ဗဟုသုတ

“ မျက်ခုံးလှုပ် ၊အသားလှုပ်ခြင်းတို့၏ နိမိတ်အဟော ”

“ မျက်ခုံးလှုပ် ၊အသားလှုပ်ခြင်းတို့၏ နိမိတ်အဟော ” (၁) ငယ်ထိပ်လှုပ်မူ မင်းပူဇော်ခံရအံ့၊ ချစ်ခင်သော မိတ်ဆွေများနှင်တွေ့ရအံ့။ (၂) လက်ဝဲဦးခေါင်းလှုပ်မူ သတင်းကောင်းကြားရအံ့၊ အကြံအစည် အထမြောက်အံ့။ (၃) လက်ယာဦးခေါင်းလှုပ်မူ လာဘ်ရအံ့။ (၄) လက်ယာအထက်မျက်ခုံးလှုပ်မူ လာဘ်ရအံ့။ အဆွေခင်ပွန်းကောင်းနှင့် တွေ့ကြုံရအံ့။ (၅) လက်ဝဲအထက်မျက်ခုံးလှုပ်မူ အကြံအစည်အောင်အံ့။ (၆) လက်ယာအောက်မျက်ရေခံလှုပ်မူ သူတစ်ပါးတို့နှင့် ခိုက်ရန်ညအမျက်ဒေါသရှိအံ့။ ချစ်သူနှင့် တွေ့ရအံ့။ မယားရအံ့။ (၇) လက်ဝဲအောင်မျက်ရေခံလှုပ်မူ ငိုရအံ့။ဆင်းရဲအံ့။ (၈) လက်ယာနားလှုပ်မူ ချမ်းသာအံ့၊ သုခရအံ။ (၉) လက်ဝဲနားလှုပ်မူ သူတပါးနှင့် ခိုက်ရန်ဒေါသဖြစ်ပွားရအံ့။ ဥစ္စာပစ္စည်းရအံ့။ (၁၀) လက်ယာဘက်နှာခေါင်းလှုပ်မူ ချစ်ခင်သူများပြီး မိတ်ဆွေကောင်းရအံ့ (၁၁) လက်ဝဲဘက်နှာခေါင်းလှုပ်မူ ချမ်းသာသုခကို ရအံ့ (၁၂) ဦးခေါင်းလှုပ်မူ […]

ဗဟုသုတ

လူတိုင်းသိချင်သော “မင်းလေးပါးဆုံ ရွှေတိဂုံကိန်းကျမည်” ဆိုသော တဘောင်၏ အဓိပ္ပါယ်

လူတိုင်းသိချင်သော “မင်းလေးပါးဆုံ ရွှေတိဂုံကိန်းကျမည်” ဆိုသော တဘောင်၏ အဓိပ္ပါယ် စွန်းလွန်းဆရာတော်သည် ရဟန္တာဟု ကျော်ကြားသလို ဝန်ကြီးချုပ်ဟောင်း ဦးနု၏ကိုးကွယ်ကြည်ညိုသော ဆရာတော်တစ်ပါးလည်း ဖြစ်လေသည် ရဟန္တာဟူသော ပုဂ္ဂိုလ်တို့သည် ရှေ့ဖြစ်လာမည့် အရာများကို သိမြင်နိုင်စွမ်း ရှိသလို ပညာဉာဏ် တန်ခိုးများလည်း ပြည်စုံ၏။ ဟုတ်တိုင်း မှန်ရာသာလျှင် မိန့်လေသည် ၁၉၄၈ မှ ၁၉၆၂ အထိ ဝန်ကြီးချုပ်ဖြစ်ခဲ့သော ဦးနုသည် ထိုအချိန်က ကျော်ကြားနေသော( မင်းလေးပါးဆုံ ရွှေတိဂုံကိန်းကျမည့် တဘောင် )အားဆရာတော်ထံ မေးလျှောက်လေသည် ဦးနု အမေး။ ။ အရှင်မြတ်ဘုရား ဒီတဘောင်ဟာမြန်မာပြည်မှာ မင်းလေးပါး ပေါ်မှာလား( ဒါမှမဟုတ် )အာဏာလုပွဲ ဖြစ်မှာလား ( ဒါမှမဟုတ် )တခြားတိုင်းပြည်ကမင်းလေးပါး လာဆုံမှာလားဘုရား ဆရာတော်အဖြေ။ ။ ဒကာတော်ကြီးဦးနု […]

