တောက ဒေါက်တာရမ်းကုနှင့် မြို့ကြီးသူ မမနဲ့တွေကြလေသောအခါ နယ်မြို့သေးသေးလေးတွေမှာ… ရမ်းကုတွေခေတ်ကောင်းစဉ်ကပေါ့ ….ရမ်းကုတစ်ယောက်ကတော့ တော်တော်နာမည်ကြီးတယ် …ကြီးရတဲ့အကြောင်းရင်းကလည်း ဘာရောဂါပဲဖြစ်ဖြစ် သူပေးတဲ့ဆေးကတော့.. ဘာမီတွန်ပဲ…..အာ့ကြောင့် နာမည်အရင်းတောင်ပျောက်ပြီး အားလုံးသိကြတာကတော့ သူ့နာမည် ဒေါက်တာဘာမီတွန် တနေ့တော့ .. မြို့ကြီးကနေ အလည်ရောက်လာတဲ့ မတ်မတ်တယောက်က ဒေါက်တာဘာမီတွန်ကို ပညာစမ်းချင်လို့ သူ့သမီးလေးကိုခေါ်သွားပြီး…..” ဆရာ ကျွန်မသမီးလေးဖျားချင်သလိုလိုဖြစ်နေလို့ပါ ” ဆိုတော့… ပေးလိုက်တဲ့ဆေးက ဘာမီတွန်ပဲ …..အာ့နဲ့ နောက်ရက်မှာတခါထပ်သွားတယ်” ဆရာ ကျွန်မနူံးညောင်းပြီး ခေါင်းမကြည်သလိုဖြစ်နေလို့ပါ ” ဆိုတော့ ပေးလိုက်တဲ့ဆေးက ဘာမီတွန်ပဲ မတ်မတ်လည်း သိပ်တော့မကျေနပ်သေးဘူး ….ဒီရမ်းကု ဘာမီတွန်ဆေးပေးလို့မရအောင် ဘာရောဂါလို့ပြောရမလဲ အသည်းသန်စဉ်းစားနေရတာ နှစ်ရက်သုံးရက်လောက်ကြာသွားတယ်….အဲ ! စဉ်းစားလို့ရပြီဆိုတဲ့နေ့ကျတော့… ဒေါက်တာဘာမီတွန်ရဲ့ဆေးခန်းထဲကိုရင်ကော့ဝင်သွားတယ်…. ဒင်း ဒီတခါတော့ဘာဆေးပေးမလဲပေါ့” ဆရာ ကျွန်မ ကလေးမလိုချင်လို့ သားဆက်ခြားချင်လို့ပါ […]
Day: February 26, 2021
ကံကောင်းစေ မည့်ရှေ့ပြေး နိမိတ် တွေ အကြောင်း
ကံကောင်းစေ မည့်ရှေ့ပြေး နိမိတ် တွေ အကြောင်း လူတစ်ယောက်ကံကောင်းလာတော့မယ်ဆိုတာကို ရှေ့ပြေးနိမိတ်တွေကြည့်ပြီး သိရှိနိုင်ပါတယ်… နိုင်ငံတိုင်းမှာတော့ ကံကောင်းခြင်းရဲ့ နိမိတ်ကင်္ကေတတွေနဲ့ ပတ်သက်ပြီး အယူအဆ အမျိုးမျိုးရှိနေတက်ပါတယ်။ အယူအဆအမျိုးမျိုးထဲကမှ လူအများစု နား လည် လက်ခံယုံကြည်ထားတဲ့ ကံကောင်းခြင်းရဲ့ နိမိတ်သင်္ကေတတွေလည်း ရှိပါတယ်။ သင့်ဆီကို ကံကောင်းခြင်းတွေ မကြာခင် ရောက်ရှိလာတော့မယ်ဆိုရင် ဒီလိုရှေ့ပြေးနိမိတ် သင်္ကေတတွေကို မြင်တွေ့၊ ဖြစ်ပေါ် ရတတ်ပါတယ်နော်။ ငှက်တွေ အသိုက်လာဖွဲ့တာ – ငှက်တွေက သင့်ရဲ့ နေအိမ်၊ တိုက်ခန်း (သို့) ရုံးခန်း၊ ဆိုင်ခန်း အဆောက်အအုံတွေမှာ အသိုက် လာဖွဲ့မယ်ဆိုရင် ဒါဟာ ကံကောင်းခြင်းရဲ့ ရှေ့ပြေးနမိတ်တစ်ခုပါ။ ငှက်တွေက ကိုယ့်ဆီမှာလာပြီး အသိုက်ဖွဲ့တယ်ဆိုတာ သင့်ဆီမှာ ကောင်းတဲ့ (positive energy) တွေ […]
အရေပြားပေါ်မှာ စွဲနေတဲ့အမာရွတ်၊အမည်းစက်တွေ ပျောက်စေမယ့် အိမ်တွင်းနည်းလမ်း (၄)မျိုး
အရေပြားအပေါ်ယံလွှာမှာ မယ်လနင် ထုတ်လုပ်မှု ပုံမှန်ထက်ပို များလာတဲ့အခါ အသားအရေမှာ အမည်းစက်တွေဖြစ်လာပြီး အကြောင်းအမျိုးမျိုးကြောင့် မယ်လနင် ထုတ်လုပ်မှုများတာ ရေရှည်ဖြစ်လာတဲ့အခါ အမည်းစက်ထက် ပိုဆိုးတဲ့အမည်း ကွက်တွေဖြစ်လာကာ လွယ်လွယ်နဲ့မပျောက်တော့ပါဘူး။ ပြီးတော့ ဝက်ခြံ၊ အပူဖု စတာတွေကို ညှစ်မိလို့ အရေပြားပေါ်မှာ ဒဏ်ဖြစ်သွားပြီး မပျောက်တော့တဲ့ အမာရွတ်မျိုးဖြစ်သွား ပါတော့တယ်။ အဲ့ဒီလိုမျိုး အမြဲဖြစ်နေတဲ့ အမာရွတ်အမည်း စက်တွေကို အချိန်တိုအတွင်းပျောက်ကင်းစေမယ့် အိမ်တွင်းနည်း လမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။ (၁) ကြက်သွန်နီ ကြက်သွန်နီကို ထက်ခြမ်းခြမ်းကာ စွဲမြဲနေပြီး မပျောက်တော့တဲ့ အမာရွတ်၊ အမည်းစက်တွေပေါ်ကနေ ပွတ်တိုက်ပေးကာ ဆယ်မိနစ်လောက်ကြာရင် ရေနွေးလေးနဲ့ပြန်ဆေးချပေးလိုက်ပါ။ အဲ့ဒီနည်းလေးကို နေ့တိုင်းလုပ်ပေးလိုက်ရင် အမာရွတ်တွေ၊ အမည်းစက်တွေကို လုံးဝပျောက်ကင်းသွားစေ ပါလိမ့်မယ်။ (၂) သင်္ဘောသီး သင်္ဘောသီးကို အစိပ်လေးတွေစိပ်ပြီး ရေခဲသေတ္တ […]
အပျို နဲ့အအိုတို့ ကွာခြားချက်
အပျို နဲ့အအိုတို့ ကွာခြားချက် ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ သဘာဝတရားက ကိုယ်ဝန်ဆောင်မိခင်ရဲ့ ရင်သားကို ပြုပြင်ပါတော့တယ်။ သည်အခါမှာ ရင်သားဟာ မူလကထက်လည်း ကြီးထွားလာပါတယ်။အလေးချိန်အားဖြင့် တစ်ဖက်ကို တစ်ပေါင် နှုန်းလောက်အထိတောင် ကြီးထွားလာနိုင်တယ်လို့ အဆိုရှိတယ်။ တချို့အမျိုးသမီးတွေမှာ အဲသလို ရင်သား ကြီးထွားလာလို့ ရင်သားမှာ အကြောပြတ်သလို အရာမျိုးတွေ ရှိလာတတ်တယ်။ (အပျိုပေမယ့် ဝလွန်း၊ ရင်သား ထွားလွန်းရင်လည်း အလားတူပဲ အကြောပြတ်တတ်တာကို သတိချပ်ကြစေလိုပါတယ်။)ဒါ့အပြင် ရင်သားများဆီကိုသွေးပို့လွှတ်မှုကလည်း တိုးပွားလာတဲ့အတွက် ရင်သားပေါ်က သွေးကြောတွေရဲ့ အရောင် ပိုရင့်လာသလို မြင်လည်း ပိုမြင်သာလာပါတယ်။ ဒါ့အပြင် နို့သီးခေါင်း အောက်ခြေက အမည်းဝိုင်းကလည်း အရောင် ပိုရင့်ပြီး နက်မှောင်လာပါတယ်။ ကလေးအနေနဲ့ မအေ့နို့သီးခေါင်းကိုအလွယ်တကူ တွေ့နိုင်အောင် သဘာဝတရားက ဖန်တီးလိုက်တာပါကိုယ်ဝန် သုံးလကနေ ခြောက်လအတွင်းမှာတော့ ခပ်ပျစ်ပျစ်နဲ့အဝါရောင်သမ်းတဲ့ […]
သင်တို့နှစ်ယောက်ဟာ လိုက်ဖက်တဲ့စုံတွဲတွေဆိုတာကို ဖော်ပြနေတဲ့ အချက်(၄)ချက်
သင်တို့နှစ်ယောက်ဟာ လိုက်ဖက်တဲ့စုံတွဲတွေဆိုတာကို ဖော်ပြနေတဲ့ အချက်(၄)ချက် ကိုယ်ရွေးချယ်လိုက်တဲ့ ချစ်သူဟာ ကိုယ်နဲ့ခဏလေးသာ ရေစက်ပါပြီး အချိန်တစ်ခုမှာ သူစိမ်းတွေဖြစ်သွားနိုင်သလို ကိုယ်မထင်မှတ်ပဲ ရွေးချယ်လိုက်တဲ့သူက ကိုယ်နဲ့ ဘဝတစ်သက်တိုင် အတူလက်တွဲဖို့ ဖြစ်သွားနိုင်ပါတယ်။ ကိုယ့်ရဲ့ ဘဝတစ်ခုလုံးစာနဲ့ မတွေးခင်မှာ ကိုယ့်အနားမှာ အကောင်းဆုံး ရပ်တည်ပေးမယ့် ချစ်သူမျိုးကိုတော့ လူတိုင်းလိုချင်တတ်ကြတာပါနော်။ ဒီအချက်လေးတွေကတော့ သင်တို့နှစ်ယောက်ဟာ အရမ်းကိုလိုက်ဖက်လွန်းပြီး နတ်ဖက်တဲ့စုံတွဲတွေဆိုတာကို ဖော်ပြလို့နေပါတယ်။ ပျင်းရိငြီးငွေ့ မသွားဘူး သင်တို့ရဲ့ စုံတွဲလေးက ဘယ်တော့မှ ပျင်းရိငြီးငွေ့ဖွယ်ကောင်းမနေပဲ အမြဲတမ်း ပျော်ရွှင်နေရတဲ့ ချစ်သူတွေဖြစ်နေပါတယ်။ ရိုးအီမသွားတဲ့ အတူဆုံချိန်တွေ၊ ဒီတစ်ပတ်ပိတ်ရက်မှာ ဘယ်သွားမယ်၊ ဘာလုပ်မယ်၊ တစ်ခါတစ်လေ အမှတ်တရလေးတွေ ဖန်တီးမယ်၊ အတူမဆုံရရင်တောင် ဖုန်းလေးနဲ့ အလွမ်းသယ်မယ် စသဖြင့် အချိန်တွေကြာလာလေလေ တစ်ယောက်နဲ့တစ်ယောက် ချည်နှောင်မှုလေးတွေ တိုးလာပြီး ပျော်ရွှင်မှုတွေကို […]
