ၾကားသိရသမွ်
မြောက်ဥက္ကလာပမြို့နယ်မှNon -CDMကျောင်းဆရာမ ဒေါ်လှလှသန်း ရှင်းလင်းခံရတဲ့အကြောင်းရင်း
မြောက်ဥက္ကလာတွင် သေနတ်မှန်၍ သေဆုံးသွားသော ဆရာမအား ၃ ကြိမ်တိုင် သတိပေးခဲ့ဟု ပစ်ခတ်သည့် အဖွဲ့ပြော ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပ မြို့နယ်တွင် သေနတ်ဖြင့် ပစ်ခံရပြီး သေဆုံးသွားသည့် ကျောင်းဆရာမကို ပစ်ခတ်သည့် အဖွဲ့က သုံးကြိမ် တိုင် သတိပေးခဲ့သည်ဟု အဆိုပါအဖွဲ့ဝင် တစ်ဦးက ပြောသည်။ ကျောင်းဆရာမ ဒေါ်လှလှသန်းသည် ၎င်းနေအိမ်ရှိရာ မြောက်ဥက္ကလာပမြို့နယ်မှ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် အ.ထ.က (၂) ကျောင်းသို့ တက္ကစီဖြင့် သွားစဉ် မြောက်ဥက္ကလာပမြို့နယ် နွယ်နီမှတ်တိုင် အကျော်၌ တက္ကစီ မီးပွိုင့်မိနေစဉ် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။ ယနေ့ နိုဝင်ဘာ ၅ ရက် မနက် ၈ နာရီ မိနစ် ၃၀ ခန့်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်ပြီး […]
ဗဟုသုတ
အခြားသူအပေါ် မှီခိုလွန်းရင် သင်ဘယ်တော့မှ ရပ်နိုင်မှာမဟုတ်ဘူး
တခါတုန်းက တောအုပ်တခုထဲမှာ နေထိုင် ကျက်စားတဲ့ ယုန်ကလေး တကောင် ရှိပါတယ်။ ယုန်ကလေးမှာ သူငယ်ချင်းတွေ အများကြီး ရှိပြီးသူ့သူငယ်ချင်းတွေ အတွက်လည်း သူက အမြဲ ဂုဏ်ယူနေ တတ်တဲ့သူ ဖြစ်ပါတယ်။ တနေ့မှာတော့ ယုန်ကလေးဟာ တောခွေးတွေရဲ့ ကျယ်လောင်စွာ အော်ဟစ်သံကို ကြားလိုက်ရ ပါတယ်။ အရမ်းကို ကြောက်လန့်သွားတဲ့ ယုန်ကလေးဟာ တကောင်တည်း မနေရဲတော့ဘဲ သူ့သူငယ်ချင်း ဖြစ်တဲ့ သမင်လေးဆီ အပြေး သွားပါတယ်။ “ သူငယ်ချင်းရေ ငါတော့ တောခွေးတွေ ဟောင်သံ ကြားလိုက်လို့ မင်းဆီ ပြေးလာတာ။ မင်းရဲ့ ချွန်မြတဲ့ ဦးချိုတွေနဲ့ တောခွေးတွေကို မောင်းထုတ်ပေးပါလား ” လို့ သမင်ကို အကူအညီ တောင်းလိုက် ပါတယ်။ သမင်က “ […]
ၾကားသိရသမွ်
သူများတွေလို အိမ်ပေါင်ယာပေါင် စားရမယ်ဆိုတာလည်း၊ အိမ်ပိုင် ယာပိုင်မရှိတော့ ကိုယ့်ရဲ့ဆံပင်ကိုပဲရောင်းစရာရှိတော့
