သိိသိသာသာ စျေးခေါ် စျေးရောင်းကောင်းစေတဲ့ အစီီအရင် စျေးခေါ်အင််း အဆောင်လက်ဖွဲ့ ကျောက်သင်ပုန်းကွဲတွင် ကံ့ကူဆန်နှင့်အင်းချပြီး ဥုံ ဧတံသရဝံ သွားဟ ၃၇ ခေါက်ရွတ်၍ သိဒ္ဓိတင်ပါ ။ အသုံးပြုလျှင် အင်းကိို ရေစိမ်ပြီး ထိုရေနှင့်် ရောင်းလိုသော ကုန်ပစ္စည်းကို ပက်ဖျန်းပါ ။ သိိသိသာသာကုန်ရောင်းထွက်စေသည်။ ရထားသွားအင်းဖြစ်ပါသည်။ ဘေးတွင် စေလေးချက်ရံပါ။ စျေးခေါ် စျေးရောင်းကောင်းစေတဲ့ အစီီအရင် အင်းစမ လိုအပ်သူ၍ ပြောလာသူများအတွက်နှင့်် အခြားလိုအပ်သူများ အသုံးပြုနိုင်ပါသည်။ ကျောက်သင်ပုန်းကွဲ မရလျှင်် ကြေးပြားတွင် စီရင်နိုင်ပါသည်။ Nyein chan zu နောက်တစ်နည်း စျေးရောင်းမကောင်း၍ စိတ်ညစ်နေသူများ၊ နေရာကောင်း အကွက်ကောင်းသော်လည်း အရောင်းအဝယ်တိတ်နေပါသ လား၊ တခြားအရောင်းအဝယ်ကိစ္စများလဲ အရောင်းမထွက်တာမျိုး အဝယ်မလာတာမျိုးဖြစ်နေပါက ကံပွင့် လာဘ်ပွင့်ဖြစ်လာအောင် အောက်ပါအတိုင် […]
Day: June 18, 2021
မင်္ဂလာပွဲတွင်လာရောက်ကာ ငိုယိုနေသည့် သတိုးသား၏ရည်းစားဟောင်းကို သတိုးသား၏မိခင်က အားပေးနှစ်သိမ့်ကာ ချော့မော့ပေးခဲ့ရသည့်အဖြစ်
တစ်ဦးနှင့်တစ်ဦး အမှန်တကယ်ချစ်မြတ်နိုးသူ စုံတွဲတိုင်းသည် သာယာလှပသော မင်္ဂလာပွဲလေးနှင့်အတူ အစချီကာ ဘဝကိုဖြတ်သန်းလိုကြသည်။တစ်ဦးနှင့်တစ်ဦး နက်နက်ရှိုင်းရှိုင်းပင် ချစ်မြတ်နိုးသော်လည်း လုံလောက်မှုအချို့လိုအပ်သည့်အခါမျိုးတွင် လက်မထပ်နိုင်ဘဲ အဆုံးသတ်သွားရတတ်ပေသည်။ ယခုတွင်လည်း အကြောင်းအမျိုးမျိုးကြောင့် ပေါင်းစည်းခွင့်မရခဲ့သော အင်ဒိုနီးရှားမှ စုံတွဲလေး၏အဖြစ်သည် အခြားလူများကို စာနာသနားမိစေခဲ့သည်။ကောင်မလေးသည် ချစ်သူကောင်လေးဟာ အခြားသူတစ်ယောက်နှင့် လက်ထပ်သွားခဲ့သောကြောင့် အလွန်ဝမ်းနည်းသွားခဲ့ရပြီး မင်္ဂလာပွဲတွင် လာရောက်ငိုယိုနေခဲ့ပါတယ်။ ထိုအခါ သတိုးသားကောင်လေး၏ မိခင်ဖြစ်သူသည် ကောင်မလေးအား