unicode စစ်ရှောင်စခန်းများကို လက်နက်ကြီးများဖြင့် ထိုးစစ်ဆင်နေသဖြင့် ပြည်သူများ … Breaking News- စစ်ကောင်စီတပ်က စစ်ရှောင်စခန်းများကို လက်နက်ကြီးများဖြင့်ပစ်ခတ်ပြီး ထိုးစစ်ဆင်၊ စစ်ဘေးရှောင်ပြည်သူများ အလုံးအရင်းဖြင့် ထိုင်းဘက် ထွက်ပြေးရ ရန်ကုန်၊ ဒီဇင်ဘာ ၁၉ အကြမ်းဖက်စစ်ကောင်စီတပ်က ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေးရှိ စစ်ရှောင်စခန်းများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ထိုးစစ်ဆင်လာသဖြင့် စစ်ဘေးရှောင်ပြည်သူအများအပြား အလုံးအရင်းဖြင့် ထိုင်းဘက်သို့ သောင်းရင်းမြစ်ကို ဖြတ်သန်း၍ ထွက်ပြေးနေရကြောင်း သိရှိရသည်။ အဆိုပါ စစ်ဘေးရှောင်ပြည်သူများသည် လေးကေ့ကော် ဖလူး မယ်ဝါးခီး သုံးရွာမှဖြစ်ပြီး စုစုပေါင်း လူဦးရေ ၁၀၀၀ နီးပါးရှိကြောင်း သိရှိရသည်။ စစ်ရှောင်စခန်းများကို လက်နက်ကြီးများဖြင့် ထိုးစစ်ဆင်နေသဖြင့် ပြည်သူများ … Breaking News- စစ်ကောင်စီတပ်က စစ်ရှောင်စခန်းများကို လက်နက်ကြီးများဖြင့်ပစ်ခတ်ပြီး ထိုးစစ်ဆင်၊ […]
Day: December 20, 2021
ရှေ့တန်းမှာနေ့လည်စာ သင်္ဘောသီးစားပြီး တိုက်ပွဲဝင်နေတဲ့ PRA
ရှေ့တန်းမှာ သင်္ဘောသီးစားပြီး တိုက်ပွဲဝင်နေတဲ့ PRA(ရုပ်/သံ) ဧရာဝတီတိုင်းမ် ဒီဇင်ဘာ ၂၀ ရက် ရှေ့တန်းက ပြည်သူ့တော်လှန်ရေးတပ်မတော်-PRA မှ ရဲဘော်များထံသို့ နောက်တန်းမှ ရိက္ခာမပို့နိုင်သောကြောင့် မနက်စာနဲ့ နေ့လည်စာကို သင်္ဘောသီးများစားကာ ဝမ်းဝအောင်ဖြေရှင်းခဲ့ရတယ်လို့ PRA ကဆိုပါတယ်။ “ရှေ့တန်းမှာ တိုက်ပွဲပြင်းထန်နေလို့ နောက်တန်းက ရိက္ခာမပို့နိုင်ပေမယ်လည်း တောထဲက သဘောသီး ကိုစားရင်း မနက်စာ/နေ့လည်စာကို အန်တုနိုင်ခဲ့ကြတယ်”လို့ ပြည်သူ့တော်လှန်ရေးတပ်မတော် – PRA က ၎င်းတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှ တဆင့် ရေးသားဖော်ပြထားပါတယ်။ ပြည်သူ့တော်လှန်ရေးတပ်မတော်-PRA မှာ ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ ၄ရက်အတွင်း စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်မှု ၄ကြိမ်၊တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၅၄ ဦး သေဆုံးခဲ့ကာ […]
တပ်မဟာအားလုံးကို KNLA က ပစ်မိန့်ပေးလိုက်ပြီလို့သိရ
