ကိုယ်ကလိုက်ရင် ပြေးမယ့်သူကို လိုက်မနေပဲ ပြန်လှည့်လာပြီး အရင်ကထက်ပိုပြီး လှအောင်နေပြလိုက်ပါ ဟိုအရင်တုန်းကဆိုကိုယ့်ရည်းစားနဲ့ပတ်သက်ရင် သိပ်အဆိပ်တက်တာ… ဘယ်သွားနေလဲ ဘာလုပ်နေလဲ မေးရတာနဲ့ အားနေ စိတ်ပူပေးရ စိုးရိမ်ပေးရတာနဲ့ စိတ်မချလို့ အနောက်က တကောက်ကောက် လိုက်ရတာနဲ့ ဖုန်းတဂွမ်ဂွမ်ဆက် စပိုင်လုပ်ရတာနဲ့ Active ဖြစ်နေရက် စာလာမပို့ရင် စိတ်ကောက်ရတာနဲ့ သူငယ်ချင်းတွေရန်ကြောက်လို့ ဖွက်ထား ဥထားရတာနဲ့ အပြစ်တစ်ခုခုတွေ့ထားပြီဆို အချိန်ကုန်ခံ ရစ်ပြရတာနဲ့ အနားကထွက်သွားမှာစိုးလို့ နေပျော်အောင် ထားပေးရတာနဲ့ ပတ်ဝန်းကျင်ကပြောရင်မကြိုက် ကက်ကက်လန်ရန်တွေ့ရတာနဲ့ ထစ်ခနဲဆို မျက်ရည်ကရှေ့ကအရင်ကျ ငိုမိရတာနဲ့ ဂရုမစိုက်ဘဲ ပစ်ထားလို့ ပွစိပွစိလိုက်ပြောနေရတာနဲ့… ရည်းစားတစ်ယောက် ရထားတာ…မျောက်ငပိ ကိုင်ထားရသလို ဂဏာမငြိမ် ချင်တော့ဘူး ငါးရံ့ပြာထိထားသလို ဖျတ်ဖျတ်ကိုလူးနေရောဆပ်ပြာသည်လင်ပျောက်သလို အရူးတစ်ပိုင်းဖြစ်ပြီ သူခိုးရွှေကောက်ရထားတဲ့အတိုင်း အိနြေ္ဒကမရ ဆပ်ဆလူးကို ခါနေတာ မြင်လို့တောင်မကောင်းဘူး။ ကိုယ်က […]
Day: June 18, 2021
အပျိုစစ်စစ်ဆိုမှ ဖတ်ပါ ညီမလေး
အပျို စစ်စစ် များသာ ဖတ်ရန် အအိုတွေဖတ်မိရင် စိတ်ဓါတ်ကျမှာစိုးလို့ပါနော် ခေါင်းစဉ်ကြည့်ပြီး တမျိုး မထင်ပါနဲ့နော် အအိုတွေဖတ်မိရင် စိတ်ဓါတ်ကျမှာစိုးလို့ပါ… အပျိုစစ်စစ်ဆိုတာက ခုခေတ်က ၁၆ နှစ်၁၇နှစ်ဆိုရင်ကို ရည်းစားက ရှိနေကြတာ…။ ရည်းစားဖြစ်တာ ၁ ရက်မကြားဘူး living together က နေနေကြပြီလေ တကယ်တော့ လက်မထပ်ရသေးပဲနဲ့ အတူတူနေကြတာ မိန်းခလေးတစ်ယောက်အတွက် လုံးဝတန်ဖိုးကျသွားပါပြီ…အပျိုစင် ဘဝဆိုတာ ယောင်္ကျားတိုင်းရဲ့ တန်ဖိုးထားခြင်းကို ခံထားရသူလို့တောင် တင်စားထားကြပါတယ်အပျိုစင်ကနေ အအို ဖြစ်ဖို့က ၅မိနစ်မကြာပါဘူး ။ ဒါပေမယ့် အအိုကနေ အပျို ပြန်ဖြစ်ဖို့က ရှိသမျှ စည်းစိမ်း ပုံပေးမယ်ဆိုရင်တော့ ဒီ ဘဝအတွက်ပြန်မရနိုင်တော့ပါဘူး ချစ်သူရှိခဲ့ရင်လည်း ဒီအပျိုစင်ဘဝကို ထိန်းသိမ်းပါ။ ချစ်သူကို နားလည်အောင် သူသဘောပေါက်အောင် ပြောပြထားပါ…။ ဒါမှ […]
မိမိအိမ်ဂေဟာ ကျက်သရေတိုး၍ မင်္ဂလာရှိလာဘ်ပွင့်အောင် လုပ်နည်း
