မေမြတ်နိုးကတော့ အိမ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲကနေ အနုပညာလောကထဲ စတင်ဝင်ရောက်ခဲ့ပြီး မော်ဒယ်ပြိုင်ပွဲ များစွာဝင်ရောက်ရှင်ပြိုင်ပြီး ယခုအခါ professional model တစ်ဦးအနေနဲ့ရော မင်းသမီးတစ်ဦး အနေနဲ့ပါရပ်တည်နေသူဖြစ်ပါတယ်။ စစ်အာဏာသိမ်းစဉ်ကတည်းကလည်း ပြည်သူဘက်ကရပ်တည်ပြီး ပြည်သူနဲ့တစ်သားတည်း ရှိတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ မေမြတ်နိုးဟာ ဟောလိဝုဒ်ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ INVILCIBLE ဇာတ်ကားမှာ ခေါင်းဆောင်မင်း သမီးတစ်ဦးအဖြစ်ပါဝင်ခွင့်ရခဲ့ပြီး ယင်းဇာတ်ကားမှာသူမက အာရှမိန်းကလေးတစ်ဦးအဖြစ်ပါဝင်ခဲ့ရပါတယ်။ သူမဟာ မြန်မာလူမျိုးတစ်ဦးဖြစ်ကြောင်း သိစေရန် မြန်မာစကားတစ်ခွန်းလောက် ထည့်သွင်းပြောဆိုရန် တောင်းဆိုခဲ့ပါတယ်။ သူမတောင်းဆိုခဲ့သလိုလည်း မြန်မာစကားကိုထည့်သွင်းပြောဆိုခွင့်ရရှိခဲ့ပါတယ်။ သူမပြောခဲ့တဲ့ မြန်မာစကားက ဘာလဲဆိုတာ ပရိသတ်ကြီးသိရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဒီဇာတ်ဝင်ခန်းကတော့ သူမက မင်းသားကို စိတ်ပူတဲ့အနေနဲ့ မြန်မာလိုပီပီသသနဲ့ ”အဲ့ဒါကို ပြောတာလေ၊ အဲ့ဒါကို ပြောနေတာ၊ ငါအဲ့လိုတွေဖြစ်မှာဆိုးလို့ နင့်ကိုပြောနေတာ” လို့ နိုင်ငံတကာ ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ခွင့် […]
Month: October 2021
အသက်ကွာဟမှုတင်မကဘဲ ရုပ်ရည်အသွင်အပြင်ပါကွာခြားတဲ့ ၅၂ နှစ်အရွယ် သတို့သားနဲ့ ၁၉ နှစ်အရွယ်သတို့သမီးတို့ရဲ့ အငြင်းပွားဖွယ်ရာမင်္ဂလာပွဲ
အမှန်အားဖြင့်အပြင်လူများရဲ့ ကန့်ကွက်မှုကြောင့် အသက်အရွယ်ကွာခြားတဲ့ စုံတွဲတွေ များစွာရှိခဲ့ပြီး ယနေ့ထိ ပျော်ရွှင်နေဆဲဖြစ်ပါတယ် ။ အသက် ၅၂ နှစ်အရွယ်သတို့သားနဲ့ ကမ္ဘောဒီးယားမှ ၁၉ နှစ်အရွယ်သတို့သမီးတို့လည်း အတူတူပင်ဖြစ်ပါတယ် ။ သတို့သမီးက သူမအိမ်ထောင်ဖက်ဖြစ်ရန်နဲ့ သူမခင်ပွန်းရဲ့ ရင့်ကျက်မှုနဲ့ ယုံကြည်မှုတို့ကြောင့် အခြားမည်သည့်ကိုယ်ကျိုးကိုမှ ထိခိုက်စေရန် မရည်ရွယ်တာကြောင့် သူတို့ရဲ့အကြောင်းကို ဝေမျှရန် တွန့်ဆုတ်ခြင်း မရှိပါ ။ Khmernews ရဲ့အဆိုအရ ကမ္ဘောဒီးယားအနောက်မြောက်ပိုင်း Oddar Meanchey ပြည်နယ်မှာ ကျင်းပတဲ့ မင်္ဂလာဆောင်ပွဲဟာ အသက် ၅၂ နှစ်ရှိပြီဖြစ်တဲ့သတို့သားဖြစ်ပြီး သတို့သမီးက ၁၉ နှစ်သာရှိသေးတာပါ ။ ၎င်းတို့နှစ်ဦးက တရားဝင်မင်္ဂလာဆောင်ပွဲတစ်ခုကျင်းပခဲ့ပြီး Facebook ပေါ် တင်လိုက်တဲ့ အခါမှာ မင်္ဂလာဆောင်ဓာတ်ပုံများက လူများစွာရဲ့ အာရုံကိုစွဲဆောင်စေခဲ့ပါတယ် ။ လူအများစုက […]
မန္တလေးမြို့ပေါ်က သေနတ်ပစ်ခတ်သံများ(ရုပ်သံ)
မန္တလေးတွင် ယနေ့ညဦးပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်ဗုံးပေါက်ကွဲမှုဖြစ်ခဲ့မှစပြီး စစ်ကောင်စီလက်နက်ကိုင်များက သေနတ်ဖြင့်ရမ်းသန်းပစ်ခတ်မှုများပြုလုပ်ခဲ့သဖြင့် အများ ပြည်သူစိုးရိမ်ထိတ်လန့်မှုတို့ဖြစ်ခဲ့သည်။ “ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်ဗုံးကွဲတာကနေစတာပါ၊ အဲဒီမှာဟိုကောင်တွေ (စစ်ကောင်စီတပ်များ) ရောက်လာပြီး ရပ်ကွက်ထဲရမ်းသန်းပစ်ကြတော့တာပဲ၊ နာက်တော့ ၆၂ လမ်းပေါ်တက်သွားပြီး အဲဒီမှာ ဆက်ပစ်တယ်၊ လမ်းသွားလမ်းလာတွေကိုတားပြီးစစ်တယ်၊ တချို့ရိုက်နှက်ခံရတာတွေရှိတယ်” ဟု သတင်းရင်းမြစ်တစ်ဦးကပြောသည်။ မဟာအောင်မြေမြို့နယ် ၆၂ လမ်း၊ ၃၈ လမ်းနှင့် ၃၉ လမ်းကြား၊ နဒီမြန်မာဆေးရုံတောင်ဘက် မဟာမြိုင်ရပ်ကွက် ဒေသခံတို့ကဘုန်းကြီးရွာဟုခေါ်ကြသည့်ရပ်ကွက်မှရပ်ကွက်အုပ် ချုပ်ရေးမှူးဦးဖိုးကျော်ဆိုသူ၏နေအိမ်ကို ယနေ့ညဦးပိုင်းက ဗုံးဖြင့်ပစ်ပေါက်ခံရပြီးနောက်မကြာမီတွင် စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ရောက်လာပြီး ပစ်ခတ်မှုတို့ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါပေါက်ကွဲပစ်ခတ်မှုကို မန္တလေးမြို့နေရာတော်တော်များများကကြားလိုက်ရပြီး၊ ထို့နောက်ပိုင်းတွင်လည်း မဟာအောင်မြေမြို့နယ်နှင့်ချမ်းအေးသာစံမြို့နယ်တို့တွင် ပေါက်ကွဲမှု တချို့ရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များကပြောသည်။ လက်ရှိတွင် ရွှေဘုန်းရှိန်ရပ်ကွက်ကို စစ်ကောင်စီလက်နက်ကိုင်များက အဝင်အထွက်ပိတ်ဆို့ထားလိုက်ပြီး ၆၂ လမ်းတလျှောက်ကိုလည်း တားဆီးစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။ credit unicode မန္တလေးတွင် ယနေ့ညဦးပိုင်းက […]
စျေးမှာ ပုဇွန်ဝယ်လာခဲ့ပြီး မသင်္ကာလို့ ကြည့်လိုက်တဲ့ အခါမှာတော့..
