အိမ်ထောင်စုတစ်ခုမှာ အမျိုးသားကမိသားစုစားဝတ်နေရေးအတွက် ပိုက်ဆံရှာရပေမယ့်အမျိုးသမီးတွေ အနေနဲ့ကတော့အိမ်ရှင်မကောင်းပီပီ ချက်ပြုတ်၊ လျှော်ဖွတ်၊အိမ်သန့်ရှင်းရေးစတဲ့ အိမ်မှု့တာဝန်တွေကိုထမ်းဆောင်ရပါတယ်။ဒီအလုပ်တွေကို နေ့စဉ်လုပ်နေရတဲ့အတွက်ပင်ပန်းလာတဲ့ အခါမှာတော့ဒေါသတွေထွက်လာကြပါတယ်။ အခုလည်း အဝတ်လျှော်ရင်း ဒေါသထွက်နေတဲ့အမျိုးသမီးကို နိုင်တယ်ဆိုတာ သက်သေပြချင်လို့သွားစနောက်လိုက်တဲ့အမျိုးသားရဲ့ ဇာတ်သိမ်းကတော့ မလှခဲ့ပါဘူး။အမျိုးသားက သူ့သူငယ်ချင်းတွေရှေ့မှာသူ့အမျိုးသမီးကို ဘယ်လောက်နိုင်ကြောင်း ကြွားချင်စောနဲ့ အဝတ်လျှော်နေတဲ့အမျိုးသမီးကို” နင်အဝတ်လျှော်ပီးရင် ငါခြေထောက်တွေ အရမ်းညောင်းနေလို့ နှိပ်ပေးရမယ်…..”လို့ပြောလိုက်ပါတယ်။ အဲ့အချိန်မှာ အမျိုးသမီးကအဝတ်လျှော်တာပင်ပန်းရတဲ့ကြားထဲ လေသံမာမာနဲ့အမိန့်လာပေးရမလားဆိုပြီးဒေါသထွက်ကာအဝတ်လျှော်နေတဲ့ တုတ်နဲ့ “ဒီခြေထောက်လား ညောင်းနေတာကဆိုပြီး အားရပါးရရိုက်ချလိုက်တာ ခြေထောက်ကျိုးသွားပါတော့တယ်။”သူငယ်ချင်းတွေလဲ အခြေအနေမကောင်းလို့ ဝင်တောင်မတားတော့ပဲအကုန်လုံး ပြေးပြီးအိမ်ကိုပြန်သွားကြပါတော့တယ်။ Credit- Original Writer Z a w g y i မိန်းမကို နိုင်တယ်ဆိုတဲ့ အမျိုးသားရဲ့ ဇာတ်သိမ်း အိမ်ထောင်စုတစ်ခုမှာ အမျိုးသားကမိသားစုစားဝတ်နေရေးအတွက် ပိုက်ဆံရှာရပေမယ့်အမျိုးသမီးတွေ အနေနဲ့ကတော့အိမ်ရှင်မကောင်းပီပီ ချက်ပြုတ်၊ လျှော်ဖွတ်၊အိမ်သန့်ရှင်းရေးစတဲ့ အိမ်မှု့တာဝန်တွေကိုထမ်းဆောင်ရပါတယ်။ […]
Day: November 9, 2021
ပရိတ်သတ်တွေသတိမထားမိတဲ့ အကယ်ဒမီလွင်မိုးရဲ့ဘဝသမိုင်းကြောင်းနဲ့ အခုလက်ရှိလွင်မိုးဘာတွေလုပ်နေသလဲ
ပရိတ်သတ်တွေသတိမထားမိတဲ့ အကယ်ဒမီလွင်မိုးရဲ့ဘဝသမိုင်းကြောင်းနဲ့ အခုလက်ရှိလွင်မိုးဘာတွေလုပ်နေသလဲ လွင်မိုးကိုတော့ ၁၉၇၁ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ မွေးရပ်ဇာတိကတော့ တင်္နသာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပဲဖြစ်ပါတယ်။မိဘတွေကတော့ အဖ ဦးမြင့်လွင်နဲ့ အမိ ဒေါ်လေးရှင်တို့ပဲဖြစ်ပါတယ်။ အမည်ရင်းကတော့ မောင်မိုးလွင်ဖြစ်ပြီး ဒါရိုက်တာမောင်သီရဲ့ ညီတော်စပ်သူလည်းဖြစ်ပါတယ်၊၊အဘိုးဖြစ်သူကတော့ Punjab(india) မျိုးရိုးဖြစ်ပါတယ်။ အနုပညာလောကထဲကို ဝင်ရောက်လာချိန်မှာတော့ အမည်ရင်းကို ပြောင်းပြန်လှည့်ကာ လွင်မိုးဆိုတဲ့ အမည်နဲ့ ဝင်ရောက်ခဲ့ပါတယ်၊၁၉၉၀ ခုနှစ်ဝန်းကျင်မှာ ဒါရိုက်တာမောင်နီလွင်(သပြု)ရိုက်ကူးတဲ့ ကြွေနေပြီဇာတ်ကားနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပါတယ်။ တစ်နှစ်အကြာ ၁၉၉၁ ခုနှစ်မှာတော့ ခိုင်မာလာနှင်းဆီဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ရိုက်ကူးခဲ့ပြီး လွင်မိုးဆိုတဲ့နာမည်တစ်ခု အနုပညာလောကထဲမှာ အခိုင်အမာ ရရှိလာခဲ့ပါတယ်။အနုပညာလောကထဲမှာ ရှစ်နှစ်ကြာ ကျင်လည် ပြီးတဲ့နောက် ၁၉၉၉ ခုနှစ်မှာတော့ ရင်ထဲကဆောင်းရာသီဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကိုရရှိခဲ့ပါတယ်။ အဲ့ဒီ့နောက် ၂၀၀၁ ခုနှစ်မှာ […]
Ooho ရေလုံး
ဟောင်ကောင် ဘီလျံနာ တိုင်ကွန်း လီကာရှင်းက ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် Horizons Ventures ကို ထူထောင်လုပ်ကိုင်လျက် ရှိပြီး များမကြာခင်မှာ “စားလို့ရတဲ့ ပလတ်စတစ်” အပါအဝင် ထုတ်ကုန်တွေ ထုတ်လုပ်တော့မယ်လို့ ကုမ္ပဏီမှ ဆိုပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် တကယ်ထိရောက်တဲ့ အကျိုးသက်ရောက်မှုတွေ ပေးအပ်မယ်လို့ မျှော်လင့်ထားတယ်။ ဟောင်ကောင်မှ လုပ်ငန်းရှင်များနဲ့ ပူးပေါင်းဆောင်ရွက် သွားမယ်လို့ ဆိုပါတယ်။ အရွေ့အပြောင်း မြန်ဆန်နေတဲ့ကမ္ဘာမှာ ၎င်းတို့ရဲ့ ယှဉ်ပြိုင်နိုင်စွမ်း ပိုကောင်းအောင် တိုးမြှင့်ဖို့လည်း ပူးပေါင်း လုပ်ဆောင်မှာ ဖြစ်ပါတယ်။ Horizons Ventures က ဟောင်ကောင်ရဲ့ လူသိအများဆုံး ဘီလျံနာ လီကာရှင်းရဲ့ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုလက်တံ တစ်ခု ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင် မထိခိုက် မဆုတ်ယုတ်စေဘဲ ရေရှည်တည်တံ့မှု စီမံကိန်းများကို ရင်းနှီးမြှုပ်နှံပါတယ်။ စားလို့ရတဲ့ […]