သူများတွေလို အိမ်ပေါင်ယာပေါင် စားရမယ်ဆိုတာလည်း၊ အိမ်ပိုင် ယာပိုင်မရှိတော့ ကိုယ့်ရဲ့ဆံပင်ကိုပဲရောင်းစရာရှိတော့ ” သူများတွေလို အိမ်ပေါင်ယာပေါင် စားရမယ်ဆိုတာလည်း၊ အိမ်ပိုင် ယာပိုင်မရှိတော့ အင်မတန် ခက်ခဲခဲ့ရပါတယ်။ ဒါကြောင့်မို့လည်း ဒီကိုယ့်ရဲ့ဆံပင်ကိုပေါ့နော်ရောင်းစရာတစ်ခုပဲ ရှိတော့တဲ့အတွက်ကြောင့် ဒီဆံပင်ကို လာရောင်းတာပါ ” အိမ်ထောင်ရှင်မတဦးရဲ့ စကားသံ။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်မှုတွေက နေ့စဉ်ဆိုသလိုအရှိန်အဟုန်မြင့်တက်လာနေပါတယ်။ ဒါကြောင့် သက်ဆိုင်ရာဒေသတွေအလိုက် အသွားအလာကန့်သတ်မှုတွေ၊ စက်သုံးဆီစျေး၊ ရွှေစျေးနဲ့ ဒေါ်လာစျေးမတည်ငြိမ် မှုတွေကြောင့် အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးလာပြီး အခြေခံလူတန်းစားရဲ့ စားဝတ်နေရေးအကျပ်အတည်းတွေဟာ အငတ်ဘေးက စိန်ခေါ်နေတဲ့အခြေအနေတွေအထိ ကြုံတွေ့နေရတယ်လို့ တနေ့လုပ်တနေ့စား အိမ်ထောင်ရှင်မတဦးကပြောပါတယ်။ အခုလိုအခြေအနေမှာ မိသားစုစားဝတ်နေရေးအခက်အခဲတွေကို ဖြေရှင်းစရာနည်းလမ်းမရှိတော့တဲ့အတွက် မိန်းမတို့ရဲ့ဘုန်း ဆံထုံးကို ဖြတ်ရောင်းအရင်းပြုပြီး ဝမ်းရေးကို အလှဆင်နေကြရတယ်လို့လည်း ဆိုကြပါတယ်။ ဒီအခြေအနေတွေကြောင့် ဆံပင် ဝယ်/ရောင်းလုပ်တဲ့သူတွေအနေနဲ့ […]
ၾကားသိရသမွ်
ဗဟုသုတ
ဒီလိုအကျင့်မျိုးရှိတယ်ဆိုရင် လူပျင်းလူညံ့ဖြစ်သွားနိုင်တယ်
ဒီလိုအကျင့်မျိုးရှိတယ်ဆိုရင် လူပျင်းလူညံ့ဖြစ်သွားနိုင်တယ် ဒီအချက်တွေ သင့်မှာမရှိရင်တော့သင့်ကအောင်မြင်မယ့်သူတစ်ယောက်ဖြစ်လာမှာအသေအချာပါပဲ။ ဘဝမှာအောင်မြင်ဖို့ အတတ်နိုင်ဆုံးရှောင်ရမယ့် အချက်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) အအိပ်လွန်ခြင်း…. လူအများစု၏ ဘဝ၏ သုံးပုံ တစ်ပုံသည် အိပ်စက်ခြင်းဖြင့် ကုန်ဆုံးသွားပါတယ်။ သင်က အသက် ၃၀ ဆို သင့်ဘဝရဲ့ ၁ဝနှစ်ကို အိပ်စက်ခြင်းတွေထဲမှာ သင်ပေးဆပ်လိုက်ရပါပြီ။ အိပ်တာက ကောင်းပါတယ်။ အိပ်ရေးဝဖို့ ၁ရက်ကို (၇-၈နာရီ)အိပ်သင့်ပါတယ်။ ဒါပေမယ့် သင်က သာမန်ထက် ပိုပြီးနေ့ရောညရော အိပ်နေမယ်ဆိုရင်တော့ သတိထားဖို့လိုနေပါပြီ။ အရမ်းအိပ်တတ်တဲ့ လူတွေက သူတို့ဘဝမှာ အိပ်တာထက် ကောင်းတဲ့ အလုပ် ဘာဆိုဘာမှ မရှိလို့ပါပဲ ။ ဒါကြောင့်ပဲ အအိပ်လွန်နေကြတယ်ထင်ပါတယ်။ သင်ရော လိုတာထက် သင့်ဘဝကို အိပ်စက်ခြင်းနဲ့ ဖြုန်းတီးနေပြီလား။ သင့်ဘဝကို လူပျင်း၊လူညံ တစ်ယောက်လို အိပ်စက်ခြင်းတွေနဲ့၊ […]
ၾကားသိရသမွ်
ဘဏ်အချို့က ဖုန်းဆက်စရာမလို တိုကင် ယူရန်မလိုပဲ ငွေသားထုတ်ပေးမှုများ စတင်ရှိလာနေ
