ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆု ၃ ဦးရရှိ ၂၀၂၃ ခုနှစ် အတွက် ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုကို ဒါရိုက်တာ စည်သူ ဦးအောင်မြင့်မြတ် ၊ စည်သူ ဒေါ်နွဲ့နွဲ့စန်းနှင့် ဒါရိုက်တာ အလင်္ကာကျော်စွာ ပန်းချီစိုးမိုးတို့က ထိုက်တန်စွာ ချီးမြှင့်ဂုဏ်ပြုခြင်းခံခဲ့ရသည်။ အဆိုပါ ရုပ်ရှင်တစ်သက်တာထူးချွန်ဆုကို ၂၀၁၇ ခုနှစ်က စတင်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ဘိုကလေးတင်အောင်က ပထဆုံးရရှိခဲ့ခြင်း ဖြစ်သည်။ ရုပ်ရှင်တစ်သက်တာဆုကို စည်သူဘိုကလေးတင်အောင်၊မြင့်မြင့်ခင်၊ အကယ်ဒမီညွန့်ဝင်း၊ အကယ်ဒမီအောင်လွင်တို့လည်း ရရှိထားသည်။ ယခုနှစ်အတွက် ဆုများကို ဒုဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း နှင့် ဇနီး တို့က ပေးအပ်ခဲ့ကြသည်
Day: February 3, 2024
Dollar price for today Saturday 3.2.2024 Gold prices and foreign exchange rates
ဖေဖော်ဝါရီ ၃၊ ၂၀၂၄ (စနေနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။ အမေရိကန်ဒေါ်လာ 3500 – 3540 ဥရောပယူရို 3760 – 3850 ဗြိတိသျှစတာလင်ပေါင် 4450 – 4550 သြစတြေးလျဒေါ်လာ 2270 – 2320 ဂျပန်ယန်း 23.30 – 23.90 တောင်ကိုရီးယားဝမ် 2.55 – 2.65 အိန္ဒိယရူပီး 42.25 – 43.00 စင်ကာပူဒေါ်လာ 2575 – 2630 မလေးရှားရင်းဂစ် 735 – 760 တရုတ်ယွမ် 480 – 490 ထိုင်းဘတ် 98.00 – […]
The domestic gold price fluctuated rapidly and remained at a high level
ဇန်နဝါရီ ၃၁ မှာ ပြည်တွင်းရွှေဈေးဟာ တစ်ရက်တည်းမှာတင် အတက်အကျ ဗြောင်းဆန်ခဲ့ပြီး ဈေးအဖွင့်မှာ ကျပ် ၃၉ သိန်းအပေါ် ရောက်ခဲ့ပြီးမှ နောက်ပိုင်းမှာ ၃၈ သိန်း ၆ သောင်းနားကို ပြန်လည် ကျဆင်းခဲ့ပါတယ်။ မနေ့က တစ်ရက်တာအတွင်းမှာ ဈေးအတက်အကျ ကြမ်းခဲ့ပြီး အနိမ့်ဆုံးအနေနဲ့ ကျပ် ၃၆၄၅,၀၀၀ အထိ ကျခဲ့ပေမဲ့ ကျပ် ၃၈၆၅,၀၀၀ နဲ့ ဈေးပိတ်ခဲ့တာကြောင့် အမြင့်ဆုံး ကျပ် ၃၉ သိန်းဈေးတန်းနဲ့ များများစားစား မကွာတော့ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ “ကမ္ဘာ့ဈေးလည်း နည်းနည်း တက်တာကိုး။ အဲ့တော့ ဈေးကွက် လန့်နေတဲ့ အနေအထားပါ။ ထပ်တက်နိုင်လား၊ ပြန်ကျမလားဆိုတာက အခုလက်ရှိ အနေအထားကတော့ တော်တော်ကို ခန့်မှန်းရခက်ပါတယ်။ ရောင်းရင်၊ ဝယ်ရင်လည်း […]