိုးကွဲပြားစွာနဲ့ ထူးဆန်းနေတာက ဆွဲဆောင်မှုတစ်ခုလို ဖြစ်နေတာပါ နံရံဘေးနှစ်ဖက်နှစ်ချပ်က ကျောက်ပြားများဟာ ကျောက်စိမ်းပြား သကဲ့သို့ လှပနေတာကြောင့် နိုင်ငံခြားသားခရီးသွားတော်တော်များများရဲ့ စိတ်ဝင်စားမှု ရရှိစေတာအမှန်ပါ လိုဏ်ဂူကြီးအတွင်းမှာ ဗုဒ္ဓသာသနာဆိုင်ရာ အသုံးအဆောင်များ ညီညာစွာနဲ့ခင်းကျင်းထားပြီး ခမ်းနားလို့နေပါတယ် ဆဌမအကြိမ်မြောက် သင်္ဂါယနတင်ရန် တည်ဆောက်ခဲ့တာကြောင့် ဆဌမသင်္ဂါယနတင် အမှတ်အသားကို ချိတ်ဆွဲထားပြီး ဘေးနှစ်ဖက်တွင် လှေကားထစ်ပုံစံဖြင့် အတန်းလိုက် ကျွန်းထိုင်ခုံများ […]
“သိချင်ရင် အကုန် လာမေး.. အမှန်အတိုင်း ပြောပြပေးမယ်” ဆိုပြီး ပွဲကြမ်းလိုက်တဲ့ ဘုန်းမင်းနေလ ……
(Unicode ဖြင့်ဖတ်ရန်) အကယ်ဒမီ ခင်ဇာခြည်ကျော်ရဲ့သားဖြစ်သူ သရုပ်ဆောင် ဘုန်းမင်းနေလကတော့ ရုပ်ချောသလောက် ရည်းစားတွေလည်း ပွေရှုပ်တယ်လို့ ပရိသတ်တွေကြား နာမည်ကြီးသူတစ်ယောက်ပါ။ အချစ်ရေးကိစ္စနဲ့ ပတ်သက်ပြီး မီဒီယာတွေ၊ ပရိသတ်တွေရဲ့ အာရုံစိုက်ခြင်းခံရလေ့ရှိတဲ့ ဘုန်းမင်းနေလဟာ ဒီတစ်ခေါက်မှာလည်း သူနဲ့ ချစ်ကြိုက်ခဲ့ဖူးကြတဲ့ မော်ဒယ်ဟန်လေးအပါအဝင် တွဲခဲ့သမျှ ရည်းစားတွေအကြောင်း လူသိအောင် ထပ်ခါတလဲလဲတင်နေတဲ့ Cele စပိုင်စမော ပေ့ချ်ကို ယခုလို ကိုယ်တိုင် သွားရောက် ပြောဆိုခဲ့တာကို တွေ့ရပါတယ်။ ပရိသတ်အချစ်တော် ဘုန်းမင်း နေလကတော့ ယခုကဲ့သို့ ပြောလာခဲ့တာ ဖြစ်ပါတယ်.. “မှန်မှန်ကန်ကန်လေးလည်းတင်.. မသိရင် မတင်နဲ့ တင်ချင်ရင် အရင်လာမေး အကုန်အမှန်တိုင်း ပြောပေးမယ်။ ခုတော့ သူ သိသူတတ်ကြီးလုပ်လို့ ပြီးတော့ စောက်တလွဲမဟုတ်မမှန်တွေတင် မရှက်ဘူးလား ပရိတ်သတ်ကို ဂျင်းထည့်နေတာ နောက်ပြီး […]
” ပညာတတ်နဲ့ ပညာရှင် ” တို့၏ ကွာခြားချက် (မှတ်သားထိုက်ပါတယ်)
” ပညာတတ်နဲ့ ပညာရှင် ” တို့၏ ကွာခြားချက် (မှတ်သားထိုက်ပါတယ်) မနေ့က ဆရာအသစ်ရဲ့မှတ်သားဖွယ်ရာ စကားလေးကို မျှဝေချင်ပါတယ်။ အဲဒီဆရာအသစ်က စပိန်နွယ်ဖွား အဂ်လန်မှာကြီးပြင်းတဲ့သူတစ်ယောက်ပါပဲ။ ဒါပေမဲ့ Sanskrit နဲ့ Pâli မှာအထူးကျွမ်းကျင်ပါတယ်။ ပညာရှင်အရမ်းဆန်ပါတယ်။ ပညာရှင်နဲ့ပညာတက်က မတူပါဘူး။ အချို့ဆရာတွေပညာတတ်ကြတယ်။ ပညာရှင်မဆန်ဘူး။ ပညာတတ်ဆိုတာက…… သူတို့သင်ထား လေ့လာထားတဲ့ အရာတွေအရ အသိပညာ ဗဟုသုတတော့ ရှိကြတယ်။ ဒါပေမဲ့ သူယုံကြည်လက်ခံထားတဲ့ အကြောင်းအရာ တစ်ခုခုကို အလွန်အကျွံလက်ခံ ယုံကြည်ထားတတ်တဲ့ သူမျိုးပါ။ အဲဒီပညာတတ်တွေ ပြောဆို ဆွေးနွေးတဲ့ အခါမှာ သူလက်ခံထားတဲ့ အရာသည်သာ အမှန် ဆိုပြီး အကြောင်းအမျိုးမျိုး ပြပြီး ဇွတ်ငြင်းတတ်တဲ့ သူမျိုးပါ။ ပညာတတ်ပါ ၊ ပညာရှင် မဆန်ဘူး။ ပညာရှင် […]









