News

ယနေ့ အောက်တိုဘာ (၃၁ )ရက် ကြာသပတေးနေ့ နောက်ဆုံးရ ဒေါ်လာနဲ့ ရွှေဈေးနှုန်းများ

ရွှေစျေးတန်း ဆက်ငြိမ်နေပေမယ့် ငွေလဲစျေးတွေကတော့ ပြန်ကျလာနေပါတယ်။ အမေရိကန်ဒေါ်လာ 4450 – 4550 ဥရောပယူရို 4780 – 4920 ဗြိတိသျှစတာလင်ပေါင် 5710 – 5870 သြစတြေးလျဒေါ်လာ 2900 – 2980 ဂျပန်ယန်း 28.75 – 29.55 တောင်ကိုရီးယားဝမ် 3.20 – 3.30 အိန္ဒိယရူပီး 52.30 – 53.70 စင်ကာပူဒေါ်လာ 3330 – 3420 မလေးရှားရင်းဂစ် 1005 – 1035 တရုတ်ယွမ် 620 – 635 ထိုင်းဘတ် 130.70 – 134.25 ယနေ့ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် ကျပ် 6400,000 – 6500,000 […]

News

ဆက်တိုက် ပြန်ကျလာတဲ့ ထိုင်းဘတ်၊ ဒေါ်လာနဲ့ ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်းများ ( အောက်တိုဘာ ၃၁၊ ကြာသပတေးနေ့)

ငွေကြေးစျေးကွက်မှာတော့ ထိုင်းဘတ်နဲ့ ဒေါ်လာစျေးတွေ ထပ်မံ ကျဆင်းလာပါတယ်။ ယနေ့ နိုင်ငံခြားငွေလဲနှုန်းများ (အောက်တိုဘာလ 31 ရက်) -အမေရိကန်ဒေါ်လာ‌ ရောင်းဈေး – ၄၅၅၀ ကျပ် ဝယ်ဈေး – ၄၄၅၀ ကျပ် -ယူရို ရောင်းဈေး – ၄၉၁၅ ကျပ် ဝယ်ဈေး – ၄၇၈၅ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၁၀၃၅ ကျပ် ဝယ်ဈေး – ၁၀၀၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၆၃၅ ကျပ် ဝယ်ဈေး – ၆၂၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး – ၂၉.၅၃ ကျပ် ဝယ်ဈေး – ၂၈.၇၆ ကျပ် […]

News

ရွှေအသင်းစျေး စံချိန်သစ်ရောက်တဲ့ ယနေ့ မနက်ပိုင်း ပြည်တွင်းရွှေစျေးများ ( အောက်တိုဘာ ၃၁ ရက်၊ ကြာသပတေးနေ့)

ကမ္ဘာ့ရွှေစျေး ဆက်တက်နေဆဲဖြစ်သလို ရွှေအသင်းစျေး စံချိန်သစ်အဖြစ် ၅၇ သိန်း အထက်ထိ ထိုးတက်လာပါတယ်။ ယနေ့ ပြည်တွင်းရွှေဈေး (အောက်တိုဘာ – 31 ရက်) -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၇၈၅ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၅၇၁၄၉၆၈ ကျပ် ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၆၅၀၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၁၀၀၀၀၀ ကျပ်

