ၾကားသိရသမွ်

အမြဲအပြင်ခိုးထွက်နေတဲ့ခင်ပွန်းအတွက် အိမ်နောက်ဖေးမှာ ကိုယ်ပိုင်အရက်ဆိုင်တစ်ဆိုင်ဆောက်ပေးလိုက်တဲ့ အမျိုးသမီး (ရုပ်သံ)

အရက်သောက်ဖို့အမြဲအပြင်ခိုးထွက်တတ်တဲ့ခင်ပွန်းဖြစ်သူ Paul Tapper ကို အမြဲတစေ လိုက်မဖမ်းချင်တော့တာကြောင့် ဇနီးဖြစ်သူ Jane ဟာ သူမတို့ရဲ့အိမ်နောက်ဖေးဥယျာဉ်အလယ်၌အရက်ဆိုင်တစ်ခုကိုတည်ဆောက်ရန်ဆုံးဖြတ်လိုက်ပါတယ်။ သူမဟာ ၎င်းအိမ်နောက်ဖေးအရက်ဆိုင်ကို The Doghouse Inn ဟုအမည်ပေးထားပြီး ထိုနေရာတွင် ပါတီပွဲများပါကျင်းပနိုင်ရန်စီစဉ်ခဲ့ပါတယ်။ သူမက “ ကျွန်မခင်ပွန်း Paul က အရက်ဆိုင်ကိုခဏခဏသွားရတာကိုကြိုက်တယ် ၊ ဒါကြောင့်သူ့ကိုအိမ်မှာခေါ်ထားဖို့ ဘယ်လိုနည်းဘဲသဒ့းသုံးမရခဲ့ဘူး ၊ ဒါနဲ့ ငါ ဘာလို့ ကိုယ်ပိုင်အရက်ဆိုင်တစ်ဆိုင်ကိုမဖန်တီးတာလဲလို့ တွေးမိသွားတယ် ၊ ဒါမှ ငါ့ကိုယ်ပိုင် ဆိုင်ရှင်ဖြစ်ပြီး လူတွေကို ငါ့ခင်ပွန်းက ခွေးအိမ်ထဲမှာရှိတယ်လို့အမြဲပြောနိုင်မှာ” လို့ဆိုခဲ့ပါတယ်။ သူမရဲ့သားဖြစ်သူသုံးယောက်ကလည်း သူမရဲ့ကိုယ်ပိုင်အရက်ဖြင့်ငွေချွေတာမဲ့စိတ်ကူးကိုသဘောကျခဲ့ကြပါတယ်။ ၎င်းအရက်ဆိုင်၌ ကောင်းမွန်စွာသိုလှောင်ထားတဲ့ အရက်များ၊ ဘားဆိုင်းဘုတ်များနှင့်ပုံမှန်အရက်ဆိုင်တွင် သင်မြင်တွေ့နိုင်တဲ့အခြားသောအရာဝတ္တုပစ္စည်းကောင်းများအားလုံးနှင့်လည်းပြည့်စုံနေပါတယ်။ သိုပေမဲ့ ၎င်း ‘ Doghouse Inn ’ ထင်သလို […]