သစ်တံခါး ဆရာတော်မှ နည်းလမ်းပေး တော်မူသည့် မိမိအိမ်ဂေဟာ ကျက်သရေတိုး၍မင်္ဂလာရှိလာဘ်ပွင့်အောင် လုပ်ဆောင် ရမည်များမှာ ၁။ နံနက်အိပ်ယာထသည်နှင့် တစ်ပြိုင်နက် မျက်နှာသစ်ကာ သွားတိုက်ပီးပါက ဘုရားသောက်တော်ရေလဲ ဆီမီးပူဇော်ပါ ဘုရားကျောင်းဆောင် သန့်ရှင်းရေး ပြုလုပ်ပါ ၂ ။ဆွမ်းကပ် / ကော်ဖီတစ်ခွက်ကပ်ပါ သစ်သီးလှူလည်း ရပါတယ် ၃။ ဂုဏ်တော်တစ်ပါးပွား (သို့မဟုတ်)ကိုးပါးလုံးပွားလည်းရ၊ ပုတီးစိပ်ရင် ပိုကောင်း ပါ၏ ၄။ ကိုယ်လုပ်သော ကုသိုလ်တွေကို ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ် အလုပ်အကိုင် ရုံးကုမ္ပဏီ စက်ရုံတွေဆိုင်တွေမှာ စောင့်သော နတ်မြတ် နတ်ကောင်းအား အမျှပေးဝေပါ။ သစ်တံခါး ဆရာတော် မေတ္တာဝေနည်းကိုဘဲ အစအဆုံး မေတ္တာပို့ပါ ပြီးရင် ကြေးစည် သို့ ခေါင်းလောင်းလှုပ် အမျှဝေပါ သာဓုခေါ်ပါ ။ […]
မြန်မာပြည်သူတွေကို စုပ်ခွက်ငါးထက် ပိုအန္တရာယ်ပေးနေတဲ့ အရာတခု (အရမ်းအရေးကြီးပါတယ်)
မြန်မာပြည်သူတွေကို စုပ်ခွက်ငါးထက် ပိုအန္တရာယ်ပေးနေတဲ့ အရာတခု (အရမ်းအရေးကြီးပါတယ်) ဂေဟစနစ်အတွက် အန္တရာယ်ကြီးမှန်း မသိတဲ့အခါ မြစ်ထဲကို စုပ်ခွက်ငါးတွေ လွှတ်လိုက်တယ်တဲ့..။ ကျွန်တော်လည်း ယခင်က အဲဒီငါး အန္တရာယ်ရှိမှန်း မသိ။ ဒီမနက်က ငါးခူတစ်သောင်းဖိုးဝယ်ပြီး ချောင်းထဲကို ကုသိုလ်ဖြစ် သွားလွှတ်ရင်း စိမ်းစိမ်းစိုစို ပဲခင်းတွေထဲမှာ လယ်သမားတွေ ဆေးဖျန်းနေတာကို ကြည့်ရင်း “နောက်ထပ် မသိခြင်း အကြောင်းတစ်ခု..” ကိုပါ ဆက်စပ်တွေးမိလို့ မချိပြုံး ပြုံးမိပါတယ်။ မတ်ပဲ ၊ ပဲတီစိမ်းတွေ သီးပွင့်တဲ့ ဒီလို လမျိုးမှာ ထိုင်းနိုင်ငံဘက်ကနေ ပိုးသတ်ဆေးမျိုးစုံ တင်လာကြတဲ့ ကားကြီး ကားငယ်တွေဟာ မြန်မာပြည်ထဲကို အတားအဆီးမရှိ ဝင်လာကြပါတယ်။ အဲဒီပိုးသတ်ဆေးတွေဟာ သူတို့နိုင်ငံမှာ သဘာဝ ပတ်ဝန်းကျင်ကို အကြီးအကျယ် ထိခိုက်လို့ လုံးဝပိတ်ထားကြပြီး နိုင်ငံတကာမှာပါ […]
ဒီနေ့ခေတ်တောင် လိုက်လို့မမှီနိုင်သေးတဲ့ ရာဇဝင်ထဲက အချစ်စကားလုံးများ