ပုစွန်တုပ်ထဲက သံခဲ ၂ ခဲနဲ့ ယခုထက်ထိ အတောမသတ်နိုင်သေးတဲ့ လောဘသား ဈေးသည်များ…. ယနေ့ ဈေးက ဝယ်လာတဲ့ ပုစွန်တုပ်ကို ချက်မလို့ သန့်ရှင်းရေး လုပ်လိုက်တဲ့အခါမှာတော့ ၊ ပုစွန်တုပ် အသားထဲမှာ မြှုပ်ထားတဲ့ သံခဲ ၂ ခဲကို ထူးဆန်းစွာ တွေ့ရပါတယ်။ သံခဲ ၂ ခဲက တော်တော် လေးပြီး အနည်းဆုံး ၁၀ သားလောက် ရှိပါတယ်။ ဒီလိုလုပ်တာဟာ အလေးခိုးတဲ့ နည်းလိုပါပဲ၊ ဈေးဆိုင်ထဲက ချိန်ခွင်တွေ၊ ကတ္တားတွေမှာ အလေးခိုး မထားဘဲ ဝယ်မယ့်။ ပစ္စည်းထဲမှာ အလေးချိန် များအောင် ထည့်လိုက်တဲ့ သဘောပါ။ ကြက်ဆိုလည်း ဆေးထိုးအပ်နဲ့ ရေထိုး၊ ဝက်သားဆိုလည်း လတ်တယ်ထင်ရအောင်သွေးတွေကို အသားတွေ ပေါ် သုတ်ပေး၊ […]
သရုပ် ဆောင် ဘေဘီမောင် နှင့်မေပန်းချီတို့ရဲ့ပြသနာဖြစ်ရတဲ့ အကြောင်းအရင်း
သရုပ်ဆောင်ဘေဘီမောင်နှင့်မေပန်းချီတို့ရဲ့ပြသနာအစအဆုံး ပရိတ်သတ်ကြီရေ၊အခုတစ်ခါမှာဆိုရင်တော့သရုပ်ဆောင်ဘေဘီမောင်နှင့်မေပန်းချီတို့ရဲ့ပြသနာအစအဆုံးကိုသိသလောက်လေးအခုလိုပြန်လည်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်နော်။ ပြဿနာကတော့ဒီလိုစတာပါ၊မေပန်းချီက15သိန်းနဲ့ကြော်ငြာရိုက်ရတာကိုဘေဘီမောင်ကမနာလိုပဲLive Saleမှာအချောကောက်နဲ့မေပန်းချီကိုခေါ်ကံ-င်ခံသည်၊ဆိုပီးBlameတယ်ဆိုလားအာ့ကိုမေးပန်းချီ ကတင်းပီးLiveလွှင့်၊ဒါကို၊ကိုကိုTharGanကမယားထိဓားကြည့်ဆိုသလိုStatusကောက်တင်၁၅မိနစ်မကြာဘူးသူ့Statusသူပြန်ဖျက်၊ဘာလို့ပါလိမ့်နော်။ အာ့မှာပြသနာကပိုဆိုးမေပန်းချီကမိန်းမချင်းပဲရှင်းချင်တယ်၊ဂျော်လကီးဝင်မပါနဲ့ပါချင်လဲ2by1ဆွဲမယ်၊ဘာညာဆိုပီးပြန်ဖြဲ၊ဖြဲသင့်တယ်လေ၊အဲ့အချိန်မှာပန်းနုသွေးလာပီ၊ငါမင်္ဂါလဲဆောင်ရအုံးမယ်၊အိမ်ကဆောက်နေတာလဲမပီးသေးဘူးလို့တွေးပီးအငို အိုက်တင်ကျင့်၊ဘေဘီမောင်လာပါပီ၊ဘလာ၊ဘလာ၊ဘလာစျေးမရောင်းကောင်းမှာမို့ထင်တယ်။ မေပန်းချီကိုမတောင်းပန်ပဲပရိတ်သတ်တွေကိုတောင်းပန်၊ဒါဖြစ်သင့်လား၊အဲ့တော့ကောင်လေးနဲ့ ကောင်မလေးတွေကသနားပီးမငိုနဲ့တိတ်တိတ်တဲ့၊ငါတော့ရဲရင့်အောင်သီချင်းထဲကလို့ဆောတီးငါသောက်နေလို့၊လို့ပြောရင်းဆိုပြီးရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ Zawgyi vision klcelenews သရုပ်ဆောင်ဘေဘီမောင်နှင့်မေပန်းချီတို့ရဲ့ပြသနာအစအဆုံးပရိတ်သတ်ကြီရေ၊အခုတစ်ခါမှာဆိုရင်တော့သရုပ်ဆောင်ဘေဘီမောင်နှင့်မေပန်းချီတို့ရဲ့ပြသနာအစအဆုံးကိုသိသလောက်လေးအခုလိုပြန်လည်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်နော်။ပြဿနာကတော့ဒီလိုစတာပါ၊မေပန်းချီက15သိန်းနဲ့ကြော်ငြာရိုက်ရတာကိုဘေဘီမောင်ကမနာလိုပဲLive Saleမှာအချောကောက်နဲ့မေပန်းချီကိုခေါ်ကံ-င်ခံသည်၊ဆိုပီးBlameတယ်ဆိုလားအာ့ကိုမေးပန်းချီ ကတင်းပီးLiveလွှင့်၊ဒါကို၊ကိုကိုTharGanကမယားထိဓားကြည့်ဆိုသလိုStatusကောက်တင်၁၅မိနစ်မကြာဘူးသူ့Statusသူပြန်ဖျက်၊ဘာလို့ပါလိမ့်နော်။အာ့မှာပြသနာကပိုဆိုးမေပန်းချီကမိန်းမချင်းပဲရှင်းချင်တယ်၊ဂျော်လကီးဝင်မပါနဲ့ပါချင်လဲ2by1ဆွဲမယ်၊ဘာညာဆိုပီးပြန်ဖြဲ၊ဖြဲသင့်တယ်လေ၊အဲ့အချိန်မှာပန်းနုသွေးလာပီ၊ငါမင်္ဂါလဲဆောင်ရအုံးမယ်၊အိမ်ကဆောက်နေတာလဲမပီးသေးဘူးလို့တွေးပီးအငို အိုက်တင်ကျင့်၊ဘေဘီမောင်လာပါပီ၊ဘလာ၊ဘလာ၊ဘလာစျေးမရောင်းကောင်းမှာမို့ထင်တယ်။မေပန်းချီကိုမတောင်းပန်ပဲပရိတ်သတ်တွေကိုတောင်းပန်၊ဒါဖြစ်သင့်လား၊အဲ့တော့ကောင်လေးနဲ့ ကောင်မလေးတွေကသနားပီးမငိုနဲ့တိတ်တိတ်တဲ့၊ငါတော့ရဲရင့်အောင်သီချင်းထဲကလို့ဆောတီးငါသောက်နေလို့၊လို့ပြောရင်းဆိုပြီးရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။Zawgyi vision klcelenews klcelenews
“သားထိသွားပြီ” လို့ အမေကို ဖုန်းဆက်ပြီး နောက်ဆုံး နှုတ်ဆက်ခဲ့တဲ့ ထင်ရှားပြည့်လျှံဦး