Knowledge

သူများဆီကပိုက်ဆံချေး ပြီးပြန်မဆပ်ချင်တဲ့သူများလိုက်နာကျင့်သုံးရမယ့် အချက်များ

သူများဆီကပိုက်ဆံချေးထားတဲ့သူတွေလိုက်နာကျင့်သုံးရမယ့် အချက်၁၃ချက် (၁)ပိုက်ဆံချေးမယ်ဆိုရင်ချေးမယ်လို့ပဲပြောလိုက်ပါ။ဖြစ်ကြောင်းကုန်စဉ်ကိုဇာတ်စုံခင်းပြမနေပါနဲ့။ ကြာပါတယ်။မဟုတ်လည်းချေးမှာပဲကိုဆိုတော့မရှိလို့ပဲ ချေးချေး၊လက်လွန်နေလို့ပဲလှည့်လှည့်ပိုက်ဆံချေးတာဟာချေးတာပါပဲ။ (၂)ပိုက်ဆံတစ်ရာနှစ်ရာမှသည်တစ်သိန်းနှစ်သိန်းအထိပိုက်ဆံဟာပိုက်ဆံပါပဲ။အချေးခံရတဲ့သူကဘာမှမရှိလို့ပြန်မတောင်းရင်ဒါမှမဟုတ်မသိချင်ယောင်ဆောင်နေရင်တောင်ချေးတဲ့သူကအလိုက်တသိနဲ့သေချာပြန်ပေးရပါမယ်။ (၃)ဖြစ်နိုင်ရင်တော့ဘယ်သူမှချေးရတာရော၊ချေးပေးတာရောကိုမလုပ်ချင်ကြပါဘူးချေးလာတဲ့သူရှိလို့သာအားနာပြီးချေးပေးကြရတာဖြစ်တဲ့အတွက်ဒီကိစ္စမှာလုံးလုံးလျားလျားတာဝန်ရှိသူဟာလာချေးသူပါပဲ။ (၄)ပိုက်ဆံချေးတဲ့အခါပေါက်ကရလေးဆယ်တွေကိုရွှန်းရွှန်းဝေအောင်လျှောက်မပြောပါနဲ့ကိုယ်ချေးချင်တဲ့ပမာဏ၊ချေးထားမယ့်ကာလ၊ ပြန်ဆပ်မယ့်အချိန်နဲ့ ပြန်ဆပ်မယ့်ပုံစံကိုသာလိုတိုရှင်းပြောပါ (၅)ကိုယ်ပစ်မှတ်ထားပြီးပိုက်ဆံချေးလိုက်တဲ့သူဟာကိုယ်ချေးချင်သလောက်ရှိတဲ့သူဖြစ်ချင်မှဖြစ်ပါမယ်။သူကမရှိဘူးလို့ ပြောရင်အဲ့ဒါကိုအတည်ပဲမှတ်ပါ။အားနာပြီးစိတ်ရှုပ်ရအောင် ထပ်ပြီးနားမပူပါနဲ့ကိုယ်လိုချင်သလောက်မရဘဲသူပေးနိုင်သလောက်သာပေးရင်လည်းထိုနည်းအတူပါပဲ။ရသလောက်သာချေးပါ။ (၆)အရေးကြီးဆုံးအချက်ပါ။သေချာပြန်ဆပ်ရပါမယ်။ကိုယ်ကတိပေးထားတဲ့အချိန်မှာသေချာပေါက်ကိုပြန်ဆပ်ရပါမယ်အကြောင်းတစ်ခုခုကြောင့်ကြန့်ကြာနေရင်တောင်ကိုယ်ကဦးအောင်ဆက်သွယ်ပြီးရှင်းပြရပါမယ်။ပြန်ဆပ်မယ့်အချိန်ကို ထပ်ပြောရပါမယ်။ (၇)ချေးတုန်းကချေးပြီးပြန်ဆပ်ချိန်ရောက်မှအတိတ်မေ့သလိုရွှေပျောက်သလိုအူကြောင်ကြောင်လုပ်တာဟာပိုက်ဆံချေးပေးမိတဲ့သူရဲ့နောင်တတရားနဲ့လူသတ်ချင်စိတ်ကိုဒွန်တွဲပြီးဖြစ်ပေါ်စေပါတယ်။လုံးဝမလုပ်ပါနဲ့ (၈)ချေးတုန်းကတောင်သတိတရနဲ့သေတော့မတတ်ဖုန်းဆက်ပြီးချေးသေးရင်ပြန်ဆပ်ရမယ့်အခါလည်းမေ့မနေပါနဲ့ရူးချင်ယောင်ဆောင်ပြီး ဖုန်းပိတ်တာတွေ၊မကိုင်တာတွေ၊seenဖြစ်ပြီးreplyမလာတာတွေဟာအင်မတန်မှကိုလူဝါးဝရာကျပါတယ်။ (၉)အဆိုးဆုံးကကိုယ့်ပိုက်ဆံကိုယ်ပြန်တောင်းတဲ့သူကိုရန်သူလိုသဘောထားပြီးရင့်ရင့်သီးသီးဆက်ဆံတာနဲ့မျက်ရည်ခံထိုးပြီးပြန်တောင်းတဲ့သူကိုချစ်တီးလို့တစ်လောကလုံးကထင်အောင်ဇာတ်နာပြတာပါပဲ။ (၁၀)သူပြန်တောင်းတဲ့အထိစောင့်မနေပါနဲ့။ကိုယ်ပေးတဲ့ထားတဲ့ကတိထက်ပိုစောပြီးဆပ်နိုင်လေကောင်းလေပါပဲမြန်မြန်ရရင်မြန်မြန်ဆပ်ပါ။သူမေးလာတဲ့အထိစောင့်မနေပါနဲ့။ တခါတလေသူတို့ကမမေ့ပါဘူးကိုယ့်မြင်ကတည်းကသူတို့ပိုက်ဆံကိုတန်းသတိရပါတယ်။အားနာလို့သာမေ့ချင်ယောင်ဆောင်နေကြတာပါ။လူလိုနားလည်ပါ။ (၁၁)ပိုက်ဆံချေးပြီးပြန်မဆပ်ချင်ကြတဲ့သူတွေရဲ့အကျင့်ဆိုးတစ်ခုကတော့ချေးမိတဲ့သူရဲ့ အားနာတတ်တဲ့စိတ်ကိုချနင်းတာပါပဲတော်တော်ယုတ်ညံ့တဲ့စိတ်ပါ။ဆိုတော့ချေးပေးမိတဲ့သူတွေကအားမနာကြပါနဲ့။အချိန်တန်ရင်ကိုယ့်ပိုက်ဆံကိုပြန်တောင်းပါ (၁၂)တကယ်တော့ကိုယ့်ကိုပိုက်ဆံချေးပေးတဲ့သူဆိုတာအိမ်ဦးခန်းမှာထားပြီးရွှေချထားရမယ့်သူမျိုးတွေပါ။အဲ့လိုလူမျိုးကမ္ဘာပေါ်မှာသိပ်များများစာစားမရှိပါဘူးကိုယ့်ကိုတကယ်ခင်လို့၊စာနာလို့၊အားနာလို့၊ချစ်လို့သူ့ရဲ့ရှိစုမဲ့စုလေးထုတ်ပြီးချေးပေးတာဖြစ်ပါတယ် (၁၃)ကတိတည်ရပါမယ်မဟုတ်ရင်တစ်ခါပဲရပါမယ်။ကတိတည်လိုက်ရင် နောင်လည်းလိုတဲ့အခါရနိုင်ပါမယ်။မဟုတ်ရင်တော့ကမ္ဘာပေါ်ကအကောင်းဆုံးသောမိတ်ဆွေတစ်ယောက်ကိုကိုယ်တိုင်ဖျက်ဆီးလိုက်သလိုဖြစ်သွားပါလိမ့်မယ်။အရမ်းနှမြောဖို့ကောင်းပါတယ်ဆိုတော့ပိုက်ဆံချေးပြီးရင်အသေအချာပြန်ဆပ်ကြပါ