ၾကားသိရသမွ်


မိဘစကားနားမထောင်သည့် ဆိုးသွမ်းတဲ့ ကလေးတွေကို လိုင်းပေါ်ကနေ Video Call ပြောကာ ခြိမ်းခြောက်ပေးပြီး ဝင်ငွေရှာနေတဲ့ အမျိုးသား မိဘတွေဟာဆိုရင် သားသမီးလေးတို့ကို လိမ္မာရေးခြားရှိစေရန်အမြဲသွန်သင်ဆုံးမလေ့ရှိပေသည်။သို့သော်လည်း အချို့သော ကလေးငယ်တို့သည် မိဘတို့၏ပြောဆိုဆုံးမမှုတွေကို နာမခံဘဲ ပေကပ်ကပ်လုပ်နေတတ်သူများလည်းရှိနေတတ်ပါတယ်။ မိဘစကားနားမထောင်သည့်ကလေးတွေကို အထူးဆုံးမပေးနိုင်ရန်အတွက် ငှားရန်းနိုင်သည့် ဝန်ဆောင်မှုတစ်ခုကတော့ တရုတ်နိုင်ငံမှာ ရှိနေခဲ့ပြီဖြစ်ပါတယ်။ဝန်ဆောင်မှုပေးနေသည့် အမျိုးသားမှာ Luo Qingjunဟုအမည်ရပြီး သူဟာ ကလေးတွေကို လိုင်းပေါ်မှတစ်ဆင့် ကလေးတွေကို ကြောက်အောင်ဖြဲခြောက်လေ့ရှိနေတာလည်းဖြစ်ပါတယ်။ အမျိုးသားဟာ အလုပ်မှာ အသံကျယ်စွာစကားပြောတတ်ပြီး ရက်စက်သည့်ရုပ်ပေါက်နေသည့်အတွက် ကလေးတိုင်းက ကြောက်နေတတ်ကြတာဖြစ်ပါတယ်။ထို့ကြောင့်လည်း လိုင်းပေါ်မှတစ်ဆင့် ကလေးတွေကို လိမ္မာအောင်ခြောက်လန့်ပေးပြီး ဝင်ငွေရှာဖွေနိုင်ရန် အကြံရရှိခဲ့တာဖြစ်ပါတယ်။ကလေးများစွာကလည်း သူ့ကိုမြင်တာနဲ့ အတော်လေးကြောက်နေတတ်ပါတယ်။ Credit zawgyi မိဘစကားနားမထောင်သည့် ဆိုးသွမ်းတဲ့ ကလေးတွေကို လိုင်းပေါ်ကနေ Video Call ပြောကာ ခြိမ်းခြောက်ပေးပြီး […]

ကြားသိရသမျှ

မြန်မာငွေကျပ်သိန်း ၉၀ ခန့်နဲ့ လေလံအောင်သွားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ပန်းချီကား

တော်လှန်ရေးအတွက် လုံးဝသွေးမအေးဘဲ အင်တိုက်အားတိုက်ပါဝင်အားဖြည့်နေကြတဲ့ နိုင်ငံတကာရောက်မြန်မာများရဲ့ အပတ်စဥ် ရံပုံငွေရှာ​ဖွေ​ရေးအတွက် ​စျေးရောင်းချပွဲကို အောက်တိုဘာလ (၂)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြတာပဲဖြစ်ပါတယ်။ ကဗျာ၊ ဂီတ၊ ရိုးရာတိုင်းရင်းသားဂီတ၊ အကများနဲ့ မြန်မာ့အစားအစာအစုံအလင်ပါဝင်သော “ကြယ်စင်များရဲ့အလင်းကောင်းကင်” လို့အမည်ပေးထားတဲ့ ရံပုံငွေရှာဖွေပွဲကြီးကို လန်ဒန်အနောက်ပိုင်း Feltham မြို့မှာ ကျင်းပခဲ့ကြပါတယ်။ ကြယ်စင်များရဲ့အလင်းကောင်းကင်ပွဲမှာ လန်ဒန်နိုင်ငံက တော်လှန်ရေးမှာ တတပ်တအားပါဝင်ကြတယ့် မိသားစုတွေ အပန်းပြေစေဖို့ Live Music & Karaoke အစီအစဥ်၊ အစားသောက်မျိုးစုံရောင်းချမယ့်အစီအစဥ်၊ ကံစမ်းမဲလက်မှတ်ဝယ်ယူပြီး အမှတ်တရပစ္စည်းလေးတွေရမယ့် အစီအစဥ်တွေအပြင် သားသားမီးမီးလေးတွေ ပါဝင်ကစားနိုင်မယ့် ပျော်ပွဲရွှင်ပွဲအစီအစဥ်တွေပါ ပါဝင်ပါတယ်။ ရန်ပုံငွေပွဲမှာ အင်္ဂလိပ် နာမည်ကြီးပန်းချီဆရာ Mark Howard ရေးဆွဲထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ပန်းချီကား ကို စတာလင်ပေါင် ၂၇၀၀၊ မြန်မာငွေ ကျပ်သိန်း ၉၀ […]

