ဗဟုသုတ
မွေးကင်းစကလေးတွေကို ရေမတိုက်သင့်တဲ့ အကြောင်းအရင်း
လူကြီးတွေက အမြဲတမ်း ရေဓါတ်ပြည့်ဖို့ လိုအပ်ပေမယ့် ကလေးတွေ ကတော့ လအနည်းငယ်အထိ ရေကို မလိုအပ်ပါဘူး။ မိခင်နို့ရည်ကနေ ရေဓါတ်ကို ရရှိကြပါတယ်။ ကလေးတွေကို သတ်မှတ်ထားတဲ့ အရွယ်မရောက်ခင်မှာ ရေတိုက်ရင် ကျန်းမာရေး ပြဿနာအချို့ ဖြစ်ပေါ်စေပါတယ်။ ကလေးတွေရဲ့ ဝမ်းဗိုက်က လသားအရွယ်မှာ အရမ်းကို သေးငယ်နေပါသေးတယ်။ မွေးကာစ ကလေးတွေရဲ့ အစာအိမ်က လက်ဖက်ရည်ဇွန်း ၂ ဇွန်းပမာဏလောက်ကိုပဲ လက်ခံနိုင်တာပါ။ တစ်လသားအရွယ် ရောက်တဲ့အခါ ၂.၇ အောင်စကနေ ၅ အောင်စအထိ အစာအိမ်ထဲမှာ လက်ခံလာနိုင်ပါတယ်။ အဲဒါကြောင့် ကလေးရဲ့ အစာအိမ်ထဲကို အာဟာရ မဖြစ်စေတဲ့ ရေဓါတ်အစား အာဟာရပေါင်းစုံ ပါဝင်တဲ့ မိခင်နို့ရည်ကိုသာ ထည့်သင့်ပါတယ်။ မိခင်နို့ရည်ထဲမှာ ဗီတာမင်တွေ၊ သတ္ထုဓါတ်တွေ၊ အဆီ၊ ကယ်လိုရီနဲ့ ကြီးထွားဖွံ့ဖြိုးစေတဲ့ […]
ကြားသိရသမျှ
မန္တလေး မြို့ကြီးရေ အဲ့လောက်တောင်အခြေအနေဆိုးနေပြီလား
ကြားသိရသမျှ
ဖြစ်တောင့်ဖြစ်ခဲ ယောကျာ်းတွေရဲ့ စကားပြောသံကို လုံး၀မကြားရတော့တဲ့ အမျိုးသမီး
ဒီတခါတော့ တကယ့်ကို ကြုံတောင့်ကြုံခဲဖြစ်လွန်းလှတဲ့ ဖြစ်ရပ်တစ်ခုလို့တောင်ပြောလို့ ရပါတယ်။ ဒီအဖြစ်အပျက်တွေရဲ့ စတင်ဖြစ်ပေါ်လာခဲ့တာကတော့ Chen ဆိုတဲ့ အမျိုးသမီးဟာ တစ်မနက်ခင်း အိပ်ရာကနိုးလာတဲ့အခါ သူ့ယောကျာ်းရဲ့ စကားပြောသံကို လုံးဝမကြားရတော့ပါဘူး။ သူမစိတ်ထဲ လန့်လာလို့ သေချာနားထောင်နေပေမယ့်လည်း တကယ်မကြားရတော့တာကြောင့် လင်မယားနှစ်ယောက်လုံး နှား၊နှာခေါင်း၊လည်ချောင်း အထူးကုဆရာဝန် Dr.Xiaoqing ဆိသွားရောက်ပြသကြပါတော့တယ်။ ဆရာဝန် စမ်းသပ်စစ်ဆေးမှုအပြီး သိလိုက်ရတာကတော့ သူမဟာ အလွန့်ကို ဖြစ်တောင့်ဖြစ်ခဲလှတဲ့ ” reverse-slope hearing loss ” လို့ခေါ်တဲ့ ဝေဒနာကို ခံစားနေရတာပဲ ဖြစ်ပါတယ်။ ” သူမက ကျွန်မပြောတဲ့စကားကို ကြားရပါတယ် ဒါပေမယ့် သူမကို ပြုစုဖို့ ကောင်လေးတစ်ယောက်ရောက်လာပြီး စကားပြောတဲ့အချိန်မှာ သူမဟာ ဘာမှမကြားရတော့ပါဘူး ” ဆိုပြီး ဆရာ၀န်က ပြောပြခဲ့ပါတယ်။ ဒီရောဂါရဲ့ […]
