အချစ်နှင့်ဘဝ
မိန်းမဆိုတာ လူတစ်ယောက်ကို ဘယ်လောက်ပဲနစ်နှစ်ကာကာချစ်ချစ် ကိုယ့်အပေါ်တန်ဖိုးထားမူမရှိရင် မာနမဲ့နေလို့မရဘူး
အချစ်နှင့်ဘဝ
ရေစက်သာပါလာရင် ကြံဖန်ပြီးဆုံရသလိုပဲ ရေစက်မပါရင် ကြံဖန်ပြီးလွဲတယ်ဆိုတဲ့စကားလေး ကြားဖူးကြမှာပါ
ရေစက်သာပါလာရင် ကြံဖန်ပြီးဆုံရသလိုပဲ ရေစက်မပါရင် ကြံဖန်ပြီးလွဲတယ်ဆိုတဲ့စကားလေး ကြားဖူးကြမှာပါ။ လူတိုင်းကရေစက်ပါလို့တွေ့ဆုံကြသလိုပဲ ကိုယ့်ရဲ့ အိမ်ထောင်ဖက်ဆိုတာ လည်း အတိတ်ဘဝကဆုံဖူး ဆုတောင်းခဲ့ဖူးတဲ့ဆုတောင်းတွေကြောင့် အခုဘဝမှာလက်တွဲ ဖော်အနေနဲ့ပြန်ဆုံတွေ့တယ်လို့ ယုံကြည်ကြပါတယ်။ ဒီလိုပဲ ကိုယ်တစ်ကြိမ်တစ်ခါမှ မဆုံဖူးပါပဲ မြင်မြင်ချင်းချစ်မိတဲ့အချစ်ဆိုတာ အတိတ်ဘဝကရှေးရေစက်ကြောင့်ဖြစ်လာရတဲ့အချစ်လို့ယုံ ကြည်ထားကြပါတယ်။ သူနဲ့ကိုယ်နဲ့ရေစက်လားဆိုတာကို သိနိုင်တဲ့ အချက်လေးတွေရှိပါတယ်။ ၁။ ပထမဆုံးဆုံတဲ့အခါ ရင်းနှီးနေတဲ့ ခံစားချက်မျိုး သူနဲ့ပထမဆုံးစတွေ့တဲ့အချိန်မှာ အရင်ထဲကတွေ့ခဲ့ဖူးသလို၊ တစ်နေရာမှာမြင်ဖူးခဲ့သလို စိတ်ထဲမှာရင်းနှီးနေတဲ့ခံစားချက်မျိုးရလိုက်တာပါ။ မြင်မြင်ချင်းချစ်မိတာမျိုးမဟုတ်ရင်တောင် ခဏလေးအတွင်းမှာ အနှစ်နှစ်အလလကခင်မင်ခဲ့ဖူးသလိုမျိုး သံယောဇဉ်တွယ်ပြီး ချစ်မိသွားတာမျိုးပါ။ တကယ်ရှေးရေစက်သာဆိုရင် စိတ်ချပါ သင့်အချစ်ကတစ်ဖက်သက်လုံးဝ မဟုတ်ပါဘူး၊ သူဘက်ကလည်း သင့်လိုတစ်ထပ်တည်းခံစားရမှာပါ။ ၂။ အကြောင်းအရင်း မတိုက်ဆိုင်ပါပဲ သူနဲ့ဆုံတွေ့ရတာမျိုး အစမှာပြောခဲ့သလိုပါပဲ ရေစက်ပါလာရင် ရှောင်လွဲလို့မရပါဘူး။ ကြံဖန်ပြီးကိုဆုံရမှာပါ။ ပထမဆုံးတွေ့ရုံနဲ့ ရင်းနှီးတဲ့ခံစားချက်မျိုးထက် သူက ကိုယ့်ရှေ့ကိုအကြောင်းအရင်းမတိုက်ဆိုင် ပါပဲ […]
ကျမ္မာရေး ဗဟုသုတ
လူသိနည်းတဲ့ ငုံးဥရဲ့ …ကျန်းမာရေး အကျိုးကျေးဇူးများ
