မမီးမီးဆိုသူကို ဖမ်းဆီးရမိ။ လူကုန်ကူးခံရသည့် အမျိုးသမီး(၇)ဦး ပြန်လည်ရောက်ရှိလာ ဒူဘိုင်းတွင် လူကုန်ကူးခံခဲ့ရသည့် မြန်မာနိုင်ငံသူ ၇ ဦး ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိလာ ဒူဘိုင်းရှိ အခန်းတစ်ခုအတွင်းပိတ်လှောင်ခံထားရသဖြင့် လူမှုကွန်ယက်စာမျက်နှာ၌ Live လွှင့်၍ အကူအညီတောင်းခံခဲ့သည့် မြန်မာနိုင်ငံသူ ၇ ဦးသည် စက်တင်ဘာ ၉ ရက်နံနက်ပိုင်းက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီးဖြစ်ကြောင်း သိရသည်။ မြန်မာအမျိုးသမီးများအား ဒူဘိုင်းတွင်လစာကောင်းသည့် အလုပ်ရမည်ဟုဆိုကာ အီရတ်၊အီရန်၊ကာတာ၊ဘာရိန်း၊ ကူဝိတ်၊ဆော်ဒီ၊ဂျော်ဒန်နှင့်အိုမန်နိုင်ငံများသို့ ရောင်းစားနေကြောင်းသတင်းအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သြဂုတ် ၂၂ ရက်မှစတင်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သည်။ ထိုသို့ စုံစမ်းစစ်ဆေးစဉ် မြန်မာနိုင်ငံသူ ၇ ဦးမှ သြဂုတ် ၂၅ ရက်တွင် ၎င်းတို့အား မကေသီမြင့်ဆိုသူက အီရတ်သို့သွားရမည်ဆိုကာ အခန်းတစ်ခုအ တွင်းပိတ်လှောင်ထားပြီး ပတ်စ်ပို့များကိုသိမ်း ထားကာ တစ်နေ့လျှင် ပဲဟင်းဖြင့်ထမင်းတစ်နပ်သာကျွေးကြောင်း လူမှုကွန်ယက်စာမျက်နှာ၌ […]
Day: September 9, 2022
သူ သင့်ကို တကယ်မချစ်ပဲ အသုံးချရုံသက်သက် ကစားနေတယ်ဆိုတာ သိနိုင်တဲ့ အချက်တွေ
အချစ်ရေးဆိုတာ ရိုးရှင်းမလိုနဲ့ အတော်လေး ရှုပ်ထွေးတဲ့ အရာတစ်ခုပါနော် တစ်ခါတစ်လေမှာ ကိုယ့်ရဲ့ အချစ်တွေဟာ ဘယ်လောက်ပဲ မှန်ကန်နေပါစေ တစ်ခြားသူအတွက်တော့ ကိုယ့်အချစ်တွေက ကစားစရာတစ်ခုသက်သက်သာ ဖြစ်နေတတ်ပါတယ်။ ဒီအချက်တွေက သူ သင့်ကို တကယ်မချစ်ပဲ အသုံးချရုံသက်သက်သာ ကစားနေတယ်ဆိုတာကို သိနိုင်ပါတယ်။ အချိန်အကြာကြီး ပျောက်နေတတ်တယ် တစ်ခါတစ်လေမှာ သင့်နားကို အချိန်အကြာကြီး ရောက်မလာတာမျိုး ဖြစ်တတ်ပြီးမှ ပြန်ပေါ်လာတတ်တာမျိုးက သူ သင့်အပေါ် အလေးမထားဘူးဆိုတာကို ဖော်ပြနေတာပါနော်။ အဆက်အသွယ် ဘာမှမလုပ်ပဲ၊ အကြောင်းပြချက် ရေရေရာရာမရှိပဲ အချိန်အကြာကြီး ပျောက်နေတတ်သလို သူလိုအပ်လာတဲ့အချိန်ကျမှ ပြန်ရောက်ရောက်လာတတ်ပါတယ်။ တကယ်ချစ်တဲ့သူတွေကတော့ ကိုယ်ချစ်ရတဲ့သူကို အချိန်အကြာကြီး ပစ်မထားတတ်ပါဘူးနော်။ ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေတတ်တယ် သင့်ရှေ့မှာတောင် သူက ဖုန်းတစ်လုံးနဲ့ အမြဲတမ်း စာတွေပို့နေတတ်တာ၊ ဖုန်းပြောနေတတ်တာတွေ လုပ်နေတတ်ပြီး အကြောင်းပြချက်ကို […]
