News

အာရှငွေစျေးအချို့ ကျဆင်းတဲ့ ယနေ့ အောက်တိုဘာ (၁၈)ရက် နောက်ဆုံးရ ဒေါ်လာနဲ့ ရွှေဈေးနှုန်းများ

ယူရိုနဲ့ အာရှငွေစျေးအချို့ ကျရိပ်ပြတာကလွဲလို့ ဒေါ်လာစျေးတန်း ငြိမ်နေပါတယ်။ အမေရိကန်ဒေါ်လာ 4320 – 4420 ဥရောပယူရို 4640 – 4760 ဗြိတိသျှစတာလင်ပေါင် 5560 – 5700 သြစတြေးလျဒေါ်လာ 2860 – 2940 ဂျပန်ယန်း 28.65 – 29.40 တောင်ကိုရီးယားဝမ် 3.20 – 3.30 အိန္ဒိယရူပီး 50.30 – 51.65 စင်ကာပူဒေါ်လာ 3320 – 3400 မလေးရှားရင်းဂစ် 990 – 1020 တရုတ်ယွမ် 605 – 625 ထိုင်းဘတ် 129.00 – 132.40 ယနေ့ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် ကျပ် မနက်ပိုင်းက ကျပ် […]

News

ဝါကျွတ်ကာလ ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်းများ ( အောက်တိုဘာ ၁၈)

ဒေါ်လာစျေး ၄၃၀၀ အောက်ကို ဆက်မကျသေးဘဲ စျေးတန်းငြိမ်နေသလို ဘတ်စျေးတွေလည်း ငြိမ်နေပါတယ်။ အချို့ငွေစျေးတွေကတော့ အပြောင်းအလဲ အနည်းငယ် ရှိနေပါတယ်။ ယနေ့ နိုင်ငံခြားငွေလဲနှုန်းများ (အောက်တိုဘာလ ၁၈ ရက်) နေရာဒေသနဲ့ ဒေါ်လာအရွက် (သို့) online transfer အပေါ်မူတည်ပြီး စျေးနှုန်းကွာဟမှု ရှိနိုင်ပါတယ်။ ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်ပါတယ်။

News

ယနေ့ ပြည်တွင်းရွှေစျေးများ ( အောက်တိုဘာ ၁၈ ရက်၊ သောကြာနေ့))

ကမ္ဘာ့ရွှေစျေးဟာ စံချိန်တင် မြင့်တက်လာနေပြီး ၁ အောင်စကို ၂၇၀၈ ဒေါ်လာအထိ ရောက်ရှိနေပြီဖြစ်ပါတယ်။ ပြည်တွင်းမှာ ရွှေဆိုင်တွေ သီတင်းကျွတ်လပြည့်နေ့ ပိတ်ရက်တွေကြောင့် အလုပ်မလုပ်ကြသေးပေမယ့် လာမယ့်အပတ်မှာ သိသိသာသာ အတက်ပြလာနိုင်ပါတယ်။ ယနေ့ ပြည်တွင်းရွှေဈေးများ (အောက်တိုဘာ 18 ရက်) သီတင်းကျွတ်ကာလမှာ ရွှေအသင်းစျေးဆက်ဖွင့်နေပေမယ့် ကမ္ဘာ့ရွှေစျေး ဖျောက်ထားတာကို သတိပြုဖို့ လိုပါမယ်။

News

ရွှေကို အရန်ပိုင်ဆိုင်မှုအဖြစ် စုဆောင်းထားခဲ့ရင်

ရွှေဈေးဟာ လှိုင်းလိုသွားသတဲ့။ အနိမ့်မှာ ဝယ်။ ဝယ်တော့ တက်။ အမြတ်ပိုင်းပြန်ရောင်းတော့ ကျ။ ဒီလိုနဲ့လှိုင်းတွေ တလုံးပြီးတလုံး တလိမ့်လိမ့်ဆိုပါတော့ အခု 2024 ကမ္ဘာ့ရွှေဈေးကြ ထူးထူးခြားခြား တက်ပြီးရင်း တက်နေတာမှာ လက်ရှိတနှစ်ထဲတင် စံချိန်တင် အမြင့်မှတ်ပေါင်း အကြိမ်(30) ( 30th new all-time high ) ရှိပါပြီတဲ့။ လှိုင်းလိုမသွားဘဲ လှေတံခါးလို ထောင်တက်နေတာ။ ခုလို လွန်လွန်ကဲကဲဈေးတက်ခြင်းဟာ ကမ္ဘာ့ဈေးကွက်မှာ ရွှေဝယ်ယူမှုသဘောထား paradigm ပြောင်းသွားပြီလား ယူဆစရာဖြစ်ပါတယ်။ လှိုင်းဆရာကြီး Elliott(1871-1948)တို့ခေတ်က ဝယ်လိုက် တက်လိုက်။ရောင်းလိုက် ပြန်ကျလိုက်နဲ့ ရွှေအရောင်းအဝယ်ဟာ အမြတ်အစွန်းအဓိက Profit-oriented Trading အဖြစ် လှိုင်းလိုသွားခဲ့ရာက … ဒီကနေ့မှာတော့ သိသာတဲ့ပြန်ကျခြင်းလို့ မမြင်ရဘဲ လှေခါးလိုထောင်တက်နေတဲ့ ရွှေဈေးဟာ […]