Life Style

ဒီ(၁၀)ချက်ထဲက (၅)ချက်လောက်နဲ့ကိုက်ညီနေရင် သင်ဟာတကယ်ချောတဲ့ကောင်မလေးပါ

အလှအပကို တစ်ယောက်နဲ့တစ်ယောက် စံချိန်သတ်မှတ် ထားတာချင်းမတူညီပါဘူး ခုဖော်ပြပေးမှာကတော့ နိုင်ငံတကာက လူတွေတော်တော် များများက လှတယ်လို့ သတ်မှတ်ထားတဲ့ မိန်းကလေးတစ်ယောက်ရဲ့ စံချိန်လေးတွေပါ.။ သင်ဟာ ဒီအချက်တွေထဲက ၇ ချက်နဲ့အထက် ကိုက်ညီနေရင်တော့ တကယ်ကို လှပချောမောတဲ့ သူတစ်ယောက်ပါ..။ (၁) သင့်မှာ မျက်ခုံးမွှေးဆွဲ စရာမလိုလောက်အောင် လှပပြီးထူထဲတဲ့ မျက်ခုံးမွှေးတွေကို ပိုင်ဆိုင်ထားပါတယ်။ တစ်ခါတလေ ရိတ်ရတာကလွဲပြီး အထူးတလည်ပြင်ဆင်ပေးစရာ မလိုပါဘူး..။ (၂) သင့်ရဲ့ မျက်လုံးလေးဟာ လုံးဝစွေစောင်းမနေသလို၊ မျက်ရစ် လည်းရှိပါတယ်။ မျက်တောင်တွေက ကော့ညွတ်မနေ သည့်တိုင် အကြည့်တွေက အရမ်းဆွဲဆောင်မှုရှိပါတယ်..။ (၃) သင့်ရဲ့ နှာတံလေးဟာ မချွန်ရင်တောင်မှ ပြားနေတာမျိုး၊ ပွနေတာမျိုးမဟုတ်ပဲ နှာတံစင်းစင်းလေးနဲ့ ကြည့်ကောင်းနေသူပါ..။ (၄) သင့်ရဲ့ နှုတ်ခမ်းလေးဟာ နှင်းဆီပန်းလေးလိုပဲ ခပ်ထူထူလေးနဲ့ […]

ဗဟုသုတ

သွေးအမျိုး အစားကနေ ပြောပြနေတဲ့ သင့်ရဲ့စိတ်‌နေသဘောထားက ဘာတွေလဲ ဝင်ကြည့်လိုက်

“လူအမျိုးမျိုး စိတ်အထွေထွေ” ဆိုတဲ့ ရှေးလူကြီးတွေရဲ့ ဆိုရိုးစကားအတိုင်း ဒီကမ္ဘာကြီးပေါ်မှာ ရှိတဲ့လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် စိတ်နေသဘောထားတွေ တူနိုင်ကြမှာ မဟုတ်ပါဘူး။ သို့ပေမယ့် တူညီတဲ့အချက်တစ်ချို့ကို ဘုံထုတ်ပြီး သွေးအမျိုးအစားအလိုက် ခွဲခြမ်းစိတ်ဖြာထားတဲ့ စစ်တမ်းတစ်ရပ်ကို စာဖတ်ပရိသတ်တွေ သိရှိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။ “A” သွေး ပိုင်ရှင်များ ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေ လေးဆယ်ရာခိုင်နှုန်းလောက်က “A”သွေးပိုင်ရှင်တွေ ဖြစ်ပါတယ်။ ဒီသွေး အမျိုးအစားပိုင်ရှင်တွေဟာ ကျိုးကြောင်းဆီလျော်အောင် တွေးခေါ်ပေးတတ်ပြီး နားလည်ပေးနိုင်စွမ်းရှိသူတွေလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အသင်းအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ရာမှာလည်း အေးအေးဆေးဆေး တည်ငြိမ်လေ့ရှိသူတွေပါ။ ဒါပေမယ့် သူတို့ဟာ ဘဝကို ကိုယ့်ဘာသာ စိတ်ကြိုက်ရွေးချယ်တည်ဆောက်လေ့ရှိပြီး စိတ်ခံစားမှုတွေကို ဦးစားပေးတတ်သူတွေ မဟုတ်ပါဘူး။ ရင်ထဲက စိတ်ခံစားမှုတွေကို ထိန်းချုပ်နိုင်စွမ်းရှိပေမယ့် ဘာအရာမှာမဆို ပြီးပြည့်စုံလုနီးပါးဖြစ်မှ ကြိုက်တတ်တဲ့ အကျင့် ကြောင့် […]

ၾကားသိရသမွ်

လမ်းပေါ်နေကလေးများ၏ လိုအပ်ချက်များကို စနစ်တကျဆန်းစစ်လေ့လာပြီး အကောင်အထည်ဖော်ဆောင် ရွက်ရန် လူကယ်ပြန်ဝန်ကြီး ပြောဆို