လက္ခဏာ

သင့်ရဲ့ဖူးစာရှင်ကို သိချင်ရင်

သင့်ရဲ့ဖူးစာရှင်ကို သိချင်ရင် သင့်ရဲ့ဖူးစာရှင်ကို သိချင်ရင်လက်နှစ်ဖက်ကို ပူးကပ်ကြည့်ပါ သင့်ရဲ့ဖူးစာရှင်ကို သိချင်ရင်လက်နှစ်ဖက်ကို ပူးကပ်ကြည့်ပါ ဒီတခါပြောပြမှာကတော့ လက်နှစ်ဖက်ကို ပူးကြည့်လိုက်လို့ သင့်ချစ်သူ ဘယ်လိုပုံစံမျိုး ဖြစ်မလဲဆိုတာကိုပါ။ ဒါပေမယ့်ဒါဟာ၁၀၀%မှန်တယ်လို့စာရေးသူမဆိုလိုပါဘူးသင့်ချစ်သူရဲ့လက်ဖဝါးကိုကြည့်လိုက်ပါသင့်ချစ်သူရဲ့လက်ဖဝါးကအချစ်လမ်းကြောင်းကနေသူတို့ရဲ့ စိတ်နေသဘောထားကို အနည်းငယ် မှန်းဆကြည့်လို့ရနိုင်ပါတယ်နော်စာဖတ်သူတို့ရဲ့စိတ်သဘောထားနဲ့ တိုက်ဆိုင်တယ်မတိုက်ဆိုင်ဘူးဆိုတာကို ဝေဖန်ချက်ပေးလို့ရပါတယ်။ ၁။လက်ဖဝါးပေါ်က အချစ်ရေးလမ်းကြောင်းအတူတူဖြစ်နေရင်သင့်ချစ်သူရဲ့လက်ဖဝါးဟာအခုလိုပုံစံမျိုးဖြစ်နေရင် အရမ်းကိုကံကောင်းတဲ့သူလို့ မှတ်ယူလိုက်ပါတော့နော်။ဒီလက်ဖဝါးပိုင်ရှင်မျိုးဟာ သင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို တကယ်အလေးနက်ထားတဲ့သူတစ်ယောက်ပါ။သင့်ချစ်သူဟာ ဆင်ခြင်တုံတရားရှိသူဖြစ်ပြီးကောက်ကျစ်ယုတ်မာမှုကို ရွံမုန်းတဲ့သူဖြစ်ပါတယ်။ သင့်ချစ်သူ (သို့) လက်တွဲဖော်ဟာ ပညာရှိပြီး နူးညံ့သိမ်မွေ့တယ်၊ တခြားသူတွေရဲ့ ထင်မြင်ယူဆချက်တွေကိုလည်း အလေးနက်ထားတဲ့သူဖြစ်ပါတယ်။ ၂။ညာဖက်အချစ်လမ်းကြောင်းက ဘယ်ဖက်ထက် ပိုနှိမ့်နေသူသူတို့တွေကတော့ အချစ်ဆိုတာ ပျော်ရွှင်စရာတွေကို ယူဆောင်လာပေးမယ့်အရာတစ်ခုလို ခံယူထားကြပါတယ်။ သူတို့ထက် အသက်ငယ်တဲ့သူ (သို့) လူမျိုးခြားတွေကို သဘောကျနှစ်ခြိုက်ကြပါတယ်။ သူတို့တွေဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိကြတဲ့သူတွေဖြစ်ပါတယ်။ ၃။ဘယ်ဖက်လမ်းကြောင်းက ညာဖက်လမ်းကြောင်းထက် ပိုနှိမ့်နေရင်အဲဒီလို […]

