ကလေးတွေအတွက် သိန်းထောင်ကျော်တိုက်ခန်းကြီး လှူဒါန်းပေးတဲ့သူကို ကျေးဇူးတင်ကြောင်းပြောလာတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေ ပရိသတ်ကြီးရေသရုပ်ဆောင်ခိုင်နှင်းဝေကအနုပညာအလုပ်တွေအပြင် ပရဟိတအလုပ်တွေကိုလည်းအားသွန်ခွန်စိုက်လုပ်နေတဲ့သူတစ်ယောက်ပါ။ ဒီနေ့မှာတော့ သရူပ်ဆောင်ခိုင်နှင်းဝေကကလေးတွေအတွက် သိန်းထောင်ကျော်တန်တိုက်ခန်းကြီး လှူပေးတဲ့သူကိုကျေးဇူးတင်ကြောင်းအခုလိုပြောပြလာတာလည်းဖြစ်ပါတယ်။ ခိုင်နှင်းဝေကအလှူရှင် အဘွား Daw Ah Khin (USA) မှ ကလေးများ အတွက် (ရွှေတောင်တန်းလမ်း အောက်ဘလောက် လမ်းမတော်မြို့နယ် ရန်ကုန်မြို့ )ရှိ တိုက်ခန်း တစ်ခန်း (စာရွက် စာတမ်း အပြည့်အစုံ )အားလှူဒါန်းပေးပါတယ်ရှင်။ အဘွား သက်ရှည်ကျန်းမာပြီးစိတ်ရောကိုယ်ပါကျန်းမာချမ်းသာပါစေ ။သာဓု သာဓု သာဓုပါရှင်ဆိုပြီးပြောပြလာတာဖြစ်ပါတယ်။ Credit ************* Zawgyi Version ပရိသတ်ကြီးရေသရုပ်ဆောင်ခိုင်နှင်းဝေကအနုပညာအလုပ်တွေအပြင် ပရဟိတအလုပ်တွေကိုလည်းအားသွန်ခွန်စိုက်လုပ်နေတဲ့သူတစ်ယောက်ပါ။ ဒီနေ့မှာတော့ သရူပ်ဆောင်ခိုင်နှင်းဝေက ကလေးတွေအတွက် သိန်းထောင်ကျော်တန်တိုက်ခန်းကြီးလှူပေးတဲ့သူကိုကျေးဇူးတင်ကြောင်းအခုလိုပြောပြလာတာလည်းဖြစ်ပါတယ်။ ခိုင်နှင်းဝေကအလှူရှင် အဘွား Daw Ah Khin (USA) မှ ကလေးများ […]
Day: March 5, 2022
တစ်နှစ်တောင်ပြည့်ခဲ့ပြီပဲ မနှစ်က ဒီလိုအချိန် အကြွေးဝယ်ထားတဲ့ ဆိုင်ကယ်လေးနဲ့ ဘာမှမယူနိုင်ပဲ စခန်းက ထွက်ပြေးလာခဲ့တဲ့ ကျနော် လွတ်မြောက်နယ်မြေမှာ သင်တန်းတက် ရန်ကုန်ထဲပြန်ဝင်လို့ UG လဲ လုပ်ခဲ့ဘူးတယ် နိုင်ငံတော်အကြမ်းဖက်ဖောက်ခွဲရေးသမားဆိုပြီး ၅၀၅ တွေ ၃၀၂ တွေနဲ့ ပုဒ်မ စုံအောင်တပ်ပြီး ဝရမ်းထုတ်ခံရတဲ့အချိန်က ဂုဏ်ယူရဆုံးအချိန်ပဲ ရဲဘော်တွေနဲ့လက်နက်အချို့ဆုံးရှုံးခဲ့ပြီး မနဲလွတ်အောင်ပြေးခဲ့ရသေးတယ် ဒီနယ်မြေထဲပြန်ရောက် PDF တွေကိုသင်တန်းပေးရင်း အခုတော့ ရှေ့တန်းမှာ ကလေးတွေနဲ့အတူ တိုက်ပွဲဝင်နေပါတယ်ဗျို့ ပြည်သူကလက်မခံတဲ့ အာဏာရှင် ပျက်ဆီးဖို့အတွက် အဆုံးထိ တိုက်ပွဲဝင်ရပ်တည်ပေးသွားပါမယ်ဗျ အားလုံးပဲ အားတင်းထားပေးပါ တစ်နှစ်တောင်ပြည့်ခဲ့ပြီပဲ မနှစ်က ဒီလိုအချိန် အကြွေးဝယ်ထားတဲ့ ဆိုင်ကယ်လေးနဲ့ ဘာမှမယူနိုင်ပဲ စခန်းက ထွက်ပြေးလာခဲ့တဲ့ ကျနော် လွတ်မြောက်နယ်မြေမှာ သင်တန်းတက် ရန်ကုန်ထဲပြန်ဝင်လို့ UG လဲ လုပ်ခဲ့ဘူးတယ် […]
