မိမိတို့ဝင်ငွေထဲမှ ပံ့သကူစွန့်မည့်ငွေကို သီးသန့်ဖယ်ထားပါ။ ညအိပ်ခါနီးအချိန်တွင် “နမောတေ”ဂါထာ(၇)ခေါက်ရွတ်ပြီးသိမ်းထားပါ။ တနင်္လာနေ့မနက်စောစောတွင် လမ်းမှာပံ့သကူစွန့်ပေးပါ၊(ငွေကြေးအခက်အခဲများမှ ပြေလည်ကြပါစေ)ဟု စိတ်ထဲမှ ဆုတောင်း၍ ပံ့သကူစွန့်ပါ။ တစ်ပတ်လျှင်တစ်ကြိမ် ပြုလုပ်ပေးပါ၊ ငွေကြေးအကျပ်အတည်းမှ အဆင်ပြေစေပါတယ်။ နမောတေ ဗုဒ္ဓ ဝီရတ္ထု၊ ဝိပမုတ္တော သိ သဗ္ဗဓိ၊ သမ္ဗာဓပ္ပဋိ ပန္နောသမိ၊ တဿ မေ သရဏံ ဘဝ။ လုပ်ငန်းတွေ…အေးသွားပြီလား? လုပ်ငန်းလေးတွေ လုပ်ရင်းကိုင်ရင်း မိမိရောင်းနေကျ ဖောက်သည်တွေ ပြန်လာ မဝယ်တော့တာတွေ ကြုံဖူးကြ ပါလိမ့်မည်။ဒါ့အပြင် ပြင်ပအလုပ် လာအပ်သူတွေလည်း ဘာကြောင့်မှန်းမသိ နည်းသွားတယ် ကျဲပါးသွားတာ ၊အပြင်က ဝယ်နေကျမိတ်ဆွေတွေ ပျက်သွားခြင်းများအတွက် ကံပြန်ပွင့်အောင် ပြုလုပ်ရပါမည်။ ။ မူရင်းရေးသားသူ ဆရာ ကျော်ဘိုဘိုဟိန်းကို လည်း Credit ပေးပါသည်။ တန်ခိုးကြီး ဘုရားတစ်ဆူတွင်— […]
Day: October 9, 2024
ယနေ့ အောက်တိုဘာလ ၉ ရက်နေ့နောက်ဆုံးရ ဒေါ်လာစျေး၊ ရွှေစျေးနှုန်းများ
ဒီကနေ့မှာ ကမ္ဘာ့ရွှေစျေးနဲ့အတူ ပြည်တွင်းရွှေစျေး ကျဆင်းလာနေပေမယ့် ဒေါ်လာစျေး ပြန်တက်နေပါတယ်။ စျေးတန်းတွေက သိသိသာသာကြီး ပြောင်းလဲလာတာမျိုး မဟုတ်ဘဲ ပါပါးတက် ပါးပါးကျ ပုံစံပဲ ဆက်သွားနေပါတယ်။ အမေရိကန်ဒေါ်လာ 4600 – 4700 ဥရောပယူရို 4960 – 5100 ဗြိတိသျှစတာလင်ပေါင် 5920 – 6090 သြစတြေးလျဒေါ်လာ 3040 – 3130 ဂျပန်ယန်း 30.40 – 31.30 တောင်ကိုရီးယားဝမ် 3.40 – 3.50 အိန္ဒိယရူပီး 52.70 – 54.20 စင်ကာပူဒေါ်လာ 3450 – 3550 မလေးရှားရင်းဂစ် 1050 – 1090 တရုတ်ယွမ် 640 – 660 ထိုင်းဘတ် […]
ကမ္ဘာ့ရွှေဈေး တဟုန်ထိုးကျပြီး နှစ်ပတ်တာ အနိမ့်ဆုံးကို ရောက်လာ
ဒီနေ့ နှောင်းပိုင်းမှာ ထွက်ပေါ်လာမယ့် အမေရိကန်ဗဟိုဘဏ်ရဲ့အစည်းအဝေးမှတ်တမ်းကို စောင့်နေချိန်မှာပဲ ကမ္ဘာ့ရွှေဈေးဟာ နှစ်ပတ်တာ အနိမ့်ဆုံးကို တဟုန်ထိုး ကျဆင်းသွားပါတယ်။ စက်တင်ဘာ ၂၆ ရက်က တစ်အောင်စကို ၂၆၈၅ ဒေါ်လာအထိ စံချိန်တင် မြင့်တက်ခဲ့တဲ့ ကမ္ဘာ့ရွှေဈေးဟာ အခု အောက်တိုဘာ ၉ ရက်မှာတော့ တစ်အောင်စကို ၂၆၁၁ ဒေါ်လာအထိ ထိုးကျနေပါတယ်။ ကမ္ဘာ့ရွှေဈေး တရကြမ်း ပြုတ်ကျနေချိန်မှာ ဆန့်ကျင်ဘက် ဖြစ်တဲ့ အမေရိကန်ဒေါ်လာကတော့ နှစ်လအတွင်း အမြင့်ဆုံးကို ရောက်လာပြီး ဒေါ်လာအတက်မှာ ဒေါ်လာနဲ့ ဈေးဖြတ်တဲ့ရွှေကို ဝယ်လိုအား နည်းသွားပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေဟာ ဒီနေ့ညပိုင်းမှာ ထုတ်ပြန်လာမယ့် အမေရိကန်ဗဟိုဘဏ် အစည်းအဝေးမှတ်တမ်းနဲ့ အမေရိကရဲ့ စာသုံးသူညွှန်းကိန်း၊ ကုန်ထုတ်လုပ်မှုညွှန်းကိန်းတွေကိုလည်း စောင့်ကြည့်နေကြပါတယ်။ အခုလို ကမ္ဘာ့ရွှေဈေး တဟုန်ထိုး ခုန်ဆင်းလာပေမဲ့ မြန်မာပြည်တွင်းက […]
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်းများ ( အောက်တိုဘာ ၉)
ဒေါ်လာ အပါအဝင် ငွေလဲနှုန်းတွေ ပြန်တက်လာနေပြီး အတက်ကို ပြန်ဦးတည်နေပြီလို့ မှန်းဆရပါတယ်။ အရွက်လိုချင်သူတွေကတော့ အောက်ပါစျေးတွေထက် ပိုပေးရပါလိမ့်မယ်။ ယနေ့ နိုင်ငံခြားငွေလဲနှုန်းများ (အောက်တိုဘာလ ၉ ရက်) -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၄၇၀၀ ကျပ် ဝယ်ဈေး – ၄၆၀၀ ကျပ် -ယူရို ရောင်းဈေး – ၅၁၅၀ ကျပ် ဝယ်ဈေး – ၄၉၈၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၁၁၀၀ ကျပ် ဝယ်ဈေး – ၁၀၇၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၆၇၀ ကျပ် ဝယ်ဈေး – ၆၆၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး – ၃၁.၂၅ […]
ယနေ့ ပြည်တွင်းရွှေစျေးများ ( အောက်တိုဘာ ၉)
ကမ္ဘာ့ရွှေစျေး ထိုးကျလာနေတဲ့နောက် မနေ့က ကျပ် ၁ သိန်းနီးပါး တက်သွားတဲ့ ပြည်တွင်းရွှေစျေး ပြန်ကျဆင်းလာပါတယ်။ ယနေ့ ပြည်တွင်းရွှေဈေးများ (အောက်တိုဘာ ၉ ရက်) -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၆၁၈ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၅၃၉၁၆၆၇ ကျပ် ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၆၃၅၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၁၅၀၀၀၀ ကျပ်
ဒေါ်လာ အတက်၊ ရွှေ အကျ ဖြစ်လာပြန်တဲ့ ကမ္ဘာ့ဈေးကွက်သတင်း
ဒီရက်ပိုင်းအတောအတွင်း နိုင်ငံတကာမှာ အမေရိကန်ဒေါ်လာတန်ဖိုး ကျစ်လစ်အားကောင်းလာတဲ့အတွက် ဒေါ်လာနဲ့ ဆန့်ကျင်ဘက်က ကမ္ဘာ့ရွှေဈေးက အကျကို ပြန်ဦးတည်နေပါတယ်။ ဈေးကွက်လားရာနဲ့ ပတ်သက်လို့ ရင်းနှီးမြှုပ်နှံသူတွေက အမေရိကန်ဗဟိုဘဏ် အစည်းအဝေးမှတ်တမ်းတွေ နဲ့ အမေရိကရဲ့ စီးပွားရေးရေချိန်ပြ အချက်အလက်တွေကို စောင့်ကြည့်နေကြပါတယ်။ ဒီနေ့ အောက်တိုဘာ ၈ ရက် အင်္ဂါနေ့ ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၂၆၃၉ ဒေါ်လာနဲ့ ဝ.၂ % ကျနေပြီး အမေရိကန်ရွှေကြိုပွိုင့်ဈေးကလည်း ဝ.၃ % ကျပြီးတော့ ၂၆၅၈ ဒေါ်လာဝန်းကျင် ရှိနေပါတယ်။ ကမ္ဘာ့ရွှေဈေး ကျလာပေမဲ့ နိုင်ငံတကာငွေကြေးဈေးကွက်မှာတော့ အမေရိကန်ဒေါ်လာညွှန်းကိန်းက ၇ ပတ် နီးပါးအတွင်း အမြင့်ဆုံးနားမှာ ရှိနေပါတယ်။ ဒါက နိုင်ငံတကာ ဒေါ်လာဈေးကွက်နဲ့ ရွှေဈေးကွက်အခြေအနေ ဖြစ်ပြီး မြန်မာပြည်တွင်းမှာတော့ ဒေါ်လာက ဈေးနည်းနည်း […]