ဝမ်းနည်းနေမှုသက်သာသွားစေရန် နှစ်သိမ့်ပေးခဲ့ရပါတယ်။သတိုးသားမိခင်၏ အပြုအမူဟာ အလွန်လေးစားဖွယ်ကောင်းလှတယ်ဟုဘဲ ဆိုရမှာဖြစ်ပါတယ်။ Shoon (Cele Daily) Unicode မင်္ဂလာပွဲတွင်လာရောက်ကာ ငိုယိုနေသည့် သတိုးသား၏ရည်းစားဟောင်းကို သတိုးသား၏မိခင်က အားပေးနှစ်သိမ့်ကာ ချော့မော့ပေးခဲ့ရသည့်အဖြစ် တစ်ဦးနှင့်တစ်ဦး အမှန်တကယ်ချစ်မြတ်နိုးသူ စုံတွဲတိုင်းသည် သာယာလှပသော မင်္ဂလာပွဲလေးနှင့်အတူ အစချီကာ ဘဝကိုဖြတ်သန်းလိုကြသည်။တစ်ဦးနှင့်တစ်ဦး နက်နက်ရှိုင်းရှိုင်းပင် ချစ်မြတ်နိုးသော်လည်း လုံလောက်မှုအချို့လိုအပ်သည့်အခါမျိုးတွင် လက်မထပ်နိုင်ဘဲ […]
လွမ်းရေးထက် နိုင်ငံ့အရေးကို ဦးစားပေးခဲ့ရတဲ့ ရှေ့တန်းရောက်PDFလူငယ်တွေရဲ့သူတို့ဘဝကို သီချင်းရေးစပ်သီဆိုထားတဲ့ ဗီဒီယို
လူငယ်တွေကတော့ တိုင်းပြည်နဲ့ လူမျိုးရဲ့အနာဂတ်တွေ သာယာလှပနိုင်ဖို့အတွက် နွေဦးတော်လှန်ရေးပွဲကြီးမှာ တတ်နိုင်တဲ့နေရာကနေ ပါဝင်နေကြတာ ဖြစ်ပါတယ် ။ ငယ်ရွယ်သေးတဲ့ လူငယ်တွေထဲက တစ်ချို့ကတော့ သူတို့ရဲ့အလုပ်တွေ၊ ဝါသနာတွေနဲ့ မိသားစုတွေကိုပါ စွန့်လွှတ်ပြီး တောထဲမှာ စစ်ပညာသင်ယူခဲ့ကြတာ ဖြစ်ပါတယ် ။ သူတို့ရဲ့အသက်ကိုတောင် ပေးဆပ်ဖို့ ဝန်မလေးကြတဲ့ လူငယ်တွေက သူရဲကောင်းစိတ်ဓာတ်အပြည့်ရှိကြတာလည်း ဖြစ်ပါတယ် ။ တောထဲတောင်ထဲမှာ ပင်ပန်းဆင်းရဲမှုဒဏ်ကို အားတင်းခံပြီး အာဏာရှင်ကို တိုက်ထုတ်ဖို့ ကြိုးစားနေကြတဲ့ လူငယ်တွေက အမှန်တရားဘက်ကနေ ရပ်တည်နေတာ ဖြစ်ပါတယ် ။ အခုလည်း ရှေ့တန်းရောက် လူငယ်တစ်စုက သူတို့ရဲ့ခံစားချက်တွေကို သီချင်းရေးစပ်ပြီး ပြည်သူတွေကို သီဆိုပြခဲ့တာ ဖြစ်ပါတယ် ။ သူတို့ကတော့ လွမ်းရေးထက် နိုင့်ငံအရေးကို ဦးစားပေးနေတဲ့ လူငယ်တွေရဲ့ခံစားချက်ကို သီချင်းလေးနဲ့ ဖော်ပြလိုက်ကြတာ ဖြစ်ပါတယ် […]
မြန်မာပြည်သူတွေ လုပ်ဆောင်ရမယ့် မိုင်းဖုန်းဆရာတော်ကြီး၏ လမ်းညွှန်ချက် .