တပ်မဟာအားလုံးကို KNLA က ပစ်မိန့်ပေးလိုက်ပြီလို့သိရ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၇ ခုလုံးကို ပစ်မိန့်ပေးလိုက်ပြီးလို့ KNLA စစ်ဘက်ဆိုင်ရာထိပ်တန်း အရာရှိနှစ်ဦးထံမှ သိရပါတယ်။ မကြာသေးခင်က KNU နှင့် KNLA ထိပ်ပိုင်းခေါင်းဆောင်တွေအစည်းအဝေးတစ်ခုပြုလုပ်ခဲ့ပြီး အဲ့ဒီအစည်းအဝေးမှာ လာမယ့်ကွန်ဂရက် မှာဆွေးနွေးမည့်အကြောင်းအရာနှင့် တိုက်ရေး၊ မတိုက်ရေးကိစ္စကိုလည်းဆွေးနွေးခဲ့တယ်လို့ အစည်းအဝေးတက်ရောက်ခဲ့သည့် KNLA အရာရှိတစ်ဦးကပြောပါတယ်။ “အမြဲတမ်းကော်မတီအစည်းအဝေးမှာ တိုက်ရေးကို အစီအစဉ်ကိုချမှတ်ခဲ့တယ်။ ကွန်ဂရက်မှာ ဆွေးနွေးမယ့်ကိစ္စလည်းပါတယ်” ဟု အမည်မဖော်လိုတဲ့ KNLA တပ်မဟာတစ်ခုမှ ခေါင်းဆောင်တစ်ဦးကပြောပါတယ်။ တပ်မဟာ ၇ ခုလုံး ပစ်မိန့်ပေးထားတာမှန်ကန်ကြောင်း နောက်ထပ် KNLA ထိပ်တန်းအရာရှိတစ်ဦးကလည်း အတည်ပြုပြောပါတယ်။ အခုလည်း KNU တပ်မဟာ ၆ နယ်မြေဘက်မှာ ဖလူးကြီး၊ ဖလူးလေးဒေသက ပြည်သူတွေကို ရှောင်းခိုင်းနေပြီးလို့ KNLA […]
မိမိလက်ထဲရှိတဲ့ လက်နက်ခဲယမ်းတွေလာအပ်ကြဖို့ စစ်ကောင်စီ ထုတ်ပြန်
မိမိလက်ထဲရှိတဲ့ လက်နက်ခဲယမ်းတွေလာအပ်ကြဖို့ စစ်ကောင်စီ ထုတ်ပြန် ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ပြည်သူတွေအနေနဲ့ မိမိတို့ နေအိမ်နဲ့ တိုက်ခန်းတွေမှာ လက်နက်ခဲယမ်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေ အပါအ၀င် မူးယစ်ဆေးဝါးတွေကို တွေ့ရှိပါက လာရောက်အပ်နှံကြဖို့ SAC က ဒီကနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။SAC အနေနဲ့ တရားမ၀င် လက်နက်ခဲယမ်းတွေ၊ ဆက်စပ်ပစ္စည်းတွေနဲ့ တားမြစ်ပစ္စည်းတွေကို အပ်နှံသိမ်းဆည်းမှုတွေကို ဖော်ထုတ်ဖမ်းဆီးမိတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် ဒီဇင်ဘာ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ပြည်သူတွေကို လက်နက်ခဲယမ်းနဲ့ ပစ္စည်းတွေ လက်ဝယ်သိမ်းဆည်းထားမိပါက အုပ်ချုပ်ရေးမှူးရုံးတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဆီလာရောက် အပ်နှံကြဖို့ ထုတ်ပြန်ထားပါတယ်။သတ်မှတ်ရက်ကို ကျော်လွန်ပြီး စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူခံရမှာဖြစ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။ မိမိလက်ထဲရှိတဲ့ လက်နက်ခဲယမ်းတွေလာအပ်ကြဖို့ စစ်ကောင်စီ ထုတ်ပြန် ရန်ကုန်၊ […]
ဖခင်တစ်ဦးက သူ့သမီးကို ဂိုဒေါင်ထဲမှာ ရပ်ထားတဲ့ ကားတစ်စီးနဲ့ နှိုင်းယှဉ်ပြလိုက်တဲ့ ဥပမာ