ထွားကျိုင်းတဲ့ ၁ နှစ်အရွယ် သမီးလေးကို ထုတ်ပြသလိုက်တဲ့အခါမှာ သူမရဲ့ကလေးမဖြစ်နိုင်ဘူးလို့ အထင်ခံရတဲ့ အမျိုးသမီး
၃ နှစ်အရွယ် ကလေးအဝတ်အစားကို ဝတ်ဆင်ထားတဲ့ သူမရဲ့ ထွားကျိုင်းတဲ့ ၁ နှစ်အရွယ်သမီးလေးကို မိခင်ဖြစ်သူက ထုတ်ဖော်ပြသတဲ့အပြီးမှာ အင်တာနက်အသုံးပြုသူတွေရဲ့ လှောင်ပြောင်ပြောဆိုမှုတွေကြောင့် ကလေးငယ်ဟာ မိခင်ထက် ကြီးမားပုံပေါ်ပါတယ် ။ မကြာသေးမီက အသက် 18 နှစ်အရွယ် မိခင် Kayla က Tiktok မှာ ဗီဒီယိုတစ်ခု တင်ခဲ့ပြီး သူမရဲ့ ၁ နှစ်အရွယ် သူ့ရဲ့သမီးငယ်လေးကို ပြသထားပါတယ် ။ Kayla က သူမဟာ အရပ် 5’2″ (157 cm) သာရှိပြီး ကိုယ်အလေးချိန် 110 ပေါင် (9 ကီလိုဂရမ်) ရှိပါတယ် ။ သမီးလေးက သူမရဲ့သမီးငယ်ဖြစ်မယ်လို့ မယူဆနိုင်လောက်အောင် သမီစလေးရဲ့ ခန္ဓာကိုယ်က ထွားကျိုင်းနေခဲ့ပါတယ် ။ […]
“သေးငယ်တဲ့ ရွှေကျမ်းစာ” ကို တူးဖော်တွေ့ရှိပြီး လေလံဈေး သိန်းပေါင်းများစွာ ရရှိခဲ့တဲ့ အမျိုးသမီး
Nov 5 ရက်နေ့ The Daily Mail မှ အင်္ဂလန်နိုင်ငံရှိ အမျိုးသားကျန်းမာရေးဝန်ဆောင်မှု (NA) HS) လက်အောက်ရှိ သူနာပြုတစ်ဦးဖြစ်တဲ့ အသက် 48 နှစ်အရွယ် ဘတ်ဖီဘေလီ အမည်ရှိ အမျိုးသမီးတစ်ဦးဟာ အင်္ဂလန်မှာ “အသေးစား ရွှေရောင်ကျမ်းစာ” တူးဖော်တွေ့ရှိမှုကို အစီရင်ခံတင်ပြခဲ့ပါတယ် ။ ၎င်းကို 2026 နဲ့ 2028 ခုနှစ်ကြားက စိုးစံခဲ့တဲ့ အင်္ဂလိပ်ဘုရင် Richard III ရဲ့ ဆွေမျိုးတော်စပ်သူရဲ့ ပိုင်ဆိုင်မှုအဖြစ် 15 ရာစုမှာ တည်ဆောက်ခဲ့တယ်လို့ ယူဆရပါတယ် ။ ၎င်းဟာ ပေါင် 100,000 (ဘတ် 4.5 သန်းခန့်) တန်ကြေးရှိနိုင်ပါတယ် ။ အဆိုပါအစီရင်ခံစာမှာ Lancaster ထံမှ မစ္စဘေလီနဲ့ သူမရဲ့ခင်ပွန်း […]
မင်းသားတစ်ယောက်ဖြစ်ပေမယ့် တောထဲနေပြီး ခက်ခက်ခဲခဲစားသောက်ရင်း လိပ်ပြာလုံစွာရပ်တည်နေတဲ့ မင်းမော်ကွန်း
