ကိုကို လို့ခေါ်တဲ့ မိန်းကလေး နဲ့၊ မောင် လို့ခေါ်တဲ့ မိန်းကလေးကြားက ခြားနားချက်များ မိန်းကလေး တွေ ချစ်သူ ကောင်လေး ကို ခေါ်ဝေါ်ပုံကို ကြည့်ခြင်းအားဖြင့် သူတို့ရဲ့ အချစ် ၊စိတ်နေသဘောထားကို အကြမ်းဖျင်း အားဖြင့် သိနိုင် ပါတယ်။ ကဲ ကိုယ့် ကောင်မလေး က ဘယ်လိုလဲ ဆိုတာ ဖတ်ကြည့် ရအောင်နော်… “ကိုကို” လို့ခေါ်တဲ့ ကောင်မလေး တွေဆိုတာသူတို့လေးတွေက ချစ်စရာ တအားကောင်းပြီး ကလေးဆန် ပါတယ်။ ဖြူစင် ရိုးသား တဲ့စိတ်ကလေးပိုင်ဆိုင်ပြီး ကိုယ့် ချစ်သူ အပေါ် ဆိုးတတ်ကြပါတယ်။ပွတ်သီးပွတ်သပ်နဲ့ ချွဲနွဲ့တတ်တဲ့ သူတွေပါ။ ဒါအပြင် သူဟာ သင့်အပေါ် ယုံကြည်မှု တွေအပြည့်နဲ့ ချစ်တတ်ကြပါတယ်။ သူ့ရဲ့style ကတော့ […]
Month: May 2021
ကိုယ်က အကောင်းဆုံး ချစ်ခဲ့ပေမယ့် ဇာတ်လမ်းလေး တစ်ခန်းရပ်သွားပြီလား
တစ်စုံတစ်ယောက်ကို ကိုယ်က အစွမ်းကုန်ချစ်ခဲ့ပေမယ့် အဆုံးသတ်မလှတဲ့အခါ ပုံမှန်ထက် အရမ်းခံစားရပါတယ်။ ဒီလိုအခြေအနေမှာ ဘယ်သူက အသည်းမကွဲဘဲနေမလဲ။ ဒါပေမယ့် ဘယ်သူမဆို ဒဏ်ရာဘယ်လောက်နက်နက် တနေ့နေ့မှာတော့ ဒီနာကျင်စရာတွေကြားက ရုန်းထွက်သွားနိုင်ကြတာပါဘဲ။ ဒီလိုအချိန်မှာ ကိုယ့်ကို စိတ်ဓာတ်ကျမသွားအောင် အားပေးဖော်လိုပါတယ်။ ဒီအချက်တွေကတော့ သင့်ကို စိတ်သစ် လူသစ် ဘဝသစ်တစ်ခုကို ပြန်လည်တည်ဆောက်နိုင်အောင် လမ်းပြပါလိမ့်မယ်။ ကိုယ်က သူပျော်အောင် အမြဲလုပ်မပေးနိုင်ဘူးဆိုတာ လက်ခံထားပါ။ ပျော်ရွှင်မှုဆိုတာ ရွေးချယ်ခွင့်လိုပါဘဲ ကိုယ်က သူ့ကို ပျော်အောင်လုပ်ပေးပေမယ့် သူမပျော်ဘူးဆိုတာ သင့်အမှား သင့်လိုအပ်ချက်ကြောင့် မဟုတ်ပါဘူး။ သူတို့ရဲ့စိတ်အပေါ်ပဲမူတည်တာပါ။ သင်ဘာတွေပဲလုပ်ပေးလုပ်ပေး သူအမြဲတမ်း ပျော်မှာမဟုတ်ဘူးဆိုတာ သင်လက်ခံဖို့ လိုအပ်ပါတယ် ။ သူတို့ခံစားချက်ကို သင်လုပ်ယူလို့မရပါဘူး။ သင်သူ့ကို ဘယ်လောက်ချစ်ချစ် ဘယ်လောက် ရယ်စရာတွေပြောပြော ဘယ်လောက်နားလည်ပေးပေး သူသင့်ကို […]
