ၾကားသိရသမွ်

ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံရဲ့ သတင်းအမှားများနဲ့ပတ်သက်ပြီး

ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံရဲ့ သတင်းအမှားများနဲ့ပတ်သက်ပြီး သရုပ်ဆောင်ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံရဲ့ သတင်းအမှားများနဲ့ပတ်သက်ပြီး ဖြန့်ဝေခြင်းမပြုကြဖို့ မိသားစုဝင်တွေက မေတ္တာရပ်ခံလာပါတယ်။ ပြီးခဲ့တဲ့ ၄ လ ပိုင်း(ဧပြီ ၉ ရက်နေ့) က နေအိမ်မှာဖမ်းဆီးခြင်းခံလိုက်ရတဲ့ ၎င်းတို့နှစ်ဦးကို လက်ရှိမှာပြန်လည်လွတ်မြောက်နေပြီဆိုတဲ့ သတင်းတွေအပြင် ခံဝန်လက်မှတ်ထိုးပြီးလွှတ်မြောက်ဖို့ညှိနှိုင်းမှုကို ငြင်းဆန်တယ်ဆိုတဲ့ ကောလဟလသတင်းအမှားတွေ ပြန့်နေတာပါ။ အိန္ဒြာကျော်ဇင်ရဲ့ အစ်မဖြစ်သူ ဒီဇိုင်နာအိကျော်ဇင်ကလည်း ကာယကံရှင်မိသားစုကို ထိခိုက်နစ်နာစေပြီး အပြင်မှာကျန်ရှိနေတဲ့ သားသမီးများကို ငဲ့ညှာခြင်းအားဖြင့် ကူညီပေးကြဖို့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မေတ္တာရပ်ခံထားတာလည်း တွေ့ရပါတယ်။ နွေဦးတော်လှန်ရေးတိုက်ပွဲ ကာလစတင်ကတည်းက ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံဟာ စစ်ကောင်စီကို ဆန္ဒထုတ်ဖော်ခဲ့ကြသူတွေဖြစ်တာကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(က)နဲ့ တရားစွဲဖမ်းဆီးခြင်းခံရသည်မှာ ၆ လ တိုင်ကြာခဲ့ပြီး ပြန်လည်လွတ်မြောက်ခြင်းမရှိသေးပေ။ Credi ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့ […]

ကြားသိရသမျှ

မြန်မာစကားပြောတတ်သူမရှိတဲ့ရွာလေးမှာ နေထိုင်ရတဲ့ အတွေ့အကြုံ အဖြစ်အပျက်ကို ပြောပြလာတဲ့ ထားထက်ထက်

မြန်မာစကားပြောတတ်သူမရှိတဲ့ရွာလေးမှာ နေထိုင်ရတဲ့ အတွေ့အကြုံ အဖြစ်အပျက်ကို ပြောပြလာတဲ့ ထားထက်ထက် ဖုန်းပြောချင်ရင် အပေါ်ထပ် ဒီအခန်းထောင့်လေးကနေတက်ပြောရတယ်… ရွာကလဲ အရေးအကြောင်းဆိုဒီနေရာလေး အထိ လာပြောရတာပဲ ဖုန်းလိုင်းမမိ ၊ မြန်မာစကားပြောတတ်သူ လက်ချိုးရေလို့ရတဲ့ရွာကလေး တခုကိုရောက်ခဲ့ချိန် အိမ်ရှင် အမ က ကျွန်မ ဖုန်းသုံးဖို့ နေရာလေး ညွှန်ပြပြီး ပြောခဲ့တဲ့ စကားလေးပါ… ညစာ စား ဖို့ ပြင်ဆင်ကြချိန် မြန်မာစကားတတ်တဲ့ခရစ်ယာန်သင်းအုပ်ဆရာရဲ့အမျိုးသမီးက သူ့ရဲ့အိမ်နီးချင်းဖြစ်တဲ့ ကရင်တိုင်းရင်းသူ အမ နဲ့ အတူတူထိုင်ရင်း ကျွန်မကို ပြောပြတယ်….. သူ(အိမ်နီးချင်းအမ) က မြန်မာစကား မပြောတတ်ဘူး။ တတ်လဲ မတတ်ချင်ဘူး။ မသင်ချင်ဘူးတဲ့ ဘာလို့လဲ ဆိုတော့ သူအသက် ၁၀ နှစ်သမီးလောက်က စစ်ဘေးရှောင်တဲ့ ဒုက္ခတွေကို ကိုယ်တွေ့ကြုံခဲ့ရတယ်… တော်တော်ပင်ပန်းတဲ့ […]

