ၾကားသိရသမွ်

အလုပ်သမား ( ၃၀ ) ကျော်လုံးကိုတစ်ယောက် ဆယ်သိန်းစီပေးဝေတဲ့ အလုပ်ရှင်

Zawgyi အလုပ်သမား ( ၃၀ ) ကျော်လုံးကိုတစ်ယောက် ဆယ်သိန်းစီပေးဝေတဲ့ အလုပ်ရှင် အလုပ်သမား ၃၀ ကျော်လုံးကို တစ်ယောက် ဆယ်သိန်းစီ ပေးဝေတဲ့ အလုပ်ရှင်ဒီနေ့ တပည့်တွေကိုမုန့်ဖိုး တယောက် ၁၀ သိန်းပေးလိုက်ပါပီ.အားလုံးအတွက် စုစုပေါင်း သိန်း ၃၀၀ ဝန်းကျင်ပါ… ကိုယ်လည်းအဆင်ပြေလို့ ချမ်းသာလို့တော့မဟုက်ပါဘူး.ဒါပေမယ့် သူတို့အတွက်တော့ လိုအပ်တာတွေအတွက်ထောက်ပန့်မူ့တခု ဖြစ်ကြပါစေ.. ဘာပဲပြောပြော ဒီလိုပေးရတဲ့ဘဝကို ကျေနပ်ပါတယ်ယူသောလက်မဖြစ်ချင် ပေးသောလက်ပဲ ဖြစ်ပါရစေပေါ့.လွန်ခဲ့တဲ့ ၁၂ နှစ်က ကိုယ်ကတလမှ ၁၂၀၀၀၀ ပဲရခဲ့တဲ့ဝန်ထမ်းတယောက် ကနေ ဒီလိုနေရာလေးတခုဖြစ်လာဖို့တပည့်တွေက ကိုယ့်ရဲ့ရဲဖော်ရဲဘက်တွေပါပဲ.. ဝန်ထမ်းဘဝနေ လုပ်ငန်းရှင်ဖြစ်လာတဲ့အတွက်ဝန်ထမ်းဘဝရဲ့အခက်ကိုလဲသိတယ် လုပ်ငန်းရှင်တယောက်ရဲ့ အခက်အခဲတွေကိုလဲ သိပါတဒီနှစ်ခုကြားဘဝထဲမှာ အဆင်ပြေပြေနေနိုင်ဖို့အတွက် အမြဲကြိုးစားနေတယ် နောင်နှစ်တွေမှာလဲ အမြဲပေးနိုင်ဖို့အတွက် ကြိုးစားနေပါတယ်.. ဘယ်အရာမှတော့ ကြိုပြောလို့မရတဲ့အတွက်မဆုက်မနစ်သော ဇွဲ လုံ့လ […]

ကြားသိရသမျှ

အလောင်းတစ်ခု မြေကျဖို့တောင် အရမ်းခက်ခဲနေချိန် ဦးကျော်သူကို အရမ်းသတိရနေကြတဲ့ ပြည်သူများ

အလောင်းတစ်ခု မြေကျဖို့တောင် အရမ်းခက်ခဲနေတဲ့ ရန်ကုန်မြို့နေ ပြည်သူများ ဦးကျော်သူ နှင့် ဒေါ်ဇီးကွက် ကို လွမ်းနေကြသူများအာဇာနည်သူရဲကောင်း ပရဟိတသမားလေးကျိုက်ထိုသား မောင်ဇင်လင်းထက်၏ အိမ်ပြန်လမ်း။ ရန်ကုန်မြို့ ၊ လှည်းတန်းဈေးအနီးတွင်ဖေဖော်ဝါရီလ (၂၈) ရက်နေ့ နံနက်တွင် အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်ခဲ့သူ မောင်ဇင်လင်းထက် အသက် (၂၁) နှစ်သည် ရဲရင့်စွန့်စားကာ ဆန္ဒထုတ်ဖော်ခဲ့စဉ် ရဲတပ်ဖွဲ့မှကျည်အစစ်ဖြင့် ပစ်ခတ်ဖြိုခွင်းရာမှဦးခေါင်း ထုတ်ချင်းပေါက် မျက်လုံးတစ်ဖက်ကျွတ်ထွက်ကာ နေရာတွင် ကျဆုံးသွားခဲ့ရပါသည် ။ ထိုကွယ်လွန်သွားခဲ့သော အာဇာနည်သူရဲကောင်းမောင်ဇင်လင်းထက် သည်ကျိုက်ထိုဇာတိသားဖြစ်ပြီး ရန်ကုန်မြို့သို့လာရောက်အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်းသိရပါသည် မတ်လ ၁ ရက်နေ့မှာတော့ အာဇာနည် သူရဲကောင်း၊ ပရဟိတသမားလေး၊“တောင်ကလေးကျေးရွာ နာရေးကူညီမှုအသင်းဝင်” မောင်ဇင်လင်းထက်ရဲ့ မွေးရပ်မြေ ကျိုက်ထိုမြို့နယ်၊ ကွင်းကလေး ကျေးရွာအုပ်စု၊ အင်းဝကျေးရွာရှိ သုသာန်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှအတွင်းရေးမှူး၊ သရုပ်ဆောင် ထွန်းကိုကိုဟာ နိဗ္ဗာန်ယာဉ် […]