ၾကားသိရသမွ်
နေအိမ်ဒီဇိုင်းပုံစံကို မော်ဒယ်နှစ်ဦးငှားရမ်းကာ ကျောပေါ်တွင် ရေးဆွဲပြီး ဝယ်ယူသူတွေ စိတ်ဝင်စားစေရန်အတွက် ကြော်ငြာခဲ့သည့် ဆောက်လုပ်ရေးကုမ္ပဏီ
နေအိမ်ဒီဇိုင်းပုံစံကို မော်ဒယ်နှစ်ဦး ငှားရမ်းကာ ကျောပေါ်တွင် ရေးဆွဲပြီး ဝယ်ယူသူတွေ စိတ်ဝင်စားစေရန် အတွက် ကြော်ငြာခဲ့သည့် ဆော က်လုပ်ရေးကုမ္ပဏီ စာဖတ်သူ တို့အနေဖြင့် စီးပွားရေးလုပ်ငန်းတစ်ခုကို အောင်မြင်စေရန် အတွက် ကြိုးစားရာ၌ လူအများစိတ်ဝင်စားအောင် ပြုလုပ်ရန် အခက်အခဲဖြစ်နေသ ည့်အချိန်မျိုးတွင် တရုတ်နိုင်ငံမှ လူများထံတွင် အကြံယူလိုက်ပါ။ တရုတ်နိုင်ငံတွင် စီးပွားရေးလုပ်ငန်းကို လူအများသိစေရန် လုပ်ဆောင်ရာ၌ အလွန်ထူးချွန်ထက်မြက်လှပါတယ်။ယခုတွင်လည်း တရုတ်နိုင်ငံ S h a a n x iပြည်န ယ် X i a nမြို့၏ အခြေစိုက် ဆောက်လုပ်ရေးနှင့် အိမ်ခြေမြေလုပ်ငန်းကုမ္ပဏီတစ်ခု၏ လူအများစိတ်ဝင်စားအောင် ကြေညာခဲ့ပုံဟာ လူအများကို သဘောတွေ့စေခဲ့ပါတယ်။ ကု မ္ပ ဏီ ဟာ သူ […]
ဗဟုသုတ
ပေါင်မုန့်သည်ကြီးကပေးတဲ့ သင်ခန်းစာ
သူတောင်းစား တယောက် ပေါင်မုန့်ဆိုင် တဆိုင်ရဲ့ ရှေ့ မှာ ပေါင်မုန့် ဝယ်ယူဖို့ တန်းစီနေတယ်။ ရှေ့ နောက် တန်းစီနေတဲ့ လူရော၊ အနီးအနားမှာ ရှိတဲ့ လူများကပါ ရွံတယ် ဆိုပါတော့၊ အနား မကပ်ချင်ကြ ပါဘူး ။ တန်းစီရင်းနဲ့သူတောင်းစား အလှည့် ရောက်လာ ပါတယ် ။ သူတောင်းစားက မဝံ့ မရဲ နဲ့ ပြောလိုက် ပါတယ်။ ” ကျွန်တော် ဈေးချိုတဲ့ ပေါင်မုန့်လေး ဝယ်ချင်ပါတယ် ” ဆိုင်ရှင်ရဲ့ မြေးတော်သူက သူတောင်းစားကို မောင်းထုတ်ဖို့ ပြင်ဆင်လိုက် ပါတယ်။ ဆိုင်ရှင် ကိုယ်တိုင်က ဝေဆာနေတဲ့ အပြုံးနဲ့ ပေါင်မုန့်ကို ထုတ်ပိုးပြီး အပြုံးချိုချိုနဲ့ သူတောင်းစားကို လှမ်းပေးလိုက် ပါတယ်။ […]
