ဗဟုသုတ

သားဦး သားနှောင်း မယူကောင်း လို့ ပြောကြတာ တကယ်ပဲလား…

လက်ထပ်မင်္ဂလာပြုမယ့်မြန်မာအမျိုးကောင်းသားသမီးများအတွက်သားဦးသားနှောင်းယူကောင်းမယူကောင်း ဦးဇော်ရှိသလားဗျို့အော်ဟစ်အသံပေး၍ဝင်ရောက်လာသူမှာမောင်သန့်ဇင်ထွန်းဖြစ်သည်။သြော်မောင်သန့်ဇင်ထွန်းပါလားအိမ်ကိုအလည်မလာတာတောင်အတော်ကြာသွားပြီနော်။ ဒါနဲ့စီးပွားရေးလုပ်ငန်းရောအဆင်ပြေရဲလား။ဟုတ်ကဲ့။စီးပွားရေးလုပ်ငန်းကတော့အဆင်ပြေပါတယ်။ဒါပေမဲ့အဆင်မပြေတာလေးတစ်ခုရှိနေလို့။မောင်သန့်ဇင်ထွန်းကရယ်၍ပြောသည်မင်းဒါပေမဲ့ကဘာလဲဟ၊ပြောပြစမ်းပါအုံး။ဒီလိုဦးဇော်ရေ၊ ကျွန်တော်နဲ့မိန်းကလေးတစ်ယောက်လူငယ်တွေသဘာဝမေတ္တာမျှနေတယ်။ အဲဒါဒုက်ခအကွီးအကယြျတှေ့နတေယျဆိုပါတော့ဗြာဘယျလိုဒုက်ခမြိုးရောကျနတောလဲကှ။ကြှနျတော့ျမိသားစုထဲမှာကြှ နျတောျကအငယျဆုံးမဟုတျလား။အဲကြှနျတော့ျခစြျသူကတော့သူတို့မိသားစုထဲမှာအကွီးဆုံးလေ။အဲဒီတော့သားဦးနဲ့ သားေ နှာငျးဖွဈမနဘေူးလား။အငျးလုပျစမျးပါအုံး။အဲဒါနဲ့ဘာဆိုငျလို့လဲ။ဆိုငျတာပေါ့ဗြာ။ ကျွန်တော့်မိတ်ဆွေတစ်ယောက်ကပြောတယ်။သားဦးသားနှောင်းမယူကောင်းဘူးတဲ့။ယူရင်ဇနီးမောင်နှံကွဲတတ်တယ်တဲ့။ မကွဲဘူးဆိုရင်လဲစီးပွားရေးမဖြစ်ထွန်းဘူးတဲ့။အဲဒါကြောင့်ကျွန်တော့်အနေနဲ့လက်ထပ်ဖို့ခက်နေတယ်။ဒုက္ခအကြီး အကျယ် တွေနေတယ်ဆိုပါတော့ဗျာ။အယူသီးတာတွေကြုံ့နေရတဲ့ဒုက္ခမျိုးတွေပေါ့ ဘုရားဟောကျမ်းဂန်တွေထဲမှာသားဦးသားနှောင်းမယူကောင်းလို့မပါပါဘူး။လူကြီးချင်းရောအဆင်ပြေရဲ့လား။လူကြီးချင်းကတော့အဆင်ပြေပါတယ်။လူငယ်ချင်းလဲမေတ္တာမျှ၊လူကြီးချင်းလဲအဆင်ပြေပါလျက်နဲ့သားဦးသားနှောင်းဖြစ်လို့ မယူလိုက်ဘူးဆိုရင်မိုက်မဲရာကျတာပေါ့ကွာ။သေသေချာချာစဉ်းစားပါအုံး။ တို့ရွာကဦးမြင့်မောင်ကိုမင်းသိတယ်မဟုတ်လား။အဲဒီဦးမြင့်မောင်ကဘုန်းကြီးလူထွက်ကွ။စာချတန်း(ဓမ္မာစရိယ)ရော က်တဲ့အထိစာတွေသင်ခဲ့ဖူးတယ်။ရဟန်းဘောင်မှာငြီးငွေလိုလူထွက်လိုက်တာလေ။လူထွက်ပြီးတဲ့နောက်သုံးနှစ်လောက်ကြာတဲ့အခါမှာတို့ရွာအနောက်ပိုင်းကအမျိုးသမီးတစ်ယောက်နဲ့မေတ္တာမျှကြတယ်။ ဦးမြင့်မောင်ကအကြီးဆုံးသား။ဦးမြင့်မောင်နဲ့ ကြိုက်တဲ့အမျိုးသမီးကအငယ်ဆုံးသမီး။အဲသားဦးသားနှောင်းဖြစ်နေပေမယ့် ဦးမြင့်မောင်ကဘုန်းကြီးလူထွက်ဆိုတော့အယူသီးတာတွေလက်မခံဘူး။နောက်ဆုံးမှာသူတို့နှစ်ယောက်လက်ထပ်လို က်ကြတယ်။။အခုဆိုရင်သူတို့သားလေးတောင်တော်တော်အရွယ်ရောက်နေပြီ။ စီးပွားရေးလဲ အရင်ကထက် ပိုပြီး ဖြစ်ထွန်းလာတယ်။ ဒါကြောင့် မင်းလဲ အယူမသီးစေချင်ဘူး။ သေသေချာချာ စဉ်းစားပေါ့ကွာ။ စာရေးသူ အနေဖြင့် မောင်သန့်ဇင်ထွန်းကို အယူမသီးရန် အကျိုးအကြောင်းပြောပြ နားချခဲ့ရသည်။မောင်သန့်ဇင်ထွန်းရေ .. သားဦးသားနှောင်း ဆိုတဲ့ သဘောက ဒီလိုကွဲ့။ မိသားစုတိုင်းမှာ သားဦး၊ သမီးဦးမွေးလာရင် ချစ်တဲ့စိတ်နဲ့အလိုလိုက်၊လိုအပ်တာဖြည့်ဆည်းပေးကြတယ်မဟုတ်လား။သားနှောင်းလို့ခေါ်တဲ့အငယ်ဆုံးသားသမီးကိုလဲ ဒီလိုပဲကွဲအငယ်ဆုံးလေး၊အထွေးဆုံးလေးနဲ့အလိုလိုက်အချစ်ပိုကြတာပေါ့ကွယ်အဲဒီလိုအလိုလိုက်ခံရတဲ့သားဦး၊သားနှောင်းပေါင်းဖက်ရင်မိဘတွေအပေါ်နွဲ့ဆိုးဆိုးချင်တိုင်းဆိုးသလိုဖြစ်နေရင် အိမ်ထောင်ရေးမသာယာတကျက်ကျက်ရန်ဖြစ်နေမှာစိုးလို့ပါကွယ်စာရေးသူရှင်းပြသည်ကိုမောင်သန့်ဇင်ထွန်နားလည် သဘောပေါက်သွားပုံရသည်။သူ့အိမ်ထောင်ရေးအတွက်လည်းဆုံးမစကားပြောမသိလိုဖြစ်သွားသည့်အတွက်စာရေးသူသည်လည်းကျေနပ်ပီတိဖြစ်မိသည်။စာရေးသူတို့ မြန်မာနိုင်ငံတွင်လက်ထပ်မင်္ဂလာပြုခြင်းနှင့် ပတ်သက်၍အယူသီးမှုများစွာရှိသဥပမာဆိုသ်ာရေဦး- သာ၊ စိန်- ပန်း၊ ဒန်း- လှ၊ […]

ကြားသိရသမျှ

အိုမင်းမစွမ်း ဖြစ်နေတဲ့ ဖခင်အို ကြီးကို သားဖြစ်သူက နာမည်ကြီးစားသောက်ဆိုင် တစ်ခုကိုခေါ်သွားလိုက်တဲ့အခါ

အိုမင်းမစွမ်း ဖြစ်နေတဲ့ အဖေကို သားဖြစ်သူက စားသောက်ဆိုင်တစ်ခုကို ခေါ်သွားတယ်။အဖေဖြစ်သူဟာ အိုမင်းမစွမ်း ဖြစ်နေတာကြောင့်စားသောက်တဲ့အခါအစားအစာတွေဟာဘေးကိုဖိတ်စင်ကုန်တယ်။ အဖေရဲ့ဘောင်းဘီနဲ့အင်္ကျီတွေပေါ်မှာလဲပေကျံလို့နေခဲ့ပါတယ်။တခြားဝိုင်းက လူတွေဟာအဖေဖြစ်သူကိုရွံရှာတဲ့အမြင်နဲ့ကြည့်လို့နေပေမယ့် သားဖြစ်သူကတော့ အေးအေးဆေးဆေးပါပဲ။ အဖေစားလို့သောက်လို့အပြီးမှာတော့ သူ့အဖေခုလိုဖြစ်နေတာကိုလုံးဝမရှက်မိတဲ့ သားဟာထိုင်ခုံကထလို့အဖေ့ကို တွဲကာသန့်စင်ခန်းခေါ်သွားပါတယ်။သန့်စင်ခန်းထဲမှာပေကျံနေတာတွေကို သေချာသုတ်တယ်။ အင်္ကျီကိုသပ်သပ်ရပ်ရပ်ဖြစ်အောင်ပြန် တည့်ပေးတယ်။ ဆံပင်ကိုညီနေအောင်သေချာဂရုစိုက် လို့ ဖြီးပေးတယ်။ မျက်မှန်ကိုသုတ်ပြီးတည့်တည့်ဖြစ်အောင် ပြန်တပ်ပေးတယ်။သူတို့ ၂ ယောက်သန့်စင်ခန်းထဲကပြန် ထွက်လာတဲ့အခါမှာတော့စားသောက်ဆိုင်တစ်ခုလုံးကလူတွေဟာပြောမပြတတ်အောင်သူတို့ကိုယ်သူတို့အကြီးအကျယ်ရှက်မိလို့ ငြိမ်သက်နေခဲ့တယ်။ သားဖြစ်သူဟာကျသင့်ငွေကိုရှင်းပြီး ပြန်ဖို့အတွက်သူ့အဖေကို လှမ်းတွဲလိုက်တဲ့အချိန်မှာဘေးဝိုင်းကအဘိုးအိုတစ်ယောက်ဟာသားဖြစ်သူကိုလှမ်းအော်ပြောလိုက်ပါတယ်။ “သားရေ… တစ်ခုခုများကျန်ခဲ့တယ်လို့ မထင်ဘူးလားကွယ့်။”“မကျန်ခဲ့ပါဘူးခင်ဗျ။” လို့ သားဖြစ်သူလူငယ်က ဖြေတယ်။အဘိုးအိုက “ကျန်ခဲ့တာပေါ့ကွယ်။ဒီစားသောက်ဆိုင်ထဲမှာရှိနေတဲ့ သားတိုင်းအတွက်သင်ခန်းစာကျန်ခဲ့သလို အဖေတိုင်းအတွက်မျှော်လင့်ချက်တွေ တပုံကြီးကိုကျန်ခဲ့ပါတယ်ကွယ်။”စားသောက်ဆိုင်တစ်ခုလုံးဟာစောစောကထက်ကိုပိုငြိမ်သက်သွားခဲ့တယ်။ အခုလိုအချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ Credit-Original Post zawgyi အိုမင်းမစွမ်း ဖြစ်နေတဲ့ အဖေကို သားဖြစ်သူက […]

ဗဟုသုတ

ကိုယ့်ရဲ့အိမ်လေးကို သန့်ရှင်းပြောင်လက်နေတာမျိုး ဆန္ဒရှိပါက အမြဲကျင့်သုံးရမယ့် အလေ့အထများ

