ၾကားသိရသမွ်

ရေမွန်ချစ်တဲ့ လွိုင်ကော်မြို့လေးရဲ့ လက်ရှိအခြေအနေကို ရေမွန်တစ်ယောက်သိမသွားရရှာဘူးဆိုတဲ့ နိုဗန်ထူး

အဆိုတော် နိုဗန်ထူးကတော့ The Voice Myanmar Season (2) သီချင်းဆိုပြိုင်ပွဲရဲ့ Winner တစ်ယောက်အဖြစ် ပရိသတ်တွေ သိပြီးသားဖြစ်မှာပါ။ လက်ရှိနွေဦးတော်လှန်ရေးမှာလည်း စစ်အာဏာရှင်လူတစ်စုကို တော်လှန်နေပြီး လွတ်မြောက်နယ်မြေကိုရောက်ရှိနေတဲ့ နိုဗန်ထူးဟာ တော်လှန်ရေးအတွက် ပြည်သူတွေလေးစားရတဲ့ သူရဲကောင်းအဆိုတော်တစ်ယောက်ဆိုလည်း မမှားပါဘူး။ ဒီကနေ့မှာတော့ နိုဗန်ထူးက သူ့လိုပဲ လွတ်မြောက်နယ်မြေမှာ စစ်ပညာသင်ရင်း ကျန်းမာရေးအခြေအနေကြောင့် ရုတ်တရက်ကွယ်လွန်သွားခဲ့တဲ့ အဆိုတော် ရေမွန်ကိုသတိရကြောင်းပြောလာပါတယ်။ နိုဗန်ထူးက “လွိုင်ကော်မြို့လေး တော်တော်လှတဲ့ အကြောင်း ထပ်ပြောဖို့ သူမရှိတော့ဘူး။လွိုင်ကော်မြို့လေးလည်း ေ-ွးအလိမ်းလိမ်းနဲ့ မလှပတော့ဘူး။ အာဏာရှင်ကို ဆက်တွန်းလှန် ဆက်ရုန်းကန်နေကြတုန်းဘဲ ဘပီ” ဆိုပြီး လွိုင်ကော်မြို့လေးကိုချစ်တဲ့ ဘပီတစ်ယောက် အခုလက်ရှိ စစ်အာဏာရှင်လက်အောက်ရောက်ရှိပြီး ပျက်စီးသွားခဲ့ရတာမသိသွားရကြောင်း ဝမ်းနည်းစွာနဲ့ ပြောလာတာပဲဖြစ်ပါတယ်။ နိုဗန်ထူးကတော့ လွိုင်ကော်မြို့လေးကိုချစ်တဲ့ ရေမွန်တစ်ယောက် လက်ရှိဖြစ်ပျက်နေတဲ့အကြောင်းတွေကို မသိသွားရရှာတာကို […]

ၾကားသိရသမွ်

ရှေးဟောင်းငွေစက္ကူ ဈေးကွက်အတွင်း တစ်ရွက်ကို သိန်းချီတန်နေတဲ့ ရှားပါး မြန်မာ့ငွေစက္ကူတွေအကြောင်း

ရှေးဟောင်းငွေစက္ကူ ဈေးကွက်အတွင်း တစ်ရွက်ကို သိန်းချီတန်နေတဲ့ ရှားပါး မြန်မာ့ငွေစက္ကူတွေအကြောင်း စံလင်းနဲ့ မောင်ကောင်း ပိုက်ဆံက ရှားလည်း ရှားတယ်။ ဈေးလည်း အများကြီး ပိုရတယ်ဗျ။ ဒီနှစ်ခုမှာတောင် မောင်ကောင်းက ပိုရှားတယ်။ ကျွန်တော်လည်း တစ်ခါနှစ်ခါလား တွေ့ဖူးသေးတယ်” ဟု ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့် မြို့နယ်မှာ နေထိုင်တဲ့ ရှေးဟောင်းငွေစက္ကူ အရောင်းအဝယ် ပြုလုပ်သူ ကိုမျိုးနိုင် (အမည်လွှဲ) က ပြောပြပါတယ်။ မြန်မာနိုင်ငံမှာ ကိုလိုနီခေတ်ကနေပြီး အခုလက်ရှိ အချိန်အထိ ခေတ်အဆက်ဆက် အသုံးပြုခဲ့တဲ့ ငွေစက္ကူ အမျိုးအစား များစွာ ရှိခဲ့ပြီး ခေတ်အလိုက် နိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ အစိုးရတွေ အပေါ် မူတည်ကာ ထုတ်ဝေတဲ့ ငွေစက္ကူတွေရဲ့ပုံသဏ္ဌာန် အပြောင်းအလဲ များစွာ ရှိခဲ့ပါတယ်။ တစ်ချိန်က အသုံးပြုခဲ့ပေမဲ့ […]