ၾကားသိရသမွ်
လောကကြီးသည် သဘာဝဖြစ်ရပ်ဆန်းများနှင့် ပြည့်နှက်နေကာ တစ်ခါတစ်လေ အံ့အားသင့်စရာကောင်းလွန်းသောအရာများနှင့် ကြုံတွေ့ရတတ်သည်။ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့တွင် နေထိုင်သော အသက် ၃၀ကျော်အရွယ် အမွှာညီအစ်မနှစ်ဦးသည် ထူးခြားစွာဖြင့် နှစ်ယောက်မှာ ခန္ဓာကိုယ်ချင်း ပူးကပ်စွာဖြစ်နေပြီး သွားလာလှုပ်ရှားသည့်အခါ အတူတကွလုပ်ဆောင်ခဲ့ရသည်။ ညီအစ်မနှစ်ဦးသည် အတိတ်ဘဝကံတရားအရ ဖြစ်လာခဲ့သော်လည်း ပတ်ဝန်းကျင်မှ စာနာထောက်ထားခြင်းမရှိပဲ ပင့်ကူလူသားဆိုပြီးတော့ လှောင်ပြောင်တတ်ကြသည်။ သို့သော်လည်း ညီအစ်နှစ်ဦးရဲ့ဖခင်ဖြစ်သူမှာ သူ့ရဲ့သမီးလေးတွေအား ကဲ့ရဲ့လှောင်ပြောင်နေကြတာကို မခံချင်၍ ဂရုမစိုက်သည့်ဟန် ရဲရဲဝံ့ဝံ့နေနိုင်ရန်အတွက် ဆပ်ကပ်ပြပွဲတွေမှာ ပါဝင်ဖျော်ဖြေစေခဲ့သည်။ ထိုပြပွဲမှာပဲ ညီအစ်မနှစ်ဦးသည် သက်တူရွယ်တူ အမျိုးသားတစ်ဦးနှင့်တွေ့ဆုံခဲ့ရာ ချစ်ကြိုက်ခဲ့ပြီး နှစ်ဖက်မိဘသဘောတူညီမှုနှင့်အတူ လက်ထပ်လိုက်ခဲ့ကြပြီး ပျော်ပျော်ရွှင်ရွှင် ဘဝကိုဖြတ်သန်းခဲ့ကြသည်။ Rain (For Ialinks) Unicode မသန်စွမ်းဖြစ်နေသည့် အမွှာညီအစ်မနှစ်ယောက်လုံးကို ချစ်ကြိုက်ပြီး လက်ထပ်ယူခဲ့သော အမျိုးသား လောကကြီးသည် သဘာဝဖြစ်ရပ်ဆန်းများနှင့် ပြည့်နှက်နေကာ […]
ၾကားသိရသမွ်
မိန်းမခိုးပြေးလာတာကို ကျောင်းကလက်မခံလို့ ဆရာတော်ကို ဓားနှင့်ခုတ်တဲ့သူ
မိန်းမခိုးပြေးလာတာကို ကျောင်းကလက်မခံလို့ ဆရာတော်ကို ဓားနှင့်ခုတ်တဲ့သူ အမှုဖြစ်စဉ်မှာ၂၃.၁၀.