ငုံးဥ လို့ ပြောလိုက်တာနဲ့ တစ်ထောင်ဖိုး ၃ထုပ်နဲ့ လိုက်ရောင်းနေတဲ့ ကားဂိတ်က ချာတိတ်အချို့ကို ပြေးမြင်မိကြပါလိမ့်မယ်။ ငုံးဥကို မြန်မာပြည်မှာတော့ သရေစာ အနေနဲ့သာ စားကြတာ များပြီး အခြားဟင်းတစ်ခုခုမှာ ထည့်တဲ့ ဖြည့်စွက်စာ အနေနဲ့ ထည့်ပြီး စားကြတာများပါတယ်။ ဟင်းအနေနဲ့ ချက်စားကြတာ နည်းပါတယ်။ ငုံးဥကို မသိသူ ရှားပေမယ့် သူ့ရဲ့ အာဟာရသတ္တိတွေ အကြောင်းတော့ သိသူ နည်းပါလိမ့်မယ်။ ငုံးဥ မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာ ကြက်ဥနှစ်လုံးစာနဲ့ ညီမျှတယ်လို့ ဆိုကြပါတယ်။ ငုံးဥမှာ ပရိုတင်း၊ ကောင်းမွန်တဲ့ အဆီဓာတ်၊ သံဓာတ်၊ ဗီိတာမင်အေ၊ ဗီတာမင်B1,B2၊ ကယ်လ်ဆီယမ်၊ မီးစုန်းဓာတ်၊ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်၊ သတ္တုဓာတ်တွေ များစွာ ပါဝင်ပါတယ်။ ငုံးဥကို အာဟာရ […]
အချစ်နှင့်ဘဝ
ယျောကျာင်္းလေးတွေတကယ်ချစ်ရင်လုပ်တတ်တဲ့အရာ ၉ မျိုး
မင်္ဂလာပါနော်။ ချစ်သူရှိတဲ့ မိန်းကလေးတွေအနေနဲ့ ကိုယ့်ရဲ့ ချစ်သူအမျိုးသား ကိုယ့်အပေါ် တကယ်ချစ်မချစ်ဆိုတာကို သူပြောတဲ့စကား သူလုပ်တဲ့အပြုအမူတွေကနေ တဆင့် သိရှိနိုင်ပါတယ်နော်။ ချစ်မိသွားပြီဆိုရင် သူပြောတဲ့ စကားတွေထဲမှာ အခုဖော်ပြမယ့် စကားလုံးတွေ ပါဝင်လာမှာပါနော်။ ၁။ ကိုယ်သတိထားမိတယ်… တကယ်ချစ်တဲ့ ကောင်လေးက သင့်ရဲ့ အသေးစိတ်ကအစ သတိထားမိနေမှာပါ။ သင်စိတ်မကောင်းဖြစ်နေတာလား စိတ်ခုနေတာလား သင့်စိတ်ခံစားချက် ဘယ်လိုရှိသလဲဆိုတာကို အမြဲတမ်း သတိထားမိနေမှာဖြစ်ပါတယ်။ ၂။ ကိုယ်မင်းကို ကူညီနိုင်ပါတယ်… ချစ်တဲ့ ကောင်လေးတစ်ယောက်က သင့်ကို အမြဲတမ်း ကူညီဖို့ ဆန္ဒရှိနေမာဖြစ်ပါတယ်။ သင့်ကို တစ်ယောက်တည်းအထီးကျန်စေမှာမဟုတ်ပါသလို သင်လိုအပ်တဲ့အချိန်တိုင်း အနားမှာရှိနေမှာပါ။ ၃။ ဒီအရာက မင်းကို သတိရသွားစေတယ်… ဥပမာ သင်ကြိုက်တတ်တဲ့ ဟင်းလေး ချက်စားဖြစ်ရင် သင့်ကိုသတိရတာမျိုး၊ သင်ကြိုက်နှစ်သက်တဲ့ အဝတ်အစား ဒီဇိုင်းမျိုးတွေ့ရင် […]
အထွေအထွေဗဟုသုတ
သင့်ချစ်သူနဲ့တကယ်ရှေးရေစက်လားသိနိုင်တဲ့ အချက်လေးတွေ …။
ရေစက်သာပါလာရင် ကြံဖန်ပြီးဆုံရသလိုပဲ ရေစက်မပါရင် ကြံဖန်ပြီးလွဲတယ်ဆိုတဲ့စကားလေး ကြားဖူးကြမှာပါ။ လူတိုင်းကရေစက်ပါလို့တွေ့ဆုံကြသလိုပဲ ကိုယ့်ရဲ့ အိမ်ထောင်ဖက်ဆိုတာ လည်း အတိတ်ဘဝကဆုံဖူး ဆုတောင်းခဲ့ဖူးတဲ့ဆုတောင်းတွေကြောင့် အခုဘဝမှာလက်တွဲ ဖော်အနေနဲ့ပြန်ဆုံတွေ့တယ်လို့ ယုံကြည်ကြပါတယ်။ ဒီလိုပဲ ကိုယ်တစ်ကြိမ်တစ်ခါမှ မဆုံဖူးပါပဲ မြင်မြင်ချင်းချစ်မိတဲ့အချစ်ဆိုတာ အတိတ်ဘဝကရှေးရေစက်ကြောင့်ဖြစ်လာရတဲ့အချစ်လို့ယုံ ကြည်ထားကြပါတယ်။ သူနဲ့ကိုယ်နဲ့ရေစက်လားဆိုတာကို သိနိုင်တဲ့ အချက်လေးတွေရှိပါတယ်။ ၁။ ပထမဆုံးဆုံတဲ့အခါ ရင်းနှီးနေတဲ့ ခံစားချက်မျိုး သူနဲ့ပထမဆုံးစတွေ့တဲ့အချိန်မှာ အရင်ထဲကတွေ့ခဲ့ဖူးသလို၊ တစ်နေရာမှာမြင်ဖူးခဲ့သလို စိတ်ထဲမှာရင်းနှီးနေတဲ့ခံစားချက်မျိုးရလိုက်တာပါ။ မြင်မြင်ချင်းချစ်မိတာမျိုးမဟုတ်ရင်တောင် ခဏလေးအတွင်းမှာ အနှစ်နှစ်အလလကခင်မင်ခဲ့ဖူးသလိုမျိုး သံယောဇဉ်တွယ်ပြီး ချစ်မိသွားတာမျိုးပါ။ တကယ်ရှေးရေစက်သာဆိုရင် စိတ်ချပါ သင့်အချစ်ကတစ်ဖက်သက်လုံးဝ မဟုတ်ပါဘူး၊ သူဘက်ကလည်း သင့်လိုတစ်ထပ်တည်းခံစားရမှာပါ။ ၂။ အကြောင်းအရင်း မတိုက်ဆိုင်ပါပဲ သူနဲ့ဆုံတွေ့ရတာမျိုး အစမှာပြောခဲ့သလိုပါပဲ ရေစက်ပါလာရင် ရှောင်လွဲလို့မရပါဘူး။ ကြံဖန်ပြီးကိုဆုံရမှာပါ။ ပထမဆုံးတွေ့ရုံနဲ့ ရင်းနှီးတဲ့ခံစားချက်မျိုးထက် သူက ကိုယ့်ရှေ့ကိုအကြောင်းအရင်းမတိုက်ဆိုင် ပါပဲ […]
အထွေအထွေဗဟုသုတ
မှတ်ဖွယ်မှတ်ရာ လက္ခဏာပညာ…(အချစ်ရေး၊ အိမ်ထောင်ရေးဆိုင်ရာ လက္ခဏာများ)
မှတ်ဖွယ်မှတ်ရာ လက္ခဏာပညာ…(အချစ်ရေး၊ အိမ်ထောင်ရေးဆိုင်ရာ လက္ခဏာများ) (A)# နှလုံးလမ်းကြောင်းမှ ဥာဏ်လမ်းကြောင်းဆီသို့ ဦးတည်၍ ဆင်းလာသောအရေးအကြောင်းငယ်တစ်ခုမှာ မိမိမှ တစ်ဘက်သားအပေါ်ကို ချစ်ခင်နှစ်သက်စိတ်ဝင်စားမှုရှိခြင်းကို ဖော်ပြပါတယ်။ ၎င်းလမ်းကြောင်းရှည်လျှင်ရှည်သလောက် မိမိမှ ချစ်ခင်စွဲလမ်းမှုပိုပါတယ်။ (B)# ဥာဏ်လမ်းကြောင်းထက်မှ နှလုံးလမ်းကြောင်းဆီသို့ ဦးတည်၍ တက်လာသောလမ်းကြောင်းငယ်တစ်ခုမှာ တစ်ဘက်သားမှ မိမိအပေါ်ကို ချစ်ခင်နှစ်သက်စိတ်ဝင်စားမှုရှိခြင်းကို ဖော်ပြပါတယ်။ ၎င်းလမ်းကြောင်းရှည်လျှင်ရှည်သလောက် တစ်ဘက်သားမှ ချစ်ခင်စွဲလမ်းမှု ပိုပါတယ်။ (C)#နှလုံးလမ်းကြောင်းမှ ဆင်းလာသောလမ်းငယ်နဲ့ ဥာဏ်လမ်းကြောင်းမှ တက်လာသောလမ်းကြောင်းငယ်တို့ ပေါင်းဆုံခြင်း (သို့) ကျော်လွန်လာခြင်းမျိုးဖြစ်နေလျှင် ၎င်းတစ်ယောက်နဲ့ အိမ်ထောင်ကျခြင်း (သို့) သာမန်သမီးရည်စားအဆင့်ထက်ကျော်လွန်ကာ ငြိစွန်းခြင်းတို့ကို ရည်ညွန်းပါတယ်။၎င်းလမ်းကြောင်းများဖြစ်တည်မှု၊ လမ်းကြောင်းများပြားမှုကိုလိုက်၍ ရည်စား/အိမ်ထောင်ဆက် များ,မများကို သိရှိနိုင်ပါတယ်။ (D)# နှလုံးလမ်းကြောင်းမှ ဆင်းလာသောလမ်းငယ်တစ်ခုရှိပြီး ဥာဏ်လမ်းကြောင်းထက်မှတက်သော လမ်းကြောင်းငယ်မှာ မကွေမကွာနှစ်ခုဖြစ်နေပါက ရည်စားနှစ်ယောက်ကို တစ်ပြိုင်နက်ထားခြင်း (ဝါ) […]
အထွေအထွေဗဟုသုတ
ခိုးပြေးလို့ လက်ထပ်ရတဲ့ မိန်းကလေးတစ်ယောက်ရဲ့တန်ဖိုး..
ခိုးပြေးလို့ လက်ထပ်ရတဲ့မိန်းကလေး တစ်ယောက်တန်ဖိုးနဲ့တင့်တောင်းတင့်တယ် လူကြီးစုံရာနဲ့လာတောင်းခံရတဲ့ မိန်းကလေးတစ်ယောက်တန်ဖိုးဆိုတာဘယ်လိုမှ မတူနိုင်ဘူး။ ပစ္စည်းတောင်မှ သူ့တန်ဖိုး အလျောက် ဈေးကြီးပေးဝယ်တာနဲ့ခိုးပြီးအလကားရတဲ့ ခိုးရာပစ္စည်းက တန်ဖိုးအသီးသီး ကွာခြားတယ်ဆိုတာ အားလုံး သိနေကြမယ် ထင်ပါတယ်။ ကိုယ့်ကို လာတောင်းလို့ ကိုယ့်က သူနဲ့ စည်းမကျော်ထားဘူးဆို မိန်းကလေးရှင်ဘက်က ကိုယ့်မိဘတွေ မျက်နှာ မငယ်ရဘူးပေါ့။ခိုးပြေးပြီးမှ ပြန်လာအပ်ရင် ယောကျာ်းလေး ဘက်က ဘာပြောပြော ကိုယ့်မိဘတွေမှာ မျက်နှာငယ်စွာ လက်ခံရတော့မယ်။ ကိုယ့်သမီးမိုက်က စည်းကျော်ပြီးပြီကိုး။သူ့သားက လှေကား သုံးထစ်ဆင်း လူပျိုပြန်ဖြစ်နိုင်ပေမယ့် ကိုယ့်သမီးက အပျိုပြန်မဖြစ်နိုင်တော့သလို ပတ်ဝန်းကျင်ရဲ့ တံတွေးခွက်ထဲ ကိုယ့်သမီးကို မမျောစေချင်တော့ ကိုယ်မိဘတွေ ခေါင်းငုံ့ ခံနေရတယ်ဆိုတာ သိပါသလား။ တစ်သက်လုံး ကျွေးမွေးလာတဲ့ မိဘတွေကို ပတ်ဝန်းကျင်က လက်ညှိုးထိုးခံရမယ့် အလုပ်မျိုး ဘယ်တော့မှ မလုပ်မိပါစေနဲ့။ […]
အထွေအထွေဗဟုသုတ
လူမုန်းတာ ရှောင်လို့ရတယ် ကံမုန်းအောင် မပြုလုပ်ကြပါနဲ့လို့ စေတနာရှေ့ထား ပြောလိုက်ပါရစေ…