ၾကားသိရသမွ်

MRTV-4 Forever Group နဲ့ စာချုပ်သစ်ထပ်မချုပ်ဖြစ်တဲ့ အကြောင်းအရင်းမှန်ကို ပြောပြလာခဲ့တဲ့ ခေးဆက်သွင်

သရုပ်ဆောင် ခေးဆက်သွင်ကတော့ သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို အံဝင်ခွင်ကျသရုပ်ဆောင်နိုင်သူတစ်ယောက်အဖြစ် ပရိသတ်တွေကြားမှာ နာမည်ကြီးသူတစ်ယောက်ပါပဲ။ MRTV-4 သရုပ်ဆောင်အဖြစ် လူသိများခဲ့တဲ့ ခေးဆက်သွင်ဟာ ပြီးခဲ့တဲ့နှစ်ပိုင်းမှာတော့ MRTV-4 နဲ့ လက်တွဲဖြုတ်ခဲ့ပြီး သူမတစ်ယောက်တည်း သီးသန့် အနုပညာအလုပ်တွေလုပ်ကိုင်ခဲ့တာပဲဖြစ်ပါတယ်။ ထိုကိစ္စနဲ့ ပတ်သက်ပြီး ပရိသတ်တွေက ခေးဆက်သွင်ကို MRTV-4 နဲ့ ပြဿနာတစ်စုံတစ်ရာရှိလို့ လက်တွဲဖြုတ်ခဲ့တယ်လို့ထင်ကြပေမယ့် ခေးဆက်သွင်က တကယ့်အကြောင်းအရင်းမှန်ကို အခုလိုပဲပြောပြလာပါတယ်။ “Forever groupနဲ့ ၉နှစ်တာ လက်တွဲပြီးတဲ့နောက် ဘာပြသနာ တစ်စုံတစ်ရာမှ မရှိပဲ 2021 February ကစလို့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် နောက်ထပ်နှစ်တိုးစာချုပ် ထပ်မချုပ်ဖြစ်တာပါ။ ဘယ်သူကမှထုတ်လိုက်တာလည်း မဟုတ်သလို လက်တွဲခဲ့တဲ့ကာလ အတွင်းမှာလည်း မိသားစုလို ဖေးမကူညီစောင့်ရှောက်ကြရင်း အဆိုးအကောင်းကို နားလည်မှုနဲ့ ညှိယူရင်း အလုပ်လုပ်ခဲ့ကြပါတယ်။ ကျေးဇူးရှင် ဆရာဦးဝင်းမော်နဲ့မိသားစု လက်ဦးဆရာ […]

