Cele News

Actress Papa Win Khin, who has a Burmese-friendly chest and a stable beauty

သရုပ်ဆောင်ပပဝင်းခင်ကတော့ အနုပညာခေတ်တစ်ခေတ်ရဲ့အောင်မြင်ခဲ့တဲ့ မင်းသမီးတစ် ယောက်ဖြစ်ပါတယ်။ ယနေ့တိုင်တောင် တစ်ကိုယ်တည်းဖြစ်နေဆဲမိသားစုကိုအချိန် ပေးကာအချစ်မရှာသေးတဲ့ အပျိုကြီးပပဝင်းခင်ကတော့ တူ တွေတူမလေးတွေနဲ့ပျော်နေပြီပဲ ဖြစ်ပါတယ်။ နှစ်တွေသာပြောင်းလဲသွားပေမယ့် ယနေ့တိုင်အောင်မပြောင်းလဲဘဲနုပျိုနေဆဲ့အလှတွေပိုင်ဆိုင်ထားတဲ့ပပကတော့ ယနေ့မှာမြန်မာဆန်ဆန် ရင်ဖုံးလေးနဲ့လိုက်ဖက်နေမှု့ ကြီးကိုပုံ လေးနဲ့ တကွချပြလာခဲ့ပါတယ်။ ရေးသားသူ –Let Pan News မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

News

Dollar price for today Thursday (8.2.2024) Gold prices and foreign exchange rates

ဖေဖော်ဝါရီ ၈၊ ၂၀၂၄ (ကြာသပတေးနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်း ဖော်ပြလိုက်ပါသည်။ အမေရိကန်ဒေါ်လာ 3480 – 3520 ဥရောပယူရို 3720 – 3810 ဗြိတိသျှစတာလင်ပေါင် 4360 – 4450 သြစတြေးလျဒေါ်လာ 2250 – 2310 ဂျပန်ယန်း 23.20 – 23.80 တောင်ကိုရီးယားဝမ် 2.60 – 2.66 အိန္ဒိယရူပီး 41.50 – 42.60 စင်ကာပူဒေါ်လာ 2580 – 2630 မလေးရှားရင်းဂစ် 725 – 750 တရုတ်ယွမ် 480 – 490 ထိုင်းဘတ် 97.50 […]

Knowledge

Prepare a large pot of bread and curry for 100 people for donation

မင်္ဂလာပါ ပရိသတ်ကြီးရေ..အခုတင်ဆက်ပေးမယ့် ဟင်းချက်နည်းလေးကတော့ အလှူအတွက် လူ(၁၀၀)စာ မုန့်ဟင်းခါး အိုးကြီးချက်နည်းပါ ဆိုတဲ့ဟင်းချက်နည်းလေးပဲ ဖြစ်ပါတယ်။ လူ(၁၀၀)စာ မုန့်ဟင်းခါး အိုးကြီးချက်နည်းပါ။ လမ်းထဲ ရပ်ကွက်ထဲ စတုဒီသာအလှူလုပ်ချင်တဲ့အခါ လူအနည်းစာတော့ ချက်တတ်ကြပေမယ့် အများကြီးစာအတွက်ဆို ပါဝင်ပစ္စည်းအချိုးသိပ်မချိုးတတ်ကြတာမျိုး ကြုံလေ့ရှိတတ်ကြလို့ပါ။ တနိုင်တပိုင် ကိုယ့်လမ်းလေးထဲမှာပဲအလှူလုပ်ချင်တဲ့အခါ ကိုယ်တိုင်ဝယ်ပြီးချက်တတ်အောင်လို့ပါ။ ပါဝင်ပစ္စည်းအချိုးအစားတွေကတော့ လူ(၁၀၀)စာဆိုရင် မုန့်ဖတ် အချိန် (၃၀)ပိသာ၊ ငါး (၁၂)ပိသာ၊ ဆီ (၅)ပိသာ၊ အချိုမှုန့် (၁)ထုပ်၊ ကြက်သွန်နီ (၅)ပိသာ၊ ကြက်သွန်ဖြူ (၇၅)ကျပ်သား၊ ဂျင်း (၅၀)သား ၊ ငရုတ်ပွ (၂၅)သား၊ ငရုတ်စိမ်းမှုန့်(အရောင်တင်မှုန့်) (၂၅)သား၊ ကုလားပဲဆန် (၂)ပိသာ၊ ဆန်မှုန့် (၁)ပိသာ၊ စပါးလင် (၁၀)ပင်၊ ငှက်ပျောပင် (၄)ပင်ခန့်၊ ဘဲဥ (၅၀)လုံး၊ […]

News

Although the global gold price is stable, the domestic gold price has rebounded

နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေက အမေရိကန်ဗဟိုဘဏ် အတိုးနှုန်းအလားအလာနဲ့ ပတ်သက်လို့ တာဝန်ရှိသူ အကြီးအကဲတွေ ဘယ်လို အရိပ်အမြွက် ပြောလာမလဲဆိုတာ စိတ်ဝင်တစား စောင့်ဆိုင်းနေကြတဲ့အတွက် ဒီနေ့ ကမ္ဘာ့ရွှေဈေးက အတက်အကျ မလှုပ်ဘဲ ငြိမ်နေပါတယ်။ ဒီမနက် ဈေးအဖွင့်မှာ ကမ္ဘာ့ရွှေတစ်အောင်စကို ၂၀၃၅ ဒေါ်လာခန့် ရှိနေပြီး မနေ့ကနဲ့စာရင်တော့ ဝ.၅ % ခန့် မြင့်လာပါတယ်။ အမေရိကန်ရွှေကြိုပွိုင့်ဈေးကတော့ ၂၀၅၁ ဒေါ်လာမှာ တည်ငြိမ်နေပါတယ်။ အမေရိကန်ဗဟိုဘဏ် တာဝန်ရှိသူတွေက နိုင်ငံရဲ့စီးပွားရေးဟာ တွက်ဆထားတဲ့အတိုင်း ကောင်းမွန်နေတယ် ဆိုပေမဲ့ အတိုးနှုန်းတွေ ပြန်လျှော့ရလောက်တဲ့အထိ ငွေဖောင်းပွမှု မလျော့သေးဘူးလို့ ဆိုပါတယ်။ ကမ္ဘာ့ရွှေဈေး အပြောင်းအလဲ နည်းပြီး ငြိမ်နေချိန်မှာ မြန်မာပြည်တွင်းရွှေဈေးကတော့ အကျ များခဲ့ရာကနေ အခု ဈေးပြန်ဦးမော့လာတာ တွေ့ရပါတယ်။ အရင်အပတ်က တစ်ကျပ်သားကို အမြင့်ဆုံး […]