သနပ်ခါး ကြိုက်တဲ့ မိန်းခလေး တွေ သိထားသင့်တဲ့ ဗဟုသုတ လေးပါ…
မေမေ ပြောပြတဲ့ ပျိုမေ တို့အကြိုက် သနပ်ခါး ကျောက်ပျဉ် သနပ်ခါး ကျောက်ပြင် အသစ်ဆိုရေလေးဆေးလိုက်ပြီးသနပ်ခါး တုံးသွေးထည့်လိုက်တာပဲအဲသလိုလုပ်လို့မရပါဘူး ကျောက်သား အစစ်ကိုထွင်းထားတဲ့ ကျောက်ပျဉ် ဖြစ်ဖြစ် ဘိလပ်မြေ လိုမျိုးကိုပုံပြု့ထားတဲ့ကျောက်ပျဉ်ဖြစ်ဖြစ်ပထမဦးဆုံးအသုံးမပြု့ခင်မှာဝယ်လာတဲ့ကျောက်ပျဉ် ကိုရေစင်စင်ဆေးပြီး ကျောက်ပျဉ် ကိုရေပုန်းထဲကိုထည့်ပြီးရေနဲ့တစ်ညစိမ်ထားပါနောက်တစ်ရက်မှာနနွန်းတက်နဲ့ဆီ+ဆားနဲ့ကိုသွေးပြီးတစ်နေကုန်နေလှမ်းထားရပါတယ် ဆီခြောက်တော့မှသနပ်ခါးကျောက်ပျဉ်ကိုရေထပ်ဆေးပြီးမှမိမိကြိုက်နှစ်သက်ရာ သနပ်ခါးတုံး ကိုသွေးရပါတယ် ထွက်လာတဲ့ သနပ်ခါး ကလေးတွေကညက်နေပြီးတနေကုန်ပါးပြင်ပေါ်အရာထင်နေပါတယ်တဲ့ကဲ ကျောက်ပျဉ်အ သစ်ကိုဘယ်လိုအသုံးပြု့ရသလဲဆိုတာသိသွားပြီပေါ့ မေမေပြောပြတယ် ကျောက်ပျဉ် ပေါ်သနပ်ခါး သွေးတာ လေ့ကျင့်ခန်း တစ်ခုလုပ်တာနဲ့တူတူပဲတဲ့ ဒါပေမဲ့ကြမ်းပြင်ပေါ်ချသွေးရတာမဟုတ်ပဲမိမိခါးအလည်လောက်အမြင့်ရှိတဲ့နေရာမှာထားပြီးသွေးရမယ်တဲ့ သနပ်ခါး ကိုအားစိုက်သွေးနေရတော့လေ့ကျင့်ခန်းလုပ်နေတယ်လို့မထင်ရပေမယ့် နှစ်နဲ့ချီပြီးနေ့စဉ်သွေးနေရတော့လက်မောင်းကြွက်သွားတွေကပိုပြီးသန်မာတယ် ပျော့ပြီးရွဲကျခြင်းမျိုးမဖြစ်ဘူးတဲ့ဘယ်ညာတော့လှည့်သွေးပေါ့တဲ့ ငရုပ်သီးထောင်း တာလဲအတူတူပဲတဲ့ခေါင်းလေ့ကျင့်ခန်းကတော့ ရေအိုး ရွက်တာပါတဲ့ မေမေ အမေ(အဖွား)ပြောပြတာလို့ပြောတယ် မိုးမခ Unicode Version မေမေ ပြောပြတဲ့ ပျိုမေ တို့အကြိုက် သနပ်ခါး ကျောက်ပျဉ် သနပ်ခါး ကျောက်ပြင် […]
သူနဲ့ ညားခဲ့ရင် အဆင်ပြေနိုင် မပြေနိုင် တွက်ကြည့်နိုင်တဲ့နည်း