ပရိသတ်အချစ်တော် မင်းမော်ကွန်းကတော့ အနုပညာမှာလည်း ကျရာဇာတ်ရုပ်ကနေ သရုပ်ဆောင်နိုင်သလို အနုပညာသက်တမ်းတစ်လျှောက်မှာလည်း နာမည်ပျက်မရှိအောင် နေထိုင်ခဲ့သူဖြစ်ပါတယ်။ မင်းမော်ကွန်းကတော့ ရုပ်ရှင်ဇာတ်လမ်းတွေမှာရော နှင်းဆီအငြိမ့်မှာရော အောင်မြင်ခဲ့တာကြောင့် ပြည်သူတွေရဲ့အချစ်တွေကို သိမ်းပိုက်ထားနိုင်သူဖြစ်ပါတယ်။ မင်းမော်ကွန်းကတော့ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ လူကိုယ်တိုင်လည်း ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ပြီး လူများနည်းတူ လူမှု့ကွန်ယက်စာမျက်နှာထက်ကနေလည်း ဆက်လက်ပြီးတော်လှန်နေဆဲပဲ ဖြစ်ပါတယ်။ အခုလိုပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ (က) ဖြင့်တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။ အခြေအနေအရပ်ရပ်ကြောင့် တိမ်းရှောင်နေရပေမယ့်လည်း လူမှုကွန်ယက်ကနေတစ်ဆင့် တတ်နိုင်သလောက် speak out လုပ်ပေးနေတာ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ မင်းမော်ကွန်းရဲ့ အားကြိုးမာန်တက် ပါဝင်ဆောင်ရွက်ခဲ့တာကို လေးစားအားကျနေကြတာ ဖြစ်ပါတယ်။ မင်းမော်ကွန်းရဲ့ မိသားစုကလည်း ဘေးကနေတောက်လျှောက်ပါရမီဖြည့်ပေးနေပြီး တော်လှန်ရေးအောင်မြင်ဖို့အတွက် တောထဲတောင်ထဲမှာကြိုးစားပါ၀င်နေကြတာလည်း တွေ့ရပါတယ်။ နည်းမျိုးစုံဖြင့် ခံဝန်ကတိထိုးဖို့တွန်းအားပေးခံခဲ့ရပေမယ့် နောက်မဆုတ်ဘဲ ပန်းတိုင်ကို […]
အမျိုးသားတစ်ယောက်တည်းနဲ့ရတဲ့ အမြွှာပူးကလေးတွေကို ကိုယ်စီလွယ်ထားခဲ့ပြီး တစ်ရက်တည်းမှာဘဲ အတူတူမီးဖွားခဲ့ကြတဲ့ ညီအစ်မနှစ်ဦး
ညီအစ်မနှစ်ဦးတို့ဟာ မကြာသေးမီက အမျိုးသားတစ်ယောက်တည်းနဲ့ရတဲ့ အမြွှာပူးနှစ်စုံကို ကိုယ်ဝန်လွယ်ထားခဲ့တဲ့အတွက် လူသိများသွားခဲ့သလို ပိုထူးခြားတာက ၎င်းတို့ဟာ တစ်ရက်တည်း အတူတူကလေးမွေးခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီကိစ္စဟာ သင်ထင်ထားသလိုမဆိုးသလို ရှက်စရာလည်းမဟုတ်ပါဘူး။ ၎င်းတို့နှစ်ယောက်ဟာ ခင်ပွန်းတစ်ယောက်တည်းကိုဘဲ ချစ်ကြခြင်းမဟုတ်ဘဲ အဲ့အစား ညီအစ်မထဲကတစ်ယောက်က နှစ်အတော်ကြာ ကလေးမရနိုင်တဲ့ သူ့မွေးချင်းနဲ့ခင်ပွန်းတို့ကို ကူညီခဲ့ခြင်းဘဲဖြစ်ပါတယ်။ Chris နဲ့ Anne တို့ဟာ အမေရိကန်ပြည်ထောင်စု Ohio ပြည်နယ်မှာ နေထိုင်ကြတဲ့ ညီအစ်မတွေဘဲဖြစ်ပါတယ်။ Anne နှင့် သူမ၏ခင်ပွန်းတို့ဟာ ကလေးယူဖို့ကြိုးစားခဲ့ပေမဲ့လည်း 5 နှစ်ကြာတဲ့အထိမအောင်မြင်ခဲ့ပါဘူး။ Anne ဟာ သူမကြုံတွေ့ရတဲ့ကျရှုံးမှုတိုင်းအတွက် အမြဲစိတ်ဓာတ်ကျနေခဲ့ပါတယ်။ ထို့ကြောင့် သူ့ညီမက ဘယ်လောက်တောင်ကလေးလိုချင်နေလဲဆိုတာကိုကောင်းကောင်းသိနေခဲ့တဲ့ Chris က ၎င်းတို့ဇနီးမောင်နှံအတွက် ကလေးမွေးပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ Chris အတွက် ဗီတိုသုံး မျိုးအောင်ခြင်းကအောင်မြင်မည်ဟု အာမခံချက်မရှိတာကြောင့် […]
ကလေးတစ်ယောက်ကို EQ ထက်မြက်စေဖို့ မိဘတိုင်းလုပ်သင့်တဲ့ အချက် (၈) ချက်
၁။ အကျိုးအကြောင်းကို ရှင်းပြပါ။ ကလေးရဲ့ စိတ်ခံစားချက်ကို လျစ်လျူရှုတာ (ဒါမှမဟုတ်) အပြစ်တင်ပြောဆိုတာက ကလေးကို စိတ်ကျရောဂါ ဖြစ်စေနိုင်ပါတယ်။ ကဲ့ရဲ့ခြင်း (သို့) လျစ်လျူရှုခြင်းတာက သူတို့ရဲ့ မသိစိတ်ထဲမှာ ကြောက်ရွံ့စေပါတယ်။ ပြဿနာကို ဖြေရှင်းပြီး အရာအားလုံးကို အဆင်ပြေတယ်လို့ ဟန်ဆောင်ပြောတာထက် သူတို့ကိုယ်တိုင် ဖြေရှင်းတာက ပိုကောင်းပါတယ်။ ခက်ခဲတဲ့ အခြေအနေတွေမှာ ကိုယ်တိုင်ဖြေရှင်းရတာက ကလေးရဲ့ ဉာဏ်ရည်ကို ပိုထက်စေတဲ့အပြင် သူတို့ကိုယ်သူတို့ ယုံကြည်မှု ရှိလာစေပါတယ်။ ၂။ စိတ်ဓာတ်တက်ကြွစေမယ့် စကားတွေပဲ ပြောပေးပါ။ သူတို့နဲ့ စကားပြောတဲ့အခါမှာ သတိထားမိတဲ့ စကားလုံးတွေကို ပြောပေးတာက စိတ်ပိုင်းဆိုင်ရာ အသိဉာဏ်ကို သင်ကြားတဲ့နေရာမှာ မရှိမဖြစ် လိုအပ်တဲ့အရာပဲဖြစ်ပါတယ်။ စကားပြောတဲ့နေရာမှာ လုံးဝ ထိရောက်နေဖို့ လိုပါတယ်။ ပြီးတော့ သင်စကားပြောတဲ့အခါ သင့်ခန္ဓာကိုယ်ရဲ့ […]
စင်္ကာပူနိုင်ငံမှ အိမ်ထောင်သည်အမျိုးသားတစ်ဦးသည် အမှားလုပ်ထား၍ ဇနီးဖြစ်သူမှ စိတ်ကောက်နေခဲ့ရာ စိတ်ဆိုးပြေစေရန်အတွက် မိန်းကလေးတွေအကြိုက်ဖြစ်သော ချစ်စဖွယ် ပင်ဂွင်းရုပ်လေးသုံးရုပ်အား လိုင်းပေါ်ကနေ ဒေါ်လာ၁၈၀ပေးပြီး ဝယ်ယူခဲ့သည်။ သို့သော်လည်း ပစ္စည်းရောက်လာချိန်မှာတော့ ထင်မှတ်ထားသလို ပင်ဂွင်းပေါက်ရုပ်သေးသေးလေးတွေမဟုတ်ပဲ ၁.၅မီတာအမြင့်ရှိသော အရုပ်ကြီးကြီးတွေဖြစ်နေကာ ဧည့်ခန်းရှိ စားပွဲတစ်ခုလုံးမှ အပြည့်ဖြစ်သွားသည်ထိ နေရာယူခဲ့သည်။ ထိုစဉ် ဇနီးဖြစ်သူသည် ထိုအရုပ်ကြီးကိုမြင်ပြီး အိမ်လေးကကျဉ်းရတဲ့အထဲ နေရာပြည့်ကျပ်သွား၍ သူမအမေအိမ်ကို ပြောင်းရွှေ့နေတော့မည်ဟု စိတ်တိုတိုနှင့်ပြောခဲ့၍ အမျိုးသားလည်း ထိုအရုပ်တွေကို လွှင့်ပစ်လိုက်ရမှာလည်း နှမြော၍ သူတို့ဇနီးမောင်နှံကို ကူညီသောအားဖြင့် အရုပ်လေးအား ပြန်ဝယ်ရန် တောင်းဆိုခဲ့သည်။ Rain (For Ialinks) Unicode စိတ်ကောက်နေသော ဇနီးဖြစ်သူအတွက် လိုင်းပေါ်ကနေ ချစ်စဖွယ်ကောင်းသော ပင်ဂွင်းရုပ်လေးသုံးရုပ်ကို ဝယ်ယူလိုက်မိရာ ပစ္စည်းရောက်လာချိန်မှာတော့ ဇနီးသည်မှ ပိုပြီးစိတ်ဆိုးသွားရသည့်အဖြစ် စင်္ကာပူနိုင်ငံမှ အိမ်ထောင်သည်အမျိုးသားတစ်ဦးသည် အမှားလုပ်ထား၍ […]
ဇနီး ၁၆ ဦးနဲ့ ကလေး ၁၅၁ ဦးရှိနေပြီဆိုပေမဲ့ နောက်ထပ် ဇနီး ၁၀၀ နဲ့ ကလေး ၁၀၀၀ ရှိရန် ရည်မှန်းချက်ကို ထုတ်ဖော်ပြောကြားလာတဲ့ အသက် ၆၆နှစ် အမျိုးသား
အာဖရိကနိုင်ငံ၊ Zimbabwe ရှိ ဇနီး ၁၆ ဦးနဲ့ကလေး ၁၅၁ ယောက်ရှိတဲ့ Misheck Nyandoro လို့အမည်ရတဲ့ အသက် ၆၆ နှစ်အမျိုးသားဟာ ဇနီး ၁၀၀ နဲ့ ကလေး ၁၀၀၀ ရှိရန် ရည်မှန်းချက်ရှိတယ်လို့ နိုင်ငံတကာသတင်းဝက်ဘ်ဆိုက်မှာ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ် ။ ဒါဟာအလွန်ထူးဆန်းပြီး ရယ်စရာကောင်းတဲ့ သတင်းတစ်ခုလို့ ပြောနိုင်ပါတယ် ။ Misheck က ဇနီး ၁၆ ယောက်ရှိပေမဲ့ သူကသူ့အချိန်တွေကို ကောင်းကောင်းခွဲထားတယ်လို့ သူက အခိုင်အမာပြောကြားခဲ့ပြီး ကလေးမွေးခြင်းနဲ့အတူ အမြဲကြံ့ခိုင်ရန် အချိန်နဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေကိုလည်း ထိန်းသိမ်းခဲ့ပါတယ် ။ သူကဇနီး ၁၀၀ ယောက်နဲ့ ကလေး ၁၀၀၀ ရရန် အခု သူ့ရဲ့ ၁၇ ယောက်မြောက်ဇနီးနဲ့ မင်္ဂလာပွဲစီစဉ်နေပါပြီ […]