အချစ်နှင့်ဘဝ

ဒီ (၅)ချက်နဲ့ ကိုက်ညီတဲ့ ကောင်လေးမျိုးကို နှစ်ဆေချစ်ပါ

ဒီ (၅)ချက်နဲ့ ကိုက်ညီတဲ့ ကောင်လေးမျိုးကို နှစ်ဆပိုချစ်ပါ သင့် ချစ်သူမိန်းကလေး ကို ရင်ခုန်သံ မြန်လာစေမယ့်အကြောင်းအရာတွေက ဘာတွေများဖြစ်မလဲ ? ယခုဖော်ပြမယ့် အချက် (၅) ချက်ကအရမ်း Romantic မဆန်ပေမယ့် သင့်ချစ်သူမိန်းကလေး ဟာ ဒီအချက်တွေကြောင့်ပဲသင့်ကို နှစ်ဆပိုချစ်လာမှာပါ။ ဒီ (၅)ချက်နဲ့ ကိုက်ညီတဲ့ ကောင်လေးမျိုးကို နှစ်ဆပိုချစ်ပါ ၁။ သူမ ကို အမြဲ ကာကွယ်ပေးခြင်း သူမ နဲ့အတူ လမ်းလျှောက်ထွက်တဲ့အခါမျိုးမှာ ရုတ်တရက် နေအရမ်းပူလာရင် သင် က ထီးမိုးပေးတာ၊ သူမ သွားမယ့် လမ်းကြောင်းမှာရှိတဲ့တံခါးမှန်သမျှကိုသင်က ကြိုဖွင့်ထားပေးတာ၊ သူမ နဲ့ ကားအတူစီးလာရင်လည်း ကားတံခါးကြိုဖွင့် ထားပေးတာ၊ အစရှိတဲ့အချက်တွေဟာ သေးသေးမွှားမွှားလို့ ထင်ရပေမယ့် သင့် ချစ်သူ မိန်းကလေး […]

အချစ်နှင့်ဘဝ

ချစ်သူရဲ့တန်ဖိုးထားမှုကို အမြဲတမ်းရရှိချင်ရင် ဒီအချက်လေးတွေကို လိုက်နာပါ

ချစ်သူရဲ့တန်ဖိုးထားမှုကို အမြဲတမ်းရရှိချင်ရင် ဒီအချက်လေးတွေကို လိုက်နာပါ မိန်းကလေးတစ်ယောက်အဖို့ ချစ်သူရဲ့ဂရုစိုက်တန်ဖိုးထားမှုကို အမြဲရရှိနေမှ ပျော်စရာကောင်းတဲ့ အချစ်ရေးကို ပိုင်ဆိုင်ရတာပါ ဒီလိုမျိုး ချစ်သူရဲ့ဂရုစိုက်တန်ဖိုးထားမှုကို အမြဲရရှိချင်တယ်ဆိုရင်တော့ မိန်းကလေးတွေအနေနဲ့ လုပ်ဆောင်ရမယ့် ဆောင်ရန်ရှောင်ရန် အချက်လေးတွေ ရှိပါတယ်။ဒီအချက်လေးတွေကိုသာ လိုက်နာမယ်ဆိုရင်တော့ သင်ဟာချစ်သူအတွက်တန်ဖိုးရှိပြီးလေးစားစရာကောင်းတဲ့ သူတစ်ယောက် ဖြစ်လာမှာပါ။\ (၁) ကိုယ့်ဘဝကိုယ် မရှက်ပါနဲ့ သင်ဟာ ပညာတတ်တစ်ယောက်မဟုတ်လို့၊ စည်းစိမ်ဥစ္စာ မချမ်းသာလို့၊ ဒါမှမဟုတ် အားနည်းချက်တွေများလို့ ကိုယ့်ဘဝကို မရှက်ပါနဲ့၊ဖုံးကွယ်ဖို့လည်း မကြိုးစားပါနဲ့။အရှိကိုအရှိတိုင်း လက်ခံပြီး ဘဝကိုအကောင်းမြင်စိတ်ထားပါ။ဒါဟာ စိတ်ထားမွန်မြတ်ခြင်းဖြစ်တာကြောင့်သင့်ချစ်သူဟာ သင့်ရဲ့စိတ်ဓာတ်နဲ့ ခံယူချက်ကို တွေ့မြင်ပြီး လေးစားတန်ဖိုးထားမှာဖြစ်ပါတယ် (၂) ကိုယ့်ကျင့်တရား စောင့်ထိန်းပါ ဒီကိစ္စကတော့ အရေးကြီးဆုံးပါပဲ။ သင့်ချစ်သူနဲ့သင်ဟာ လူမမြင်ကွယ်ရာရောက်နေလည်း စောင့်ထိန်းသင့်တာကိုတော့ စောင့်ထိန်းရမှာပါ သင့်ချစ်သူရဲ့ တန်ဖိုးထားလေးစားမှုကို ခံချင်ရင်တော့ ဒီအချက်ကို လိုက်နာပါ။တစ်ဘဝလုံးစောင့်ထိန်းခဲ့တဲ့ […]