ဗုဒ္ဓဘာသာဝင်တွေလုပ်ကြဖို့ မိုင်းဖုန်းဆရာတော်ကြီးရဲ့ မိန့်ကြားချက် သူ့ဘာသာသူ ယတြာဘယ်လောက်ကောင်းကောင်း အမိန့်ပြန်တမ်းဘယ်လောက် ပြင်းပြင်း စကြာဝတေးမင်းတောင် အမိန့်ပေးလို့ မရတဲ့ နတ်မင်းကြီး ၂ ပါးရှိပါတယ်။ အဲ့နတ်မင်းကြီး ၂ပါးက လောကပါလနတ်မင်းကြီးနဲ့ သာသနာစောင့်နတ်မင်းကြီးပါ။ မည်သူမဆို ဒါန သီလ ဘာဝနာ တစ်ခုခု ပြု ပြီးနောက် “လောကပါလနတ်မင်းကြီးနှင့် သာသနာစောင့်နတ်မင်းကြီး ဘေးရန်ကင်းပါစေ၊ကိုယ်ဆင်းရဲကင်းပါစေ၊စိတ်ဆင်းရဲကင်းပါစေ။ ကိုယ်စိတ်နှစ်ဖြာချမ်းသာစွာဖြင့် မိမိတို့ ခန္ဓာတာဝန်ကို လွယ်ကူစွာဆောင်ရွက်နိုင်ပါစေ” လို့ ၃ ခေါက်ရွတ်ပြီး အထူး မေတ္တာပို့ပါ။ ပြီးရင် မိမိဘဝမှာ အထူးပြုခဲ့ဖူးသောကုသိုလ် ( ဥပမာ။ ။ ရှင်ပြုအလှူ၊ ပုဇင်းတက်ခဲ့ခြင်း၊ ကျောင်းအလှူ၊ ရေတွင်းရေကန် တံတားအလှူ၊ ရွှေသက်န်းအလှူ၊ ကမ္မဌာန်း ဝိပသနာ တရားအားထုတ်ခဲ့မှု ၊ မဂ်ဥာဏ် ဖိုလ်ဥာဏ် ရရှိခဲ့မှု […]
တစ်ရွာလုံး မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် ပြန်စရာ နေအိမ်မရှိတော့တဲ့ ကင်းမရွာက အဖွားတစ်ယောက်ရဲ့ ရင်ကွဲစရာဖြစ်ရပ်
မကွေးတိုင်း ပေါက်မြို့နယ်မှာ တည်ရှိတဲ့ ကင်းမရွာလေး မီးလောင်မှုဖြစ်စဉ်ကတော့ ပြည်သူတွေရဲ့ ရင်ကို ထိမှန်ခဲ့ပါတယ် ။ သတင်းတွေတက်လာတိုင်း ဒေသခံတွေနဲ့ ထပ်တူ ဝမ်းနည်း နာကျင် ခဲ့ကြရပါတယ် ။ အဆိုးဆုံးကတော့ အရှင်လတ်လတ် မီးလောင်ကျွမ်းနေတဲ့ သက်ကြီးရွယ်အိုတွေရဲ့ အသက်မဲ့ ခန္ဓာကိုယ် ပုံရိပ်တွေပါပဲ ။ အသက်အရွယ်အရ လမ်းလည်းကောင်းကောင်း မလျှေက်နိုင်တော့ အဖိုးအဖွားတွေ မီးထဲမှာ ဘယ်လိုတောင် အချိန်အတော်ကြာ ခံစားလိုက်ကြ ရမလည်း တွေးကြည့်ရင်းတောင် မျက်ရည်ဝဲမိပါတယ်။ ဒါ့အပြင် တိရစ္ဆာန်လေးတွေဆိုရင်လည်း မီးလောင်ကျွမ်းပြီး သေဆုံးနေကြတာ အပုံလိုက် မြင်ကွင်းတွေကလည်း စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲနော် ။ ဒါကြောင့်လည်း တစ်ခြား အနယ်နယ် အရပ်ရပ်က ပြည်သူတွေက အခုဆိုရင် ကင်းမရွာလေးအတွက် အလှူငွေများ စားသောက်စရာများ ထောက်ပံ့ပေးနိုင်ရန် ဝိုင်းဝန်းကာ […]