ကိုယ့်ရဲ့အိမ်လေးကို သန့်ရှင်းပြောင်လက်နေတာမျိုး ဆန္ဒရှိပါက အမြဲကျင့်သုံးရမယ့် အလေ့အထများ ရုပ်ရှင်ထဲမှာဖြစ်ဖြစ်၊ သူများတွေအိမ်ကို အလည်သွားတဲ့အခါ ဖြစ်ဖြစ် အိမ်လေးက သန့်ရှင်းပြောင်လက်နေတာမြင်ရင်ကို သဘောကျတတ်သူများ ရှိသလားရှင့်။ ကိုယ့်ရဲ့အိမ်မှာတော့ ပစ္စည်းပေါင်းစုံက ဟိုတစ်နေရာ၊ ဒီတစ်နေရာ ပြန့်ကျဲနေပြီး ကလေးရှိတဲ့အိမ်ဆိုရင် သန့်ရှင်းရေးလုပ်ဖို့ဆိုတာ အင်မတန်ခက်ခဲပြီး မဖြစ်နိုင်တဲ့ကိစ္စတစ်ခုလို ဖြစ်နေပါတယ်။ ဧည့်သည်လာလို့ပဲဖြစ်ဖြစ် ကိုယ်ကလည်း နဂိုကတည်းက အိမ်လေး သပ်ရပ်နေတာမျိုးကို လိုချင်တယ်ဆိုရင်တော့ ကိုယ်အပါအဝင် မိသားစုဝင်အားလုံးကို ဒီလိုအလေ့အကျင့်ကောင်းလေးတွေ မွေးမြူဖို့အတွက် တိုက်တွန်းပေးလိုက်ပါ။ ၁။ အဝတ်ချက်ချင်းခေါက်ပါ။ အဝတ်လျှော်ရတာကို မညည်းညူပေမယ့်လည်း နောက်ဆက်တွဲအလုပ်တွေကို မလုပ်ချင်ဘူးဆိုရင် အဝတ်တွေက တောင်လိုပုံသွားပါလိမ့်မယ်။ ဒီလိုဆိုရင် ကိုယ်ကဒီအဝတ်အစားဝတ်ချင်လို့ ရှာလိုက်ချိန်မှာ မီးပူမတိုက်ရသေးလို့ တွန့်ကြေနေမယ်ဆိုရင် ပိုပြီး အခက်တွေ့နိုင်ပါတယ်။ ဒါကြောင့် အဝတ်လျှော်စက်ထဲကထုတ်ပြီးလို့ ဒါမှမဟုတ် လက်နဲ့လျှော်ပြီးလို့ အခြောက်လှန်းပြီးတာနဲ့ အပုံလိုက်ကြီးရောထွေးမထားဘဲ […]

ၾကားသိရသမွ်

အာဏာသိမ်းပြီးနောက်ပိုင်းမှာ သူမတို့ရဲ့ ကျန်ရှိနေတဲ့ ပိုင်ဆိုင်မှုတွေကို အတိအလင်းချပြလာခဲ့တဲ့ ပိုင်ဖြိုးသု

Unicode အာဏာသိမ်းပြီးနောက်ပိုင်းမှာ သူမတို့ရဲ့ ကျန်ရှိနေတဲ့ ပိုင်ဆိုင်မှုတွေကို အတိအလင်းချပြလာခဲ့တဲ့ ပိုင်ဖြိုးသု ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံတော့ လက်ရှိမှာမြန်မာပြည်မှာဖြစ်နေတဲ့အရေးတွေကြောင့် ဖမ်းဝရံထုတ်ခံထားရပေမဲ့လည်း ဇွဲမလျှော့ဘဲ အမြဲတမ်းတက်ကြွစွာပါဝင်ပေးနေဆဲ ဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှာလည်း ဝေဖန်ခံရမှုတွေတစ်ချို့ရှိခဲ့ပေမဲ့ နောက်မဆုတ်ဘဲ ရဲရဲဝင့်ဝင့်ရှိနေပေးလို့ ပရိသတ်တွေရဲ့အချစ်‌ေတွကို ရယူထားနိုင်သူလေးဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်ဖြိုးသုကပီပြင်လွန်းတဲ့သရုပ်ဆောင်ချက်တွေနဲ့ကျရာဇာတ်ကောင်တွေမှာအကောင်းဆုံးသရုပ်ဆောင်နိုင်တာကြောင့်ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုအခိုင်အမာရရှိထားတဲ့မင်းသမီးပဲဖြစ်ပါတယ်။ ပိုင်ဖြိုးသုကတော့ မကြာမကြာ လူမှုကွန်ယက်စာမျက်နှာမှာ အားပေးစကားလေးတွေ တင်ပေးလာတာ ဖြစ်ပါတယ်နော်..မကြာခင်ရက်ပိုင်းတုန်းကလည်း လွတ်မြောက်နယ်မြေ တစ်နေရာက နေ လယ်တောသူလေးအလား သနပ်ခါး ပါးကွက်ကြားလေးနဲ့ ချစ်စရာပုံလေးတွေကို အလွမ်းပြေ တင်ပေးလာတာပဲ ဖြစ်ပါတယ် နော်။ ဒီနေ့လေးမှာ‌တော့ ပိုင်ဖြိုးသုက ” အိမ်ထောင်သက်(၃)နှစ်…ရှင့်မှာပိုင်ဆိုင်မှုဆိုလို့ ကျွန်မပဲရှိတော့တယ်… ကျွန်မမှာလည်းပိုင်ဆိုင်မှုဆိုလို့ရှင်ပဲရှိတော့တယ်…ဒီလောက်ပိုင်ဆိုင်ထားရရင်တော်ပါပြီ…ကြင်စိုးတို့တစ်သိုက် extinctမဖြစ်မချင်း ကြုံလာသမျှလောကဓံ တစ်ရက်ချင်းရင်ဆိုင်ကြတာပေါ့ …” ဆိုပြီးရေးသားလာခဲ့တာ ဖြစ်ပါတယ်နော်.. Cele World ပရိသတ်ကြီးလည်း […]