ၾကားသိရသမွ်

လေးစားစရာကောင်းတဲ့အောက်ဆီဂျင်စက်ရုံအလှူရှင်

ကျွန်တော်တို့ 29 ရတနာ အနေနဲ့ အောက်ဆီဂျင် စက်ရုံ လှုဒါန်းမယ့်နေရာ ရွေးချယ်ရာမှာလည်း အတော်လေး ခေါင်းစားရပါတယ်.. ရန်ကုန် မန္တလေး တို့လို မြို့ကြီးတွေမှာ အလှူရှင်များနိင်တာ သတိထားမိသလို.. ကျွန်တော်တို့ ဇာတိ ရေစကြိုမြို့မှာ ဆို ပုံမှန် အချိန်တောင် မိုင် 50 ကျော် ဝေးတဲ့ မုံရွာတို့ မိုင် ၁၀၀ကျော် ဝေးတဲ့ မန္တလေးမြို့ တို့မှာ သွားယူရတာမို့ အခုလို အရေးအကြောင်းဆို စဉ်းစားကြည့်ရင် အတော် ရင်မော ရပါတယ်.. ရေစကြို မြို့အတွက် လှှူမယ်ဆို ကိုယ်ပိုင် မြေနေရာရှိသလို အဲ့နေရာမှာ အဆင်မပြေရင်လည်း ဖြူစင် လူမှုကူညီရေးအသင်းက နေရာ စီစဉ်ပေးမယ်ဆိုတော့ အတော်လေး ဟန်ကျတာပေါ့ဗျာ… အထိုင်စက်နဲ့ နေရာ တစ်ခါတည်း […]

ၾကားသိရသမွ်

ကိုရင်လေးတွေရဲ့ ကှိုဗစ်ကို ကာကွယ်ဟန်

ကိုရင်လေးတွေရဲ့ ကှိုဗစ်ကို ကာကွယ်ဟန် ကိုရင်လေးတွေရဲ့ ကှိုဗစ်ရောဂါ ကာကွယ်ဟန် ကိုရင်လေးတွေလည်း ကှိုဗစ်ကိုသူ့နည်းသူ့ဟန်နဲ့ ကာကွယ်နေကြပုံလေးတွေကို ဖော်ပြပေးလိုက်ရပါတယ် မြင်သူတိုင်း ချစ်စရာကောင်းပီး ပြုံးပြော်မိကြတာမို့ ကိုရင်လေးတွေရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ် Photo -CJ ကိုရင်လေးတွေရဲ့ ကှိုဗစ်ကို ကာကွယ်ဟန် ကိုရင်လေးတွေရဲ့ ကှိုဗစ်ရောဂါ ကာကွယ်ဟန် ကိုရင်လေးတွေလည်း ကှိုဗစ်ကိုသူ့နည်းသူ့ဟန်နဲ့ ကာကွယ်နေကြပုံလေးတွေကို ဖော်ပြပေးလိုက်ရပါတယ် မြင်သူတိုင်း ချစ်စရာကောင်းပီး ပြုံးပြော်မိကြတာမို့ ကိုရင်လေးတွေရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ် Photo -CJ