လူမုန်းတာ ရှောင်လို့ရတယ် ဆိတ်တကောင်ကို လည်လှီးပြီးသတ်ခဲ့မိလို့ဆိတ်အမွေးနဲ့ညီမျှအောင် လည်လှီးပြီးအသတ် ခံရမှာဖြစ်တဲ့ ဆိတ်တကောင်ဟာ သူ့ရဲ့ နောက်ဆုံးပေးဆပ်ရမဲ့ဘဝမှာ သူ့ကိုသတ်မဲ့သူကိုအကျိုးအကြောင်းပြောပြတဲ့အတွက် သတ်မဲ့သူကမသတ်ပဲ လွှတ်ပေးလိုက်တယ်အဲဒီလို လွှတ်လိုက်လို့ လွတ်သွားသလားဆိုတော့မလွတ်ပါဘူး တောင်ပို့တခုမှာ အစာစားနေတုန်း တောင်ပို့ကိုမိုးကြိုးပစ်လိုက်လို့ တောင်ပို့ကကျောက်ချပ်ကွာပြီး ခေါင်းမော့စားနေတဲ့ ဆိတ်ရဲ့လည်ပင်ကို ထိကာ လည်ပင်းပြတ်ထွက်ပြီးသေပွဲဝင်ခဲ့ရတယ်ဖြစ်ဖို့အကြောင်းပါလာတဲ့သူတွေကို ကံကြမ္မာကချမ်းသာမပေးဘူး ဒါကိုပြောချင်တာပါ နာဂစ်ဖြစ်တုန်းက ဘိုကလေးဘက်မှာ သင်္ဘောတစင်းက လူ နှစ်ရာကျော်ကယ်လာခဲ့တယ် အဲဒီသင်္ဘောဟာ လမ်းမှာမှောက်ပြီး ကယ်တင်လာတဲ့သူတွေဟာ သေပွဲဝင်ခဲ့ကြပြန်တယ် ကံမုန်းရင် ရှောင်လို့မလွတ်ပါဘူးအခု ကုန်းမြင့်တောင်တန်းဒေသကလူတွေ ရေနစ်သေတာကလည်း အံ့သြစရာပါပဲတခါဖြစ်ပြီးလို့ အခု နောင်တကြိမ်ထပ်ဖြစ်ပြန်ပြီတဲ့အဲဒီလိုဖြစ်ဖို့ကံတွေပါလာလို့ ခုလိုဘေးတွေတွေ့မယ် အဲဒီကံဖြစ်ဖို့ တွန်းအားဖြစ်အောင် မိမိရဲ့ကံကြမ္မာက ဖန်တီး ပေးလိုက်တာပါပဲဘယ်သူမပြု မိမိမှု တဲ့ကျီးကန်းဟာ ကောင်းကင်မှာပျံနေရင်းနဲ့မီးလောင်သေခဲ့ရတယ်ဒါတွေဟာကံအကျိုပေးးတွေပါပဲ ဓမ္မမိတ်ဆွေများအင်မတန်ကြောက်စရာကောင်းတဲ့အချိန်အခါကို ရောက်ရှိနေပါတယ် အပြောအဆိုအသွားအလာအနေအထိုင်ဂရုစိုက်ကြပါ တသံသရာလုံးက မကောင်းမှု့တွေအကျိုးပေးတဲ့ အချိန်အခါ […]
နိုင်ငံတကာသတင်း
(6) နှစ်လောက်တွဲခဲ့တဲ့ ချစ်သူမိန်းကလေးရဲ့ လက်ထပ်မင်္ဂလာပွဲမှာ ဝမ်းနည်းပက်လက် ငိုကြွေးခဲ့တဲ့ ကောင်လေး(ရုပ်သံ)
အချိန်အတော်ကြာကိုယ်နဲ့တွဲခဲ့တဲ့ ချစ်သူမိန်းကလေးက အခြားတစ်ယောက်နဲ့လက်ထပ်သွားမယ်ဆိုရင် ဘယ်လိုခံစားရမလဲဆိုတာခန့်မှန်းကြည့်လို့ရပါတယ် ။ ကံမကောင်းစွာနဲ့ပဲ အင်ဒိုနီးရှားနိုင်ငံကအမျိုးသားတစ်ယောက်ဟာ အဆိုပါဖြစ်ရပ်မျိုးနဲ့ ကြုံတွေ့ခဲ့ရပါတယ် ။ Aswar Anas