ၾကားသိရသမွ်

အင်ဒိုနီးရှားနိင်ငံမှာ မွေးမိခင်ကို စော်ကားပြစ်မှား၍ ကျိန်စာသင့်ပြီး လူရော၊ သင်္ဘောရော ကျောက်ခဲဖြစ်သွားခဲ့တဲ့(ဖြစ်ရပ်မှန်)

မိခင်ကိုစော်ကား၍ ကျောက်ရုပ်ဖြစ်သွားသူ (တကယ့်ဖြစ်ရပ်မှန်) အင်ဒိုနီးရှားနိင်ငံမှာ မွေးသမိခင်ကို စော်ကားပြစ်မှား၍ ကျိန်စာသင့်ပြီး လူကော သင်္ဘောကော ပစ္စည်းများအပါအဝင် ကျောက်ခဲဖြစ်သွားခဲ့တဲ့(ဖြစ်ရပ်မှန်)လေးကို လေ့လာဖတ်ရှုပြီးသကာလ သံဝေဂညာဏ် ရယူနိုင်ပါရန်ရည်ရွယ်ကာ တင်ပေးလိုက်ပါ၏ ။ ဒီအဖြစ်ကတော့လွန်ခဲ့တဲ့နှစ်ပေါင်း (၄၀) ကျော်ကျော်ကဖြစ်ရပ်လို့ သိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းအနောက်ဘက်က Padang ဆိပ်ကမ်းနဲ့သိပ်မဝေးတဲ့နေရာမှာ ခုထိရှိနေဦးမယ့် လေ့လာစရာနေရာတစ်ခုပါ။ ဒီလူနာမည်ကိုတော့ Marlin Kundang လို့ သိရပါတယ်။Kundang ကိုဘယ်မှာမွေးဖွားတယ်ဆိုတာတော့အတိအကျမသိပေမယ့်၊ငယ်စဉ်တည်းကမိခင်နဲ့သားအမိ နှစ်ယောက်သာရှိခဲ့ပါတယ်၊ ဖခင်ဆုံးပါးပြီးနောက်မှာ လူမမယ် kundang ကို မိခင်က ကျွေးမွေးပြုစုစောင့်ရှောက် လာခဲ့ရပါတယ်။ မိခင် က ခေါင်းရွက်ဗျက်ထိုး ဈေးရောင်းတဲ့အခါ အရပ်တကာလှည့်ရင်း kundang ကိုလက်ဆွဲခေါ်သွားရပါတယ်။ ဖတဆိုးသားကို ချစ်လွန်းလို့ မဆူရက်မပြောရက်နဲ့။ ဒီလိုနဲ့ kundang အရွယ်ရောက်လာတဲ့အခါမှာ တနယ်တကျေးမှာ အလုပ်သွားလုပ်ဖို့ […]