ဘာကြောင့်ဘဏ်ထဲကငွေတွေ ပြန်ထုတ်သင့်သလဲဆိုတာကို့ရှင်းပြလာတဲ့ ဘဏ်ဝန်ထမ်းဟောင်းတစ်ဦးရဲ့ ပြောကြားချက်
ဘာကြောင့်ဘဏ်ထဲကငွေတွေ ပြန်ထုတ်သင့်သလဲဆိုတာကို အကြောင်းအရင်းခိုင်လုံစွာနဲ့ရှင်းပြလာတဲ့ ဘဏ်ဝန်ထမ်းဟောင်းတစ်ဦးရဲ့ ပြောကြားချက် ဘာကြောင့် ဘဏ်ထဲကငွေတွေ ပြန်ထုတ်သင့်သလဲ ကိုနေနိုင်ထွန်း (ဘဏ်ဝန်ထမ်းဟောင်း) ဘဏ်အပ်ငွေ အကုန်ပြန် ထုတ်ထားကြပါ ။ ဘာကြောင့် ငွေတွေ အကုန်ထုတ်သင့်သလဲဆိုတာ ဘဏ်ငွေကြေးစနစ် ကျွမ်းကျင်သူ ပြောပြတာလေးကို ပြောပြပါ့မယ် … ပြည်သူများအနေနဲ့ မိမိတို့ပိုင်ငွေတွေကို ဘဏ်တွေက ဘာကြောင့် ကိုယ်လိုချင်သလောက် မထုတ်ပေးနိုင်သလဲဆိုတာ ဘဏ်တွေထဲမှာ ဗဟိုဘဏ် အပါအဝင် ငွေကြေးပျက်လပ်နေပြီတဲ့သဘောပါ။ ဘဏ်တွေဟာ အပ်ငွေတွေကို စီးပွားရေး လုပ်ငန်းတွေ ပြန်ချေးပေး ထားတာပါ။ လုပ်ငန်းရှင်တွေဆီကရတဲ့ ချေးငွေနဲ့ အတိုးပြန်ပေးရတာပါ။အခုချိန်မှာ စီးပွားရေးအားလုံး ရပ်တန့်နေပြီး စက်ရုံတွေလည် ပိတ်သိမ်းထားကြလို့ ဘဏ်တွေဟာ ချေးထားတဲ့ငွေတွေ ပြန်မရကြပါဘူး။ ချေးငွေတွေပြန်မရတဲ့အပြင်သာမန်ပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ဘဏ်တွေထဲကို အပ်ငွေတွေ လာမထည့် ကြတော့ပါဘူး။ နေ့စဉ် […]
တချို့အရာတွေက နှစ်ခါ ပြန်မရတတ်ဘူး
မှန်တစ်ချပ်ကို … ပစ်ပေါက်ပြီး ခွဲလိုက်ပါ အစိပ်စိပ်အမွှာမွှာကြေမွ သွားလိမ့်မယ် အဲ့ဒီမှန်စတွေိကို ကောက်ပြီး တစ်ခုချင်းတိတ်နဲ့ ပြန်ကပ်တာပဲ ဖြစ်ဖြစ် လုပ်ကြည့် ဆက်ရင်ဆက်သွားလိမ့်မယ် ဒါပေမယ့်အရင်လို ပြန်လိုချင်လို့ မရဘူး ကျွန်မရဲ့ စိတ်တွေကလဲ ဒီမှန်ချပ်နဲ့ တူတယ် တစ်ခါ နာကျင်ရပြီးသွားတဲ့အခါ အရင်လို ပြန်ဖြစ်ဖို့ မလွယ်တော့ဘူး တောင်းပန်ပါတယ်ဆိုတဲ့ စကားတွေနဲ့ ပြန်ဆက်ချင်ပေမယ့် အမာရွှတ်ကတော့ မြင်တိုင်းနာတယ်လေ မစွန့်လွှတ်နိုင်ခဲ့လို့ ခွင့်လွှတ်ခဲ့ရုံပါ အရာရာကို မေ့ပျောက်တတ်သွားတာ မဟုတ်ဘူး ဒါကို နားလည်သဘောပေါက်ဖို့ လိုတယ် ။ အတိတ်ကိုချည်း ဘာလို့ နောက်ကြောင်းပြန်လှည့်နေရတာလဲလို့မေးရင် အတိတ်က ကျွန်မကို ခုထက်ထိ နာကျင်စေလို့ပါ ဖြစ်နိုင် ကျွန်မက ပိုလို့တောင် သတိမရချင်သေးတယ် ။ ခက်တာက အခုချိန်ထိ အနာတွေ […]
“မင်းထမ်းနိုင်လား ထမ်းနိုင်ရင်ယူသွား” ဆိုတော့ ဦး တကယ်ပေးမှာလားတဲ့ ငိုသံလေးနဲ့
“မင်းထမ်းနိုင်လား ထမ်းနိုင်ရင်ယူသွား” ဆိုတော့ ဦး တကယ်ပေးမှာလားတဲ့ ငိုသံလေးနဲ့ တစ်နေကုန် တက်တက်ကြွကြွ ပေါ့ပါးလန်းဆန်းနေခဲ့ပြီး ပြန်ခါနီးခဏကျမှ ကိုယ့်စိတ်တွေလေးသွားရတယ် လိုအပ်တာတွေဝေပြီးလို့ ကုန်ပြီ ပြန်ကြမယ်ဆိုမှ ကားနားကိုရောက်လာတဲ့ကလေး။ပါလာတာတွေကုန်သွားတော့ ခပ်လှမ်းလှမ်းဘက်မှာရှိတဲ့သူတို့ဘက်ကိုမရောက်နိုင်။ သူတို့ဘက်ကိုကားမရောက်လာလို့ထင်ပါရဲ့ သူရောက်လာတယ်။”ဦး ဘာတွေပေးနေတာလဲ ကျန်သေးလားတဲ့”ကားပေါ်ကြည့်လိုက်တော့ ဆန်အိတ်နည်းနည်းကျန်သေးတယ် ၆ ပြည်ဝင်အိတ်လေးတွေပေါ့။ တခြား ဆီ၊ဆား၊ပဲ ဘာညာတွေပါတဲ့အထုတ်လေးတွေကကုန်ပြီ။အဲဒါ ကျန်တဲ့အကိုတွေက သူ့ပုံဝဝကစ်ကစ်ကိုကြည့်ပြီး ချစ်စနိုးနဲ့ “မင်းထမ်းနိုင်လား ?ထမ်းနိုင်ရင်ယူသွား”ဆိုတော့ ကိုယ့်ကိုကြည့်ပြီး ” ဦး ဆန်က တကယ်ပေးမှာလား”တဲ့၊ ငိုသံပါနဲ့ လှမ်းမေးတော့ ရင်ထဲနင့်သွားတယ်။” တကယ်ပေးမှာပေါ့ သားရဲ့ အိမ်ကဘယ်မှာလဲ ? ဦးလိုက်ပို့မယ် မင်းထမ်းစရာမလိုပါဘူး ” ဆိုတော့ ” ရတယ် ဦး သားဖာသာပဲထမ်းမယ် နိုင်ပါတယ်တဲ့” ဘယ်လိုပြောပြောမရဘူး၊အဲ့ချိန်ကောင် မလေးတစ်ယောက်ကလည်း သူ့ကိုပေးဖို့ခေါက်ဆွဲခြောက်ထုတ်လေးတွေအနီးနားက […]
မမုန်းပါနဲ့ ပြုံးပြလိုက်ပါ….
