ဗန်းမော်ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ချမ်းမြသာစည်လေဆိပ်ဟောင်းသို့ပင့်ဆောင်မည့်လမ်းကြောင်းများ နဝမမြောက်ဗန်းမော်ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ဇွန် ၆ ရက်တွင် ချမ်းမြသာစည်လေဆိပ်ဟောင်းတွင် မီးပူဇော်သွားမည်ဖြစ်ကြောင်း အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနားကျင်းပရေးဦးစီးကော်မတီမှ သိရသည်။ယင်းနေ့တွင်ဗန်းမော်ကျောင်းတိုက် ကမ္ဘောဇသာသနာ့ဗိမာန်၌အန္တိမအဂ္ဂိစျာပနအခမ်းအနားကိုနေ့လည်(၂) နာရီတွင်စတင်ကျင်းပမည်ဖြစ်ပြီး နေ့လည် (၃)နာရီခန့်တွင် ချမ်းမြသာစည်လေယာဉ်ကွင်းသို့ပင့်ဆောင်ပူဇော်ပါမည်။ ဗန်းမော်ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ဗန်းမော်ကျောင်းတိုက်ရှိ ယာယီစံကျောင်းတော်မှတဆင့် ၃၉ လမ်းမှ ၇၃ လမ်းအတိုင်း၊ ၇၃ လမ်းမှ ၃၈ လမ်းအတိုင်း၊ ၃၈ လမ်းမှ ၇၈ လမ်းအတိုင်း၊ ၇၈ လမ်းမှချမ်းမြသာစည်လေဆိပ်ဟောင်းသို့ ပင့်ဆောင်တော်မူမည်ဖြစ်သည်။ထိုသို့ ပင့်ဆောင်ရာ၌ ဗန်းမော်ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ကန်တော့မည့် ရဟန်းရှင်လူများအနေဖြင့် ဗန်းမော်ကျောင်းတိုက် ၊ချမ်းမြသာစည်လေဆိပ်ဟောင်းနှင့်ပင့်ဆောင်ရာ လမ်းကြောင်းတလျှောက် လမ်း၏ဘေးဘယ်ညာတို့တွင် ဂါရဝပြုကန်တော့နိုင်ကြောင်း အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနားကျင်းပရေးဦးစီးကော်မတီမှ အသိပေးနှိုးဆော်ထားသည်။ ပျံလွန်တော်မူချိန်၌ သက်တော် (၉၄)နှစ် ဝါတော်(၇၄) ဝါရှိ ဗန်းမော်ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား […]
Day: May 29, 2023
ဆုပေးပွဲတွေနှင့် ထူးဆန်းစွာကျင်းပခဲ့တဲ့ ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲ(ရုပ်သံ)