ၾကားသိရသမွ်

KBZ BANK ၏ဝန်ထမ်းကCustomer ၏ငွေယူပြေးမှုအပေါ် ဘဏ်မှတာဝန်ယူမှုမရှိသည့်ဖြစ်ရပ်ဆိုး။

ကျွန်မတို့ဆိုင်အတွက် အမြဲတမ်း ငွေလွှဲနေကြဖြစ်တဲ့ အတွက်ဘဏ်တိုင်းက အကောင့်ဖွင့်ဖို့ ငွေလွှဲဖို့ကို ဘဏ်မန်နေဂျာတွေကိုယ်တိုင်ဆိုင်ကိုလာပြီး မိတ်ဆက်တယ်အကောင့်ဖွင့်ပေးတယ်။ ငွေလွှဲရင်လည်း ဆိုင်ကိုလာယူပေးပါ့မယ်ဆိုပြီး ပြောပြီးမှ အမြဲတမ်း ငွေလာသိမ်းနေကြတွေပါ။ အခုတော့ပျဉ်းမနားမြီု့ (KBZ)ကမ္ဘောဇဘဏ်(၁)မှ မန်နေဂျာကလည်း ငွေလွှဲတွေကို ဒီဘဏ်ဝန်ထမ်းတွေမှ လာယူသိမ်းပေးပါ့မယ်ဆိုပြီး ပြောဆိုထားတဲ့အတွက် ကျွန်မတို့က ဘဏ်ကိုယုံကြည်စိတ်ချစွာနဲ့ ငွေထည့်ပေးလိုက်နေကျပါ။ ငွေလွှဲလာတာ နှစ်နဲ့ချီနေပါပြီရှင် ယခုတော့ (၂၈-၁၂-၂၀၂၁ )နေ့ကတော့ဘဏ်ဝန်ထမ်းများထဲမှ ထူးခန့်ဝင်းဆိုတဲ့သူက ငွေ၁၁၄၀၀၀၀၀/ကျပ် (သိန်းတစ်ရာ တစ်ဆယ့်လေးသိန်းကျပ်တိတိ)ကို ဘဏ်ကိုမအပ်ပဲ ထွက်ပြေးသွားပါတယ်။ အဲ့တာကို ယခုတော့ ဘဏ်မှတာဝန်ရှိသူများမှ တာဝန်ယူမှု တာဝန်ခံမှု လုံးဝ မလုပ်ပေးဘဲနဲ့ အချိန်ဆွဲနေတဲ့အတွက် ကျွန်မတို့ကဘဲ အမှုဖွင့် အရေးယူမှုတွေကို ပြုလုပ်ဆောင်ရွက်နေရပါတယ်ရှင်။ ယခုလိုမျိုး တာဝန်မဲ့တဲ့ဘဏ်မျိုးကို ဘယ်လိုယုံကြည်မှုမျိုးနဲ့ ငွေအပ်နှံ ထည့်သွင်းဖို့ ဖြစ်နိုင်ပါတော့မလားရှင်။ ယခုငွေကိုယူသွားတဲ့သူကလည်း အမြဲတန်းလာယူနေကြဝန်ထမ်းပါဘဲ ကျွန်မတို့က […]