“ အဲဒီနေ့က သားဆီကနေ ဖုန်းလာတယ်။ မေမေ သားကိုထိသွားပြီလို့ ဇူလိုင် ၂၆ ရက် ညနေပိုင်းမှာ သူက လှမ်းပြောတော့ ကျမက ပြေးလေ သားရဲ့၊ ကိုယ့်ရဲဘော်တွေဆီကို အမြန်ပြေးလို့ပြောခဲ့ပါတယ်။ ဒါပေမယ့်သူက သားမပြေးနိုင်တော့ဘူး မေမေလို့ ပြန်ဖြေပြီး ဖုန်းလိုင်းပြတ်သွားပါတယ်” အပေါ်ကအကြောင်းအရာကတော့ မုံရွာ ဗကသကျောင်းသား ထင်ရှားပြည့်လျှံဦးရဲ့ မိခင်က ပြောပြတာပါ။ မိခင်လုပ်တဲ့သူက သူ့သားနဲ့ပြောဖို့ ဖုန်းထပ်ခေါ်ခဲ့ပေမယ့် ဖုန်းခေါ်လို့မရတော့ပါဘူး။ သူ့သားရဲ့ ကျန်ရစ်တဲ့ ရုပ်အလောင်းကို ဇူလိုင် ၃၀ ရက်နေ့မှာ ပြန်တွေ့ခဲ့ ပြီး သူ့သားရဲ့ ရဲဘော်တွေက သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။ မုံရွာ PDF က ထင်ရှားပြည့်လျှံဦးနဲ့ အခြားတစ်ယောက်အပါအဝင် ရဲဘော် ၅ ဦးဟာ ဇူလိုင် ၂၆ ရက်က […]
မိဘပြည်သူများအနေဖြင့် အားမလျော့စတမ်း
လန်ဒန် Feltham မြို့မှာ ပြုလုပ်ခဲ့တဲ့ ရန်ပုံငွေပွဲမှာ ပါဝင်အားဖြည့်ကူညီခဲ့တဲ့ မေမြတ်နိုး
လန်ဒန် Feltham မြို့မှာ ပြုလုပ်ခဲ့တဲ့ ရန်ပုံငွေပွဲမှာ ပါဝင်အားဖြည့်ကူညီခဲ့တဲ့ မေမြတ်နိုး အလှမယ် မေမြတ်နိုးကတော့ အမှန်တရားကို ချစ်မြတ်နိုးသူဖြစ်တာကြောင့် ဖေဖော်ဝါရီလ ၁ရက်နေ့က ပြောင်းလဲခဲ့တဲ့ နိုင်ငံရေးအခြေအနေတွေမှာ ပြည်သူတွေဘက်က ရပ်တည်နေခဲ့တဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ မေမြတ်နိုးက ပြည်သူတွေ လမ်းပေါ်ထွက်ကာ ရင်ထဲကဆန္ဒအမှန်ကိုဖော်ထုတ်တဲ့ လူထုလှုပ်ရှားမှုကြီးမှာလည်းပါဝင်ခဲ့တာဖြစ်ပါတယ်။ နိုင်ငံခြားကို ရောက်ရှိနေပေမယ့်လဲ သူမအတတ်နိုင်ဆုံး ပါဝင် တော်လှန်ခဲ့ ပါသေးတယ်။ ပြည်သူလူထု နဲ့အတူ ယုံကြည်ရာ ပန်းတိုင်ကို လျှောက်လှမ်းနေသူ ဖြစ်တာကြောင့် အားလုံးက သူမရဲ့ စိတ်ထားလေးကို လေးစားနေကြတာပါ။ အခုတစ်ခါမှာဆိုရင်လဲ မော်ဒယ်မေမြတ်နိုးက လန်ဒန်အနောက်ပိုင်း Feltham မြို့မှာပြုလုပ်တဲ့ မြန်မာ့တော်လှန်ရေးရန်ပုံငွေရှာဖွေပွဲရောက်ရှိနေခဲ့ပြီး သူမရဲ့ပုံလေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်။ မေမြတ်နိုးရဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။ unicode လနျဒနျ Feltham […]
အငဲ ရေးသားပြီး လေးဖြူ သီဆိုထားတဲ့…”မဥ္စူရီ”သီချင်း နောက်ကွယ်မှ အဖြစ်အပျက်…..