ၾကားသိရသမွ်

ညသန်းခေါင် ၁နာရီကျော်ကျော်လောက် တရေးနိး အပြင်ထွက်ကြည့်လိုက်သောအခါ

အသက် ၉၀ အေမ ဟင် ..အေမ ဘာလုပ်မလို့လဲ ည သန်းကောင်၁နာရီကျော်ကျော် လောက်တရေးနိး အပြင်ထွက်လာတဲ့ မလဲ့ ..အေမ့ကို ထမင်းဝိုင်းမှာ ကုန်းကွကွ မြင်လိုက်ရတယ်။ အေမ ဗိုက်ဆာလို့ ထမင်းစားမလို့ . ထမင်းအုပ်ဆောင်းဖွင့်လျက်သား တန်းလန်းနဲ့အမေကဖြေပါတယ်။ အော်ဟုတ္လားလဲ့ဝင်းပြင်ပေးမယ်အမေ။ညနေထဲက ဖယ္ထားတဲ့ ငါးဘတ်မွှေဟင်းငါးပိရည်ချိုပန်းကန် ခဝဲသီးဂျော်ဂျက်ရောင်ဟင်းရည်ပုဂံကို အမေ့အရှေ့တိုးပေးလိုက်တယ်။ညနေက ဝယ္ထားတဲ့ မုန့်ဟင်းခါး နဲ့ဟင်းရည်ကို နောက်နားမှာခပ်ရှိုရှို ပို့ထားလိုက်တာ .. ငါ မုန့်ဟင်းခါးပဲစားမယ် ငါ့ကိုမုန့်ဟင်းခါးပဲပေး မုန့်ဟင်းခါးက ဘယ်အချိန်ထဲကချက်ထားတာလဲမသိဘူး အမေရဲ့အမေဝမ်းနူး နေအုန်းမယ် ရာသီကလဲပူတယ်ဆိုတော့ .. မလဲ့စကားမဆုံးသေးခင်မှာပဲ အေမ မုန့်ဟင်းခါး ဖတ်ထဲဟင်းရည် ထည့်ပီး စားနေပါပီ။ မကြီး အေမက ည ည ဗိုက်ဆာတယ်ဆိုပီး တရေးနိုးထထ ပီးစားတယ် စားရင်လဲ […]

ၾကားသိရသမွ်

ရန်သူဆိုတာ ယုတ်မာမှာမို့ကျုပ်တို့တွေက သန်မာရလိမ့်မည် ဆိုကာ သွေးခွဲလဲမကွဲလို့ပြောလာ

ရန်သူဆိုတာ ယုတ်မာမှာမို့ကျုပ်တို့ တွေက သန်မာရလိမ့်မည် ဆိုကာ သွေးခွဲလဲမကွဲလို့ပြောလာ ရန်သူဆိုတာ ယုတ်မာ မှာမို့ကျုပ်တို့တွေက သန်မာရလိမ့်မည် စစ်အာဏာရှင်တိုင်းက သိပ်ပြီး ယုတ်မာ ကောက်ကျစ်ကြတယ် သွေးခွဲပြီးအုပ် ချုပ်တတ်တဲ့ သူတို့ရဲ့ ပုံသေ နည်းကို သိထားပြီး.. ဘာအကြောင်းကြောင်းနဲ့မှ ပြည်သူတွေ သွေးမကွဲဖို့လိုတယ်။ သွေးခွဲလဲ မကွဲ ပညာ အသိ အမြဲရှိ ကျရာ နေရာပါဝင်ကာဒီအရေး နိုင်ဖို့အတွက်သွေးစည်းကြပါစို့ အရေးတော်ပုံ အောင်ရမည်ဟု ကိုမင်းကိုနိုင်ပြောကြားခဲ့ပါသည် Ref  myanmarcelebrityclub  edition Zawgyi ရန္သူဆိုတာ ယုတ်မာမှာမို့ကျုပ်တို့တွေက သန်မာရလိမ့်မည် စစ်အာဏာရှင်တိုင်းက သိပ်ပြီး ယုတ်မာ ကောက်ကျစ်ကြတယ် သွေးခွဲပြီးအုပ်ချုပ်တတ်တဲ့ သူတို့ရဲ့ ပုံသေနည်းကို သိထားပြီး ဘာအကြောင်းကြောင်းနဲ့မှ ပြည်သူတွေ သွေးမကွဲဖို့လိုတယ်.. သွေးခွဲလဲ မကွဲ ပညာ […]

ကြားသိရသမျှ

သူနာပြုနှင့်သားဖွားသင်တန်းကျောင်း နောက်ဆုံးနှစ်ကျောင်းသူများကို မဖြစ်မနေ ကျောင်းပြန်တက်ရန် ဖုန်ဆက်ခေါ်နေ

သူနာပြုနှင့်သားဖွားသင်တန်းကျောင်း နောက်ဆုံးနှစ်ကျောင်းသူများကို မဖြစ်မနေ ကျောင်းပြန်တက်ရန် ဖုန်ဆက်ခေါ်နေ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ တာဝန်ရှိသူများက နောက်ဆုံးနှစ်ကျောင်းသူများအား မဖြစ်မနေ တစ်ပတ်ခန့် ကျောင်းပြန်တက်ပြီး စာမေးပွဲဖြေဆိုရန် ဖုန်းဆက်အကြောင်းကြားထားကြောင်း ပုသိမ်သူနာပြုနှင့်သားဖွားသင်တန်းကျောင်း ကျောင်းသားများသမဂ္ဂ၏ အဖွဲ့ဝင်တစ်ဦးကပြောသည်။ “နောက်ဆုံးနှစ်ကျောင်းသူတွေကို ဖုန်းဆက်ပြီးတော့ လှမ်းခေါ်နေတာ၊ ကျွန်မကတော့ ဖုန်းပြောင်းထားတာမို့ သူတို့ဆက်လို့မရဘူး။ သူငယ်ချင်းတွေပြန်ပြောကြတာ၊ ကျောင်းကဖုန်းဆက်တယ်ပေါ့။ အောက်တိုဘာလကျရင် ကျောင်းပြန်ဖွင့်မယ် ။ လာတက်ရမယ်။ တစ်လအတွင်း စာမေးပွဲဖြေရမယ်။ အဲဒီလိုပြောတယ်”ဟု သူနာပြုသင်တန်းကျောင်းသားဖွားနောက်ဆုံးနှစ် ကျောင်းသူတစ်ဦးကပြောသည်။ ကျောင်းသူအများစုမှာ CDMလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်နေကြပြီး ကျောင်းမတက်ကြရန် ဆန္ဒရှိ‌နေကြသည်ဟုဆိုသည်။ “အခုက နောက်ဆုံးနှစ်တွေကိုပဲ ခေါ်တာက အကြောင်းရှိတယ်လေ ။ ပထမ တစ်ဖြတ် စာမေးပွဲက ဖြေနေရင်းနဲ့ ရပ်သွားတာ၊ အခု အမြန်ခေါ်တက်ခိုင်းမယ်။ ပြီးရင် အကုန်အအောင်ပေးပြီးတော့ […]

ကြားသိရသမျှ

ဒေါက်တာငြိမ်းဘက်က ရပ်တည်ဖြေရှင်းလိုက်တဲ့ CDF Mindat တပ်ဖွဲ့ဝင်တစ်ဦး

ဒေါက်တာငြိမ်းက သိန်းထောင်နဲ့ချီပြီး မင်းတပ်ကို လှူတယ်။ လူ‌တွေထင်ထားတာထက် အများကြီး ပိုလှုပါတယ်။ ခုလိုချိန်မှာ အဖွဲ့အစည်းတစ်ခုက သူ့ရဲ့ ဝင်ငွေထွက်ငွေ စာရင်းဇယားနဲ့ အတိအကျကို ကိုယ့်သေတွင်းကိုယ်တူးပြီး လူထုကို ချပြမှာမဟုတ်ဘူး။ အခုဆို ဒေါက်တာငြိမ်းရဲ့ မိဘတွေပါ ဒုက္ခရောက်နေတာ အားလုံးအသိပါ။ အခုလို မဟုတ်မမှန် သတင်းမှားတွေနဲ့ စွပ်စွဲတဲ့လူ‌တွေအနေနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာရင် တာဝန်ယူမှာလား၊ တာဝန်ခံမှာလား သိချင်ပါတယ်။ ပြီးတော့လည်း စာရင်းဇယားတွေ မချပြတာကို အခွင့်ကောင်းယူပြီး.. အောက်ခြေကလူတွေမသိဘူးဆိုပြီး ပြဿနာလုပ်လို့မရပါဘူး။ အောက်ခြေက လူတစ်ဦးချင်းစီကတော့ စာရင်းဇယား‌တွေ သိမှာမဟုတ်ဘူး။ ကော်မတီက‌နေတဆင့် တိုက်နယ်၊ ပြီးမှ အုပ်စု၊ ကျေးရွာစသည်ဖြင့် အဆင့်ဆင့်ပြီးမှ လက်ခံသူဆီရောက်တာ။ သူတို့စားတဲ့ဆန်၊ ကုလားပဲ၊ စားစရာတွေ၊ သူတို့ရတဲ့ဓာတ်ဆီ၊ သူ့တို့ကိုကုတဲ့ဆေးဝါးတွေ၊ စောင်တွေ၊ အင်္ကျီတွေ၊ ရိက္ခာအမျိုးမျိုးတွေဟာ […]