ဖခင်တစ်ဦးက သူ့သမီးကို ဂိုဒေါင်ထဲမှာ ရပ်ထားတဲ့ ကားတစ်စီးကို ပြကာ ခုလိုပြောလိုက်ပါတယ်။ သမီးကျောင်းပြီးသွားလို့ ဂုဏ်ပြု လက်ဆောင်အဖြစ် ဒီကားကို ပေးမယ်။ သမီး မမွေးခင်ကတည်းက သမီးအတွက် ဆိုပြီး ဝယ်ထားခဲ့တာ။ တခါမှမသုံးပဲ သိမ်းပေးထား တယ်လို့ ဆိုပါတယ်… ဖခင်က သမီးရေ ကားကို အပိုင်မပေးခင် ဒီကား ဘယ်လောက်တန်လဲ သိရအောင် တစ်ပတ်နွမ်း ကားဈေးတန်းမှာ သွားပြကြည့်ပါ။ သူ့သမီးက တစ်ပတ်နွမ်း ကားဈေးတန်းမှာ သွားပြပြီး အဖေရေ သူတို့က ဒေါ်လာ တစ်ထောင် ပေးမယ် လို့ ပြောကြပါတယ်တဲ့။ ဘာလို့လဲဆိုတော့ ကားက နည်းနည်းဟောင်း နေလို့တဲ့။ ဒါနဲ့ သူ့အဖေက သမီးရေ အပေါင်ဆိုင်ကို သွားပြကြည့်ပါအုံးလို့ ခိုင်းပြန်ပါတယ်။ သမီးက အပေါင်ဆိုင်ကို သွားပြခဲ့ပြီး […]
ဒေါ်အောင်ဆန်းစုကြည်အား ပုဒ်မနှစ်ခုဖြင့် ယနေ့ အမိန့်ချရန်ရှိ
ဒေါ်အောင်ဆန်းစုကြည်အား ပုဒ်မနှစ်ခုဖြင့် ယနေ့ အမိန့်ချရန်ရှိ ဧရာဝတီ၊ ဒီဇင်ဘာ ၂၀၊ ၂၀၂၁ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ပို့ကုန်/သွင်းကုန် ဥပဒေ ပုဒ်မ ၈၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ တို့ဖြင့် တရားစွဲဆိုထားမှုအား ယနေ့တွင် အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းအမှုနှစ်ခုသည် စစ်တပ် အာဏာသိမ်းသည့်နေ့က ဒေါ်အောင်ဆန်းစုကြည်နေအိမ်အား ဝင်ရောက် စီးနင်းစဉ် ဆက်သွယ်ရေးစကားပြောများ ဖမ်းဆီးရမိသည်ဟုဆိုတာ စစ်ကောင်စီက စွပ်စွဲ တရားစွဲဆိုထားခြင်း ဖြစ် သည်။ ပို့ကုန် သွင်းကုန် ဥပဒေ ပုဒ်မ ၈ သည် အမြင့်ဆုံး ထောင် ဒဏ် ၃ နှစ်အထိ ချမှတ်ခံရနိုင်သည့် ပုဒ်မဖြစ်ပြီး ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ သည် […]
ခရီးစားရိတ်ပြတ်ပေမယ့် သား ဇောနဲ့ မြစ်ကြီးနားအထိ လမ်းလျှောက်ပြီးရှာနေတဲ့ အဖေ
Zawgyi ခရီးစားရိတ်ပြတ်ပေမယ့် သား ဇောနဲ့ မြစ်ကြီးနားအထိ လမ်းလျှောက်ပြီးရှာနေတဲ့ အဖေ မြစ်ကြီးနား မြို့ကိုသားပျောက်လို့ရှာရင်စရိတ်ပြတ်ကာလမ်းလျှေက်ပြီး သွားနေတဲ့ အဘိုးအိုကို ဒီနေ့ ညနေ 4နာရီလောက်က ကသာအင်းတော် လမ်းပေါ် ကသာမြို့အထွက် သုံးခွရွာအနီး လူတစ်ယောက် အထုတ်လေးတစ်ထုတ်နဲ့ လမ်းလျှောက်လာတာမြင်လို့ ကားလေး ခဏရပ်ပြီး ဦးလေးဘယ်လဲလို့မေးလိုက်မိတယ်။ဒီနားတင်တဲ့ ဒီနားက ဝေးလားလို့ ကျနော့်ကားပေါ် လိုက်ခဲ့လေ ကသာသွားမှာဆိုတော့ ကားပေါ်တက်လာပြီး နဲနဲဝေးတယ်တဲ့ မြစ်ကြီးနားသွားမှာ စရိတ်ပြတ်လို့ လမ်းလျှောက်နေတာ မနေ့ညထဲက ထီးချိုင့်က လျှောက်ခဲ့တာတဲ့.ဗျာဆိုပြီး အံ့ဩ သွားတော့ ဆက်ပြောတယ် မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်က သူ့သား အိမ်က ထွက်သွားတာ 8လရှိပြီမို့ စိတ်ပူပြီးလိုက်ရှာနေရင်း တစ်လကျော်ကြာသွားလို့ စရိတ်ပြတ်သွားတာဆိုဘဲ။ဦးလေး ထမင်းစားပြီးပြီလားဆိုတော့ သူများကြွေးလို့ ခေါက်ဆွဲတစ်ပွဲစားထားတယ်ဆိုတာနဲ့ အဲ့ဒါဆို ကျနော်ထမင်းကြွေးမယ် ပြီးရင် […]
လက်ရှိထွက်ပေါ်နေတဲ့ ကသာရဲစခန်းကို PDF တွေ သိမ်းပိုက်လိုက်တယ်ဆိုတဲ့အပေါ် ဟာသလေးနှောပြီး စီကာပတ်ကုံးရေးသားလာတဲ့ မင်းမော်ကွန်း
သင်တို့အတွက် ဗဟုသုတအကြီးကြီးရစေမယ့် ပိတုန်း နဲ့ ဆင် ကို ဥပမာပေးထားတဲ့ တန်ဖိုးရှိတဲ့ စာသားများ…
သိပ္ပံပညာရှင်တွေ ရဲ့လေ့လာချက်အရ ပိတုန်း ဟာ လေပေါ်ပျံတက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူးတဲ့။ ပိတုန်းရဲ့ အတောင်ပံဟာ အရမ်းသေးငယ်ပြီး ခန္ဓာကိုယ်ကပိုကြီးတဲ့ အတွက်ဖြစ်ပါတယ်တဲ့။ သူ့တောင်ပံက သူခန္ဓာကိုယ်ကို သယ်ပြီးပျံသန်းဖို့က ဘယ်လိုမှ မဖြစ်နိုင်ပါဘူးတဲ့။ ဒါပေမယ့် ပိတုန်းက ဘာလို့လေပေါ်ပျံနိုင်လဲ။ စိတ်ဝင်စားစရာပါ။ ပိတုန်းက သူ မပျံနိုင်တာကို မသိပဲနဲ့ ကြိုးစားပံျသန်းရင်းနဲ့ ပျံလို့ရသွားတာပါတဲ့။ သဘောက ကိုယ့်ကိုသဘာဝတရားအရ ကန့်သတ်ထားတာကို မသိပဲ ကြိုးစားပြုလုပ်ရင်းက လုပ်လို့ရသွားတာပါ။ နောက်ထပ် စိတ်ဝင်စားစရာ တိရိစ္ဆာန်က ဆင်ပါ။ ဆင်တွေကို သံကြိုးနဲ့ ချည်ပြီး ချွန်းနဲ့ထိုးကာ ခိုင်းကြပါတယ်။ တကယ်က ဆင်ကိုချည်ထားတဲ့ သံကြိုးကို ဆင်အားနဲ့ တချက်ရုန်းလိုက်ရင် သံကြိုးပြတ်ပြီး အနှောင်အဖွဲ့က လွတ်မြောက်သွားနိုင်ပါတယ်တဲ့။ ဒါပေမယ့် ဆင်တွေအနေနဲ့ မရုန်းကြည့်ကြပါဘူတဲ့။ သူတို့ရုန်းလဲ လွတ်မယ် […]
တစ်ပတ်အတွင်း အကိတ်ဖြစ်အောင် ပြုလုပ်နည်း (၅) မျိုး
တစ်ပတ်အတွင်း အကိတ်ဖြစ်အောင် ပြုလုပ်နည်း (၅) မျိုး မိန်းခလေး ဆိုတာမျိုးက ကိတ်မှ ကြည့်လို့ကောင်းတာ အမှန်ပါပဲ ။ မလှပဲ နေပါစေ အုံးတော့ ၊ ရှိုက်ဖို ကြီးငယ် အသွယ်သွယ်နဲ့ ဖုသင့်တဲ့ နေရာဖု ၊ ဖောင်းသင့်တဲ့ နေရာမှာ ဖောင်းနေမှ ပုရိသ ယောက်ျားတွေရဲ့ ဝိုင်းဝိုင်း လည်ခြင်းကို ခံရ တာပါ ။ကဲ.. ဒါ့ကြောင့် နေ့ချင်း ညချင်း အကိတ်မ ဖြစ်ချင်တဲ့ LCD ညီမလေးများ အတွက် တပတ်အတွင်း ကိတ်နည်း (၅) မျိုးကို ဖော်ပြပေးလိုက် ပါတယ် ။ ၁။ ထိုင်ထ လုပ်ပေးပါ တနေ့ကို ထိုင်ထ အခါ ၃၀၀၀ လောက် လုပ်ပေးပါ […]