ဒီနေ့ခေတ်တောင် လိုက်လို့မမှီနိုင်သေးတဲ့ ရာဇဝင်ထဲက အချစ်စကားလုံးများ (၁) “မမြဝင်းရယ်…လှေလံနှစ်ဖက်နင်းမယ်ဆိုလည်း ကျုပ်ဘက်ကို ပိုပိုသာသာလေး ဖိနင်းလိုက်စမ်းပါဗျာ..။ ” (ဗိုလ်အောင်ဒင်) (၂) “မယ်သီတာရယ် မင်းပုံရိပ်ကလေး မြင်ခဲ့ ကတည်းက စွဲလမ်းခဲ့ရတာပါ..။ မင်းဘာသာ လင်ဘယ်နှယောက်ရဲ့ မယားဖြစ်နေနေ ငါဂရုမစိုက်ဘူး ။ ငါလိုချင်တာ မင်းအချစ်ကိုပါ..။ သိပ်ချစ်လွန်းလို့ မင်းနှလုံးသားကိုရဖို့ ငါ အရူးတစ်ယောက်လို ကြိုးစားခဲ့တာ…ကြည့်ပါဦး..။ ငါ့ဆွေတွေ ၊ မျိုးတွေ အကုန်သေ..ငါ့တိုင်းပြည်ကြီး မီးဟုန်းဟုန်းတောက်လောင်နေပြီ..၊ မင်းအချစ်ကိုရဖို့.. ငါသေပြဖို့ပဲ.. လိုတော့သလား..ဟင်။ ..” (ဒဿဂီရိ) (၃) ” သေစေနိုင်တဲ့ အဆိပ်တွေပါမှန်း သိသိကြီးနဲ့ ကျုပ်မရှောင်နိုင်ခဲ့တာ မင်းနှုတ်ခမ်းတွေပါပဲ ရွှေအိမ်စည်ရယ်…။ ” (ပရိက္ခရားမင်းသား) (၄) ” သွားပေဦးတော့ စောမွန်လှရေ.. သွားပေဦးတော့။ မင့် […]
ဘယ်တော့မှ မကောက်ကျစ်တက်တဲ့ Aသွေးအကြောင်းလေးများ
ဘယ်တော့မှ မကောက်ကျစ်တက်တဲ့ Aသွေး အကြောင်းလေးများ ”ကျွန်တော်သိသော’”” (A) ’””သွေး အကြောင်းလေးများ”” အသဲတွေဘယ်လောက်ကွဲကွဲ အမှတ်မရှိ ပြန်မျှော်လင့် နေတတ်တာ”A သွေး” စိတ်ညစ်နေရင် ဘယ်သူကိုမှ ရင်မဖွင့်တတ်ဘူး တစ်ယောက်ထဲ ကျိတ် ခံစားနေတတ်တာ “Aသွေး” မနက်အစော ကြီးထရမှာကို အမုန်းဆုံး… လာနိုးတဲ့ သူက ရန်သူ… ”Aသွေး” အသဲကွဲတယ်ဆိုရင်တောင် ဘယ်သူမှမယုံ… ရုပ်က စပ်ဖြီးဖြီး ဖြစ်နေလို့ပဲ ”Aသွေး” ထမင်းစားတာထက် မုန့်စားတာ ပိုနှစ်သက်တယ်.. တစ်ခုခု စားနေကမှ အဆင်ပြေတာ…”Aသွေး” တစ်ကယ်လက်တွေ့မှာ အဖော်မဲ့နေတာ များတယ်… အများအမြင်က ရှက်တဲ့သူ “Aသွေး” ခရီးသွားနေရရင် ပီးကော., ဘယ်နေရာ ရောက်ရောက် ပျော်နေတတ်သူပါ.. ”Aသွေး” သီချင်းဆိုတာ နှစ်သက်ပေမယ့်. အသံအကြယ်ကြီး မဆိုတတ်ဘူး […]
ဂျပန်နိုင်ငံရဲ့ လဝက မှ လေဆိပ်အထိပြန်လိုက်ခေါ်ခဲ့ရတဲ့ ပထမဆုံး မြန်မာနိုင်ငံသား
မြန်မာလက်ရွေးစင်ဘောလုံးသမားများရဲ့ မျက်နှာဟာမသာမယာနဲ့ လေဆိပ်ထဲကို တစ်လှမ်းချင်းဝင်လာကြပါတယ် ပြန်ရတော့မယ်လေ မတည်ငြိမ် မအေးချမ်းသေးတဲ့ အမိနိုင်ငံမြန်မာပြည်။ ဖြစ်နိုင်ရင် မပြန်ချင်ကြဘူးကွယ် ပြန်ချင်ကြတဲ့သူရှိလှ ၁၀ ယောက်လောက်ပါပဲ။ ဒါပေမဲ့လည်းကျန်ရှိခဲ့တဲ့မိသားစုတွေကို ပူပန်ရတော့အားမာန်မွေးလို့ ပြန်ရတော့မယ်။လေဆိပ်အထဲမှာစောင့် ကြိုနေတာကတော့ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေပါပဲ ဓာတ်ပုံတွေ တဖြတ်ဖြတ်ရိုက် တီဗီကင်မ ရာကြီးတွေထမ်းလို့ ဝင်လာကြတဲ့ အားကစားသမားများကို အင်တာဗျူးတော့တာပါပဲ။ အဖွဲ့ထဲမှာ ဒလန်ကလည်းပါတော့ ထိန်းထိန်းသိမ်းသိမ်း စကားပြောရသယ်ဆောင်လာရတဲ့ မရှိမဲ့ရှိမဲ့ပစ္စည်းလေးတွေကိုလည်းဆွဲရ။အော်မရှိမဲ့ရှိမဲ့ဆိုလို့ နားရှုပ်သွားတယ်ထင်တယ်နော်။ ဟုတ်ပါတယ်မရှိမဲ့ရှိမဲ့ မြန်မာပြည်က ထွက်လာတဲ့အတိုင်းပါရှိလာတဲ့ ကိုယ်ပိုင်ပစ္စည်းတွေပါပဲ။ ဟုတ်တယ်လေ ဂျပန်မှာ ၃ ပါတ်နီးပါးနေသွားရပေမဲ့ ပွဲမတိုင်ခင် လေ့ကျင့်ရေးဆင်းရဖို့ရယ်ဘောလုံးကန်ကစားမဲ့ပွဲရက်တွေပဲ အပြင်ထွက်ခွင့်ရပါတယ် ကျန်တဲ့အချိန် တံခါးပိတ်ချိတ်ဟော်တယ်ကနေအပြင်ထွက်ခွင့်မရလို့ မြန်မာပြည်မှာကျန်ရှိခဲ့တဲ့ မိသားစုအတွက် ဘာလေးညာလေးတောင်မယူသွားနိုင် ဘယ်လိုခေါ်မလဲ တရုတ်၊ ရုရှား၊ မြောက်ကိုရီယားလို တင်းကျပ်တဲ့ စည်းမျဉ်းဥပဒေနဲ့ဗျ။ လွန်ခဲ့တဲ့ […]
မိန်းကလေးတွေ ရွဲ့ပြောတတ်တဲ့ စကားအတည်လေးတွေ
မိန်းကလေးတွေ ရွဲ့ပြောတတ်တဲ့ စကားအတည်လေးတွေ 🤦♂️လာမခေါ်နဲ့! အဲတာခေါ်ခိုင်းတာ မခေါ်ပဲနေကြည့် သေအောင်စိတ်ဆိုးတယ်😑 🤦♂️အေးးးရတယ်လေ! အဲတာ မရဘူးးး ကြည့်နေ ငါပြဿနာ ရှာပြမယ် အဲ့လို 😑 🤦♂️ၿပီးတာပဲ! အဲ့တာ မပြီးဘူး မကျေနပ်လို့ပြောတာ ခဏနေ သူပြန်ရွဲ့တော့မှာ 😑 🤦♂️ဘာတစ်ခွန်းမှလာမပြောနဲ့! အဲ့တာကောက်သွားတာ အမြှုပ်ထွက်အောင် သွားရှင်းပြပြောနိုင်မှတော်ကာကျမှာ 😑 🤦♂️ႀကိဳက္တာသာလုပ္! ဘာမှသွားမလုပ်နဲ့ အဲ့တာသူ ပြဿနာရှာဖို့အဆင်သင့်ပဲဆိုတဲ့သဘော😑 🤦♂️ငါ့ကို အဖက်လာမလုပ်နဲ့! ပစ်ထားတာများသွားပီ သေချာပြန်ဂရုစိုက်ပေး ဆိုတဲ့သဘော အနီရောင်အဆင့် ရှော့ရှိတယ်😑 🤦♂️နင်ဘာလုပ်လုပ် ငါဂရုမစိုက်ဘူး! အဲ့တာ သူဂရုစိုက်တယ် တော်တော်စိုက်တာ မျက်စိထောက်ထောက်ကြည့်နေတာတစ်ချက်မမှားနဲ့ရစ်ပလိုက်လို့နားကားသွားမယ်😑 🤦♂️နင့်သဘောနဲ့နင် ! အဲ့တာသူ့ဆီအရင်ခွင့်တောင်းခိုင်းတာ ဘယ်နေရာလဲ ဘာကိစ္စလဲ ဘယ်သူနဲ့လဲ $?&?@?အဲ့လို မေးခွန်းပေါင်းများစွာ မေးပီး အစစ်ဆေးလာခံခိုင်းတာ😐 🤦♂️ကောင်းပီလေ! […]
မြန်မာစစ်ကောင်စီရဲ့ကိုယ်စားလှယ်ခန့်အပ်လွှာကို FAO ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ ပယ်ချ