ၾကားသိရသမွ်

ရှေ့တန်း စစ်မျက်နှာ မဟုတ်တဲ့ ဝါးချွန် အဆင့်မြင့် လုံခြုံရေး တာဝါတိုင် ဒိုင်းကာ

ရှေ့တန်း စစ်မျက်နှာ မဟုတ်တဲ့ ဝါးချွန် အဆင့်မြင့် လုံခြုံရေး တာဝါတိုင် ဒိုင်းကာ မြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့ စစ်အုပ်စုပိုင် Mytel တာဝါတိုင်တွေ ဖော က်ခွဲ ဖျ က်ဆီ းခံရအပြီးမှာ စစ်အုပ်စုက သူတို့ရဲ့ တာဝါတိုင်တွေ လုံခြုံရေးအတွက် ကျေးရွာဒေသခံတွေကို အစောင့်ချတာ မြေမြုပ်မို င်းတွေ တပ်စင်တာတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ဒီကနေ့မှာတော့ Mytel တာဝါတိုင်တစ်ခုကို လုံခြုံရေးအဆင့်မြှင့်တင်ပြီး ကာကွယ်ထားတဲ့ ဓာတ်ပုံအချို့ ထွက်ပေါ်လာခဲ့ပါတယ်။ ရှေးမြန်မာမင်းများ လက်ထက်ကကဲ့သို့ ဝါးချွန်တွေနဲ့ ခံတပ်ပုံစံ ကာရံထားတဲ့ တာဝါတိုင်ခြံစည်းရိုးဟာ ခေတ်မှီမြန်မာ့တပ်မတော်ဆိုတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်အုပ်စုလုံခြုံရေးချထားနိုင်မှုကို မြင်တွေ့နေရပါတယ်။ Mytel တာဝါတိုင်တွေအချို့မှာ မြေမြု ပ်မို င်းတွေ တပ်စင်ခဲ့တာမှာလည်း တာဝါတိုင်ပြုပြင်ဖို့ လာရောက်ခဲ့တဲ့ Mytel မိုင်တဲဝန်ထမ်းတစ်ဦး […]