၂၀၂၁ရက်နံနက်၁၁နာရီအချိန်ခန့်တွင် ကိုနိုင်လင်း(၃၃)နှစ်၊ ကျဘမ်း၊ မင်းလမ်းကူးကျေးရွာ ၊ဖြူးမြို့နယ်နေသူမှကျောက်တခါးမြို့နယ် ၊တောကျွဲအင်းနယ်မြေရဲစခန်းသို့ ရောက်ရှိလာကာ ၎င်းကရဲစခန်း အနောက်မြောက် (၉) မိုင် (၂) ဖာလုံခန့်အကွာတောကျွဲအင်း(ခ)အောင်မြင်မြို့ကြာအင်းကုန်းကျေးရွာအုပ်စု၊ ကျိုင်းအုံကျေးရွာ၊ အောက်ကျောက်တက် ဘုန်းကြီးကျောင်းနေ အစ်ကိုဖြစ်သူ ဥူးဝေပုလ္လ (ခ) ဦးဝင်းသိန်း၊ သက်တော်(၄၃)နှစ်၊ ဝါတော်(၁)ဝါ၊ သံဃာ၊ ခန်းနေ ကိုယ်တော်အား တစ်ရွာတည်းနေစိုးသူ(၃၅)နှစ်၊ကယ်ရီမောင်းသူမှ ဓါးကုတ်ချွန်ဖြင့်ခုတ်သဖြင့်ထိခိုက်ဒဏ်ရာများရရှိမှုများဖြစ်သွားကြောင်းလာရောက်တိုင်တန်းခဲ့သည်ဟုသိရသည်။ တိုင်တန်းချက်အပေါ်အပေါ်ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့ရာ၂၃.၁၀.၂၀၂၁ရက် နံနက်၈နာရီအချိန်တွင် ဉုးဝေပုလ္လ(ခ) ဦးဝင်းသိန်းသည်၎င်းနေထိုင်သောအောက်ကျောက်တက်ကျောင်းမှ အလယ်ကျောက်တက်ကျောင်းရှိဥူးစန္ဒိမာ(ခ)ဦးညွှန့်ရွှေ၊ သက်တော်(၅၆)နှစ်၊ ဝါတော်(၈)ဝါ ၊ကျောင်းထိုင်ဆရာတော်ထံတရားတော်များအား ဖုန်းဖြင့်ကူးယူရန်သွားရောက်ခဲ့ပြီး ကူးယူနေစဉ် စိုးသူသည်ကျောင်းထိုင်ဆရာတော် ဥူးစန္ဒိမာ(ခ) ဦးညွှန့်ရွှေ၏ေ ကျာင်းတိုက်သို့ရောက်ရှိလာပြီး စိုးသူမှဦးစန္ဒိမာအား “တပည့်တော်မိန်းမခိုးလာတယ်၊ အရှင်ဘုရားကျောင်းမှာ တစ်ညတည်းလို့ရမလား၊”ဟုပြောရာ ဦးစန္ဒိမာမှ“ဒါကာမတွေနဲ့ကျောင်းနှင့်မအပ်စပ်ဘူး ၊ကျောင်းမှာတော့လက်မခံဘူး” ဟုပြောရာ စိုးသူမြှ […]
မိုးလေ၀သ
လျှပ်စီးမိုးကြိုး အထူးသတိ
ကြားသိရသမျှ
ဒေါ်ဝရဉာဏီ ပါဝါရိန်းဂျားအညိုကောင် တော်လှန်ရေးဂတုံးး ဖတ်ရင်း ကြက်တီးတွေထ၊ သတ္တိရှိလိုက်တာများ လေးစားမိပါတယ် ဆရာလေး
ဘဝမှာ ပါဝါရိန်းဂျားအညိုကောင်ဖြစ်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ ဆရာလေးက အစက ‌ဆေးတွေနဲ့ ဆန်အဓိက လှူပေးနေတာပေါ့နော်။ ဒလန်ကြောင့် ကျောင်းမှာ လာဖမ်းခံရတော့ ဆရာလေးကို စစ်သား၂ယောက်က တစ်ဖက်စီ လက်ဖမ်းဆွဲ ဒူးအတင်းထောက်ခိုင်းတော့တာပဲ။ ကိုယ်ကတော့ ဘာမှ မလုပ်ပါဘူး၊ ဘယ်သူနဲ့မှ အဆက်အသွယ်မရှိပါဘူး ငြင်းရတာ‌လေ။ မရပါဘူး၊ သေနတ်ဒင်နဲ့ တစ်ချက်ထုခံရပြီး သက် န်းဆွဲချွတ်မယ် ဘာညာနဲ့ ဟောက်တာပေါ့။ နောက်ထပ်သုံးယောက်က ကျောင်းထဲဝင်မွှေနေတာ။ ဆေးတွေ ဆန်တွေနဲ့ငွေသား သိန်း၂၀မြင် တော့ လောဘတက်ပြီး သိမ်းနေတုန်း ဘေးက စစ်သားသေနတ်က ဂျီးတတ်ကြီးမြင်လိုက်ရတော့ မကြောက်တော့ဘဲ ကိုယ့်လွတ်လမ်းကို အသာချောင်းနေလိုက်တယ်။ ကျောင်းဘေးမှာ လျှိုတစ်ခုရှ်ိပြီး အဲ့လျှိုအတိုင်းသွားရင် လမ်းမရောက်တာသိထားတော့ ပြေးဖို့ကြံပြီး ငြိမ်နေ လိုက်တယ်။ ခဏနေတော့ စစ်သားတစ်ကောင်က ဘယ်နားဘာဖွက်ထားသေးလဲ ဇွတ်မေးတော့တာဘဲ။ ဖုန်းလည်းတောင်းပြီး […]
ၾကားသိရသမွ်
“ပြည်သူ့အချစ်တော် မင်းသားတွေကို ဒဲ့စော်လိုက်တဲ့ မင်းအုပ်စိုး”
“ပြည်သူ့အချစ်တော် မင်းသားတွေကို ဒဲ့စော်လိုက်တဲ့ မင်းအုပ်စိုး” တော်လှန်ရေးသမား မင်းတို့က တော်လှန်ရေးလုပ်နေကြတာလား တောထဲသွားပြီး အိုက်တင်တွေလုပ် စတန့်တွေထွင်နေကြတာလားဟင် တောထဲမှာ လက်ထပ်ပွဲတွေလုပ်လိုက် မွေးနေ့ပွဲတွေလုပ်လိုက် သေနတ်တွေကိုင်ပြီး အိုက်တင်မျိုးစုံနဲ့ ဓာတ်ပုံတွေရိုက်လိုက်ကြနဲ့ အထူးသဖြင့် ရုပ်ရှင်မင်းသားဆိုတဲ့အကောင်တွေကိုပြောချင်တာပါ ဇင်ဝိုင်းနဲ့ မင်းမော်ကွန်းဆိုရင် ကိုဇင်ဝိုင်းက ပိုဆိုးပါတယ် နဝတခေတ် နအဖခေတ် တလျှောက်လုံး ရိုက်ခဲ့သမျှ နိုင်ငံတော်ကားတွေမှာ ဒီလူမပါတဲ့ကားဆိုတာ အင်မတန်ရှားပါတယ် စစ်အစိုးရကလုပ်တဲ့ ညစာစားပွဲတွေ ဆိုရင်လည်း ကိုဇင်ဝိုင်းမတက်တဲ့ ညစာစားပွဲဆိုတာ မရှိသလောက်ပါပဲ ပြီးတော့ လူမင်း ပရိတ်သတ်ကြီးသာ သတိထားပြီး ပြန်စဉ်းစားကြည့်မယ် ဆိုရင် စစ်အစိုးရလက်ထက်တလျှောက်လုံး ရိုက်ကူးခဲ့တဲ့ စစ်ကားမှန်သမျှ လူမင်း မပါတဲ့စစ်ကား မရှိသလောက်ပါပဲ ပြီးတော့ ပြေတီဦး ဒီကောင့်ဘဝစခဲ့ရတာ ဒါရိုက်တာဦးခင်ဇော် ရိုက်ကူးတဲ့ မြန်မာစာမြန်မာစကား ဆိုတဲ့ ဇာတ်လမ်းတိုလေးတွေမှာ […]