ကြားသိရသမျှ

တောင်ဥက္ကလာပရှိ အစိုးရပိုင် ကမ္ဘာ့ရတနာဘဏ် ဓားပြတိုက်ခံရ

တောင်ဥက္ကလာပရှိ အစိုးရပိုင် ကမ္ဘာ့ရတနာဘဏ် ဓားပြတိုက်ခံရ ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ နန္ဒာဝန်စျေးအနီး အစိုးရပိုင် ကမ္ဘာ့ရတနာဘဏ် ယနေ့ နံနက် ၁၁ နာရီ ၁၀ မိနစ်က ဓားပြတိုက်ခံရကြောင်း ဒေသခံများနှင့် ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။ တောင်ဥက္ကလာ ၅/၇ ဗြဟ္မစိုရ် လမ်းမပေါ် နန္ဒာဝန်ဈေး အနီးရှိ ကမ္ဘာ့ရတနာဘဏ်ကို ယနေ့ နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် လူ ၃ ဦးက Taxi ဖြင့် လာရောက်ပြီး ဓားပြတိုက်သွားကြောင်း၊ သေနတ် ၃ ချက်ဖောက်သွားသည်ဟု သိရှိရသည်။   “စစ်သားနဲ့ ရဲတွေအများကြီးရှိနေတော့ ဘဏ်အနားတော့ကပ်လို့မရဘူး။ လမ်း ပိတ်ပြီး အခု ရဲတွေစစ်နေတာတွေ့ရတယ်” ဟု ယင်းဘဏ်အနီးရောက်ရှိခဲ့သူ တစ်ဦးက ပြောဆိုသည်။ […]

ၾကားသိရသမွ်

ခိုးယူရောင်းစားခံရတဲ့ ရင်သွေးကို ၂၄ နှစ်အကြာ မိဘ ပြန်တွေ့

တရုတ်နိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နှစ်က ခိုးယူရောင်းစားခံရတဲ့ ကလေးငယ်တယောက်ဟာ အခုအသက် ၂၆နှစ်အရွယ်ရောက်တဲ့အခါကြမှ မိဘအရင်းတွေနဲ့ ပြန်လည်ဆုံစည်းခွင့်ရရှိခဲ့ပါတယ်။ မိဘနှစ်ပါးဟာပျောက်ဆုံးခဲ့တဲ့ သူတို့ရဲ့ သားငယ်လေးကို တောက်လျှောက်ရှာဖွေနေခဲ့ရာမှာ နောက်ဆုံးမှာတော့ ရဲတပ်ဖွဲ့ရဲ့ အကူအညီနဲ့ တနင်္ဂနွေနေ့က မျက်ရည်စက်လက်နဲ့ ပြန်လည်ပွေ့ ဖက်ဆုံစည်း ခွင့်ရရှိခဲ့ပါတယ်။ တရုတ်နိုင်ငံအရှေ့ပိုင်း Shandong ပြည်နယ် Liaocheng မြို့က Guo Gangtang နဲ့ ဇနီး Zhang Wenge တို့ရဲ့ အသက် ၂နှစ်ခွဲအရွယ်သားငယ်လေးဟာ အိမ်ရှေ့မှာ ကစားနေစဉ် အမျိုးသမီးတဦး နဲ့ သူရဲ့ချစ်သူအမျိုးသားတို့ က ခိုးယူပြီး နိုင်ငံအလယ်ပိုင်းက ဇနီးမောင်နှံဆီကို ရောင်းစားခဲ့ပါတယ်။ အဲဒီနောက်ဖခင်ဖြစ်သူ Guo ဟာ သားငယ်လေးကို ပြန်လည်ရှာဖွေတွေ့ရှိဖို့အတွက် နိုင်ငံအနှံ ဆိုင်ကယ်စီးပြီး လိုက်ရှာခဲ့ပေမယ့် မတွေ့ခဲ့ပါဘူး။သူရဲ့ […]

ၾကားသိရသမွ်

စစ်ကောင်စီက ကိုဗစ်အတွက် ပြည်သူများထံမှ အလှူခံ….

စစ်ကောင်စီက ကိုဗစ်အတွက် ပြည်သူများထံမှ အလှူခံ ဇူလိုင်လ ၁၄ ရက် ယခုလတ်တလော ဆိုးရွားစွာဖြစ်ပေါ်နေသည့် ကိုဗစ်ရောဂါကို ထိန်းချုပ်ကုသနိုင်ရန်အတွက် ပါဝင်လှူဒါန်းမှူများပြုလုပ်နိုင်ကြောင်း စစ်ကောင်စီက ၎င်းတို့ပိုင် မြဝတီမီဒီယာမှကြေညာခဲ့ရသည်။ စစ်တပ်က ထိန်းချုပ်ထားသည့် ကိုဗစ်ကုသနေသော ဆေးရုံဆေးခန်းများ၊ ကွာရန်တင်းစင်တာများ၊ ကွန်မြူနတီစင်တာများကို ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရန်အတွက် လိုအပ်သည့် ကာကွယ်ရေးပစ္စည်း၊ ဆေးဝါးအသုံးအဆောင် များကို လှူဒါန်းရန်အတွက် ပြည်သူများကို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ အရပ်သားအစိုးရလက်ထက်တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများကို နေမဝင်အလှူရှင်များအဖြစ် တင်စားကာ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် လှူဒါန်းသူများကို ဂုဏ်ပြုခဲ့ပြီး လုပ်ငန်းရှင်များနှင့် ပြည်သူအများစုက ကိုဗစ်ရောဂါကာကွယ်ကုသရေးလုပ်ငန်းများကို အားတက်သရောပါဝင်ကူညီခဲ့ကြသည်။ သို့သော် ယခုဆိုးရွားစွာဖြစ်ပေါ်နေသည့် ကိုဗစ်တတိယလှိုင်းတွင် ကူညီမည့် ပြည်သူများမရှိသဖြင့် စစ်ကောင်စီက စေတနာ့ဝန်ထမ်းများကို နေ့စားခပေး၍ ငှားရမ်းခြင်း၊ ဆရာဝန်များကို ကန်ထရိုက်စနစ်ဖြင့် ခန့်ထားခြင်းများကို ပြုလုပ်နေရသည်။ Shwe_Khit_Media […]