ဗေဒင်

အင်္ဂါသားသမီးများအတွက် ၂၀၂၂ခုနစ် တစ်နှစ်စာ ဟောစာတမ်း

၂၀၂၂ခုနစ် အင်္ဂါသားသမီးများအတွက် တနှစ်စာ ဟောစာတမ်းအင်္ဂါသားသမီးများတို့သည် မိမိ၏ အတွေ့အကြုံများအပေါ် မူတည်ပြီး လုပ်ငန်းများတွင် အခွင့်အရေးကောင်းများရရှိပြိး အောင်မြင်မှုများ ရရှိမည်။ ကုသိုလ်ဒါန၊အလှူတန်းကြီးများ ပြုလုပ်ရတတ်သည်။ဘုရားဖူး ခရီးသွားရကိန်း ရှိသည်။မမျော်လင့်ဘဲ သားသမီးများအတွက် ရပ်ဝေး၊ နယ်ခြား ကောင်းခြင်းခရီး သွားရကိန်းရှိသည်။ မိမိလက်အောက်ငယ်သား တပည့်များအား ထောက်ပံ့ပေးရတတ်သည်။ နိုင်ငံရပ်ခြား ပညာရေးများ လေ့လာဆောင်ရွက်ရမည်။ စာပေလေ့လာပြိး လုပ်ငန်းခွင် စာမေးပွဲဖြေဆိုလျှင် အထူးခံစားခွင့်ရခြင်း၊ စက်မှုလက်မှုပညာရပ်များတွင်အထူးအောင်မြင်မှုရရှိမည်။ ယခုနှစ်တွင် (16. 4. 2022 မှ စ၍ ( 16. 6. 2022) အထိ လုပ်ငန်းဆိုင်ရာ အကျိူးအမြတ် ဖြစ်ထွန်းမည်။သစ်သီးဝလံများရောင်းဝယ်ခြင်း၊ ယာဉ်နှင့်စက်ပစ္စည်း ရောင်းဝယ်ခြင်း၊ ငွေကြေးကိစ္စများ၊ ထီ၊ ဖိနပ်၊အထည်အလိပ်ရောင်းဝယ်ခြင်း၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း၊ စားသောက်ကုန်ပစ္စည်းများ ဖြန့်ချီခြင်း၊ အစုရှယ်ယာဝင်ခြင်း၊ ရေလုပ်ငန်း၊ […]

ၾကားသိရသမွ်

၂၀၂၂ ခုနှစ်မှာ အသစ်ပြင်ဆင်လိုက်တဲ့ မော်တော်ယာဉ် ဥပဒေ၊ ငွေဒဏ်နဲ့ ထောင်ဒဏ်များ

၂၀၂၂ ခုနှစ်မှာ အသစ်ပြင်ဆင်လိုက်တဲ့ မော်တော်ယာဉ် ဥပဒေ၊ ငွေဒဏ်နဲ့ ထောင်ဒဏ်များ ၂၀၂၂ ခုနှစ်မှာ အသစ်ပြင်ဆင်လိုက်တဲ့ မော်တော်ယာဉ် ဥပဒေ၊ ငွေဒဏ်နဲ့ ထောင်ဒဏ်များကို ဖော်ပြပေးလိုက်ပါတယ်။ ယာဉ်နံပါတ်မထင်ရှား = ကျူးလွန်သည့်ပုဒ်မ(၈၄-က)။ အရေးယူသည့်ပုဒ်မ-၉၄ = ဒဏ်ငွေသုံးသိန်း၊ ထောင် သုံးလ။ အခြားနံပါတ်တပ် = ကျူးလွန်သည့်ပုဒ်မ(၈၄-ခ)။ အရေးယူသည့်ပုဒ်မ-၉၄ = ဒဏ်ငွေ သုံးသိန်း၊ ထောင်သုံးလ။ ယာဉ်နံပါတ်ပြားမတပ်= ကျူးလွန်သည့်ပုဒ်မ(၈၄-ဂ)။ အရေးယူသည့်ပုဒ်မ-၉၄ = ဒဏ်ငွေ သုံးသိန်း၊ ထောင် သုံးလ။ ဝှီးတက်သက်တမ်းကုန် = ကျူးလွန်သည့်ပုဒ်မ(၈၀)။ အရေးယူသည့်ပုဒ်မ-၉၁ = ဒဏ်ငွေ တစ်သိန်း၊ ထောင် တစ်လ။ ယာဉ်မောင်းလိုင်စင်မရှိ = ကျူးလွန်သည့်ပုဒ်မ(၈၁-က)။အရေးယူသည့်ပုဒ်မ-၉၁ = ဒဏ်ငွေတစ်သိန်း၊ ထောင် တစ်လ။ […]

ၾကားသိရသမွ်

Live sale တခုမှာ ရေမွှေးနာမည်ကို အင်္ဂလိပ်လိုအသံထွက်မှားသွားခဲ့တာကြောင့် ပိုစ့်တင်ပြီးလှောင်ပြောင်နေတဲ့ အမေရိကန်ရောက် ဆရာဝန်ဆယ်လီတဦးကို တုန့်ပြန်လိုက်တဲ့ ထက်ထက်မိုးဦး..

