“မိန်းမမာယာ သဲကိုးဖြာ ဘုန်းကြီးအလည်နဲ့ တွေ့သောအခါ” တစ်ခါတုန်းကဘုန်းကြီးတစ်ပါးဟာ ဆွမ်းခံပျင်းတော့ “နေမကောင်းလို့”၊ “ခေါင်းမူးလို့” ဆိုတာမျိုးနဲ့ အကြောင်းအမျိုးမျိုးပြပြီး ဒကာမအိမ်မှာ မကြာခဏဆွမ်းသွားစားတယ်။ခဏခဏဆိုတော့ ဒကာမလည်း သဒ္ဓါတရားပျက်လာတာပေါ့။တစ်ရက်တော့ ဘုန်းကြီးက “ဗိုက်နာလို့ဆွမ်းခံ မထွက်နိုင်ဘူး” ဆိုပြီး ဆွမ်းစားရအောင်သွားပြန်တယ် ဒီတစ်ခါတော့ ဒကာမက “ဒီဘုန်းကြီးပျင်းကို ဆွမ်းမကပ်ရအောင် ငါ့မာယာနဲ့ ပထုတ်မယ်” လို့ကြိမ်းဝါးပြီး အခုလို ပြောလိုက်တယ်။ “အရှင်ဘုရား။ တပည့်တော်မအိမ်မှာ ဆန်ပြတ်နေလို့ဆွမ်းကပ်စရာမရှိဘူး။ ဒါပေမယ့် တစ်ခြားအိမ်မှာရှိလို့ရှိငြား ထွက်ချေးကြည့်ပါဦးမယ်ဘုရား” ဆိုပြီး ဗန်းကလေးဆွဲထွက်သွားတယ်။ ဘုန်းကြီးကလည်း အလည်ဆိုတော့ “ဒါ ငါ့ကို ညာတာဖြစ်နိုင်တယ်” ဆိုပြီး ဒကာမထွက်အသွားမှာ မီးဖိုချောင်ထဲဝင်ပြီး ထောက်လှမ်းရေးလုပ်တော့တာပေါ့။အိုးထဲဖွင့်ကြည့်လိုက်တော့ ငကျွဲဆန်တွေ အိုးနဲ့အပြည့်တွေ့ရတယ်။ ပြီးတော့ ဆီ၊ ငါးရံ့ခြောက်ပြား နဲ့ ကြံချောင်းကြီးတစ်ချောင်းကိုတောင် နံရံမှာ ထောင်ထားတာတွေ့သွားတယ်။ တအောင့်ကြာတယ်ဆိုရင်ပဲ […]
Month: September 2022
ဖေ့စ်ဘွတ်ပေါ်မှာ အရမ်းဟော့နေတဲ့ ပုံလေးရဲ့ ယုံကြည်မှုတွေ ရဲရင့်မှုတွေပါတဲ့ မျက်ရည်ဝိုင်းရတဲ့အဖြစ်မှန်
ဖေ့စ်ဘွတ်ပေါ်မှာ အရမ်းဟော့နေတဲ့ ပုံလေးရဲ့ ယုံကြည်မှုတွေ ရဲရင့်မှုတွေပါတဲ့ မျက်ရည်ဝိုင်းရတဲ့အဖြစ်မှန် မူရင်းဓါတ်ပုံပိုင်ရှင် ကို Thiha Tun ရိုက်တဲ့ပုံလေး အရမ်းကြိုက်လို့ သိမ်းထားတာ ၃ နှစ်လောက်ရှိခဲ့ပြီ။ တှေ့တှေ့ခငြျး လှောငျပွီး ဟားတိုကျရယျမိတယျ …. ဒီလောကျ ရူးရသလားပေါ့…. ပွီးမှကွည့ျနရေငျး ကွည့ျနရေငျးနဲ့ မရယျရကျတော့ပဲ မကြျရညျဝိုငျးလာမိတယျ။ အဲ့ကောင်မလေးနေရာ မှာ ကိုယ့်ပုံရိပ်ကို ပြန်တွေ့လိုက်ရသလို ၊အဲ့ကောင်မလေးနေရာမှာ အမျိုးသမီးတော်တော်များများရဲ့ပုံရိပ်ကို ပြန်တွေ့လိုက်ရသလို ခံစားမိလိုက်လို့ပါပဲ။ ကိုယ်တို့မိန်းမတွေ ရဲ့ မိုက်ရူးရဲဆန်မှု ၊စွန့်စားမှုတွေ ကိုအဲ့ဓာတ်ပုံထဲမှာ ပြန်မြင်နေရသလိုခံစားမိတယ် ။ ကိုယ်တွေက ကိုယ့်ကို လှမ်းဆွဲတဲ့ လက်တစ်စုံကို ယုံကြည်မိတဲ့အခါ ၊ စွန့်စားရဖို့ မကြောက်တော့တဲ့ ကမ္ဘာ့သတ္တိအရှိဆုံး လူသားတွေ ဖြစ်လာခဲ့တယ်။ ဒီလက်တစ်စုံဟာ ကိုယ့်အတွက် အလုံခြုံဆုံး စောင့်ရှောက်မှုကိုပေးနိုင်လိမ့်မယ်လို့မျှော်လင့်တကြီး […]
မွေးဖွားချိန်ကိုလိုက်ပြီး ဖြစ်ပေါ်လာတဲ့ ကံကြမ္မာအပြောင်းအလဲ အမိဝမ်းမှ ကျွတ်ကာ လူဖြစ်လာကြသူတိုင်း “လူလူချင်း အတူတူပါပဲ” ဟု ပြောဆိုမရပေ။ အကြောင်းမှာ လူတိုင်း၌ သူ့ကံကြမ္မာနှင့်သူက ကမ္ပည်းထိုးပြီးသားဖြစ်နေသောကြောင့်ပါပေ။ သည်တော့ တတ်သိနားလည်ကြကုန်သော ဗေဒင်ပညာရှင်ကြီးများ၏ ဟောကိန်းများမှာ လွန်စွာမှ အံ့ဩဖွယ်ကောင်းသည်နှင့်အမျှ လေ့လာမှတ်သားထားစရာတွေချည်းပဲဖြစ်သည်။ (၁) နံနက်နေထွက်ချိန်၌ မွေးဖွားသူများဆိုပါလျှင် ကုသိုလ်ကံကောင်းကြသူတွေချည်းဟု ဆိုရပေမည်။ ၎င်းတို့သည် မိမိကိုယ်မိမိ ယုံကြည်စိတ်ချသူများ ဖြစ်ကြ၏။ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများကို ငယ်စဉ်ကတည်းက ထူထောင်ဆောင်ရွက်နိုင်သူများဖြစ်ကြပြီး ကြီးပွားချမ်းသာမှုကို အပြည့်အဝ ခံစားကြရသူများလည်း ဖြစ်၏။ လခစား ဝန်ထမ်းလုပ်ကိုင်ပါက ရာထူးကောင်းကို ရနိုင်၏။ အများအပေါ်၌ ဦးဆောင်ဦးရွက်ပြုပြီး ရဲဝံ့စွာ ဆောင်ရွက်တတ်သော စံပြပုဂ္ဂိုလ်ကောင်းဖြစ်တတ်၏။ (၂) နေထွက်ချိန်နှင့် မွန်းတည့်အချိန်အကြား မွေးဖွားလာသူများဆိုပါလျှင် အပေါင်းအသင်း၊ အခြွေအရံတို့ များတတ်ပါသည်။ အဆိုပါ […]
အကြွေးပြန်ရစရာတွေရှိပေမယ့် ပြန်တောင်းရမှာအားနာသူတွေဖို့ အကြံပြုချက် ၄ ခု ပိုက်ဆံတစ်ခုတည်းနဲ့ စားဝတ်နေရေးအရာအားလုံး ရပ်တည်နေရချိန်မှာ ကိုယ့်ပိုက်ဆံတွေသူများဆီမှာ အလဟသတ်ပေးထားရတာမျိုး သင်အဖြစ်ခံတော့မလို့လား။ သင့်ဆိုင်မှာအမြဲလာဝယ်နေကျ ဖောက်သည်က အကြွေးမပေးတာပဲဖြစ်ဖြစ်၊ ခင်လို့မင်လို့ ပိုက်ဆံချေးထားတာပဲဖြစ်ဖြစ်၊ ကိုယ်အလုပ်လုပ်ပေးထားတဲ့ ပိုက်ဆံတွေကို အလုပ်ရှင်ဖက်ကမပေးသေးဘဲ ကြန့်ကြာနေတာမျိုးတွေကို သင်တောင်းရမှာ အားနာစိတ်ဖြစ်တတ်တယ်မဟုတ်လား။ ရည်ရှည်ဆက်ဆံရမယ့်လူတွေဖြစ်တာကြောင့် ပိုက်ဆံလေးတစ်ခုတည်းနဲ့ မျက်နှာပျက်စရာတွေ၊ စိတ်ခုစာတွေဖြစ်သွားမှာ စိုးရိမ်တတ်ကြတာသဘာဝပါပဲ။ ဒါပေမဲ့လည်း ကိုယ့်ဖက်ကိုယ်ပြန်စဉ်းစားကြည့်လိုက်တဲ့အခါ ကိုယ့်ပိုင်ဆိုင်မှုတွေ၊ ရှာဖွေထားတဲ့ပိုက်ဆံတွေနဲ့ လုပ်အားခတွေမလို့ သင့်ဆီမှာ တောင်းပိုင်ခွင့် အပြည့်အဝရှိနေတယ်ဆိုတာ မေ့မပစ်ပါနဲ့ဦး။ ဒီအတွက် အကြံပြုချင်တဲ့အချက်လေး ၄ ချက်ရှိတာကြောင့် ဆက်လက်ဖတ်ရှုပေးကြပါဦးနော်။ (၁) တောင်းကြည့်ပါ။ ပိုက်ဆံပေးစရာရှိတဲ့လူတွေက အားမနာဘဲ ပိုက်ဆံရစရာရှိလို့ တောင်းရတဲ့လူတွေကပဲ အားနာကြရတာ ယနေ့ခေတ်ရဲ့ သဘာဝတရားကြီးလို ဖြစ်နေပါပြီ။ တချို့ကျတော့ ကိုယ့်ကိုပေးစရာရှိတာကို အလုပ်တွေများနေလို့ မေ့လျော့နေတာမျိုးတွေရှိတတ်ပါတယ်။ […]
တဒေါ်လာ တကျပ်ဖြစ်သွားတာထက် ပိုအရေးကြီးတဲ့ ကိစ္စ…
တဒေါ်လာ တကျပ်ဖြစ်သွားတာထက် ပိုအရေးကြီးတဲ့ ကိစ္စ… ဒေါ်လာဈေးက တစ်ဒေါ်လာကို ၁ သောင်းဖြစ်တာ၊ တစ်ဒေါ်လာကို ၁ ကျပ်ဖြစ်တာ အဲဒါတွေက ဘာမှ အရေးမကြီးဘူး။ အရေးကြီးတာက အတက်၊ အကျရဲ့ အကွာအဝေး နဲ့ ဖြစ်တဲ့ အကြိမ်ရေ အဲဒါက အရေးကြီးတာ။ ဒေါ်လာဈေးက ၁ သောင်းဖြစ်လည်း တည်ငြိမ်နေရင် စီးပွားရေး လုပ်လို့ရတယ်။ တစ်သိန်း ဖြစ်လည်း လုပ်လို့ရတယ်။ တည်ငြိမ်နေဖို့ပဲ လိုတယ်။ အတက်အကျဟာ ဒီနေ့ ၅၀၀၀ ဖြစ်ပြီး မနက်ဖြန် ၄၀၀၀ ဖြစ်၊ နောက်တပတ်မှာ ၅၅၀၀ ဖြစ်ဆိုရင် အဲဒါ စီးပွားရေး လုပ်လို့ မရဘူး။ ဒီနေ့ ၅၀၀၀ နောက် ၅ လမှာ ၅၀၂၀ လောက် […]
ကံနိမ့်နေလျှင် တစ်သက်တာ ယတြာချေနည်း… ကံနိမ့်နေလျှင် ဗေဒင်မေးစရာမလိုပဲ တစ်သက်တာ အတွက် ယတြာ ချေနည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ “တသက်တာ ယတြာချေနည်းလေး” ဗေဒင်လက္ခဏာ မေးပြီး ယ တြာ ချေရန်ငွေကြေးအခက် အခဲရှိသူများအတွက်အလွယ်ကူဆုံးတသက်သာ ယတြာ ချေနည်းပဲဖြစ်ပါတယ်။ မွေးသက္ကရာဇ် ကိုတည်ပါ ရောက်ဆဲ သက္ကရာဇ်ဖြင့်ပေါင်းပါ… ပေါင်းရကိန်းကို (၃) နှင့်မြှောက်ပြီး မြှောက်ရကိန်းကို (၇) နှင့်စားပါလေအကြွင်းကို အောက်ပါ လင်္ကာအတိုင် ယတြာချေရန်ဖြစ်ပါသည်။ မီး ရွှေ စိုး ငါး သံဃာအား ကျွေးငြား ဆွမ်းကိုသာ ယာယီမမေ့ အမြန်ရွှေ ဟူ၍ ဖြစ်သည်… (၁) ကြွင်းပါက ဆီမီသက်စေ့ ပူဇော်ရပါမည်… (၂) ကြွင်းပါက ဘုရားတွင် ရွှေသင်္ကန်းကပ်လှူ ပူဇော်ရပါမည်… (၃) ကြွင်းပါက […]
တနိုင်ငံလုံးက စားသုံသူနဲ့ တောင်သူတွေကို ထိခိုက်နစ်နာစေတဲ့ လုပ်ကြံတိုက်ခိုက်မှုတစ်ခု… စားအုန်းဆီကို ဓါတုဆေးအနံ့ ထည့်ပြီး မြေပဲဆီအတု၊ နှမ်းဆီအတုလုပ်… အစစ်ထက် ဈေးလျော့ရောင်းတော့ တောင်သူစီးပွားရေးကော၊ စားသုံးသူကျန်းမာရေးကော နာပြီးရင်းနာ၊ အသက်တွေ တိုပြီးရင်းတို တာပါပဲ။ ( ရေးသင့်ပြီ ထင်လို့ ရေး လိုက်ရပါတယ် ခင်ဗျာ… ) မြန်မာနိုင်ငံရဲ့ စားသုံးဆီလောကထဲကို ဓာတုအနံ့ မြေပဲဆီ၊ နှမ်းဆီရောက်တာ 2012/13 ခုနှစ် ကတည်းကပါ။ တရုတ်နိုင်ငံသား လူငယ်တယောက် ဘာသာပြန်နဲ့ အတူ အိမ်ရောက်လာပြီး နမူနာ ပုလင်းလေးတွေပြပြီး ရှင်းပြပါတယ်။ ကျနော့်အနေနဲ့ ဒါသည် စားသုံးသူကို လိမ်လည်တာဘဲဖြစ်တယ်… မလုပ်သင့်ဘူးလို့ ပြောပြပါတယ်။ နောက်… ဓာတုအနံ့ ဖြစ်လို့ ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်… အနံ့က ပြင်းလွန်းတယ်လို့ ပြောပြ […]
မမီးမီးဆိုသူကို ဖမ်းဆီးရမိ။ လူကုန်ကူးခံရသည့် အမျိုးသမီး(၇)ဦး ပြန်လည်ရောက်ရှိလာ
သူ သင့်ကို တကယ်မချစ်ပဲ အသုံးချရုံသက်သက် ကစားနေတယ်ဆိုတာ သိနိုင်တဲ့ အချက်တွေ
အချစ်ရေးဆိုတာ ရိုးရှင်းမလိုနဲ့ အတော်လေး ရှုပ်ထွေးတဲ့ အရာတစ်ခုပါနော် တစ်ခါတစ်လေမှာ ကိုယ့်ရဲ့ အချစ်တွေဟာ ဘယ်လောက်ပဲ မှန်ကန်နေပါစေ တစ်ခြားသူအတွက်တော့ ကိုယ့်အချစ်တွေက ကစားစရာတစ်ခုသက်သက်သာ ဖြစ်နေတတ်ပါတယ်။ ဒီအချက်တွေက သူ သင့်ကို တကယ်မချစ်ပဲ အသုံးချရုံသက်သက်သာ ကစားနေတယ်ဆိုတာကို သိနိုင်ပါတယ်။ အချိန်အကြာကြီး ပျောက်နေတတ်တယ် တစ်ခါတစ်လေမှာ သင့်နားကို အချိန်အကြာကြီး ရောက်မလာတာမျိုး ဖြစ်တတ်ပြီးမှ ပြန်ပေါ်လာတတ်တာမျိုးက သူ သင့်အပေါ် အလေးမထားဘူးဆိုတာကို ဖော်ပြနေတာပါနော်။ အဆက်အသွယ် ဘာမှမလုပ်ပဲ၊ အကြောင်းပြချက် ရေရေရာရာမရှိပဲ အချိန်အကြာကြီး ပျောက်နေတတ်သလို သူလိုအပ်လာတဲ့အချိန်ကျမှ ပြန်ရောက်ရောက်လာတတ်ပါတယ်။ တကယ်ချစ်တဲ့သူတွေကတော့ ကိုယ်ချစ်ရတဲ့သူကို အချိန်အကြာကြီး ပစ်မထားတတ်ပါဘူးနော်။ ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေတတ်တယ် သင့်ရှေ့မှာတောင် သူက ဖုန်းတစ်လုံးနဲ့ အမြဲတမ်း စာတွေပို့နေတတ်တာ၊ ဖုန်းပြောနေတတ်တာတွေ လုပ်နေတတ်ပြီး အကြောင်းပြချက်ကို […]
မိုးမခေါင်တော့ပါအညာမြေ… လာပါမယ် ရွာပါမယ် မိုးဆိုမှ မိုး 🌧🌧🌾🌾🌾
ရခိုင်ရိုးမပေါ်မိုး 🌧🌧🌧🌧 ၂၀၂၂ စက်တင်ဘာလ ၁၁ရက်နေ့မှ ၁၃ရက်နေ့အထိ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်မိုးများစွာရွာသွန်းနိုင်ပြီး ရခိုင်ရိုးမပေါ်ရွာသွန်းတဲ့မိုးတွေကြောင့် မကွေးတိုင်းဧရာဝတီမြစ်အနောက်ဖက်ရှိ ရခိုင်ရိုးမကိုမြစ်ဖျားခံသောချောင်းများရေအရှိန်အဟုန်ဖြင့် စီးဆင်းလာနိုင်သဖြင့် ဆည်တမံကြီးများစီးဝင်ရေအားကောင်းနိုင်ပါတယ် ချောင်းနီးမြေနိမ့်နေရာနေထိုင်ကြသူများသတိထားကြပါ ISSUED TIME 09/09/2022 AT 12:02PM 9/09/2022 🌧🌧🌧🌧 Heavy rainfall warning ⚠⚠⚠⛈⛈⛈⛈⛈ နောက် ၂၄နာရီအတွင်း ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ချင်းရိုင်ခရိုင် မြန်မာနိုင်ငံ လွိုင်ကော်ခရိုင် လင်းခေးခရိုင် မိုင်းဆတ်ခရိုင် တာချီလိတ်ခရိုင်ဒေသတွေမှာ မိုးကြီးနိုင်ပါတယ် 🌧🌧🌧🌧🌧🌧 ISSUED TIME 09/09/2022 AT 10:24AM(MMT) ဖြေးဖြေးလေးနဲ့ငြိမ့်ငြိမ့်လေးပေါ့ကွယ် 🌧🌧🌧🌧🌧 မိုးမရွာရင်ပူတယ်ပြောတဲ့ ရန်ကုန် အေးအေးငြိမ့်မိုးလေးတွေရွာပြီး အပူငြိမ်းစေပါလိမ့်မယ် 🌧🌧 အညာမြေမှာပျော်နေတဲ့မိုး 🌧🌧နောက် ၂၄နာရီအတွင်း မိတ္ထီလာခရိုင် ကျောက်ဆည်ခရိုင်မန္တလေးခရိုင် ပြင်ဦးလွင်ခရိုင် ရွှေဘိုခရိုင် […]