အချစ်နှင့်ဘဝ

မိန်းကလေးတစ်ယောက်ကို လုံးဝစိတ်ကုန်သွားစေနိုင်တဲ့ ချစ်သူကောင်လေးရဲ့အပြုအမူ(၅)မျိုး..

မိန်းကလေးတစ်ယောက်ကို လုံးဝစိတ်ကုန်သွားစေနိုင်တဲ့ ချစ်သူကောင်လေးရဲ့အပြုအမူ(၅)မျိုး မိန်းကလေးတွေဟာ ပင်ကိုယ်အရ စိတ်သဘောထားနူးညံ့သိမ်မွေ့သလို၊ စိတ်လည်း အရမ်းပျော့တာကြောင့် ချစ်သူကို အမြဲတမ်းခွင့်လွှတ် သည်းခံတတ်ကြပါတယ်။ တစ်ခါတလေ တကယ်ပြတ်ပြီလို့ပြောနေပေမယ့် အချိန်တန်ရင် ပြန်ပြီးပြေလည်ကျေအေး ပေးတတ်ကြလို့ တကယ်မပြတ်သားနိုင်ဘူးလို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် မိန်းကလေးတစ်ယောက်တကယ်စိတ်ကုန်သွားနိုင်တဲ့ အရာတွေနဲ့ တကယ်စိတ်ကုန်ပြီဆိုရင် ဖြစ်တတ်တဲ့ သူတို့ရဲ့အမူအယာ၊ စိတ်နေသဘောထားတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) ဖောက်ပြန်တာ ကိုယ့်ချစ်သူလက်တွဲဖော် ဖောက်ပြန်တာဟာ မိန်းမတစ်ယောက်အတွက် ခွင့်လွှတ်နိုင်စရာအကြောင်း မရှိတော့ပါဘူး။ ဘယ်လောက်ပဲ ချစ်ခဲ့ချစ်ခဲ့ ကိုယ့်အပေါ်မှာ သစ္စာဖောက်ခဲ့ရင် ဘယ်တော့မှ ပြန်လှည့်မကြည့်ကြတော့ပါဘူး။ ဒီလိုအချိန်မှာ ချစ်တဲ့စိတ်ထက် နာကြည်းတဲ့စိတ်က ပိုပြီးအလေးသာလွန်းတာကြောင့် အဲဒီ့လူကို ဘဝထဲကနေ အပြီးအပိုင် ဆွဲထုတ်တော့မှာပါ။ ဖောက်ပြန်ပြီးမှ တောင်းပန်တာက ဘာမှအကျိုးမရှိတော့တာကြောင့် အစကတည်းက မဖောက်ပြန်တာအကောင်းဆုံးပါပဲ။ (၂) တန်ဖိုးမထားတာ မိန်းကလေးတစ်ယောက်ဟာ […]

ဗဟုသုတ

ချစ်သူ/ဇနီးမောင်နှံတွေ ဘဝဆက်တိုင်း အတူတူဆုံနိုင်မယ့် ကုသိုလ် ..