ကြားသိရသမျှ

ကမ္ဘာကျော် ကျားပရုတ်ဆီ ရန်ကုန်မြို့ တရုတ်တန်းက စခဲ့သည် ဆိုတာသင်သိပါသလား…

ဆေးဆိုင်များတွင် ရောင်းချနေသော ‘ကျား’ပရုတ်ဆီ။ သီရိလူ/မြန်မာတိုင်း(မ်)တရုတ်စာလုံးတွေပါတဲ့ ဆိုင်းဘုတ်တွေ ချိတ်ဆွဲထားတဲ့ တရုတ်ရိုးရာ အိမ်ဟောင်းကြီးတွေ၊ နဂါးရုပ်တွေနဲ့ အလှဆင်ထားတဲ့ သက်တမ်းရင့် ဘုံကျောင်းတွေနဲ့ တရုတ်ရိုးရာမုန့်ပဲသရေစာတွေကို မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းရောင်းချနေတဲ့ ဆိုင်တွေရှိနေသေးတဲ့ တရုတ်တန်းရဲ့ သမိုင်းကြောင်းထဲမှာ တိမ်မြုပ်နေတဲ့ ဇာတ်လမ်းတစ်ပုဒ် ရှိနေပါတယ်။ ဒါကတော့ စင်ကာပူနိုင်ငံ၊ ဟော်ပါကော်ပိုရေးရှင်းရဲ့စက်ရုံက ထုတ်လုပ်ပြီး အာရှတိုက်အပြင် ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ သုံးစွဲနေတဲ့ ကျားပရုတ်ဆီက ရန်ကုန်မြို့၊ တရုတ်တန်းက စခဲ့တာ ဆိုတာပါပဲ။ ကမ္ဘာကျော် ပေါ့အဆိုတော် လေဒီဂါဂါတောင် ကျားပရုတ်ဆီကို သုံးစွဲတယ်လို့ South China Morning Port သတင်းစာက ၂၀၁၈ ခုနှစ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ ကျားပရုတ်ဆီက နာမည်ကြီးသလောက် သူ့ကို စတင် ဖော်စပ်ထုတ်လုပ်ခဲ့တဲ့ အော်ဘွန်ဟောနဲ့ အော်ဘွန်ပါတို့ ညီအစ်ကိုနှစ်ယောက်အကြောင်းကို […]

ၾကားသိရသမွ်

ဧရာဝတီမြစ်အစကိုသွားရောက်ရှာဖွေတွေ့ရှိခဲ့သူအကြောင်း

ဆရာဝန်တင်မောင်ကြည်၏ ရေးသားချက်ကို Ko Kyel Sin (ဗဟုသုတကြယ်စင်ဂရု)မွ စာရိုက်တင်ပါသည်။ ဧရာဝတီမြစ်ကိုကား ယေဘုယျအားဖြင့် ယူနန်ပြည်၏ အရေးပါသော ထွက်ပေါက်လမ်းမကြီးအဖြစ် လက်ခံထားခဲ့ကြပြီး ဖြစ်သည်။ ထို့ကြောင့် ဤမြစ်အကြောင်း ပိုမိုသိရှိရန် စူးစမ်းခဲ့ကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀ အချိန်ကာလအထိ ဧရာဝတီမြစ်၏ အထက်ပိုင်းကို မည်သူမျှ မသိကြသေးပေ။ အတိအက် ပြောနိုင်သည်ကား ဗန်းမော်မြို့ အထိသာ ဧရာဝတီမြစ်ကို သိရှိသေးသည်။ ဗန်းမော်မြို့ကို လွန်၍ ဧရာဝတီ အထက်ပိုင်းကို မည်သူမျှ မသိကြသေးပေ။ သီပေါဘုရင် ပါတော်မူပြီး ၁၀ နှစ်အကြာ ၁၈၉၅ ခု၊ ဇန်နဝါရီလတွင် ပြင်သစ်ပြည်မှ မင်းသား ဟင်နရီ (Prince Henri dOrleans) သည် ဗီယက်နန်ပြည် (ဟနွိုင်းမြို့အနီး) ဟိုင်ဖုံဆိပ်ကမ်းမှ […]

ၾကားသိရသမွ်


စိတ်ကျန်းမာရေး မကောင်းတဲ့ မြေးလေးနဲ့ အမကို ရှာကျွေးနေရတဲ့ အသက် (၇၀) ကျော် အဖွား… စိတ်မနှံ့တဲ့ မြေးမလေး နဲ့ အမဖြစ်သူတို့ကို ခြေထောက်မကောင်းတဲ့ကြားက ပဲပြုတ်လေးရောင်းပြီး ရှာဖွေကျွေးမွေးနေတဲ့ အသက် (၇၀) အရွယ် အမေအိုကြီးကို ၁ သိန်းကျပ် လှူဒါန်းခဲ့ပါတယ်။ အဖွားက တောင်ဒဂုံ (၂၆) ရပ်ကွက်မှာ မနက်ပိုင်း စားတော်ပဲပြုတ် နဲ့ ညနေပိုင်း ပဲကတ္တီပါပြုတ်တို့ကို ရောင်းချလျက်ရှိပါတယ်။ လမ်းကြုံတဲ့သူများ အဖွားကို တွေ့ရင် ပဲပြုတ်လေးတွေ အားပေးလိုက်ကြပါဦး ခင်ဗျာ။ သက်ကြီးရွယ်အိုတွေကို လှူဒါန်းကြတဲ့ စေတနာရှင်တွေ အားလုံး ကျန်းမာ ချမ်းသာ ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ခင်ဗျာ။ Photo – MoeSat Crd zawgyi စိတ်ကျန်းမာရေး […]