အမည်ရှိတဲ့အမျိုးသား နဲ့ Asni အမည်ရှိတဲ့အမျိုးသမီးတို့ဟာ သူတို့ရဲ့ ချစ်သူသက်တမ်း 6နှစ်လုံးလုံး ပျော်ပျော်ရွှင်ရွှင်ရှိနေခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း တိကျလွန်းတဲ့အကြောင်းပြချက်အချို့တွေကြောင့် မိန်းကလေးဟာ အခြားအမျိုးသားတစ်ဦးနှင့် လက်ထပ်သွားခဲ့ရပါတယ် ။ Aswar ဟာ ရှိသမျှခွန်အားတွေအားလုံနဲ့ Asni ရဲ့မင်္ဂလာပွဲကိုရောက်သွားခဲ့ပါတယ် ။ဝမ်းနည်းစွာနဲ့ပဲ တစ်ဘဝလုံးနဲ့ရင်းပြီးချစ်ခဲ့ရတဲ့မိန်းကလေးမှာ အခြားအမျိုးသားတစ်ဦးနဲ့အတူရှိနေတာကိုမြင်ခဲ့ရတော့ Aswar ဟာချက်ချင်ကိုပဲ ငိုကြွေးခဲ့ပါတော့တယ် ။ သတို့သားနှင့်သတို့သမီးတို့ရဲ့မင်္ဂလာအိပ်ခန်းထဲမှာ Aswar အော်ဟစ်ငိုကြွေးနေခဲ့တဲ့ Video ကို Facebook ပေါ်မှာဝေမျှသွားခဲ့ကြပါတယ် ။ ကြမ်းပြင်ပေါ်မှာထိုင်ချကာ မျက်နှာကိုကာထားပြီးငိုကြွေးနေခဲ့တဲ့ Aswar ဟာအသက်ရှုလို့မရလောက်တော့တဲ့အထိ ငိုကြွေးနေခဲ့တာပါ ။မိသားစုဝင်များကတော့ Aswar ကိုချော့မော့ကာ […]
အချစ်နှင့်ဘဝ
ချစ်ဖူးသူတွေရဲ့ ခံစားချက်ကို မချစ်ဖူးတဲ့သူတွေကတော့ အထူးအဆန်း ဖြစ်နေကြမှာပါ။
ချစ်တယ်ဆိုတာက ကြိုက်တာနဲ့ လုံးဝ မတူတာကို ချစ်ဖူးသူတိုင်း သိကြပါတယ်။ ဘယ်လို စကားလုံးနဲ့ ပြောပြရမယ် မသိလောက်အောင် ကွာခြားပါတယ်။ ချစ်ဖူးသူတွေရဲ့ ခံစားချက်ကို မချစ်ဖူးတဲ့သူတွေကတော့ အထူးအဆန်း ဖြစ်နေကြမှာပါ။ ရည်းစားတွေ ဘယ်လောက်ထားထား ချစ်ဖူးချင်မှ ချစ်ဖူးကြတာပါ။ ချစ်ဖူးတဲ့သူဆိုရင်တော့ ဒီလို အခြေအနေတွေကို သိပြီး ကိုယ်ချင်းစာတတ်ကြပါတယ်။ (1) စိတ်လှုပ်ရှားတာ ချစ်မိသွားတဲ့ သူတစ်ယောက်က ကိုယ်ချစ်ရသူနဲ့ အရမ်း မရင်းနှီးသေးတဲ့ အချိန်မှာဆို အရမ်း စိတ်လှုပ်ရှားရပါတယ်။ စကားလုံးနဲ့ ဖော်ပြလို့ မရတဲ့ စိတ်လှုပ်ရှားမှုက ပုံမှန် ဖြစ်တတ်တဲ့ စိတ်လှုပ်ရှားမှုနဲ့ လုံးဝ မတူပါဘူး။ ဘာမျှော်လင့်ထားလဲ မေးရင် ဘာမှ မျှော်လင့်ထားလို့ မဟုတ်ဘဲ ကိုယ့်ရှေ့မှာ သူရှိနေမှာဆိုတဲ့ အတွေးနဲ့တင် စိတ်လှုပ်ရှားစေတာက အချစ်ကြောင့်ပါပဲ။ (2) […]