အခါတပါး၌ မြတ်စွာဘုရားသည် ဘဂ္ဂတိုင်း သုသုမာရဂိရိမြို့တွင် သီတင်းသုံးတော်မူစဉ် နကုလပိတာ နကုလမာတာ အမည်ရှိသောသူကြွယ် ဇနီးမောင်နှံအိမ်သို့ ကြွတော်မူသည်။သူကြွယ် ဇနီးမောင်နှံတို့သည် မြတ်စွာဘုရားအား ရိုသေစွာရှိခိုးလျက် သင့်လျော်သောနေရာ၌ ထိုင်နေကြပြီးလျှင် နကုလပိတာ သူကြွယ်က ဤသို့လျှောက်သည်-မြတ်စွာဘုရား တပည့်တော်သည် အသက်ငယ်ရွယ်စဉ်ကပင် ငယ်ရွယ်သူဖြစ်သော နကုလမာတာနှင့် လက်ထပ်ခဲ့ပါသည် လက်ထပ်သည့်အချိန်ကစ၍ ယနေ့အထိ နကုလမာတာကို ကျော်လွန်ပြီး အခြားသော မိန်းမများထံ စိတ်ရောက်ဖူးသည်ဟု တခါမျှ မရှိခဲ့ဘူးပါ ကိုယ်ထိလက်ရောက် ကျူးလွန်မှုကား ဆိုဖွယ်ရာပင် မရှိတော့ပါ၊မြတ်စွာဘုရား တပည့်တော်တို့သည် ယခုဘ၀၌လည်း အချင်းချင်းတွေ့ဆုံပြီးနောင်ဘ၀သံသရာ၌လည်း အချင်းချင်းတွေ့ဆုံရန် အလိုရှိကြပါသည်ဘုရား နကုလမာတာကလည်း လျှောက်ပြန်သည်-မြတ်စွာဘုရား တပည့်တော်မ ငယ်ရွယ်စဉ်ကပင် နကုလပိတာနှင့် လက်ထပ်ခဲ့ပါသည် ထိုအခါမှစ၍ တပည့်တော်မသည် နကုလပိတာကို ကျော်လွန်ပြီး ယောက်ျားတပါးထံ စိတ်ရောက်ဖူးသည်ဟု မရှိခဲ့ဘူးပါ ကိုယ်ထိလက်ရောက် […]

ဗေဒင်

လက်သူကြွယ် လက်ချောင်းအောက်မှာ ဒေါင်လိုက် မျဉ်းတိုကလေး အဖြစ်တည်နေမယ်ဆိုရင်

လက်သူကြွယ် လက်ချောင်းအောက်မှာ ဒေါင်လိုက် မျဉ်းတိုကလေး အဖြစ်တည်နေမယ်ဆိုရင် သူ က လက်သူကြွယ် လက်ချောင်းအောက်မှာဒေါင်လိုက် မျဉ်းတိုကလေး အဖြစ်တည်နေမယ် လ က်သူကြွယ်လက်ချောင်းပိုင်နယ်မြေက တနင်္ဂနွေ ၊ တနင်္ဂနွေ ဆိုတာက သူရဇ္ဇလို့ ခေါ်တဲ့နေမင်း ၊ နေမင်းဆိုတာက သည်မြေကမ္ဘာ၏ တန်ခိုးရှင်၊ (တန်ခိုး ) ဆိုတာက တရုပ်ဘာသာစကား အလင်းလို့  အဓိပ္ပါယ်ရတယ် —- အဲ့တော့  သည်ဒေါင်လိုက်မျဉ်းတိုကလေးကနေမင်းလို အလင်းပေးတဲ့ တန်ခိုး လမ်းကလေးပေါ့  Ok သူ၏ဤ စတင် ဖြစ်တည်လာ ရာအမြစ်က နှလုံးသားလမ်းလို့ ခေါ်ကြတဲ့ ချစ်မေတ္တာလမ်းမထက်မှာ အစပြုလာတယ်သူကဘာကို ပြနေတာလဲ ဟုပ်ပြီလက္ခဏာရှင် သူဟာ စိတ်နှလုံးကောင်းရှိသူုဖြစ်မယ်လိမ္မာပါးနပ်သူ ဖြစ်မယ် ယဉ်ကျေးမယ် တတ်သိမယ် လူသားအရည်အသွေးကောင်းများ […]