Live sale တခုမှာ ရေမွှေးနာမည်ကို အင်္ဂလိပ်လိုအသံထွက်မှားသွားခဲ့တာကြောင့် ပိုစ့်တင်ပြီးလှောင်ပြောင်နေတဲ့ အမေရိကန်ရောက် ဆရာဝန်ဆယ်လီတဦးကို တုန့်ပြန်လိုက်တဲ့ ထက်ထက်မိုးဦး.. ပရိသတ်ကြီးရေ သရုပ်ဆောင် ထက်ထက်မိုးဦးကတော့ အခုလက်ရှိမှာ Live Sales ပေါင်းများစွာ လက်ခံရောင်းချပေးနေရသူတစ်ဦး ဖြစ်ပါတယ်။ တစ်ချိန်တုန်းက အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပေမယ့်လည်း အခုချိန်မှာတော့ ဈေးရောင်း ရင်းဖြင့်သာ အသက်မွေးဝမ်းကျောင်းပြုနေရတာ ဖြစ်ပါတယ်။ မကြာသေးခင်က ထက်ထက်မိုးဦးရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ ဈေးရောင်းတဲ့ Live မှာ အင်္ဂလိပ်အသံထွက်မှားခဲ့တာကြောင့် လူအထင်သေးခံနေရတဲ့ သူမရဲ့အဖြစ်ကိုစိတ်မကောင်းဖြစ်နေတာ ဖြစ်ပါတယ်။“တစ်ချို့သောသူတွေ ပညာတွေတတ်သလို စိတ်ဓာတ်လည်းကောင်းရင်ကောင်းမှာပဲနော်။ထက်ဟိုးအရင်တုန်းကလည်း ဒီဖေ့ဘုတ်တွေ အင်တာနက်တွေ မသုံးတတ်ဘူး ပညာမတတ်ဘူးခဏခဏဖြေဘူးသလို ခု live တွေမှာလည်း အင်္ဂလိပ်စာမဖတ်တတ်လို့ တစ်ချို့မန့်တွေ မဖတ်တတ်ဘူးဆိုလည်းကိုယ့်ကိုချစ်တတ်သူတွေ အားလုံးသိကြပါတယ်။ […]

ၾကားသိရသမွ်

ရည်းစားဟောင်းထက် အစစအရာရာ သာလွန်တဲ့ သူမရဲ့လက်ရှိချစ်သူလေးကို အားလုံးသိသွားအောင် ချပြလိုက်တဲ့ နန်းဆုရတီစိုး