ၾကားသိရသမွ်

အထူးဂရုစိုက်သတိရှိကြပါနော် – သိန်း ၃၀ အလိမ်ခံလိုက်ရတဲ့ ငွေလိမ်နည်းအသစ်

အထူးဂရုစိုက်သတိရှိကြပါနော် – သိန်း ၃၀ အလိမ်ခံလိုက်ရတဲ့ ငွေလိမ်နည်းအသစ် အထူးဂရုစိုက်သတိရှိကြပါနော် ဒီနေ့ စစ်ကိုင်းဘက်က လူတစ်ယောက် ကျနော့်ရုံးကိုရောက်လာတယ်။ငွေလွှဲလက်ခံသူဖုန်းလိုချင်လို့ ဝေ့ရုံးဘက်ကိုမေးပေးဖို့ အကူအညီတောင်းခံလာတယ်။ကျနော်လဲ ပြသာနာတစ်စုံတစ်ရာတော့ ရှိနေပြီ ထင်လို့ မေးကြည့်လိုက်တယ်။ သူ့တူမတစ်ယောက်အလိမ်ခံရလို့ပေါ့ အလိမ်ခံရတယ်ဆိုတာထက် ဓားစာခံ သဘောမျိုးပါ။ကောင်မလေးကို အမျိုးသမီး တစ်ယောက်ကဖေ့ဘွတ်မှာ အလုပ်အကိုင်ကောင်းကြောင်း သူ့ပို့စ်တွေကို ရှယ်ပေးရင် ဘောနပ်ပေးကြောင်း အစပိုင်းမှာ ၂ သောင်း ဘောနပ်ပေးတယ် ရှယ်ပေး လို့ပေါ့။ ပြီးခဲတဲ့အပတ်က ပို့တစ်ခုကို လူများတဲ့ဂရု ၇ ခုမှာရှယ်ပေးရင်​ ဘောနပ် သိန်း ၃၀ ရမှာဖြစ်ကြောင်း နိုင်ငံခြားကုမ္ပဏီ ဖြစ်လို့ အကျိုးအမြတ် ကောင်းကြောင်း တစ်ဝက်ခွဲ ပေးမယ်ပြောလာတယ်။ရှယ်ပေးတော့အောင်မြင်လို့ ငွေထုတ်ပေးမယ်ပေါ့။ ဆိုင်တစ်ဆိုင်သွားလိုက်ပေါ့ ရောက်ရင် ငွေလွှဲသူနေရာ သူ့နံပါတ်ထည့် လက်ခံသူနေရာမှာ ကောင်မလေးဖုန်းနံပါတ်ထည့်ပြီး […]

ၾကားသိရသမွ်

အစိုးရကို အမြင်ကပ်ပါက ဆဲနိုင်သော်လည်း မီတာခကိုမူ မဆောင်ဘဲမနေသင့်ကြောင်း စကစခန့် ပြန်ကြားရေးဝန်ကြီးပြော

အစိုးရကို အမြင်ကပ်ပါက ဆဲနိုင်သော်လည်း မီတာခကိုမူ မဆောင်ဘဲမနေသင့်ကြောင်း စကစခန့် ပြန်ကြားရေးဝန်ကြီးပြော အစိုးရကို အမြင်ကပ်ပါက ဆဲနိုင်သော်လည်း မီတာခကိုမူ မဆောင်ဘဲမနေသင့်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောသည်။ စက်တင်ဘာ ၃ဝ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြည်တွင်း၊ ပြည်ပရှိ သတင်းမီဒီယာများနှင့်တွေ့ဆုံရာ၌ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒီနေ့ပြည်သူတွေ မီတာခမပေးချင်ဘူးလို့ပြောတယ်။ Why ဘာကြောင့်လဲ။ အစိုးရကို အမြင်ကပ်လို့လား။အစိုးရကို အမြင်ကပ်တာနဲ့ပဲ မီတာခ မပေးရတော့ဘူးလား။ ဒီမိုကရေစီလေ ဘယ်ဟာမှ အလကားမရဘူး။ မီးလင်းချင်ရင် ပိုက်ဆံပေးရမှာပေါ့။ ဒါကျွန်တော်ရိုးရိုးပြောတာပါ။ လျှပ်စစ်ကလည်း မီးတစ်ပွင့်ရဖို့ ဘယ်လောက်လုပ်ရတယ်ဆိုတာလဲ စဉ်းစားလိုက်ရင်သိပါတယ်။ ဓာတ်အားထုတ်ဖို့တိုင်တွေစိုက် ကြိုးတွေသွယ် လူတိုင်းမီးရဖို့ အများကြီးလုပ်ရပါတယ်။ နိုင်ငံတော်ဘတ်ဂျတ်နဲ့လုပ်ရတယ်။ နိုင်ငံတော်ဘတ်ဂျတ်ကဘာလဲ။ ပြည်သူ့ဘဏ္ဍာပဲ။ အလကားဘယ်ဟာမှမရဘူး။ ကျွန်တော်ပြောတာ […]