အိမ်ထောင်ရှင်မမတွေရော၊ အိမ်ထောင်ရှင်မလောင်းတွေရော မှတ်သားလိုက်နာသင့်သော အချက်များ
အိမ်ထောင်ရှင်မမတွေရော၊ အိမ်ထောင်ရှင်မလောင်းတွေရော မှတ်သားလိုက်နာသင့်သော အချက်များ ၁။ မိမိခင်ပွန်းကို ဘယ်တော့မှ မဟောက်ပါနဲ့၊ မအော်ပါနဲ့။ သူ့ကိုမရိုသေခြင်း လက္ခဏာပါ။ ၂။ မိမိခင်ပွန်းရဲ့ အားနည်းချက်တွေကို မိသားစုဝင်၊ သူငယ်ချင်းတွေကို မပြောပြပါနဲ့။ လင်မယားဆိုတာ တစ်ဦးအကြောင်းတစ်ဦး ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ ၃။ အမူအရာ၊ အစောင်းအမြောင်းတွေနဲ့ မိမိခင်ပွန်းကို မဆက်ဆံပါနဲ့၊ (သူ ဘယ်လိုအထာ ကောက်သွားမလဲ ဆိုတာမသိနိင်ဘူး) အမြဲတမ်းပြန်ခံပြောတက်တဲ့ အမျိုးသမီးတွေဟာ ပျော်ရွှင်တဲ့အိမ်ကို မပိုင်ဆိုင်ရကြဘူး။ ၄။ မိမိခင်ပွန်းကို တစ်ခြားယောင်္ကျားတွေနဲ့ မနှိုင်းယှဉ်ပါနဲ့။ (သူတို့ရဲ့ဘဝအခြေအနေအားလုံးကို ကိုယ်က မသိနိုင်ပါဘူး။) ခင်ပွန်းသည်ရဲ့ မာန၊ ဂုဏ်သိက္ခာကို စော်ကားမိရင် ကိုယ့်အပေါ် သူထားတဲ့ ချစ်ခြင်းမေတ္တာလည်း လျေ့ာနည်းသွားပါ လိမ့်မယ်။ ၅။ ခင်ပွန်းရဲ့ သူငယ်ချင်းတွေကို မကြိုက်လို့ဆိုတိုင်း မလေးမစားမဆက်ဆံပါနဲ့။ […]
အာသီးရောင်ပြီး လည်ချောင်းနာတဲ့ သူတွေအတွက် နာရီပိုင်းအတွင်း သက်သာပျောက်ကင်းစေမည့် သဘာဝ ဆေးနည်း
Zawgyiဖြင့်ဖတ်ရန် အာသီးရောင်ပြီး လည်ချောင်းနာတဲ့ သူတွေအတွက် နာရီပိုင်းအတွင်း သက်သာပျောက်ကင်းစေမည့် သဘာဝ ဆေးနည်း အာသီးရောင်ပြီး လည်ချောင်းနာတဲ့ သူတွေ အတွက် နာရီပိုင်းအတွင်း သက်သာပျောက်ကင်းစေ မည့် သဘာဝ ဆေးနည်းတွေကို ဖော်ပြပေး လိုက် ပါတယ်။ အာသီးရောင်ခြင်းကို (Tonsillitis)လို့ ခေါ်ဆိုပါတယ်။ ဘာ့ကြောင့် အာသီးရောင်ပြီး လည်ချောင်းနာ ရသလဲ ဆိုတော့က ဆောင်းကုန်နွေကူးပြီး နွေအခါရောက်ပြီဆိုတာနဲ့ ခန္ဓာကိုယ် အတွင်း