အမေရိကန်ဗဟိုဘဏ်ရဲ့အစည်းအဝေး မှတ်တမ်း မထုတ်ပြန်ခင် အာမခံသဘော ကြိုတင်ဝယ်ယူတာတွေနဲ့ ဒေါ်လာတန်ဖိုး အားပျော့နေတာတွေကြောင့် ကမ္ဘာ့ရွှေဈေးက ဒီနေ့မှာ ၆ ရက်မြောက်နေ့အဖြစ် ဆက်တိုက် မြင့်တက်လာပါတယ်။ ဒီနေ့ ကမ္ဘာ့ရွှေ တစ်အောင်စကို ၂၀၃၀ ဒေါ်လာကျော် ရှိနေတာကြောင့် ဖေဖော်ဝါရီ ၉ ရက်နောက်ပိုင်းမှာ အမြင့်ဆုံး ဖြစ်နေပြီး အမေရိကန်ရွှေကြိုပွိုင့်ဈေးကလည်း ၂၀၄၁ ဒေါ်လာကျော် ရှိနေပါတယ်။ ကမ္ဘာ့ရွှေဈေး ဆက်တိုက် တက်လာချိန်မှာ ဒေါ်လာတန်ဖိုးညွှန်းကိန်းက ၃ ရက်ဆက် ကျဆင်းလာတဲ့အတွက် ဒေါ်လာနဲ့ဈေးဖြတ်တဲ့ ရွှေကို ဝယ်လက်တွေ စိတ်ကြိုက် ဖြစ်နေကြပါတယ်။ (Current Content ရဲ့သတင်း ဖြစ်ပါတယ်) အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခတွေ အရှိန် ပြင်းထန်နေတာကြောင့် စိတ်ချအာမခံရတဲ့ကုန်စည်အဖြစ် ရွှေကို ဝယ်ယူစုဆောင်းမှု များနေပြီး မကြာခင် ထုတ်ပြန်လာမယ့် အမေရိကန်ဗဟိုဘဏ် […]
Day: February 21, 2024
Dollar price for today Wednesday (21.2.2024) Gold prices and foreign exchange rates
ဖေဖော်ဝါရီ ၂၁၊ ၂၀၂၄ (ဗုဒ္ဓဟူးနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်း ဖော်ပြလိုက်ပါသည်။ အမေရိကန်ဒေါ်လာ 3570 – 3610 ဥရောပယူရို 3800 – 3880 ဗြိတိသျှစတာလင်ပေါင် 4480 – 4650 သြစတြေးလျဒေါ်လာ 2260 – 2350 ဂျပန်ယန်း 23.50 – 24.20 တောင်ကိုရီးယားဝမ် 2.60 – 2.70 အိန္ဒိယရူပီး 42.40 – 43.30 စင်ကာပူဒေါ်လာ 2610 – 2660 မလေးရှားရင်းဂစ် 740 – 760 တရုတ်ယွမ် 480 – 500 ထိုင်းဘတ် 100.00 […]
The Smile couple who celebrated their 12th wedding anniversary at her mansion
သရုပ်ဆောင် စမိုင်းလ်ကတော့ အနုပညာလောကကို ဝင်ရောက်ခဲ့ပြီးပြီးချင်းမှာပဲ ရုပ်ရှင်ဇာတ်ကားတွေမှာပါဝင်သရုပ်ဆောင်ရင်း သူမရဲ့ တမူထူးခြားတဲ့ ကာရိုက်တာ အကျင့်လေးကြောင့် ပရိသတ်တွေ သတိထားမိပြီး အားပေးခဲ့ကြတာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အနုပညာနယ်ပယ်ကနေထွက်ခွာသွားပြီး ခင်ပွန်းဖြစ်သူနဲ့အတူ နိုင်ငံခြားမှာအခြေချနေထိုင်ဖို့ ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် စမိုင်းလ်တို့က အမေရိကန်နိုင်ငံမှာ တန်ဖိုးကြီးစံအိမ်ကြီးတစ်ခုကို ဝယ်ယူထားပြီး ကျိကျိတက်ချမ်းသာတဲ့ အခြေအနေကို ရောက်ရှိနေတဲ့ သူဌေးမကြီးတယောက်ဖြစ်လို့နေပါပြီ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ရက်နေ့မှာတော့ သူတို့၂ယောက်ရဲ့ အိမ်ထောင်သက်တမ်း ၁၂ နှစ်ပြည့်သွားခဲ့တာဖြစ်ပါတယ်။ ၁၂နှစ်ပြည့်ပွဲလေးကိုလည်း အိမ်မှာပဲ ရိုးရိုးရှင်းရှင်း ကျင်းပခဲ့ကြောင်း စမိုင်းလ်က သူမရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ တစ်ဆင့် ဝေမျှပေးခဲ့တာဖြစ်ပါတယ်။ ရေးသားသူ –Let Pan News