ဘဏ်အချို့က ဖုန်းဆက်စရာမလို တိုကင် ယူရန်မလိုပဲ ငွေသားထုတ်ပေးမှုများ စတင်ရှိလာနေ နိုဝင်ဘာ ၁ ရက်နေ့ကစပြီး ပုဂ္ဂလိကဘဏ်အချို့မှာ ငွေသားထုတ်ယူရန်အတွက် ဖုန်းဆက်တိုကင်ယူစရာ မလိုဘဲ တစ်ပါတ်လျှင် ငွေကျပ် ၃ သိန်းနှုန်း၊ ၅သိန်းနှုန်း၊ ၁၀သိန်းနှုန်းစသည့်ဖြင့် ငွေထုတ်ပေးလာသည့် ဘဏ်အချို့ရှိလာနေတယ်လို့ ဘဏ်မှာငွေထုတ်ယူလာသူတွေက ပြောဆိုနေကြပါတယ်။ လတ်တလောမှာ ပုဂ္ဂလိက ဘဏ်အားလုံးက ထိုသို့လုပ်ဆောင်ပေးနေခြင်းမျိုးမဟုတ်ဘဲ ရိုးမဘဏ်၊ A ဘဏ် စသည်တို့ကသာ ဆောင်ရွက် ပေးနေတာဖြစ်တယ်လို့သိရပါတယ်။ နိုဝင်ဘာ ၁ရက်ကစပြီး ငွေထုတ်ယူမှုများအတွက် တိုကင် ယူစရာမလို ထုတ်ယူနိုင်ပြီဟု ရိုးမဘဏ်က ကြေညာထားတာတွေ့ရသလို ရိုးမ ဘဏ်မှ ငွေထုတ်ယူခဲ့ကြသူတို့က တိုကင်ယူစရာမလိုပဲ တစ်ပါတ် ငွေကျပ် ၃ သိန်းရတယ်လို့ဆိုပါတယ်။ A ဘဏ် မှ ငွေထုတ်ယူခဲ့သူပြောပြချက်အရ ဖေဖော်ဝါရီ ၁ […]
ၾကားသိရသမွ်
CDM ဝန်ထမ်းတွေ အားလုံးအတွက် NUG အစိုးရမှ သတင်းကောင်း…
CDM ဝန်ထမ်းတွေ အားလုံးအတွက် NUG အစိုးရမှသတင်းကောင်း… NUG က ကာကွယ်ရေး အသုံးစရိတ်မပါ လျာထားဘတ်ဂျက် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ရှိ အမျိုးသား ညီညွတ်ရေး အစိုးရ၏ ကာကွယ်ရေးအသုံး စရိတ် မပါသေးဘဲ လျာထားဘတ်ဂျက်သည် ကျပ်ဘီလီယံ ၁၄၀၀ (သို့မဟုတ်) အမေရိကန် ဒေါ်လာ သန်း ၈၀၀ အထိရှိကြောင်း NUG ၏ စီမံကိန်းနှင့် ဘဏ္ဍာရေးပြည် ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင် က ပြောသည်။ အဆိုပါ လျာထားဘတ်ဂျက််ကို အောင်လံလွှင့်ချီနွေဦးထီ၊ ငွေတိုက်စာချုပ်နှင့် အခွန်အကောက် ရငွေများမှ ရရှိရန် လျာထားပြီး CDM ဝန်ထမ်းများ၊ ပြည်သူ့ရင်ခွင်ခိုလှုံလာသော ရဲနှင့် တပ်မတော်သားများ ထောက်ပံ့ရေးကို အဓိက လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆို […]
ၾကားသိရသမွ်
“တွတ်ပီနဲ့ပတ်သက်သမျှ ခါတော်မီလုပ်စားနေကြတဲ့အတု တွေအားလုံးကို အံ့ဩခြင်းကြီးစွာနဲ့ ဒေါသထွက်ရတဲ့” ရေမွန်၏ မိခင်ဒေါ်ခင်မြတ်မွန်
