News

ဒေါ်လာ (၃၈၅) သန်းကျော်၊ ဘတ် (၅၆၈) သန်းကျော် ရောင်းချထားတဲ့ဗဟိုဘဏ်

အောက်တိုဘာလ (၂၁) ရက်တွင် ဗဟိုဘဏ်မှ ဒေါ်လာ(၂) သန်းကျော်နှင့် တရုတ်ယွမ်(၁)သန်းခွဲထုတ်ရောင်းပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။ ဗဟိုဘဏ်မှ FX Market Online Trading Platform မှတဆင့် တစ်ဒေါ်လာ ၃၅၅၆ ကျပ်ဖြင့် ဒေါ်လာ ၂ ဒသမ ၂၀၃ သန်းနှင့် တစ်ယွမ် ၅၂၂ ကျပ်ဖြင့် တရုတ်ယွမ် ၁ ဒသမ ၅၅၅ သန်း ထုတ်ရောင်းပေးထားခြင်းဖြစ်သည်။ ယခုတစ်ကြိမ် ထပ်မံထုတ်ရောင်းပေးမှုအပါအဝင် ဩဂုတ်လ (၁) ရက်မှ အောက်တိုဘာ (၂၁) ရက်အထိ နှစ်လခွဲကျော်အတွင်း ဒေါ်လာ (၃၈၅)သန်းကျော်အထိ ထုတ်ရောင်းပေးခဲ့ပြီဖြစ်သည်။ အလားတူကာလအတွင်းမှာ ထိုင်းဘတ် (၅၆၈) သန်းကျော် နှင့် တရုတ်ယွမ် (၃၂) သန်းခွဲခန့် […]

News

ပြန်တက်နေကြတဲ့ ယနေ့ အောက်တိုဘာ (၂၂) ရက် အင်္ဂါနေ့ နောက်ဆုံးရ ဒေါ်လာနဲ့ ရွှေဈေးနှုန်းများ

တက်ညီလက်ညီ ပြန်တက်နေကြတဲ့ ယနေ့ အောက်တိုဘာ (၂၂) ရက် အင်္ဂါနေ့ နောက်ဆုံးရ ဒေါ်လာနဲ့ ရွှေဈေးနှုန်းများ ပြည်တွင်းမှာ ရွှေစျေးတွေ ပြန်တက်နေပြီး ဒေါ်လာစျေးလည်း အနည်းငယ် တက်ရိပ်ပြနေပါတယ်။

News

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်းများ (အောက်တိုဘာ 22 ရက်၊ အင်္ဂါနေ့)

ဗဟိုဘဏ် ကြေညာချက်အပြီး ပြန်ကျလာတဲ့ ဒေါ်လာစျေးဟာ ဒီကနေ့မှာ ပြန်တက်လာပါတယ်။ လက်ရှိ ဒေါ်လာ အတက်အကျဟာ လက်ကြီးသမားတွေအတွက်ပဲ ထိရောက်မှုရှိမှာဖြစ်ပြီး ကျောင်းစရိတ်၊ ခရီးသွားဖို့ ဝယ်ယူသူတွေအတွက် သက်ရောက်မှု ကြီးမားနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အရောင်းအဝယ်လုပ်ရာမှာ စျေးတက်ပြီ စျေးကျပြီဆိုတဲ့ ကောလဟာလတွေကို မြောမသွားဖို့ လိုအပ်ပါမယ်။ ယနေ့ နိုင်ငံခြားငွေလဲနှုန်းများ (အောက်တိုဘာလ 22 ရက်)

News

ရွှေအသင်းစျေး၊ ပြင်ပရွှေစျေး အားလုံးတက်တဲ့ ယနေ့ ပြည်တွင်းရွှေစျေးများ ( အောက်တိုဘာ ၂၂)

ကမ္ဘာ့ရွှေစျေးနဲ့အပြိုင် ရွှေအသင်းစျေးကော ပြင်ပရွှေစျေးပါ ပြန်တက်လာနေပါတယ်။ ယနေ့ ပြည်တွင်းရွှေဈေး (အောက်တိုဘာ – 22 ရက်) -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၇၂၈ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၅၆၀၂၉၂၃ ကျပ် ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၆၄၀၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၀၀၀၀၀၀ ကျပ်

News

ရွှေအသင်းစျေး ၅၅ သိန်းကျော်သွားပြီး ဗဟိုဘဏ် ဒေါ်လာ ၃၅ သန်းကိစ္စ ကြေညာခြင်း

ဒေါ်လာ‌-ကျပ် ‌ငွေလဲနှုန်းဈေး ပြန်ကျနေပေမဲ့ ကမ္ဘာ့ရွှေဈေးတက်လို့ ရွှေအသင်းရဲ့ ရွှေရည်ညွှန်းဈေးက တကျပ်သားကို ကျပ် ၅၅ သိန်းကျော်အထိ မြင့်တက်လာပါတယ်။ ဒီနေ့ ကမ္ဘာရွှေ တအောင်စကို ဒေါ်လာ ၂၇၀၀ ကျော်အထိ အတက်မှာ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်အသင်း YGEA ရဲ့ သတ်မှတ်ရွှေဈေးက တကျပ်သားကို ၅၅၄၁၅၁၀ ကျပ်ထိ မြင့်တက်လာပါတယ်။ ပြီးခဲ့တဲ့ရက်က အသင်းဈေးဟာ ကျပ် ၅၄ သိန်းအထက်မှာပဲ ရှိခဲ့တာဖြစ်လို့ တရက်အတွင်း ကျပ် ၁ သိန်းကျော် ထိုးတက်လာတာ ဖြစ်ပါတယ်။ ပြင်ပရွှေဈေးကလည်း ကျပ် ၆၂ သိန်း ဝန်းကျင်မှာ ရှိရာကနေ ကျပ် ၆၃ သိန်းခွဲဝန်းကျင်အထိ တက်ရိပ်ပြလာပါတယ်။ ရွှေအသင်းဟာ နိုင်ငံတကာ ရွှေဈေးကို ဗဟိုဘဏ်ရဲ့ ‌‌ဒေါ်လာသတ်မှတ်ဈေးနဲ့ တွက်ချက်ပြီး […]