ရည်းစားဟောင်းထက် အစစအရာရာ သာလွန်တဲ့ သူမရဲ့လက်ရှိချစ်သူလေးကို အားလုံးသိသွားအောင် ချပြလိုက်တဲ့ နန်းဆုရတီစိုး ပရိသတ်ကြီးရေ သရုပ်ဆောင် နန်းဆုရတီစိုးကတော့ သူမရဲ့ လက်ရှိချစ်သူလေးနဲ့ ပျော်ရွှင်စရာကောင်းတဲ့ အချစ်ခရီးလမ်းကို အတူတကွ လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။ သူမရဲ့ကောင်လေးနဲ့ လက်တွဲတာ နှစ်အနည်းငယ် ကြာပြီ ဖြစ်ပေမယ့်လည်း အခုထိ လူလုံးထုတ်မပြသေးဘဲ လျှိုထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း နန်းဆုရဲ့ ချစ်သူကောင်လေးရဲ့ ပုံပန်းသဏ္ဍန်ကို သိချင်နေကြတာ ဖြစ်ပါတယ်။ မကြာသေးခင်က နန်းဆုရတီစိုးရဲ့ Instagram လူမှုကွန်ရက်တွင် ဓာတ်ပုံတစ်ချို့ ဝေမျှထားတာ ဖြစ်ပါတယ်။ ဒါကတော့ ပရိသတ်တွေအားလုံး မျက်ဝါးထင်ထင် မြင်သွားအောင် ချစ်သူကောင်လေးနဲ့အတူ တွဲရိုက်ထားတဲ့ ပုံလေးတစ်ပုံကို ထုတ်ပြလိုက်တာ ဖြစ်ပါတယ်။ နန်းဆုတို့ အတွဲလေးဟာ အရမ်းကို လိုက်ဖက်လွန်းလှတာကိုလည်း ဓာတ်ပုံထဲမှာ မြင်တွေ့ကြရမှာပါ။ သူမရဲ့ […]

ၾကားသိရသမွ်

မင်္ဂလာဆောင်စရိတ် ယွမ်၆၆၀၀၀၀တောင်းတာကို မတတ်နိုင်လို့ဆိုပြီး See More…..

တရုတ်နိုင်ငံမှ ကျင်းပပြုလုပ်သော မင်္ဂလာပွဲတစ်ခုတွင် ရည်းစားဟောင်းမိန်းကလေးရဲ့ လုပ်ရပ်တစ်ခုကြောင့် ပွဲတက်သူဧည့်သည်များမှာ အံ့အားသင့်စရာနှင့် ကြုံခဲ့ရပြီး ဝေဖန်ခြင်းများစွာ ခံခဲ့ရသည်။ ရည်းစားဟောင်းမိန်းကလေးသည် လက်ရှိသတို့သားနှင့် လက်ထပ်မည့်ဆဲဆဲတွင် မိန်းကလေးရှင်ရဲ့ မိခင်ဖြစ်သူမှ ယွမ် ၆၆၀၀၀၀ပေးနိုင်မှ သူတို့ရဲ့သမီးနဲ့ ပေးစားနိုင်မည်ဟု ဆိုခဲ့သည့်အတွက် သတို့သားခမျာ မတတ်နိုင်တာကြောင့် ထိုမိန်းကလေးနှင့် လမ်းခွဲပြတ်စဲခဲ့သည်။ ထိုအချိန်တွင် ရည်းစားဟောင်းမိန်းကလေးသည် သူမရဲ့ မိဘကို မဆန့်ကျင်ရဲသည့်အတွက်ကြောင့် ကောင်လေးဖက်ကနေ ဝင်မပြောကူခဲ့ပဲ နေခဲ့ရာ ကောင်လေးလည်း စိတ်နာပြီး အခြားတစ်ယောက်နှင့် လက်ထပ်ရန် စီစဥ်ခဲ့သည်။ ထိုစဥ် မင်္ဂလာပွဲတွင် ရည်းစားဟောင်းမိန်းကလေးမှ ရောက်လာပြီး သတို့သားဖြစ်သူကို ဒူးထောက်တောင်းပန်ပြီး မိခင်ဖြစ်သူမှ ခန်းဝင်ပစ္စည်းအတွက်ကို ယွမ်၁၈၀၀၀၀ထိ လျှော့ပေးလိုက်ကြောင်း သူမနဲ့ပဲပြန်လက်ထပ်ရန် ငိုယိုပြီး တောင်းဆိုခဲ့သည်။ သို့သော်လည်း သတို့သားဖြစ်သူသည် ရည်းစားဟောင်းမိန်းကလေးကို ငြင်းဆန်ကာ တွန်းထုတ်လိုက်ပြီး […]