“တွတ်ပီနဲ့ပတ်သက်သမျှ ခါတော်မီလုပ်စားနေကြတဲ့အတု တွေအားလုံးကို အံ့ဩခြင်းကြီးစွာနဲ့ ဒေါသထွက်ရတဲ့” ရေမွန်၏ မိခင်ဒေါ်ခင်မြတ်မွန်- ကိုယ့်အိမ်က တွတ်ပီအခန်းလေးထဲမှာတော့.. တွတ်ပီရဲ့အရာရာဟာနေရာတကာပြန့်ကျဲနေတာသူ့အခန်းထဲဝင်လိုက်တိုင်း ရင်ဘတ်တွေအောင့်တက်၊မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလာတတ်လို့ တတ်နိုင်သလောက်မဝင်ဘူး ဒါပေမဲ့ဒီတိုင်းထားလို့လဲမရတော့ဖုံတွေသဲတွေဝင်ရှင်း၊ဘီဒိုထဲကမှိုတက်စပြုလာတဲ့လျှော်ပြီးသားအဝတ်အစားတွေပြန်လျှော်မီးပူတိုက်၊ပရုပ်လုံးလှိုင်လှိုင်ထည့်ပြီးအမြတ်တနိုးသိမ်းဆည်းခဲ့တာ. တန်ဖိုးကြီး၊ဈေးကြီးလို့ သိမ်းတာမဟုတ်ဘဲသူသုံးခဲ့တဲ့ပစ္စည်းလေးတွေဆိုတဲ့စိတ်နဲ့ပါ. သူရောက်သွားချိန်ကနေသေဆုံးချိန်ထိ စွဲစွဲမြဲမြဲသုံးခဲ့တာလေးတွေဆိုပိုတန်ဖိုးထားတယ်. ရန်ကုန်မှာခေတ်ကောင်းစဉ် Cele ကြီးဘယ်တော့မှသုံးစွဲဖို့ စိတ်မကူးပေမဲ့ ဟိုမှာငွေကြေးအခြေအနေအရ သေဆုံးချိန်ထိသုံးခဲ့တဲ့အပေါစားခေါင်းအုံးအပေအတူးအစုတ်လေး သူအမြဲခြုံခဲ့တဲ့စောင်အနွမ်းလေး၊အပေါစား shower cream ဘူးခွံလေးရွှံ့တွေပေပွနေတဲ့ဝတ်စုံ၊‌ မိုးရေတွေစိုရွှဲနေတဲ့ Towel Big Cele မို့အိမ်မှာအကောင်းစားဖိနပ်တွေအောတိုက်နေတာတောင် တစ်ရံမှသယ်မသွားဘဲ နောက်ဆုံးချိန်ထိ စီးခဲ့တဲ့ခွေးကိုက်ထားလို့သဲကြိုးပြတ်ကာနီးဖေါ့ဖိနပ်တစ်ရံ၊နိုင်ငံကျော် Cele ကြီးရဲ့နောက်ဆုံးလက်ကျန် ငွေသုံးသောင်းတောင်မပြည့်တော့တဲ့ မှိုတက်နေတဲ့ Wallet လေး.. အဲ့ဒါတွေအားလုံး ကျန်တဲ့ပစ္စည်းတွေထက်ပိုမိုတန်ဖိုးထား၊အဖိုးမဖြတ်နိုင်လို့အသေအချာထုတ်ပိုး ဂရုစိုက်သိမ်းဆည်းခဲ့တယ် ကျန် သူ့အမှတ်တယတွေကိုနီးစပ်သလို လှူခဲ့တယ် ပေးခဲ့တယ်.လက်ခံရရှိသူတွေအသိဆုံးပါ တစ်ခါမျှ ရောင်းစားဖို့မကြံစည်ခဲ့ဖူးပါ.မိသားစုကရင်ကွဲပြီး ခံစားနေရချိန်.. တွတ်ပီကိုဘယ်လိုချစ်တာဘယ်လောက်လွမ်းတာလို့ တွင်တွင်ပြောပြီး.. တွတ်ပီနဲ့ပတ်သက်သမျှ ခါတော်မီလုပ်စားကိုင်စားနေကြတဲ့အတု […]
ကြားသိရသမျှ
ထူးခြားလို့ ကိုယ်တိုင် ဖူးတွေ့ခဲ့ရတယ် မုလအိဆံတော်ရှင်စေတီတော် ရောင်ခြည်တော်ကွ န့်မြူးနေတဲ့ (ရုပ်သံ ဗွီဒီယို)
ZawGyiဖြင့်ဖတ်ရန် ထူးခြားလို့ ကိုယ်တိုင် ဖူးတွေ့ခဲ့ရတယ် မုလအိဆံတော်ရှင်စေတီတော် ရောင်ခြည်တော်ကွ န့်မြူးနေတဲ့ (ရုပ်သံ ဗွီဒီယို) ကရင်ပြည်နယ်ရဲ့အထင်ကရ နေရာတခု…. ကရင်ပြည်နယ်၊ ဒေသတွင်း အမြင့်ဆုံးတောင်ဖြစ်ပြီး (၆၅၇၈)ပေမြင့်ပါတယ်။ မိုးရာသီမှာ သွားလာခက်ခဲပြီး ဘုရားဖူးအများစုကနွေဦးပေါက်စမှ သွားဖူးတာများပါတယ်။ ကရင်ပြည်နယ်မြဝတီ- ဝေါလေ-စုကလိ လမ်းကနေ သွားလို့ရသလို.. ကော့ကရိတ်-ကျိုက်ဒုံလမ်းကနေလည်း သွားလို့ရပါတယ်။ သို့မဟုတ်..