ဇွန်လ ၁၅ ရက်နေ့ကျင်းပတဲ့ FAO ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ရဲ့ Credentials Committee ကိုယ်စားလှယ်ခန့်အပ်လွှာစစ်ဆေးရေး ကော်မတီက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အာဏာသိမ်းစစ်ကောင်စီက တင်ပြလာတဲ့ ကိုယ်စားလှယ်အဖွဲ့ ခန့်အပ်လွှာကို ပယ်ချလိုက်ပြီး မြန်မာပြည်ကိုယ်စားပြုတဲ့ မည်သည့်ကိုယ်စားလှယ်ကိုမျှ အသိအမှတ်မပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အခုလို ဆုံးဖြတ်ချက်ချဖို့အတွက် FAO စစ်ဆေးရေးကော်မတီ အနေနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ တခြား ကုလသမဂ္ဂအဖွဲ့အစည်းတွေဖြစ်ကြတဲ့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ILO နိုင်ငံတကာအလုပ်သမားအဖွဲ့ တို့ရဲ့ ဆုံးဖြတ်ချက်တွေကို သတိပြုလေ့လာခဲ့တယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ တဆက်တည်းမှာပဲ သူတို့ကော်မတီကို ဇွန်လ ၁၄ ရက်နေ့အထိ ကိုယ်စားလှယ်ခန့်အပ်ဖို့ တင်ပြလာတဲ့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၁၆၈ နိုင်ငံစာရင်းထဲမှာပါဝင်တဲ့ တခြားနိုင်ငံတွေကိုတော့ လက်ခံအသိအမှတ်ပြုလိုက်ကြောင်းလည်း FAO ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ မြန်မာစစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကို အသိအမှတ်ပြုလက်ခံခြင်းမပြုဖို့ […]
ရွာအလှူအတွက် တစ်အိမ်ကို တစ်အိုး ယနေ့အထိ ထမင်းအမြဲပေါင်းပေးနေတဲ့ ညီညွတ်တဲ့ရွာလေး
ရွာအလှူအတွက် တစ်အိမ်ကိုတစ်အိုး ယနေ့အထိ ထမင်းအမြဲပေါင်းပေးနေတဲ့ ညီညွတ်တဲ့ရွာလေး စစ်ကိုင်းတိုင်း ပင်လယ်ဘူးမြို့နယ် မြေလင်းစံပြကျေးရွာလေးဟာဆိုရင် သူတို့ရွာကအလှူအတွက် ယနေ့အချိန်အထိ တအိမ်ကိုတအိုးထမင်းပေါင်ပေးနေတာညီညွတ်တဲရွာဓလေ့လေးကိုလေးစားရင်ရှယ်ပေးပါဟိုင်ပေးပါနော် Zawgyi ရွာအလှူအတွက် တစ်အိမ်ကိုတစ်အိုး ယနေ့အထိ ထမင်းအမြဲပေါင်းပေးနေတဲ့ ညီညွတ်တဲ့ရွာလေး စစ်ကိုင်းတိုင်း ပင်လယ်ဘူးမြို့နယ် မြေလင်းစံပြကျေးရွာလေးဟာဆိုရင် သူတို့ရွာကအလှူအတွက် ယနေ့အချိန်အထိ တအိမ်ကိုတအိုးထမင်းပေါင်ပေးနေတာညီညွတ်တဲရွာဓလေ့လေးကိုလေးစားရင်ရှယ်ပေးပါဟိုင်ပေးပါနော်