ၾကားသိရသမွ်

ပြင်သစ်တွေအံ့သြခဲ့ရတဲ့မြန်မာပြည်ကမီးချိတ်မီးခတ်အကြောင်း

လွန်ခဲ့တဲ့အနှစ်၂၀လောက်ကပါပြင်သစ်ရုပ်သံရိုက်ကူးရေးအဖွဲ့မြန်မာပြည်ကိုလာသွားတယ်မြန်မာပြည်ကအိမ်တွေအတော်များများမှာကြွပ်ကြွပ်အိပ်လေးတွေထဲ ရေ ထည့်အဲဒီအိတ်ကလေးတွေလေးငါးဆယ်အိတ်ကိုဝါးလုံးတန်းလေး မှာစွပ်၊အဲဒီဝါးလုံးတန်းလေးကိုအိမ်ရှေ့တစ်နေရာမှာချိတ်ဆွဲထားတာကိုပြင်သစ်အဖွဲ့တွေ့ပြီးဗီဒီယိုရိုက်သွားတယ်သူတို့ပြင်သစ်နိုင်ငံပြန်ရောက်တော့ရုပ်သံပဟေဠိ အစီအစဉ်တစ်ခုမှာလာဖြေသူတွေကိုအဲဒီကြွပ်ကြွပ်အိပ်နဲ့ထည့်ထားတဲ့ရေ အိပ်လေးတွေကဘာလုပ်ဖို့လဲလို့မေးတယ်ဘယ်သူမှမှန်အောင်မဖြေမှန်နိုင်ကြပါဘူးမီးလောင်တဲ့အခါမီးငြိမ်းသတ်ဖို့လို့ဆိုတဲ့အဖြေမှန်ကိုပြောပြတဲ့အခါခေတ်မီဖွံ့ဖြိုး ပြီးနိုင်ငံမှာနေတဲ့လူတွေဆိုတော့ဖြစ်နိုင်ပါ့မလားဆိုပြီးအံ့အားသင့် ကုန်ကြတယ်ကျွန်တော်လည်းသူတို့ဆီမှာပညာသင်နေချိန်အဲဒီအစီအစဉ်ကြည့်ပြီးကိုယ့်ကိုကိုယ်သိမ်ငယ်မိရှက်မိတာပေါ့အဲဒီလိုလုပ်ဖို့ဘယ်သူကအမိန့်ထုတ်လိုက်လဲ မသိပါဘူးအဲဒီခေတ်ကမီးသတ်ကလာစစ်လို့အဲဒီရေအိတ်မရှိတဲ့ အိမ်တွေဒဏ်ရိုက်ခံရသေးတယ်လေCrazy Orderတွေနဲ့လူတွေဒုက္ခရောက်တဲ့ခေတ်ပေါ့ရေဘူးပေါက်တာမလိုချင်ဘူးရေပါတာပဲလိုချင်တယ်ဆိုတဲ့ခေတ်ပေါ့ဗျာ ဒေါက်တာမြင့်လွင်စိတ်ပညာကောင်းလွန်းလို့မျှဝေပါရစေခရစ်တစ် လွန်ခဲ့တဲ့အနှစ်၂၀လောက်ကပါပြင်သစ်ရုပ်သံရိုက်ကူးရေးအဖွဲ့ မြန်မာပြည်ကိုလာသွားတယ်မြန်မာပြည်ကအိမ်တွေအတော်များများမှာကြွပ်ကြွပ်အိပ်လေးတွေထဲ ရေ ထည့်အဲဒီအိတ်ကလေးတွေလေးငါးဆယ်အိတ်ကိုဝါးလုံးတန်းလေး EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com မှာစွပ်၊အဲဒီဝါးလုံးတန်းလေးကိုအိမ်ရှေ့တစ်နေရာမှာချိတ်ဆွဲထားတာကို ပြင်သစ်အဖွဲ့တွေ့ပြီးဗီဒီယိုရိုက်သွားတယ်သူတို့ ပြင်သစ်နိုင်ငံပြန်ရောက်တော့ရုပ်သံပေ ဟဠိအစီအစဉ်တစ်ခုမှာလာဖြေသူတွေကိုအဲဒီကြွပ်ကြွပ်အိပ်နဲ့ထည့်ထားတဲ့ရေ အိပ်လေးတွေကဘာလုပ်ဖို့လဲလို့မေးတယ်ဘယ်သူမှမှန်အောင်မဖြေမှန်နိုင်ကြပါဘူးမီးလောင်တဲ့အခါမီးငြိမ်းသတ်ဖို့လို့ဆိုတဲ့အဖြေမှန်ကိုပြောပြတဲ့အခါေ ခတ်မီဖွံ့ဖြိုးပြီးနိုင်ငံမှာနေတဲ့လူတွေဆိုတော့ဖြစ်နိုင်ပါ့မလားဆိုပြီးအံ့အားသင့် ကုန်ကြတယ်ကျွန်တော်လည်းသူတို့ဆီမှာပညာသင်နေချိန်အဲဒီအစီအစဉ်ကြည့်ပြီးကိုယ့်ကိုကိုယ်သိမ်ငယ်မိရှက်မိတာပေါ့အဲဒီလိုလုပ်ဖို့ဘယ်သူကအမိန့်ထုတ်လိုက်လဲမသိပါဘူး အဲဒီခေတ်ကမီးသတ်ကလာစစ်လို့အဲဒီရေအိတ်မရှိတဲ့ အိမ်တွေဒဏ်ရိုက်ခံရသေးတယ်လေCrazy Order တွေ နဲ့လူတွေဒုက္ခရောက်တဲ့ခေတ်ပေါ့ရေဘူးပေါက်တာမလိုချင်ဘူး ရေပါတာပဲလိုချင်တယ်ဆိုတဲ့ခေတ်ပေါ့ ဗျာဒေါက်တာမြင့်လွင်စိတ်ပညာ)ကောင်းလွန်းလို့မျှဝေပါရစေခရစ်တစ်

