(၁၇ )ရက်မှ (၁၉) ရက်နေ့အတွင်း မိုးကြီးနိုင်သော ဒေသများ မင်းတုန်း သရက် အောင်လံ ကံမ မကွေးတိုင်းအနောက်ပိုင်း ရခိုင်ရိုးမပေါ်မိုးကြီးနိုင်ပါတယ် သံတွဲ တောင်ကုတ် အမ်းလမ်းပိုင်း မိုးကြီးနိုင်ပါတယ် သထုံခရိုင်နှင့် ဘီးလင်းမြစ်ဖျားပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး ဘီးလင်းမြစ်ရေများအရှိန်အဟုန်ဖြင့် စီးဆင်းလာနိုင်ပါသဖြင့် မြေနိမ့်ဒေသများ တွင်နေထိုင်သူများ မြစ်နီးချောင်းနီးတွင် နေကြသူများ ဘေးကင်းလုံခြုံရာတွင် နေထိုင်ကြပါရန် သတိပေးနိုးဆော်လိုက်ရပါတယ်ရှင့်မော်တင် ဂေါ်ရင်ဂျီကျွန်း ဟိုင်းကြီးကျွန်း မိုးကြီးနိုင်ပါတယ် နေ့စဉ်မိုးလေဝသသတင်း (၂၀၂၁ ခုနှစ်၊ ဇွန်လ (၁၆)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်း ရာမှ အားအလွန်ကောင်းနေပါသည်။ ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင် နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲ၊ ကချင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် […]
Day: June 16, 2021
နတ်ကောင်းနတ်မြတ်တွေက သင့်ကို စောင့်ရှောက်တယ်ဆိုတာ သိနိုင်မယ့်အချက် (၅) ချက်
နတ်ကောင်းနတ်မြတ်တွေက သင့်ကို စောင့်ရှောက်တယ်ဆိုတာ သိနိုင်မယ့်အချက် (၅) ချက် တစ်ချို့လူတွေဟာ သူတို့ရဲ့ မွေးရာပါကံလို့ ပဲပြောရမလား၊ ထူးခြားချက်လို့ ပဲပြောရမလား (အကြောင်းအမျိုးမျိုးကြောင့်) နတ်ကောင်းနတ်မြတ်တွေရဲ့ စောင့်ရှောက်ခြင်းကို အမြဲတမ်း ခံရပါတယ်။ သင့်ကိုနတ်ကောင်း နတ်မြတ်တွေက စောင့်ရှောက်တယ် ဆိုတာ သိနိုင်မယ့်အချက် (၅) ချက်ရှိပါတယ်။ တကယ်လို့ ဒီအရာလေးတွေကို သင်အမြဲ လိုလို ကြုံတွေ့နေရတယ် ဆိုရင်တော့ သင်ဟာ မမြင်ရတဲ့ နတ်ကောင်းနတ်မြတ်တွေရဲ့ စောင့်ရှောက်ခြင်းကို ခံရ သူပါ (၁) ငှက်မွှေးလေးကျလာတယ် တကယ်လို့သင့်အနားလေးမှာ ငှက်မွှေးလေးဝဲနေတယ်၊ ဒါမှမဟုတ် သင့်အပေါ်လေးကိုကျလာတယ်ဆိုရင်တော့ ဒါဟာ နတ်ကောင်းနတ်မြတ်တွေရဲ့ သင်္ကေတ ဖြစ်ပါတယ်။ သင့်ဘေးမှာ သူတို့အမြဲရှိနေတယ်ဆိုတာကို ပြောပြချင်လို့ဖြစ်ပြီး သူတို့ဟာသင့်ကို ချစ်ခင်တယ်၊ မစတယ်ဆိုတာကို ဖော်ပြလိုက်တာဖြစ်ပါတယ်။ အထူးသဖြင့် သမရိုးကျနေရာတွေ […]