ထိုင်းဘက်ခြမ်း နယ်စပ်ကနေလည်း သွားလို့ရပါတယ်။ တောတောင်ထူထပြီး စေတီဘုရားတည်ရှိတဲ့နေရာဟာတောင်အလွန်မြင့်တော့ ဆောင်းရာသီ မြူနှင်းတွေဝေတဲ့အချိန်မိုးရာသီလို အချိန်တွေမှာ ဘုရားစေတီနီးနားတောတောင်တမြင်တခွင်မှာ တိမ်စိုင် တိမ်လိတ်တွေနဲ့ဖုံးလွှမ်းနေတတ်ပါတယ်။ လေအေးတွေလည်း စဉ်ဆက်မပြတ်အမြဲတမ်းတိုက်နေတော့ (တခါတလေ ခပ်ကြမ်းကြမ်းတိုက်နေ)ဘုရားဖူးသူအဖို့ အနွေးထည်တွေ လုံလုံလောက်လောက်ယူဆောင်သွားဖို့လိုအပ်ပါတယ်။ ဆောင်းညတွေဆို မြူနှင်းကျသံ “တဖျောက်ဖျောက်“ကလည်း မိုးကြီးရွာချသလို ထင်မှတ်မှားလောက်အောင်ပါဘဲ။ မုလအိစေတီဘုရာဟာ သမိုင်းရာဇဝင်အရ မြတ်စွာဘုရားရဲ့ဆံတော်ရှင် ဌာပနာထားတဲ့ ဘုရားတဆူလို့ဆိုပါတယ်။ စေတီဘုရားနဲ့ဝန်းကျင် တောတောင်ရေမြေတွေဟာ သန့်ရှင်းစင်ကြယ်တဲ့ […]
အချစ်ရေး
ထိုက်တန်ရင် သူအလိုလို ရောက်လာမှာပါ
ကိုယ်အရမ်း ချစ်ရသူကို ဆုံးရူံးမှာကြောက်နေလား ..မကြောက်ပါနဲ့ ..။ သင်သာ အကောင်းဆုံးထိုက်တန်သူဖြစ်ပါစေ..သင့်ဆီ ရောက်လာမှာပါ။ ကိုယ်အရမ်းတန်ဖိုးထားရသူက ကိုယ့်အနားကနေရှင်ကွဲ ကွဲထားခဲ့မှာ ကြောက်နေလား..မကြောက်ပါနဲ့ … အရမ်းကြီးမျှော်လင့်ထားရင် အများကြီး နာကျင်ခံစားရတတ်ပီး သင်နဲ့ထိုက်တန်သူဆိုရင် သင်မောင်းထုတ်ရင်တောင် သင့်အနားက ထွက်သွားနိူင်မှာ မဟုတ်ဘူးလေ။ တစ်ချို့သောအရာတွေအပေါ်မှာ မျှော်လင့်ချက်သိပ်မထားပါနဲ့။ ဘာလို့လဲဆိုတော့မျှော်လင့်တဲ့အတိုင်း ဖြစ်မလာတာရှိတတ်သလို တကယ်ထိုက်တန်ပီဆိုရင် မျှော်လင့်မထားလည်း ဘယ်လောက်ဝေးဝေး ကိုယ့်ဆီရောက်လာမှာ သေချာပါတယ်။ မျှော်လင့်ချက်ဆိုတာက လူတစ်ယောက်အတွက် အသက်ဖြစ်တယ်လို့ ဆိုပေမယ့် မဖြစ်နိူင်တာကိုမျှော်လင့်မိရင်လည်း အသက်ပါမက ဘဝပါ စုတ်ပြတ်သွားနိူင်ပါတယ်။ တစ်ချို့သော အရာတွေက လိုက်နေရင် ပိုဝေးတတ်ပီးမလိုချင်တော့မှ ကိုယ့်ဆီရောက်လာတာမျိုးလည်း ရှိတတ်ပါတယ်။ အရာအားလုံး အပေါ်မှာ သင့်တင့်သောမျှော်လင့်ချက် ထားနိူင်မှ မဖြစ်နိူင်တဲ့အခါ ဖြေသာရာရပြီး အေးချမ်းပါလိမ့်မယ်။ Zawgyi ကိုယ်အရမ်း ချစ်ရသူကို ဆုံးရူံးမှာကြောက်နေလား […]