နေပြည်တော်၊ အောက်တိုဘာ ၈ (People Media) လမ်းပေါ်နေကလေးများ လျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးစီမံချက်သည် ဆက်စပ်ဌာနအဖွဲ့ အစည်းများ ပါဝင်၍ လမ်းပေါ်နေကလေးများ၏ လိုအပ်ချက်များကို စနစ်တကျ ဆန်းစစ်လေ့လာပြီး အကောင် အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြောသည်။ ယမန်နေ့နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သည့် လမ်းပေါ်နေကလေးများ လျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးစီမံချက်နှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုဝန်ကြီးက လမ်းပေါ်နေကလေးများနှင့် စပ်လျဉ်း၍ လက်ရှိ စောင့်ရှောက်ထားရှိသော ကလေး သူငယ်များကို မိသားစုပြန်လည်ပေါင်းစည်းရေးလုပ်ငန်းများနှင့် လမ်းပေါ်နေကလေးများလျော့နည်းရေး အတွက် စနစ်တကျကူညီ၊ ပံ့ပိုး၊ ချိတ်ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ လမ်းပေါ်နေကလေးများ မဖြစ် ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများ၊ အစိုးရ […]

ၾကားသိရသမွ်

မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ဂျွန်မက်ကိန်း Freedom Award ဆုရရှိ

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း အပါအဝင် ၄ ဦးဟာ အခုနှစ်အတွက် International Republican Institute ကပေးအပ်တဲ့ John S.McCain Freedom Award ဆုရရှိသွားပါတယ်။ ဒီနှစ်အတွက် ဆုပေးဖို့ရွေးချယ်ခံရတဲ့ ဒီမိုကရေစီသူရဲကောင်းတွေကတော့ လစ်သူယေးနီးယား ဝန်ကြီးချုပ် အင်ဂရီဒါဆီမိုနီတာ၊ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ဘယ်လာရုစ်နိုင်ငံရေးအကျဉ်းသားများအတွက် ညှိနှိုင်းဆောင်ရွက်ရေးကောင်စီကိုယ်စားလှယ် တက်ဆီရာနာခိုမစ်ချ်နဲ့ ကျူးဘားနိုင်ငံက Grammy ဆုရအနုညာရှင် ဝီလီချီရီနိုတို့ ဖြစ်တယ်လို့ IRI က ကြေညာပါတယ်။ ဒီဆုကို ၁၉၉၅ ခုနှစ်ကတည်းကစတင်ပြီး ကမ္ဘာတဝန်းက သန်းနဲ့ချီတဲ့ပြည်သူတွေရဲ့ ဒီမိုကရေစီရေး၊ လွပ်လတ်ခွင့်နဲ့ လူသား လွတ်မြောက်ရေးတို့အတွက် တိုးတက်ရာတိုးတက်ကြောင်း လုပ်ဆောင်နေသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပေးအပ်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၂၆ ရက်နေ့က ကျင်းပတဲ့ […]

ၾကားသိရသမွ်

တတိယလှိုင်းမှာ သူတစ်ပါးကို ယုတ်မာတဲ့သူတွေသေကုန်တာမို့ ကျန်လူတွေ သတိထား ဆိုတဲ့ ရွှေရူပါဦး

ပြည်သူတွေ အများစု ကတော့ ရွှေရူပါဦး ဆိုတဲ့ သူမကို အရင်က ကြားလည်း မကြားဖူး သိလည် မသိဖူး အခုမှသာ အော့ကလိအာ စကားလုံးတွေ ပြော ပြောနေလို့သာ မြင်ဖူး ကြားဖူးတာ လို့ ပြောတဲ့ သူတွေ တောင်ရှိ ပါတယ်။ ရွှေရူပါဦးက ကိုဗစ် တတိယ လှိုင်းမှာ သူတစ်ပါးကို မကောင်းကြံတဲ့ စိတ်တွေ များတဲ့သူတွေ သေကုန် ကြတာဆိုပြီးသူမ ရေးလိုက် တဲ့စာမှာ ထည့်ပြော လာတာပဲဖြစ်ပါတယ်။ ရဟန်းရှင်လူ လူကြီးသူမတွေ အပါ အဝင် ပြည်သူများစွာ ကိုဗစ်ကြောင့် ဆုံးပါးခဲ့တဲ့ အနေ အထားမှာ သူမအနေနဲ့ မစဉ်းစား မဆင်မခြင် ပဲမပြောသင့် သောစကား မမှန်သောစကားကို ဆိုလာတာဟာ တကယ့်ကို ကြောက်စရာပါပဲနော်။ […]