အငဲ ရေးသားပြီး လေးဖြူ သီဆိုထားတဲ့…”မဥ္စူရီ”သီချင်း နောက်ကွယ်မှ အဖြစ်အပျက် မဥ္စူရီ ပုံပြင်တစေ့တစောင်း လွန်ခဲ့တဲ့ ၁၈ ရာစုနှစ်က ထိုင်းနိုင်ငံ ဖူးကက်ဘက်က နေ မလေးရှားနိုင်ငံ လန်ကာဝီ ကျွန်းလေးသို့ ရောက်ရ ှိနေထိုင်လာတဲ့ အမျိုးသမီးတစ်ယောက်ရှိပါတယ် ။ ထိုအမျိုးသမီးဟာ အင်မတန်ချောမောလှပတဲ့ မိန်းမပျို တစ်ဦးပါ ။ ထိုအမျိုးသမီးနာမည်ဟာ Mahsuri ဖြစ်ပါတယ် ။ သူမ ဟာ မလေးရှားသူရဲကောင်း Wan Darus နဲ့ အိမ်ထောင်ကျပြီး သားဦး တစ်ယောက်ရရှိခဲ့ပါတယ်။ သူမ ဟာ ထို လန်ကာဝီကျွန်းမှာ ကလေးတစ်ဦး ရသည့် တိုင် အလှမပျက်ပဲ အလှပဆုံးသောအမျိုးသမီးတစ်ဦး ဖြစ်ခဲ့တာမို့ ထိုကျွန်းမှာနေထိုင်တဲ့ အမျိုးသမီးတိုင်း က မနာလို ဖြစ်ခဲ့ကြပါတယ် ။ […]
အထပ် (၈) ထပ်ပါဝင်တဲ့ အဆောက်အဦးကြီးတခုလုံး မိုးသည်းထန်စွာ ရွာသွန်းမူကြောင့် ပြိုကျသွားခဲ့တဲ့ ထိပ်လန့်စရာ ရုပ်သံဖိုင်
အထပ် (၈) ထပ်ပါဝင်တဲ့ အဆောက်အဦးကြီးတခုလုံး မိုးသည်းထန်စွာ ရွာသွန်းမူကြောင့် ပြိုကျသွားခဲ့တဲ့ ထိပ်လန့်စရာ ရုပ်သံဖိုင် အထပ်မြင့်အဆောက်အဦး(၁)လုံး ပြိုကျခဲ့တဲ့ ထိပ်လန့်စရာ ရုပ်သံဖိုင်တစ်ခုဟာ လတ်တလော လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့လာတာ တွေ့ရပါတယ်။ ဒီရုပ်သံဖိုင်ကတော့ စတင်ဘာလ (၃၀) ရက်နေ့က အိန္ဒိယနိုင်ငံ၊ Shimla ပြည်နယ်မှာ ပြိုကျခဲ့တဲ့ ဖြစ်စဉ်တစ်ခုပဲ ဖြစ်ပါတယ်။ ရုပ်သံဖိုင်ထဲမှာတော့ တောင်ကမ်းပါးပေါ်မှာ ဆောက်လုပ်ထားတဲ့ အထပ် (၈) ထပ်ပါဝင်တဲ့ အဆောက်အဦး(၁)လုံးဟာ တဖြည်းဖြည်း ယိမ်းယိုင်လာပြီး တောင်အောက်သို့ပြိုကျသွားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ပြိုကျသွားခဲ့တဲ့ အထပ်မြင့်အဆောက်အဦးထဲမှာတော့ လူပါသွားခြင်းမရှိတာကြောင့် လူသေဆုံးမှုမရှိခဲ့ဘူးလို့ နိုင်ငံသတင်းများက ဖော်ပြထားပါတယ်။ အဆောက်အအုံထဲက ဒေသခံပြည်သူတွေကတော့ ပြိုမကျမီ နာရီအနည်းငယ်လောက်မှာ အက်ကွဲကြောင်းတွေ ပေါ်လာတာကြောင့် အပြင်ကိုအလျင်အမြန် ထွက်ပြေးခဲ့ကြကြောင်း သိရပါတယ်။ Shimla […]