အပူဓာတ် များ လွန်ကဲပြီး အာသီးရောင်၍ လည်ချောင်းနာ တတ်ပါတယ်။ အခုလို ပူပြင်းတဲ့ ရာသီမှာ ရေများများသောက်ပါ။ ဝမ်းမချုပ် ပါစေနှင့်…အသီးအနှံ များများစားသုံးပေးပါ။ အာသီးရောင်တဲ့ လက္ခဏာဟာ အစားအစာများ မြိုချ ပါက လည်ချောင်း အတွင်း ခံစား ရခက်အောင် နာကျင် […]
ယောက်ျားလေးဆို (၃) မိနစ် အချိန်ပေးဖတ်ပြီး၊ မိန်းကလေးဆို ချစ်သူယောက်ျားမြင်အောင် ရှယ်လိုက်ပါ
ယောက်ျားလေးဆို (၃) မိနစ် အချိန်ပေးဖတ်ပြီး၊ မိန်းကလေးဆို ချစ်သူယောက်ျားမြင်အောင် ရှယ်လိုက်ပါ ၁။ သင့်ဇနီးသည်ဟာ ပြည့်စုံသူ မဟုတ်လို့ သူ့ ကို ခွင့်လွှတ်ပါ။ ၂။ သင့်ဇနီးဟာ သင့်အရိုးထဲက အရိုးဖြစ်လို့ သူ့ကို မရိုက်ချိုးပါနဲ့။ ၃။ သင့်ဇနီး ဟာ လက်ဆောင်ဖြစ်တယ်၊ တန်ဖိုးထားပါ။ ၄။ သင့်ဇနီးဟာ ရှားပါးတဲ့ ကျောက်မျက်အရိုင်းလေး ဖြစ်တယ်၊ သူ့ရဲ့ မနာလို စိတ်လေးတွေကို လမ်းမှန် တည့်ပေးပါ။ ၅။ သင့်ဇနီးဟာ သင့်ရဲ့အကောင်းဆုံး မိတ်ဆွေပါ၊ သူ့ကို ရင်းနှီးစွာ ဆက်ဆံပါ။ ၆။ သင့်ဇနီးဟာ သင့်ရဲ့ဝမ်းမြောက် စရာပါ၊ သူ့ကိုပြည့်ဝ အားအင်ရှိစေပါ။ ၇။ သင့်ဇနီးဟာ ယုယမှုခံထိုက်သူပါ၊ သူ့အတွက် ကျေနပ်ဝမ်းသာပါ။ ၈။ သင့်ဇနီးဟာ […]
ရင်ဘတ်အောင့်တဲ့ပြဿနာဟာ မပေါ့ဆသ့င်တဲ့အရာတစ်ခုပါ
ရင်ဘတ်အောင့်တဲ့ပြဿနာဟာ မပေါ့ဆသ့င်တဲ့အရာတစ်ခုပါ အသက်လေးရှူလိုက်လို့ ရင်ညွှန့်နားက စူးကနဲအောင့်သွားတယ်၊ ကိုယျခန်ဓါ အလှည့်အပြောင်းမှာ ရင်ဘတ် လေးတစ်ချက်ချက် အောင့်သွားတတ်တဲ့ ပြဿနာကို ကြုံဖူးတဲ့သူ မရှားပါဘူး။ လူအများစုကတော့ ဒီလို ဖြစ်လာပြီဆိုရင် လေထိုးတာနေမှာ၊ လေပဲနေမှာဆိုပြီး ပေါ့ပေါ့ဆဆေတွေးလိုက်ကြတာများပါတယ်။ တကယ်တော့ ရင်ဘတ်အောင့်တဲ့ပြဿနာဟာ လုံးဝကို မပေါ့ဆသင့်တဲ့ အရာတစ်ခုပါ။ ဘာေ့ကွာင့ျလဲဆိုတော့ ဒီရင်ဘတ်အောင့်တာ နှလုံးနဲ့ အဆုတ် ရောဂါတွေရဲ့ အဓိက လက္ခဏာဖြစ်နေလို့ပါ ။ အသေးစိတ်ဆက်ကြည့်လိုက်ရအောင် ။ နှလုံးရောဂါဆိုင်ရာ ရင်ဘတ်အောင့်ခြင်း ။ Angina ဒီ angina ဆိုတဲ့ ရင်ဘတ်တစ်ခြမ်းအောင့်တာနဲ့ MI လို့ခေါ်တဲ့ နှလုံးကြွက်သားပုတ်ပြီး ရင်ဘတ်အောင့်တဲ့ နှစ်ခုက ဆင်တူတတ်ပါတယ်။ မတူတာတွေကတော့ angina ကြောင့်ဖြစ်တဲ့ ရင်ဘတ်အောင့်တာဟာ လေ့ကျင့်ခန်းကြောင့် ၊စိတ်ဖိစီးမှုကြောင့်၊ ရာသီဥတုကြောင့်နဲ့ […]
ဘဝတစ်ခုလုံးပေးဆပ်ကာ ချစ်မြတ်နိုးသောကြောင့် ရင်ဘတ်ပေါ်တွင် ချစ်သူပုံလေးတတ်တူးထိုးကာ သက်သေပြခဲ့သော်လည်း ပြတ်သွားခဲ့သောကြောင့် maskတပ်ပေးခဲ့ရသည့်ကောင်လေး
အသက်အရွယ်တိုင်းသည် အချစ်နှင်ထိတွေ့မိခဲ့လျှင် ရူးမိုက်မိတတ်ကြပေသည်။အချစ်ဆိုသောအရာသည် လူသားတို့အတွက် အရာရာကိုပေးစွမ်းနိုင်သည်အထိ အစွမ်းထက်လှပေသည်။အချို့ချစ်သူစုံတွဲများတွင် တစ်ဦးနှင့်တစ်ဦး အရမ်းချစ်ကြောင်းကို စကားများနှင့် သက်သေပြ၍မလုပ်လောက်ဘဲ အခြားအပိုအလုပ်များလုပ်ကာ သက်သေပြခဲ့သည်။ ယခုတွင်လည်း ကောင်လေးတစ်ဦးသည် သူ၏ချစ်သူကောင်မလေးကို အရမ်းချစ်ကြောင်း သက်သေပြရနိ ကောင်မလေး၏ပုံအား ရင်ဘတ်တွင် တတ်တူးထိုးကာ သက်သေပြခဲ့သည်။သို့သော်လည်း အကြောင်းမတိုက်ဆိုင်စွာ လမ်းခွဲရသောအခါတွင်လည်း ကောင်လေး၏ ရင်ဘတ်မှတတ်တူးသည် ဖျက်မရဘဲရှိနေခဲ့သည်။ ထို့ကြောင့်ကောင်လေးဟာ သူ၏ကောင်မလေးပုံကို maskတပ်ပေးပြီး ပုံရိပ်ကိုမပေါ်လွင်အောင် ပြန်လည်ပြင်ဆင်ခဲ့ရပါတယ်။ Shoon (Cele Daily) Unicode ဘဝတစ်ခုလုံးပေးဆပ်ကာ ချစ်မြတ်နိုးသောကြောင့် ရင်ဘတ်ပေါ်တွင် ချစ်သူပုံလေးတတ်တူးထိုးကာ သက်သေပြခဲ့သော်လည်း ပြတ်သွားခဲ့သောကြောင့် maskတပ်ပေးခဲ့ရသည့်ကောင်လေး အသက်အရွယ်တိုင်းသည် အချစ်နှင်ထိတွေ့မိခဲ့လျှင် ရူးမိုက်မိတတ်ကြပေသည်။အချစ်ဆိုသောအရာသည် လူသားတို့အတွက် အရာရာကိုပေးစွမ်းနိုင်သည်အထိ အစွမ်းထက်လှပေသည်။အချို့ချစ်သူစုံတွဲများတွင် တစ်ဦးနှင့်တစ်ဦး အရမ်းချစ်ကြောင်းကို စကားများနှင့် သက်သေပြ၍မလုပ်လောက်ဘဲ အခြားအပိုအလုပ်များလုပ်ကာ သက်သေပြခဲ့သည်။ ယခုတွင်လည်း […]









