News

Foreign dollar prices and gold prices continue to rise

ဒီအပတ်အတွင်း ပြည်တွင်းရွှေဈေး၊ ဒေါ်လာဈေးတွေ ဆက်တိုက်နီးပါး မြင့်တက်လာပြီး မိုးတွင်းကာလတုန်းက ရောက်ရှိခဲ့တဲ့ ဈေးတန်းအမြင့်တွေနားကို တဖြည်းဖြည်း ချဉ်းကပ်လာနေပါတယ်။ ပြည်တွင်းရွှေဈေးဟာ ပြီးခဲ့တဲ့စနေနေ့လောက်တည်းက တစ်ကျပ်သားကို ၃၉ သိန်းဝန်းကျင်အထိ မြင့်လာပြီး ဒီအပတ်မှာ ကျပ် ၃၉ သိန်း ၃ သောင်းကျော်အထိ ဆက်တိုက် တက်လာပါတယ်။ “ဒီတစ်ပတ် တနင်္လာနေ့ ဈေးစဖွင့်ထဲက ၃၉ သိန်းနဲ့ စဖွင့်တာ။ မနေ့ကအထိပဲ။ ကျလည်း နည်းနည်းပဲကျတယ်။ ဒီမနက်အဖွင့်ဈေးက ၃၉ သိန်း ၁ သောင်းခွဲ။” လို့ ရန်ကုန်၊ ပန်းပဲတန်းက ရွှေဆိုင်ပိုင်ရှင်တဦးက ယနေ့ခေတ် သတင်းမှာ ပြောဆိုထားပါတယ်။ ဒီလ (ဖေဖော်ဝါရီ) ထဲမှာ ပြည်တွင်းရွှေဈေးဟာ အတက်အကျ ကြမ်းနေပြီး လဆန်းပိုင်းမှာ ကျပ် ၃၈ သိန်းနား […]