မိုးမခေါင်တော့ပါအညာမြေ… လာပါမယ် ရွာပါမယ် မိုးဆိုမှ မိုး 🌧🌧🌾🌾🌾
ရခိုင်ရိုးမပေါ်မိုး 🌧🌧🌧🌧 ၂၀၂၂ စက်တင်ဘာလ ၁၁ရက်နေ့မှ ၁၃ရက်နေ့အထိ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်မိုးများစွာရွာသွန်းနိုင်ပြီး ရခိုင်ရိုးမပေါ်ရွာသွန်းတဲ့မိုးတွေကြောင့် မကွေးတိုင်းဧရာဝတီမြစ်အနောက်ဖက်ရှိ ရခိုင်ရိုးမကိုမြစ်ဖျားခံသောချောင်းများရေအရှိန်အဟုန်ဖြင့် စီးဆင်းလာနိုင်သဖြင့် ဆည်တမံကြီးများစီးဝင်ရေအားကောင်းနိုင်ပါတယ် ချောင်းနီးမြေနိမ့်နေရာနေထိုင်ကြသူများသတိထားကြပါ ISSUED TIME 09/09/2022 AT 12:02PM 9/09/2022 🌧🌧🌧🌧 Heavy rainfall warning ⚠⚠⚠⛈⛈⛈⛈⛈ နောက် ၂၄နာရီအတွင်း ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ချင်းရိုင်ခရိုင် မြန်မာနိုင်ငံ လွိုင်ကော်ခရိုင် လင်းခေးခရိုင် မိုင်းဆတ်ခရိုင် တာချီလိတ်ခရိုင်ဒေသတွေမှာ မိုးကြီးနိုင်ပါတယ် 🌧🌧🌧🌧🌧🌧 ISSUED TIME 09/09/2022 AT 10:24AM(MMT) ဖြေးဖြေးလေးနဲ့ငြိမ့်ငြိမ့်လေးပေါ့ကွယ် 🌧🌧🌧🌧🌧 မိုးမရွာရင်ပူတယ်ပြောတဲ့ ရန်ကုန် အေးအေးငြိမ့်မိုးလေးတွေရွာပြီး အပူငြိမ်းစေပါလိမ့်မယ် 🌧🌧 အညာမြေမှာပျော်နေတဲ့မိုး 🌧🌧နောက် ၂၄နာရီအတွင်း မိတ္ထီလာခရိုင် ကျောက်ဆည်ခရိုင်မန္တလေးခရိုင် ပြင်ဦးလွင်ခရိုင် ရွှေဘိုခရိုင် […]
ချစ်သူနှင့် ၇ နှစ်ကြာအတူနေပြီး တားဆေးများ ကိုနေ့စဉ်သောက်ခဲ့ရာ
ချစ်သူနှင့် ၇ နှစ်ကြာ အတူနေပြီး တားဆေးများ ကိုနေ့စဉ်သောက်ခဲ့ရာ ကျန်းမာရေးထိခိုက်ပြီး ဆေးရုံတက်ရသော အခါကလေး မရနိုင်တော့ကြောင်း သိရလိုက်ရသဖြင့်ချစ်သူ၏ စွန့်ပစ်ခြင်း ကိုခံရသော မိန်းကလေး ။ ယနေ့ခေတ်ကြီး ထဲတွင်လူငယ် အချို့၏ဖြစ်ပျက်နေပုံ များအကြောင်းကို လူအများစုတို့လည်း သတိထားမိကြ မည်ဟုထင်မိပါတယ် ။ ယခုတွင်တော့ ဗီယက်နမ်နိုင်ငံမှ ကောင်မလေးတစ်ဦး ဟာသူမမစဉ်းစားမိ ခဲ့သည့်မိုက်မဲသောအဖြစ်ကြောင့် နေ့စဉ် ငိုကြွေးရင်းနောင်တရနေခဲ့ရပါ တယ် ။ ကောင်မလေးဟာသူ၏ ချစ်သူနှင့်အတူ ၇ နှစ်ကြာသည်အထိ အတူတူနေခဲ့တာဖြစ်ပါတယ်။ အတူနေထိုင်သော အချိန်၌လက်မထပ်ရသေး သဖြင့်ကလေးမရစေရန် တားဆေးများကို နေစဉ်သောက်သုံးခဲ့ တာလည်းဖြစ်ပါတယ် ။ ၇ နှစ်ကြာအောင် သောက်ခဲ့မိသည့်ဆေး၏ ဒဏ်များကြောင့် ကျန်းမာရေးထိ ခိုက်ကာဆေးရုံသို့ အရေးပေါ်ကုသမှုခံယူခဲ့ရပါတယ် ။ ထိုအချိန်တွင် ကောင်မလေးဟာကလေး မရနိုင်တော့ကြောင်း […]
ယနေ့ ၉၊ ၉ ၊ ၂၀၂၂ ကြာသပတေးနေ့ ရွှေစျေး ငွေစျေး စက်သုံးဆီစျေးများ…..
ယနေ့ စက်တင်ဘာ ၉ ၊ ၂၀၂၂ ကြာသပတေးနေ့ ရန်ကုန်မြို့တွင် ဖြစ်ပေါ်သော အမေရိကန်ဒေါ်လာ ငွေလဲနှုန်းသည် တစ်ဒေါ်လာ ကျပ် 3580-3650 ဝန်းကျင် ဖြစ်သည်။ ဗဟိုဘဏ် ရည်ညွှန်းဈေး ကျပ် 2100 (± 3) ဖြစ်သည်။ အခြားငွေကြေးလဲနှုန်းများမှာ ယူရိုဒေါ်လာ 3400-3650 ကျပ်၊ စင်ကာပူ ဒေါ်လာ 2400-2650 ကျပ်၊ မလေးရှား ရင်းဂစ် 765-865 ကျပ်၊ ထိုင်း ဘတ် 92-99 ကျပ်၊ ဂျပန် ယန်း 23-27.50 ကျပ်၊ တရုတ် ယွမ် 475- 525 ကျပ်တို့ ဖြစ်သည်။ (ငွေလဲနှုန်းများသည် နေရာနှင့်အချိန်အလိုက် ကွာဟနိုင်ပါသည်) ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးနှုန်းမှာ အကယ်ဒမီ […]
ဇွဲကပင်တောင်ခြေမှ လွမ်းဆွတ်ကြေကွဲဖွယ် ဓါတ်နန်းရှင်မောင်နှမ သမိုင်းကြောင်း
တစ်ခါက ကရင်ရွာလေးတစ်ရွာမှ ကရင်အမျိုးသားကြီး စဝ်ဖါ့သန့်(သိုင့်)နှင့် ဇနီးဖြစ်သူ နန်ဖေါ့ယာ့်တို့တွင် စံစေ့ဖိုးနှင့် နန်မူးဖါန်ဟုခေါ်သော သားသမီး(၂)ဦး ရှိလေသည်။ အနှစ်နှစ်အလလက ခြိုးခြံချွေတာပြီး ရိုးရိုးသားသား ကြိုးစားစုဆောင်း ခဲ့သမျှ သားကလေး ရှင်သာမဏေ လောင်းဖြစ်ဖို့ အလှူကြီးလုပ်ရန် တောင်ယာထဲတွင် အလုပ်ကြိုးစားနေရင်း ဖခင်ဖြစ်သူ စဝ်ဖါ့သန့်(သိုင့်)မှာ ကျားကိုက်ရင်း တောင်ယာထဲတွင် ဆုံးရှာလေသည်။ ဖခင်ကြီး ဆုံးပါးသွားသည့်နောက်ပိုင်းတွင် မုဆိုးမ နန်းဖေါ့ယာ့တို့ သားအမိကို ဘဝဆိုးမှ လွတ်မြောက် စေလိုပါသည်၊ မိမိဘဝကို သနားကရုဏာ သက်လှပါ သည်။ ကလေးတွေကိုလည်း ရင်သွေး အရင်အချာ များနှယ် စာနာညှာတာစွာဖြင့် ချစ်ခင်ပါသည်ဆို သော တစ်ရွာတည်း မုဆိုးဖိုဖြစ်သူ စောဖါ့ပျုဂ်နှင့် နောက်အိမ်ထောင် ပြုလိုက်သည်။ ထိုအခါ အပြစ်မဲ့သော စံစေ့ဖိုးနှင့် နန်းမူးဖါန်တို့ လူမမယ် […]
လပြည့်ည နဲ့ ကရဝေးရွက် ပက်ပက်စက်စက် စီးပွားတက်
လပြည့်ည နဲ့ ကရဝေးရွက် ပက်ပက်စက်စက် စီးပွားတက် စတင်လုပ်ဆောင်ရင်ဖယောင်းတိုင်အဖြူတစ်တိုင်ထွန်းထားပါ။ကရဝေးရွက်တစ်ရွက်ကိုရေမွှေးဖြန်းပါ။ ကရဝေးအစိုအခြောက် ဘယ်ဟာဖြစ်ဖြစ်ရပါတယ်။ အနာအဆာ အပေါက် အကျိုး မဖြစ်စေရပါ။ အဲဒီကရဝေးရွက်ပေါ်မှာ မတ်ကာပင်အနီနဲ့ မိမိနာမည် မွေးနေ့ရေးပါ။ မတ်ကာပင် Marker Pen