အချစ်နှင့်ဘဝ

အပျော်တွဲတာလား ၊ တကယ်လက်ထပ်မှာလားဆိုတာ ဒီအချက်တွေနဲ့ ဆုံးဖြတ်ပါ

ဒီနေ့ခေတ်တွင် ရည်းစားကို ယုံမှတ်၍ပုံအပ်ကာ အသွေးအသားကို ပေးဆပ်လိုက်ရပြီး ဘဝပျက်သွားကြတဲ့ မိန်းမပျိုများစွာ ရှိပါတယ်။ ပျားရည်ဆမ်းတဲ့ စကားလုံးတို့ရဲ့နောက်ကွယ်မှာ တပ်မက်မှုရမက်တဏှာမီးတွေကြောင့် ဘဝပန်းအလှကြွေလွင့်သွားရရှာတဲ့ မိန်းကလေးတွေအတွက် မီးငယ်တို့အသိကြွယ်စေဖို့ ဤဆောင်းပါးကို ရေးခြင်းဖြစ်ပါတယ်။ လက်ရှိတွဲနေတဲ့ရည်စားဟာ အပျော်တမ်းတွဲနေတာလား၊ တကယ်လက်ထပ်ဖို့ ရည်ရွယ်ထားလား ထင်ရှားစေတဲ့ အချက် (၁၁) ချက်ကို သတိပြုမိဖွယ် ဖော်ပြလိုက်ပါတယ်။ ၁။ ကောင်လေးဟာ အနာဂတ်အတွက် ပြင်ဆင်နေမယ်။ တကယ်လက်ထက်ဖို့အထိ ရည်ရွယ်ထားတဲ့ ကောင်လေးဟာ ရည်းစားဖြစ်တဲ့အချိန်ကနေစပြီး အနာဂတ်မှာ ဘာတွေလုပ်မယ် ၊ ဘယ်လို ဆောက်တည်မယ် ၊ အိမ်ထောင်ပြုပြီးရင် ဘယ်လိုအသက်မွေးဝမ်းကြောင်းပြုမယ်ကအစ ကြိုတင်ပြင်ဆင်ထားလေ့ရှိပါတယ်။ ကိုယ့်ရည်းစားဟာ ယခုအချိန်ထိ သင်တို့နှစ်ယောက်အနာဂတ်အတွက် ဘာမှပြင်ဆင်ထားခြင်းမရှိသေးတာကို လေ့လာခြင်းဖြင့်ကိုယ့်ကိုယခုအချိန်ထိ လက်ထပ်ဖို့ရည်ရွယ်ချက်မရှိသေးတာကို သိရှိနိုင်ပါတယ်။ ၂။ သူ့ရဲ့ အချိန်တွေကို သင်နဲ့ကုန်ဆုံးစေပါမယ်။ တကယ်လက်ထပ်ဖို့ […]

အထွေအထွေဗဟုသုတ

သားဦးစနေမီးလိုမွှေဆိုတဲ့စကားက တကယ်မှန်တာလား ယုံတမ်းစကားလားဆိုရင်

သားဦးစနေ မီးလို မွှေဆိုတာ ယုံတမ်းစကားလား?တကယ်လား..? သားဦးစနေမွေးရင်ထိတ်လန့်တတ်တဲ့ လူတွေအတွက် စနေသားသမီးဟာ ဒုတိယဘုန်းကံအကြီးဆုံး စနေသားဦးမွေးလို့ ဓါးထမ်းကျော်တဲ့မိဘတွေ စောစောသေကုန်ကြလေရဲ့ စနေနေ့မရှိခဲ့ရင် ရတနာ၃ပါးလည်း လောကမှာ မရှိနိုင်တော့ဘူး …။ စနေနေ့ကို အကြောင်းပြုပြီးရတနာ ၃ ပါးစုံတဲ့ ရတနာအခါတော်နေ့ပဲ။ စနေနေ့ဟာ တစ်နည်းအားဖြင့် ဓမ္မစက်စတည်တဲ့နေစနေနေဟာ သိပ်မွန်မြတ်တဲ့နေ့ ဘုရားရတနာ ဗုဒ္ဓဟူးနေ့ စပေါ်သည် …။ တရားရတနာနဲ့ သံဃာရတနာကတော့ စနေနေ့မှာစပေါ်တာ ဘုရားမွေးနေ့ သောကြာနေ့က အမြတ်ဆုံး ၆၄၇ ရတနာ ၃ပါးက ၄၇၇ ဘုရားက ဗုဒ္ဓဟူးနေ့ တရားနဲ့သံဃာက စနေနေ့ စပေါ်ရပါတယ် …။ရတနာသုံးပါးပေါ်တဲ့နေ့တွေဟာ ၄၇၇ ရတနာ ရတနာကိုကောက်လည်း ၄၇၇ပဲနော်။ စနေနေ့မရှိပဲ တရားလည်းမရှိ နိုင် သံဃာရတနာလည်းမရှိနိုင် တရားနဲ့သံဃာမှ မရှိရင် […]