ၾကားသိရသမွ်

အတူကုသိုလ်ယူခဲ့တဲ့ အမှတ်တရတွေကို ဝေမျှရင်း ထောင်ထဲမှာကူကယ်ရာမဲ့နေတဲ့ သားလေးကို ဖြေမဆည်နိုင်အောင် သတိရလွမ်းဆွတ်နေတဲ့ မောင်လျှံဖြိုးအောင်ရဲ့ဖခင်

တော်လှန်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ရင်း ညာလက်တစ်ဖက်နဲ့ မျက်လုံးတစ်လုံးဆုံးရှုံးခဲ့ရတဲ့ မောင်လျှံဖြိုးအောင်ကတော့ ပြီးခဲ့တဲ့ လပိုင်းတွေကတည်းက ဖမ်းဆီးချုပ်နှောင်ခံထားရသူပဲ ဖြစ်ပါတယ်..။ မကွေးနည်းပညာတက္ကသိုလ်မှာ မြို့ပြအင်ဂျင်နီယာဘာသာရပ် ကျောင်းသားဖြစ်တဲ့ အသက်(၂၂)နှစ်အရွယ် မောင်လျှံဖြိုးအောင်ဟာ ရရှိထားတဲ့ ဒဏ်ရာတွေကြောင့် ထောင်ထဲမှာ အရေးပေါ်ဆေးကုသဖို့ လိုအပ်နေသူလည်း ဖြစ်ပါတယ်..။ ထောင်ထဲမှာကူကယ်ရာမဲ့စွာ ချုပ်နှောင်ခံထားရတဲ့ သားလေးအတွက် မောင်လျှံဖြိုးအောင်ရဲ့မိဘတွေမှာ ယူကြုံးမရ ဝမ်းနည်းနေရသလို ဖခင်ဖြစ်သူကလည်း အတူကုသိုလ်ယူခဲ့တဲ့ အမှတ်တရတွေကို ဝေမျှရင်း သားလေးကို ဖြေမဆည်နိုင်အောင် သတိရလွမ်းဆွတ်နေပါတယ်..။ ကုသိုလ်ပြု ပရဟိတအထွေထွေရောဂါကု ဆေးခန်းမှာ ဖခင်၊ အကိုကြီးနဲ့ မိသားစုတွေအတူ သားအဖသုံးယောက် ကုသိုလ်ယူနေတဲ့ အမှတ်တရတွေကို ဝေမျှရင်း သားလေးကို အားတင်းထားဖို့ ပြောထားတာပဲ ဖြစ်ပါတယ်..။ “သားငယ်လေး မောင်လျှံဖြိုးအောင် ကုသိုလ်ပြု ပရဟိတအထွေထွေရောဂါကု ဆေးခန်းတွင် ဖခင် နှင့် အကိုကြီး […]