ကြားသိရသမျှ

ဘုရားသမိုင်းတွေရှင်းပြရင်း ရှိုက်ကြီးတငင်ငိုကြွေးနေခဲ့ရတဲ့ သနားစရာကလေးငယ်တစ်ယောက်ရဲ့ ဘဝအဖြစ်

ရှိုက်ကြီးတငင်ငိုပြီး ဘုရားသမိုင်း ကို ရှင်းပြနေလေရဲ့။ ဘာဖြစ်လို့လဲ သားလို့ မေးလည်း ခေါင်းခါပြီး ရှိုက်ကာ ရှိုက်ကာ နဲ့ပဲ ဘုရားသမိုင်းကြောင်းတွေ ရှင်းပြနေတယ်။ သူ့နားမှာ သူ့အကိုလည်း သူ့လိုပဲ စတစ်ကော်လာအင်္ကျီနဲ့ ပုဆိုးလေးတွေနဲ့။ အကိုကို မေးတော့လည်း ဘာကြောင့်ငိုမှန်းမသိ။ ဘုရားဖူးဧည့်သည်တွေက နားထောင်လိုက် သူပြောပြတဲ့ အတွက် ၁၀၀၀-စီထုတ်ပေးလိုက် နဲ့ အဲဒီနားမှာပဲ သူ ၄၀၀၀ လောက်ရတယ်။ လွယ်အိတ်လေးထဲ ထည့်တယ်။ အဲဒါနဲ့ သူ့ကို လူရှင်းရာခေါ်လာပြီး အေးအေးဆေးဆေး ထိုင်ခိုင်းပြီး သားဘာဖြစ်လဲမေးလည်း ငိုပြီး ဘုရား သမိုင်းတွေ ဆက်ရွတ်နေတယ်။ မျက်ရည်သုတ် ပေးပြီး သားမငိုနဲ့တော့၊ အသက်ဝဝရှုကြည့်၊ စိတ်ကိုငြိမ်ငြိမ်ထား၊ မငိုပဲနဲ့ရှင်းပြပါဆိုတော့ လွယ်အိတ်နဲ့ မျက်ရည်သုတ်ပြီး ပထမမငိုဘူး။ပြောရင်းနဲ့ ငိုတယ်။ ပြီးတော့ သူတခြားတနေရာသွားဖို့လုပ်တယ်။ […]