ကြားသိရသမျှ

“မြို့ပြင်ထွက်ပြီ မူးကြောင်ကြောင်နဲ့ ကားတွေလိုက်တားပီးငွေညှစ်နေတဲ့ ရဲအုပ်

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့မှာ ​ မော်တော်ယာဉ်တွေကို ​အ​ပြစ်မရှိ အ​ပြစ်ရှာတားဆီး​ပြီ အဓမ္မ ငွေညစ်တောင်းယူနေတဲ့အဖွဲ့ အောက်တိုဘာ ၇ ရက်​နေ့ ည ၇ နာရီလောက်က ကားနဲ့ အတိုက်ခံရတာကြောင့် ရဲအုပ် ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ​ဝေါ​မြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင် ရဲအုပ် မင်းသိန်းနဲ့အဖွဲ့ဟာ ​နေ့စဥ် ညဘက်တွေမှာ မူးယစ်​သောက်စား​​ပြီး လူရှင်းတဲ့ ​မြို့ပြင်ထွက်ကာ မြဝတီဘက်က လာတဲ့ကားတွေကို အကြောင်းမဲ့တားဆီးစစ်ဆေး​​ပြီ အပြစ်မရှိအပြစ်ရှာ အဓမ္မ ငွေညစ်တောင်းယူနေတာ ​ကြာ​ပြီလို့ ဆိုပါတယ်။ မနေ့ညက ရှမ်းစု​ကျေးရွာအနီးမှာ မော်တော်ယာဉ်တွေကို တားဆီးပြီ အ​ပြစ်မရှိအ​ပြစ်ရှာဆဲဆို​ကြိမ်း​မောင်းကာ အဓမ္မ ငွေညစ်တောင်းယူနေချိန် ကား​နဲ့ အတိုက်ခံရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “​မြို့ပြင်ထွက်ပြီ မူးကြောင်ကြောင်နဲ့ ကားတွေလိုက်တား၊ မှောင်မှောင်မည်းမည်းနဲ့ အခုလို […]

ၾကားသိရသမွ်

ဆွမ်းခံမယ့် ဒါကာမကြီးရဲ့အိမ်ကချိတ်ထားတဲ့ ဆိုင်းဘုတ်ကိုတွေ့ပြီး အလူးအလဲပြေးကြရတဲ့ ကိုရင်လေးတို့ရဲ့အဖြစ်….

ဆွမ်းခံမယ့် ဒါကာမကြီးရဲ့အိမ်ကချိတ်ထားတဲ့ ဆိုင်းဘုတ်ကိုတွေ့ပြီး အလူးအလဲပြေးကြရတဲ့ ကိုရင်လေးတို့ရဲ့အဖြစ် “မင်းမြင်လို့တော်သေးတာပေါ့” 😔 ကိုရင်လေးနှစ်ပါး အိမ်ခြံပေါက်ကနေ အိမ်ထဲကိုအော်ခေါ်နေကြတာ… “ဗျို့ ဒါကာမကြီး …ဒါကာမကြီး” ဆိုပြီး အဲအချိန်မှာ တစ်ပါးက ဘာမပြော ညာမပြောနဲ့ အိမ်နဲ့ဝေးရာကိုပြေးပါလေရော… ကျန်တစ်ပါးလည်း ဘုမသိဘမသိနဲ့ ရှေ့တစ်ပါးနောက်ကို လိုက်ပြေးရတာပေါ့။ ရှေ့ကကိုရင်ကိုမှီတော့ … “မင်းက ဘာလို့ပြေးတာလဲ ? “ငါသူတို့အိမ်မှာ ချိတ်ထားတဲ့ ဆိုင်းဘုတ်ကိုတွေ့လို့” “ဘာရေးထားလို့လဲ?” “ဗုဒ္ဓံ ဓမ္မံ သံဃံ အမှုန့်ကြိတ်သည်တဲ့” “ဟုတ်လား? မင်းမြင်လို့တော်သေးတာပေါ့”။ 😁😁🤣 . တချို့ ကြော်ငြာဆိုင်းဘုတ်များသည် အဆီအငေါ်တည့်အောင် ကြော်ငြာသင့်ပါကြောင်း… Crd to oranginal uploder Copy by La Wone Eain unicode ဆှမျးခံမယျ့ […]