လိုလို့ပဲ သုံးသုံး မလိုလို့ပဲ မုန်းမုန်း..အသုံးနဲ့ အမုန်းကြားကာလမှာ..ခဏလေးပြုံးခွင့်ရတာ ကျေနပ်တယ်..ကံကြောင်ပဲ ဆုံဆုံ…ဝဠ်ကြွေးကြောင့်ပဲ ကြုံကြုံ ဆုံခြင်းနဲ့ ကြုံခြင်းကြားကာလမှာ ခဏလေးရင်းနှီး ခွင့်ရတာ ကျေနပ်တယ်…ချစ်လို့ပဲ ခေါ်ခေါ်..မုန်းကြလို့ပဲ မခေါ်ခေါ် ခေါ်ခြင်းနဲ့ မခေါ်ခြင်းကြားကာလမှာ ခဏလေး ပျော်ဝင်ခွင့်ရတာ ကျေနပ်တယ်…စိတ်ရင်းရှိလို့ပဲ တွေ့တွေ့ စိတ်ရင်းမရှိတော့လို့ပဲ မေ့မေ့ တွေ့ခြင်းနဲ့ မေ့ခြင်းကြားကာလာမှာ..ခဏလေးတွေ့ရတာ လည်းကျေနပ်တယ်…တစ်ကယ်တော့…လောကကြီးထဲ့မှာ အရာအားလုံးက ကံကြောင့်ပဲ ဖြစ်ဖြစ် ဝဠ်ကြွေးကြောင့်ပဲဖြစ်ဖြစ် လိုရင်သုံးပါ ရပါတယ်၊မလိုရင် မုန်းပါ ရပါတယ် ကံကြောင့်ဆုံလည်းရတယ်၊ဝဠ်ကြွေးကြောင့်ကြုံလဲရတယ် ..ချစ်လို့ ခေါ်ရတယ် ၊မုန်းလို့မခေါ်လဲရတယ်..စိတ်ရင်ရှိလို့တွေ့လည်ရပါတယ်၊စိတ်ရင်မရှိလို့မေ့လည်းရတယ် ခဏဆိုတဲ့ အချိန်လေးဟာ တန်းဖိုးရှိပါတယ်…ခဏလေးဆိုတဲ့အချိန်ကို သတိထားမဆင်ခြင်မိလို့ပုထုဇဉ်ပီပီရူးမိုက်တဲ့ လမ်းတွေ “ထွင်”ဖောက်ခဲ့ကြတာပါ တစ်နေထွက်၊တစ်နေဝင် တစ်ယောက်လာ! တစ်ယောက်သွား! …အပြောင်းလဲ” နိယာမ”ကို မေ့ထားခဲ့မိတာ..ကိုယ်က အမှားကြီး မှားသွားရတော့တာပါ ဒါကြောင့်လည်း….ကိုယ့်ကိုယ် လိုသူအတွက်ပဲ…ဖြစ်ဖြစ်၊မလိုသူအတွက်ပဲ ဖြစ်ဖြစ်..ခဏလေး […]
ဘယ်အရာနဲ့ပဲနှိုင်းယှဥ်ပါစေ မေတ္တာတရားကပဲ အလေးသာပါတယ်
ဘယ်အရာနဲ့ပဲနှိုင်းယှဥ်ပါစေ မေတ္တာတရားကပဲ အလေးသာပါတယ် အမျိုးသားတစ်ယောက်က အဖွားအိုကြီးရောင်းတဲ့ လိမ္မော်သီးတွေကို အမြဲ ဝယ်လေ့ရှိတယ် သူ့စိတ်ကြိုက် လိမ္မော်သီးတွေ ရွေးပြီးတာနဲ့ ကီလိုချိန်တယ်…အဲဒီ့အတွက် ကျသင့်ငွေတွေရှင်းပြီး သူ့လွယ်အိတ်ထဲပဲ ထည့်ယူသွားတယ် ဒါပေမဲ့ အဲဒီလို လွယ်အိတ်ထဲ လိမ္မော်သီးတွေထည့်တိုင်း သူလုပ်လေ့ရှိတာကတော့ လွယ်အိတ်ထဲ ပိုက်ဆံရှင်းပြီးသား လိမ္မော်သီးအားလုံးထည့်ပီးတာနဲ့ လိမ္မော်သီးတစ်လုံးကို အိတ်ထဲက ပြန်ထုတ်တယ်…ဆိုင်မှာပဲ အခွံခွာပြီး လိမ္မော်သီးကို စားကြည့်တယ် ပြီးတော့ “ဒီလိမ္မော်သီးက အရမ်းချဉ်တာပဲ” လို့ လိမ္မော်သီးတစ်စိတ်ကို စားရင်း သူကပြောပြီးတာနဲ့ ကျန်တဲ့ တစ်လုံးလုံးကို ဆိုင်ရှင်အဖွားကြီးကို ပေးလိုက်တယ် အဖွားအိုကြီးကလဲ….တစ်စိတ်စီ စားကြည့်ရင်းနဲ့ “ဘာဖြစ်လို့လဲ မချဉ်ပါဘူး သူက ချိုပါတယ် လူကလေးရဲ့” လို့ ပြန်ပြောတယ်ဆိုရင်ပဲ အဲဒီလူဟာ သူ့ရဲ့ လိမ္မော်သီးအိတ်ကလေးလွယ်လို့ ထွက်သွားနှင့်ပြီ ဖြစ်တယ် ဒီအပြုအမူဟာ […]
အရက်ဆိုင် မှာ စားပွဲထိုးလုပ်ခဲ့ရပေမယ့် ငယ်ဘဝ အိပ်မက်ကို တည်ဆောက်နိုင်ခဲ့တဲ့ မြန်မာလူငယ်တဦး
အရက်ဆိုင် မှာ စားပွဲထိုးလုပ်ခဲ့ရပေမယ့် ငယ်ဘဝ အိပ်မက်ကို တည်ဆောက်နိုင်ခဲ့တဲ့ မြန်မာလူငယ်တဦး ကျွန်တော်ငယ်ငယ်က အိမ်က အတော်ဆင်းရဲတယ်။ ကျွန်တော် ၄ တန်းအောင်တော့ အိမ်က စားသောက်ဆိုင်ကလေး စ ဖွင့်တယ်။ နယ်ဘက်ဖြစ်လို့ အစားအသောက်ထက် အရက် ဘီယာ ပိုရောင်းရတယ်။ အဲ့တုန်းက ကျူ ရှင်မနေဘူး ဆိုင်မှာပဲ စားပွဲထိုးရတယ်။ညနေ ၅ နာရီဆို ဆိုင်ထဲ လူ စ စည်ပြီ။ ရွာက အရက်သမားတွေ စ စုနေလောက်ပြီလို့ ပြောလို့ရတယ်။ ဆိုင်ထဲ တဖွဲဖွဲ ဝင်လိုက် ထွက်လိုက်ပါပဲ။ ဂရမ်း၊ rc၊ မန်းလေးရမ်၊ ဟိုက်ကလက်၊ မြန်မာ၊ မန်းလေး၊ ဘီယာချမ်း၊ မေမြို့ဝိုင်၊ မန်ကျည်း၊ ကော်ဝီ အစုံပဲ ( မှတ်မိသလောက် […]
ရုပ်ရည်မမျှပေမယ့် ချစ်ရည်တူမျှကြလို့ တီဗွီထဲမှာတောင် ထုတ်လွှင့်ပြသခံရတဲ့ ချစ်သူစုံတွဲ
unicode ရုပ်ရည်မမျှပေမယ့် ချစ်ရည်တူမျှကြလို့ တီဗွီထဲမှာတောင် ထုတ်လွှင့်ပြသခံရတဲ့ ချစ်သူစုံတွဲ အချစ်ဆိုတာ မျက်စိမရှိပါဘူး … ဒါပေမယ့် မျက်စိရှိလို့သာ မြင်မြင်ချင်း ချစ်တယ်ဆိုတာ ဖြစ်လာတာပါ။ အချစ်ဆိုတာ မျက်စိမရှိဘူးဆိုတဲ့ အဓိပ္ပါယ်က တကယ်တော့ ကိုယ်ချစ်တဲ့သူဆိုရင် ဘယ်လိုပဲ ချို့ယွင်းချက်တွေ၊ ပြစ်ချက်တွေရှိနေနေ မမြင်ဘူးလို့ ဆိုလိုတာပါ။ ဒီအချက်ကို ဖိလစ်ပိုင်နိုင်ငံသား Roger Casugay နဲ့ ဒက်ချ်နတ်သမီးလေးတို့ရဲ့ ချစ်ပုံပြင်က သက်သေခံနေပါလိမ့်မယ်။ Viral သတင်းမှာ ဖော်ပြထားချက်အရ Roger Casugay အမည်ရ ဖိလစ်ပိုင်နိုင်ငံသားဟာ ဓာတ်ပုံထဲမှာ မြင်ရတဲ့အတိုင်းပဲ အသားရေက မည်းတဲ့ဘက်မှာ ပါပါတယ်။ ရုပ်ရည်အားဖြင့်လည်း မြင်တဲ့အတိုင်းပါဘဲ စွဲဆောင်မှုရှိတဲ့ ရုပ်ရည်မျိုး မဟုတ်ပါဘူး။ ဒါပေမယ့် အရပ်အမောင်းကတော့ ကောင်းပြီး၊ ကျစ်လစ်တဲ့ ခန္ဓာကိုယ်နဲ့ ယောက်ျားပီသတယ်လို့ […]
ငွေထုတ်ဖို့ အပင်ပန်းခံ တန်းစီနေရတဲ့ လူတွေ အတွက် AYA ATM ကတ်ထဲကငွေထုတ်ဖို့ အဆင်ပြေတဲ့ နည်းလမ်း တခုပြောပြပါမယ်
ငွေထုတ်ဖို့ အပင်ပန်းခံ တန်းစီနေရတဲ့ လူတွေအတွက် AYA ATM ကတ်ထဲကငွေ ထုတ်ဖို့အဆင်ပြေတဲ့နည်းလမ်းတခုပြောပြပါမယ် တချို့ဆို ATM ကတ်ထဲကငွေထုတ်ဖို့ကိုမနက်၆နာရီလောက်ထဲကထပြီးသွားတန်းစီရတယ်…. လူတွေအရမ်းများတော့တနေကုန်နီးပါးတန်းစီ…. နေ့ခင်း၃လေးနာရီလောက်မှတရက်စာအတွက်ထုတ်ပေးတဲ့၃သိန်းလေးပဲရတာ ဒါတောင်တခါတလေကိုယ့်အလှည့်ရောက်လို့ATM စက်ရှေ့ရောက်ပြီဆိုမှပိုက်ဆံကုန်သွားပြီဆိုပင်ပန်းလွန်းခဲ့သမျှသေပါလေရောပဲ…. အဲ့လိုလုပ်မဲ့အစားAYA Pay အကောင့်တခုဖွင့်လိုက်ပြီးAYA Pay Agent ( သို့) Max ဆီဆိုင်ကနေပဲငွေထုတ်ခFees နဲနဲလောက်ပေးပြီးထုတ်လိုက်ကြပါ…… တနေကုန်အိပ်ရေးပျက်အပင်ပန်းခံတန်းစီနေမဲ့အစား ပိုက်ဆံ၃သိန်းကိုထုတ်ခ2500 လောက်ပေးလိုက်ရတာကပဲပိုအဆင်ပြေကြမှာပါ….( ခုချိန်မှာတော့agent တွေလဲငွေထုတ်ပေးဖို့အဆင်မပြေလောက်တော့ ကျွန်တော်က တော့Max ဆီဆိုင်ကနေပဲ သွားထုတ်ခဲ့တယ်…) တနေ့ကို၃သိန်းထုတ်ပေးပါတယ်…… ( AYA Pay Acc ကLevel 2 ဖြစ်ရပါမယ်) 1…. အရင်ဆုံးPlay store ကနေပြီးAYA Pay App ကိုdownload ဆွဲပါ…. 2…. ပြီးရင်Acc ဖွင့်လိုက်ပါ..Acc ဖွင့်တာလွယ်လွယ်လေးပါ.. Ph […]