အနီပဲရပါမယ်။ ဆော့ပင် ဘောပင်အနီမရပါ။ ကရဝေးရွက် ရဲ့အခြားတစ်ဖက်မှာ မိမိလိုအပ်တါလိုတိုရှင်းရေးပါ။ဥပမါ ငွေများစွာဝင်ပါစေ စသည် ။ အင်္ဂလိပ်လိုရေးလည်းရပါတယ်။ ဒါမှမဟုတ် အကြွေးသိန်းတစ်ရာပြန်ရပါစေ စသည်ရေးနိုင်ပါတယ်။ ဈေးရောင်းကောင်းပါစေ လည်းရေးနိုင်ပါတယ်။စီးပွားရေး ငွေကြေးနဲပတ်သက်ပြီး မိမိ လိုအပ်နေတဲ့ဆီလျော်သင့်မြတ်ရာရေးနိုင်ပါတယ် ။ ပြီးရင် ငွေစက္ကူ ၅၀၀၀တန် ၁၀၀၀၀ တန် ၁၀၀၀ တန်၅၀၀ တန် စသည်ရရာတစ်ရွက်ရွက် နဲ့ပတ်လိုက်ပါ။ ငွေစက္ကူကြားထဲရောက်ရင်ရပါပြီ။ပြီးရင် အဲဒါကို လက်နဲ့ကိုင်ထားပြီး ဒိ ဝါတပတိဂါထာသက်စေ့ ပူဇော်ပါ။ပြီးရင် အဲဒီငွေစက္ကူနဲ့ […]
ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်
ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန် စက်တင်ဘာ ၉ ဗြိတိန် နိုင်ငံရဲ့နန်းသက်အရှည်ဆုံး ဘုရင်မကြီး အဲလိဇဘက် ဟာ ဗြိတိန်စံတော်ချိန် စက်တင်ဘာ ၉ နေ့မွန်းလွဲမှာ မှာကွယ် လွန်သွားကြောင်း နိုင်ငံတကာ သတင်းဌာန များတွင်ဖော်ပြထားပါတယ် ဗြိတိန် ဘုရင်မကြီးဟာ အသက် ၉၆ နှစ် မှာလူကြီး ရောဂါနဲ့ ကွယ်လွန်သွားဝာာဖြစ်တယ်လို့လည်း သိရှိရပါတယ် သူ့ရဲ့ကြင်ယာတော် မင်းသားကြီး ဖိလစ်ဟာ လွန်ခဲ့တဲ့ နှစ် ၂၀၂၁ ခုနှစ် မှာကွယ်လွန်ခဲ့ပါတယ် ဗြိတိန်သမိုင်းရဲ့ သက်တမ်းအရှည်ဆုံး ဘုရင်မကြီး အဲလိဇဘတ် ll ဟာ ဒီနေ့ နေ့လယ်ပိုင်းမှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ် သူမဟာ အသက် ၉၆ နှစ်မှာ လူကြီးရောဂါနဲ့ သေဆုံးသွားတာပါ ဘုရင်မကြီးရဲ့ အရိုက်အရာ ကိုတော့ […]
“လူတိုင်း သိထားသင့်တဲ့ လင်မယား ဥပဒေ အကြောင်း သိကောင်းစရာများ”
လင်မယား အဆက်အသွယ် အထောက်အပံ့မရှိလဲ တရားဝင်မကွာ ရှင်းသေးသ၍ လင်မယားအရာ မပျက်ယွင်းပါ လင်ဖြစ်သူ နေအိမ်မှစွန့်ခွာပြီး ၃ နှစ်တိုင်အောင် အဆက်အသွယ် အထောက်အပံ့မရှိရင်သော်၎င်း နောက်အိမ်ထောင်ပြု ရင်သော်၎င်း မယား၏ ကိုယ်စိတ်နှစ်ပါးဆင်းရဲစေရန် နေ့စဉ်နဲ့အမျှနှိပ်စက်နေရင်သော်၎င်း မယားအား လက်ရောက်မှု့တစ်ကြိမ်ကျူ းလွန်ယုံမျှဖြင့်၎င်း (မယားမှ တရားရုံးမှာ ကွာရှင်းခွင့် လျှောက်ထားနိုင်ပါသည်) ကျိူ းကြောင်းဆီလျော်မှု့မရှိသောအကြောင်းပြချက်နဲ့ မယားသည် နေအိမ်မှစွန့်ခွာကာ ၁ နှစ်တိုင် အဆက်အသွယ်မလုပ် /ပြန်ပေါင်းရန် မကြိုုးစားလျင်၎င်း အိမ်ထောင်ရေး ဖောက်ပြန်ရင်သော် ၎င်း (လင်ဖြစ်သူဖက်မှ တရားရုံးတွင် ကွာရှင်းခွင့်တောင်းနိုင်ပါသည်) လင်မယားအရာမြောက်ဖို့ လက်ထပ်စာချူ ပ်လုပ်ရန်/မင်္ဂလာဆွမ်း ကျွေး/မင်္ဂလာဆောင်ကျင်းပ စတာတွေမလိုဘဲ ပတ်ဝန်းကျင်မှာ လင်မယားလို အထင်အရှားပေါင်းသင်းနေထိုင်ယုံနဲ့တရားဝင်လင်မယားအရာမြောက်ပါသည် ရပ်/ကျေးရုံး /ရှေ့နေ စသူတို့ရှေ့၌ (ကွာရှင်းခြင်းကတိစာခူ ပ်) မဟုတ်သော စာချူ […]
8.Sep .2022 မှ 14.Sep.2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း
8.Sep .2022 မှ 14.Sep.2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း တနင်္ဂနွေ ဒီတစ်ပတ်အတွင်းကောင်းသောအကူအညီတွေရလာတတ်ပါတယ်။အထူးသဖြင့်အရွယ်ရောက်ပြီးသား သမီးကြောင့် အဆင်ပြေမှုကြုံရတတ်ပါတယ်။ သားသမီးတွေဆီက ငွေအား၊လုပ်အားရရှိနိုင်ပါတယ်။ လုပ်ငန်းခွင် အတွင်း မိမိချိတ်ဆက်ထားသောအလုပ်များကနေ အကျိုးအမြတ်ရရှိပါလိမ့်မယ်။ တတ်သိနားလည်သော မိတ်ဆွေ များရဲ့အကူအညီတွေရလွယ်ပါတယ်။ အထူးသဖြင့်ဒီအပတ်ထဲ ဝန်ဆောင်မှုပေးရတဲ့အလုပ်တွေအဆင်ပြေတိုးတတ် ပါလိမ့်မယ်။ကျန်းမာရေးမကောင်းသူများ ဆီးဝမ်းသွေးလေမှန်ပြီး ကျန်းမာရေးပြန်ကောင်းလာဖွယ်ရှိတာကိုမြင်ရမဲ့ ကာလပါပဲ။ အားနည်းချက်က ကြားသုံးကြားမဝင်သင့်ပါဘူး။ သူများပြဿနာကိုကိုယ့်ပြဿနာဖြစ်အောင်မလုပ်မိဖို့ လိုပါတယ်။ဈေးကွက်အပြောင်းအလဲကြောင့် မိမိပစ္စည်းတွေဈေးကောင်းရတတ်ပါတယ်။ လက်ဆောင်တွေ အမှတ်တရပစ္စည်းတွေလဲ ရလာတတ်ပါတယ်၊ လုပ်ငန်းတွေလဲ ထပ်မံချဲ့ထွင်နိုင်ပါလိမ့်မယ်၊ လူမျိုးခြားဘာသာခြား တွေရဲ့အကူအညီတွေလဲရလာတတ်ပါတယ်။ အိမ်ထောင်ရေး အိမ်တွင်းရေး အလွန်ကောင်းပါတယ်။ အချစ် ရေး မှာတော့ ချစ်ရေးဆိုခြင်းခံရတတ်ပါတယ်။ စန်းလဲပွင့်နေတတ်ပါတယ်။ ပညာရေး ကတော့မိမိ ကိုယ်တိုင်က ပညာ ရေးထက် အပျော်အပါးကိုမက်နေပါလိမ့်မယ်။အကျိုးပေးဂဏန်း 1/4/2အထူးဟော လူမှုရေးကိစ္စများတွင်ကြားဝင် မပါဖို့လိုပါတယ်။ယတြာ […]