ကြားသိရသမျှ


နွားမကြီးခမျာ ဝယ်တဲ့နေ့ကစပြီး အစာမစားပဲ မျက်ရည်တွေနဲ့ အော်ပဲအော်နေလို့ အရင်ပိုင်ရှင်အား မေးကြည့်တော့မှ ဦးဝင်းမောင် တစ်ယောက် ညနေကျောင်းဆင်းချိန်တွင် သားဖြစ်သူပြန်လာမှာကို တွေးပြီး စိုးရိမ်နေမိသည်။”ဖေကြီးရေ ဖေကြီး” ဟော သားပြန်လာပြီ လှမ်းကြည့်လိုက်တော့ သားငယ်ဖြစ်သူ၏ မျက်နှာလည်းမကောင်း သားဖြစ်က ရုတ်တရက် ဖေကြီး ဒီနေ့ ညိုညို လာလည်းမကြိုဘူး အိမ်မှာလည်းမတွေ့ဘူး ဖေကြီး ဘယ်ရောက်သွားတာလဲ သားဖြစ်သူ၏ မေးခွန်းကို ဦးဝင်းမောင် တစ်ယောက်ဖြေရန်ခက်ခဲနေ သားရယ် သားနဲ့ ညိုညိုနဲ့ သံယောဇဉ်ကို ဖေကြီးသိပါတယ်ကွယ်။ ဒါပေမယ့် ဖေကြီးတို့စပါးက ဒီနှစ် မအောင်လို့ စားဖို့အနိုင်နိုင် ဖြစ်နေတယ်လေ။ နောက်နေ့အတွက် အဖေတို့မှာ ဆန်ဖိုး မရှိတော့လို့ ညိုညိုကို ဖေကြီး ရောင်းလိုက်ရတယ်ကွယ် ဆိုပြီး စကားလည်းဆုံးရော သားငယ်လေးက ညိုညိုကိုပြန်ခေါ်ပေးဆိုပြီး ငိုလိုက်တာမှ […]

ၾကားသိရသမွ်


မန်းလေး မိန်းပေါက်က အသက်၇၃နှစ်အရွယ် အဖွားရဲ့ ပြောင်းဖူးဖုတ်လေးအကြောင်း တခါတလေ ရောင်းမကုန်တဲ့ရက်တွေ ရှိတဲ့အခါရပ်ကွက်ထဲက ကလေးတွေ ဝေပစ်လိုက်ရတာတဲ့၊ အရင်တုန်းက ပြောင်းဖူးကို ပြုတ်ပီး လိုက်ရောင်းတာတဲ့၊ အဲ့လိုရောင်းတော့ မောတာရယ်၊ ကားလမ်း ကူးရတဲ့ ဒုက္ခတွေရယ်ကြောင့် အခုလို ထိုင်ရောင်းလို့ ရတဲ့ ပြောင်းဖူးဖုတ်ပဲ ရောင်းတာတဲ့၊ အသက်က ၇၃ နှစ်တဲ့၊ အမေကြီး ရောင်းရစေချင်လို့ ကျနော်အစားအသောက် Groupထဲ တင်ပေးမယ် ပြောတော့ ကျေးဇူးတင်ပါတယ်တဲ့၊ ဗောဓိကုန်း ကျောင်းမြောက်ဘက် အပေါက်မှာ ရောင်းနေတာပါ၊ နီးတဲ့အဆောင်သူလေးတွေ ရှိရင် အမေကြီးဆီက အား ပေးလိုက်ကြပါအုံးနော် ၊ အခုကာလမှာ အိမ်ငှားခပေးဖို့ရော၊ စားသောက်ဖို့ရော မလွယ်တာမို့ အမေကြီးကို ကူ ညီပေးတဲ့အနေနဲ့ ပြောင်းဖူးဖုတ်ကို အားပေးလိုက်ကြပါအုံးနော်။ လိပ်စာက လမ်း၄၀/၇၁ […]