ကိုယ်နဲ့ သူနဲ့ ဖူးစာကံပါမပါ၊ ပြီးတော့ ဘယ်လိုချစ်ခြင်းမျိုးနဲ့ လက်တွဲသွားကြမယ်ဆိုတာကို လွယ်လွယ်ေ လးတွက်ပြီး သိမြင်နိင်တဲ့ ဗေ ဒင်တွက် နည်းလေးပါ။ ချစ်သူမွေးနေ့သက္ကရာဇ်အားလုံးပေါင်းကြည့် ၊ နောက်ဆုံး ရလာတဲ့ကိန်းတစ်လုံးက အဖြေပေါ့။ ဥပမာတစ်ခုအနေနဲ့ ကြည့်ကြရအောင်နော်… သင်က 23.4.1991 သင့်ချစ်သူက 14.7.1992 ဆိုပါစို့ သင့်မွေးနေ့ + သင့်ချစ်သူမွေးနေ့ = အဖြေ 23 + 4 + 1991 + 14 + 7 + 1992 =4031 မွေးနေ့၂ခုပေါင်းထားတဲ့ အဖြေ 4 + 0 + 3 + 1 = 8 အဖြေက 8 ပေါ့။ […]
သက် ၁၆ နှစ် မှ ၂၄ နှစ်အတွင်း မိန်းကလေးများ ဖတ်ဖို့ပါ
အသက် ၁၆ နှစ် မှ ၂၄ နှစ်အတွင်း မိန်းကလေးများ ဖတ်သင့်တဲ့ ပို့စ်လေးပါ သိမ်းထားရှယ်ထား သင့်ပါတယ်နော် သက် ၁၆ နှစ် မှ ၂၄ နှစ်အတွင်း မိန်းကလေးများ ဖတ်ဖို့ပါ ညီမလေးရေ…….. လှပတဲ့ မျက်နှာ တစ်ခုက တစ်ချိန်ကျရင် အိုမင်းသွားလိမ့်မယ် …။ စွဲမက်စရာ ခန္ဓာကိုယ် ကောက်ကြောင်းတွေကလည်း တစ်ချိန်ကျရင် ပြောင်းလဲသွားပါလိမ့်မယ် … ။ ဒါပေမယ့် မိန်းမကောင်း တစ်ယောက်ကတော့ တစ်ချိန်ကျရင်လည်း မိန်းမကောင်းပါပဲ ။ ဘယ်အချိန်ပဲ ရောက်ရောက် မိန်းမကောင်းပါပဲနော် …. ညီမလေးရေ ဇွဲမလျော့နဲ့ လူတွေကတော့ ညီမလေး ပြုံးနေတာထက် ညီမလေး ရှုံးနေတာ မြင်ချင်တဲ့သူက ပိုများနေတတ်တယ် … ။ […]
ဂျစ်တီးဂျစ်ကန် ကောင်မလေးတွေမှာသာ ရှိနေတတ်တဲ့ လက္ခဏာရပ်များ
ဂျစ်တီးဂျစ်ကန် ကောင်မလေးတွေမှာသာ ရှိနေတတ်တဲ့ လက္ခဏာရပ်များ ကောင်မလေးတွေက တကယ့်ကို ပုံစံအမျိုးမျိုး ကွဲထွက်နေပါတယ်။ မိန်းကလေးပီပီ နူးညံ့နွဲ့နှောင်း နေရမယ့်အစား မိုက်တိမိုက်ကန်းပုံစံ ကောင်မလေးတွေလည်း ရှိနေပါသေးတယ်။ ဒီလို ဂျစ်ကန်ကန် ကောင်မလေးတွေကတော့ ဒီအကျင့်တွေ ရှိနေတတ်ပါတယ်။ (1) တဇွတ်ထိုးစိတ် ရှိတယ် သူတို့တွေက လုပ်ချင်လာပြီဆိုရင် ရအောင် လုပ်လိုက်ရမှ ကျေနပ်တတ်ကြသူတွေ ဖြစ်ပါတယ်။ သူတို့တွေက ဦးတည်ချက် တိကျတဲ့သူတွေလို့ သတ်မှတ်ရလောက်အောင် ဆုံးဖြတ်ချက် ပြတ်သားကြပါတယ်။ တဇွတ်ထိုး လုပ်တာ မှားတယ်ဆိုခံရပေမယ့် သူတို့ကတော့ ဂရုမစိုက်ဘဲ လုပ်မြဲ လုပ်ဆဲပါပဲ။ (2) ကျား၊ မ မခွဲခြားဘူး သူတို့တွေက မိန်းကလေးက ဒီလို နေရမယ်၊ ဒီလို မနေရဘူးဆိုတဲ့ စံနှုန်းတွေကို မလိုက်နာတတ်ကြပါဘူး။ ယောင်္ကျားလေးလည်း လူ၊ […]
မိန်းကလေးတိုင်း သတိပြုသင့်တဲ့ အမျိုးသမီးရောဂါများရဲ့အစပျိုးလက္ခဏာများ
မိန်းကလေးတိုင်း သတိပြုသင့်တဲ့ အမျိုးသမီးရောဂါများရဲ့အစပျိုးလက္ခဏာများ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက အမျိုးသားတွေနဲ့ လုံးဝကိုခြားနားနေပြီး အမျိုးသမီးတွေမှာ သာဖြစ်တတ်တဲ့ ရောဂါ တချို့ကြောင့် ကိုယ့်ကိုယ်ကိုပိုဂရုစိုက်ဖို့လိုပါတယ်။ အသက်အန္တရာယ်ကိုခြိမ်းခြောက်နိုင်တဲ့ ရောဂါတွေဟာ တစ်ရက်နှစ်ရက်အတွင်းဖြစ်လာတာမဟုတ်ဘဲ ရက်ရှည်လများအစပျိုးပြီး ဖြစ်လာတာပါ ရောဂါအစပြုနေချိန်မှာ သတိထားမိခဲ့ရင်အသက်အန္တရာယ်မဖြစ်အောင် အချိန်မီတားဆီးနိုင်မှာပါ။ ဒါကြောင့် အမျိုးသမီးတိုင်းသတိပြုသင့်တဲ့ ရောဂါအစပျိုးလက္ခဏာတွေကို ပြောပြပေးလိုက်ပါတယ်။ (၁) ဗိုက်ပူနေခြင်း မိန်းကလေးတွေဟာ အသက်ရလာတာနဲ့အမျှ လေ့ကျင့်ခန်းတွေသေချာမလုပ်ဘူးဆိုရင် ဗိုက်ပူလာတတ်ပါတယ်။ ဗိုက်မှာအဆီစုပြီး ဗိုက်ပူတာက ပုံမှန်ပဲဖြစ်ပေမယ့် အစားအများကြီးစားထားသလိုမျိုး ဗိုက်ဖောင်းပြီးပူနေတယ်ဆိုရင်တော့ စိုးရိမ်ရပါတယ်။ ဝမ်းဗိုက်က အမြဲလိုလိုတင်းပြီး ပူနေတယ်ဆိုရင် ဒါဟာ ရင်သားကင်ဆာ ဒါမှမဟုတ် သားအိမ်ကင်ဆာအစပျိုးနေတာဖြစ်နိုင်ပါတယ်။ (၂) မေးစေ့နားတဝိုက်ဝက်ခြံတွေထွက်ခြင်း ဝက်ခြံထွက်တာကလည်း ဟော်မုန်းအပြောင်းအလဲတွေဖြစ်တတ်တဲ့အရာမို့ သိပ်တော့မထူးဆန်းပါဘူး။ ဒါပေမယ့် မေးစေ့နားတဝိုက်မှာ ဝက်ခြံတွေအမြဲလိုလိုထွက်နေတယ်ဆိုရင်တော့ သင့်ခန္ဓာကိုယ်ထဲက ဟော်မုန်းတွေ အလွန်အမင်းကမောက်ကမဖြစ်နေပါပြီ။ သင့်မေးစေ့နားတဝိုက်မှာ […]