အင်္ဂါ တွေရဲ့ အားနည်းချက်၊ တနင်္ဂနွေ တွေရဲ့ ဝဋ်ကြွေး
အင်္ဂါ တွေရဲ့ အားနည်းချက်၊ တနင်္ဂနွေ တွေရဲ့ ဝဋ်ကြွေး အင်္ဂါနေ့ဖွားတွေရဲ့အဆိုးဆုံး အားနည်းချက်ကတော့ လက်လွန်ခြေလွန် ပေးကမ်းပစ်တတ်တာပါပဲ။ ဘဝမှာ အပေးလွန်ပြီးမှ နောင်တရ ၊ ပြန်လိုချင်မှု ၊ ယူကျုံးမရ တသသ ဖြစ်ရမှု ၊ နှမျောတသ ..ဖြစ်ရမှုစသည်ဖြင့်လက်လွန် ကျွံနစ် ဝေဒနာ ဖြစ်ရတတ်သည့် ကံမျိုးကို ရင်မဆိုင်ရဖူးသော အင်္ဂါနေ့ဖွား ဟူ၍ မရှိနိုင်လို့တောင် ပြောရလောက်သည့် အနေအထားပါပဲ။အင်္ဂါနေ့ဖွားတွေဟာ အတိတ်ကို ပြန်လည်ခံစားနိုင်စွမ်း မြင့်မားကြပါတယ်။ ဒီအချင်းအရာကပဲ သူတို့ဟာ ဘဝမှာသူတို့ ဆုံးရှုံးသွားခဲ့ဖူးသောအတိတ်ကာလရဲ့ အရိပ်များ ၊ နစ်နာမှုများကို ဘယ်သောအခါမှ မမေ့နိုင်တော့ဘဲ တနုံ့နုံ့ မျိုသိပ် ထိခိုက်နေမိတတ်ကြသူတွေ ဖြစ်လာကြပါတယ်။ ဒါကြောင့် သင်ဟာ အင်္ဂါနေ့ဖွား တစ်ယောက်ယောက် ဖြစ်လာခဲ့မယ်ဆိုရင် ဖြစ်နိုင်သမျှ လက်မလွယ်မိပါစေနဲ့။သင်အမှန်တစ်ကယ် […]
“အပေါ်ယံတွေသာ များပြီး တကယ့် လက်တွေ့မှာတော့ ကိုယ်ကျိုးစီးပွားသာ ကြည့်တတ်တဲ့ NATO အဖွဲ့ကို ယူကရိန်းသမ္မတ ဒဲ့ပြောပြီ”
ယူကရိန်းသမ္မတ Zelensky ကတော့ NATO နေတိုးအဖွဲ့ကို ဒဲ့ဝေဖန်လိုက်ပါပြီ။ “ဒီနေ့ကစပြီး သေကျေကြရတဲ့လူအားလုံးဟာ ခင်ဗျားတို့ကြောင့်သေကျေရတာ။ ခင်ဗျားတို့ရဲ့ ပျော့ညံ့မှု၊ ခင်ဗျားတို့ရဲ့ မစည်းလုံးမှုတို့ကြောင့် သေကျေရတာဖြစ်တယ်” လို့ မနေ့ညကမိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။ “All the people who die from this day forward will also die because of you, because of your weakness, because of your lack of unity,” he said in an address, sometime after midnight in Ukraine. နေတိုးမဟာမိတ်တွေဟာ “#လေယာဉ်မပျံသန်းရဇုံ” သတ်မှတ်ဖို့ငြင်းဆိုခဲ့ခြင်းဟာ […]
“စစ်ကိုင်းတိုင်းမှာ အင်တာနက်တွေ ဖြတ်လို့ လူငယ်တွေက အော်ရီဒူး Call center ကို ဖုန်းခေါ်ပြီး သတိပေးခဲ့တဲ့ ဗီဒီယို လူကြိုက်များနေ”