ၾကားသိရသမွ်

မြန်မာနိုင်ငံက လာသူတွေကို စင်္ကာပူ ဝင်ခွင့်မပြုတော့ပါ

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်နှုန်းများနေတဲ့အတွက် မြန်မာနိုင်ငံက လာတဲ့လူတွေ မနက်ဖြန် ဇူလိုင် ၁၅ ရက်နေ့ကစလို့ စင်ကာပူကို ဝင်ရောက်ခွင့်ပြုမှာ မဟုတ်တဲ့အကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၄ ရက်နေ့က ကြေညာလိုက်ပါတယ်။ မနက်ဖြန် ည ၁၁ နာရီ ၅၉ မိနစ်ကစလို့ လွန်ခဲ့တဲ့ ၂၁ ရက်အတွင်း မြန်မာနိုင်ငံကို ခရီးသွားရာဇဝင်ရှိတဲ့သူတွေ စင်ကာပူကို ဝင်ရောက်ခွင့် ဒါမှမဟုတ် ခရီးတထောက်နားပြီး စင်္ကာပူကတဆင့် တခြားကို သွားခွင့်မပြုဘူးလို့ ပြောပါတယ်။ စင်ကာပူမှာ ကာလရှည် နေထိုင်ခွင့်ရှိတဲ့ ဗီဇာကိုင်ဆောင်ထားသူနဲ့ ကာလတို အလည်အပတ်လာသူအားလုံး ပါဝင်ပြီး စင်္ကာပူကနေ တခြားကို သွားဖို့ ခရီးတထောက်နားသူတွေ အားလုံး အကျုံးဝင်တယ်လို့ စင်ကာပူ Straits Times သတင်းက ဇူလိုင်လ ၁၄ […]

ၾကားသိရသမွ်

အမေစုရဲ့ ကူညီမှုကြောင့် သမီးလေးအသက်ကို ကယ်တင်ပေးနိုင်ခဲ့သည့် ကောကရိတ်က ဖခင်တစ်ယောက်ရဲ့ ကျေးဇူးတင်လွှာ

အမေစုရဲ့ ကူညီမှုကြောင့် သမီးလေးအသက်ကို ကယ်တင်ပေးနိုင်ခဲ့သည့် ကောကရိတ်က ဖခင်တစ်ယောက်ရဲ့ ကျေးဇူးတင်လွှာ အမေစုကျေးဇူးကြောင့် သမီးလေးအသက်ကို ကယ်တင်ပေးနိုင်ခဲ့တယ်။ကြည်နူးပီတိဖြစ်ရပါသည်။ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ (၂၄.၂.၂၀၂၀)ရက်နေ့၊ ကော့ကရိတ်မြို့တွင်ကျင်းပခဲ့သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အမေဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံပြည်သူလူထုတွေ့ဆုံပွဲ၌ ကျွန်တော်ဦးမောင်ဝင်းမှကျွန်တော်၏သမီးလေး မစန္ဒာဝင်း(ဒု/နှစ်၊ ဘားအံတက္ကသိုလ်) ခံစားနေရသောနှလုံးရောဂါနှင့် ငွေကြေးမတတ်နိုင်သည့်အပေါ်ကုသရာတွင်ကူညီပေးနိုင်ပါရန်စာရေးသားပေးပို့ တင်ပြခဲ့ပါသည်။ အမေစုမှ စာကို ဖတ်ရှု့ပြီးကရင်ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်အား ကူညီဆောင်ရွက်ပေးရန် တာဝန်လွှဲပေးလိုက်ပါသည် ဦးဘိုဘိုဝေမောင်မှလည်း အစမှအဆုံး လိုအပ်သည်များကူညီဆောင်ရွက်ပေးပါသည် ယခုလ ၁၃.၈.၂၀၂၀ ရက်နေ့တွင် ကျွန်တော်၏ သမီးအား ရန်ကုန်ဆေးရုံကြီးနှလုံးရောဂါဌာနတွင် အောင်မြင်စွာခွဲစိတ်ကုသခဲ့ပြီးဖြစ်သည်ယခုဓါတ်ပုံအရ သမီးလေးအောင်မြင်စွာခွဲစိတ်ပြီး ကျန်းကျန်းမာမာလန်းလန်းဆန်းဆန်း ဖြစ်နေသည်ကိုတွေ့ရသည်အတွက်များစွာဝမ်းမြောက်ဝမ်းသာဖြစ်ရပါသည်။ သမီး အသက်ကိုကယ်တင်ပေးခဲ့တဲ့ အမေစု၊ငွေကြေးမတတ်နိုင်သည့်အပေါ်လိုလေသေးမရှိအောင် ကူညီပေးခဲ့တဲ့ ကရင်ပြည်နယ်လူမှုရေးဝန်ကြီးဦးဘိုဘိုဝေမောင်၊ရန်ကုန်ဆေးရုံကြီးနှလုံးရောဂါဌာနမှ ခွဲစိတ်အထူးကုဆရာဝန်ကြီးနှင့် ဆရာဝန်များ၊သူနာပြုများအားလုံးကို အစဉ် ကျန်းမာချမ်းသာစေကြောင်းလက်ဆယ်ဖြာထိပ်မှာမိုး၍ သမီး မစန္ဒာဝင်းမှရိုကျိုးရှိခိုးကန်တော့ပါတယ်၊အမေစု ကျန်းမာပါစေ၊ အမေစုအောင်မြင်ပါစေ၊ သမီး […]