စစ်ကိုင်းတိုင်းတွင် အင်တာနက်ဖြတ်တောက်မှုအပေါ် လူငယ်များ သတိပေး စစ်ကိုင်းတိုင်းတွင် အင်တာနက်ဖြတ်တောက်ထားသည့်အပေါ် ဒေသခံပြည်သူ့ကာကွယ်ရေးလူငယ်အချို့က အော်ရီဒူးရုံးချုပ်သို့ဖုန်းခေါ်ဆို၍ သတိပေးလိုက်သည်။ အင်တာနက်စျေးနှုန်းများ မြှင့်တင်ထားသည့်အပြင် လိုင်းပါဖြတ်တောက်လိုက်၍ ဒေသခံများက ဒေါသထွက်နေသည်။ ထို့ကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးလူငယ်အချို့က ယနေ့(မတ်လ ၄ရက်) နံနက်တွင် အော်ရီဒူးရုံးချုပ်သို့ဖုန်းခေါ်ဆို၍ သတိပေးခြင်းဖြစ်သည်။ ” လိုင်းဖွင့်ပေးရင်ပေး၊ မပေးရင် ခင်များတို့ကိုယ်တိုင် လာဖြုတ်။ မဖြုတ်ရင် ကျုပ်တို့ကိုယ်တိုင်ချိုးပစ်ရလိမ့်မယ်”ဟု ဖုန်းခေါ်ဆို၍ သတိပေးထားသည်ကို တွေ့ရသည်။ အော်ရီဒူးရုံးချုပ်နှင့် ဖုန်းအပြန်အလှန်ပြောကြားနေသည့် နှစ်မိနစ်ခန့်ပါ အသံဖိုင်ကို ပြည်သူ့ကာကွယ်ရေးလူငယ်အဖွဲ့က လူမှုကွန်ရက်တွင် တင်ထားသည်။ ” ခင်များတို့ကစကစလက်အောက်ခံမို့ ဖင်ခေါင်းကျယ်တာလား” ” မိုက်ရိုင်းတာတွေ များနေပြီ။ ပြည်သူလူထုကို မစော်ကားနဲ့”ဟုလည်း လူငယ်အဖွဲ့က ပြောဆိုထားသည်။ အကြမ်းဖက်စစ်ကောင်စီက စစ်ကိုင်းတိုင်းရှိ မြို့နယ်လေးခု(စစ်ကိုင်း၊မုံရွာ၊ ရွှေဘို၊ကလေး)မှလွဲ၍ ကျန်မြို့နယ်အားလုံး၌ MPT၊အော်ရီဒူး နှင့် […]
ရွှေပြည်သာ စက်မှုဇုန်မှ မြန်မာ့ ပထမဦးဆုံး လျှပ်စစ်ကား အစီးရေ ၅၀၀ ထုတ်လုပ်မည်
ရွှေပြည်သာ စက်မှုဇုန်မှ မြန်မာ့ ပထမဦးဆုံး လျှပ်စစ်ကား အစီးရေ ၅၀၀ ထုတ်လုပ်မည် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်တွင် လျှပ်စစ်ကား အစီးရေ ၅၀၀ ထိ ထုတ်လုပ်မည်ဖြစ်ကြောင်း အဆိုပါ ကားထုတ်လုပ်ရေးလုပ်ငန်းက သိရသည်။ “အရစ်ကျစနစ်နဲ့တော့ မရောင်းဘူး။ လက်ငင်း ငွေချေစနစ်နဲ့ ရောင်းပါတယ်။ လက်ရှိမှာက နှစ်ရာလောက်ပဲ ထုတ်ထားတယ်။ ကျွန်တော်တို့အနေနဲ့က တရုတ်-မြန်မာ ချစ်ကြည်ရေးအရ ထုတ်လုပ်ရောင်းချပေးတာပါ။ အကျိုးအမြတ်ကို အဓိက မထားဘူး၊ ကိုဗစ်ကလည်း ဖြစ်ကြတယ်။ အခုဆိုရင် လောင်စာဆီဈေးကလည်း တက်လာတယ်ဆိုတော့ လျှပ်စစ်ကားကို သက်ဆိုင်ရာကလည်း ထုတ်လုပ်ဖို့ ခွင့်ပြုတာကြောင့်ပါ။ ကျွန်တော်တို့ ရောင်းနေတာမှာတော့ ကား နံပါတ်ထွက်ပြီးသားမရှိဘူး။ ဝယ်တဲ့အခါမှ လိုင်စင်လုပ်ပြီးနံပါတ်လည်း ရမှာပါ” ဟု KSD အမှတ်တံဆိပ် ကားထုတ်လုပ်သည့် ကုမ္ပဏီ၏ […]
အနုပညာရှင်တွေပြန်လွှတ်ပေးပြီ စစ်ကိုင်းကိုဖိလာပါပြီနော် အခြေအနေဆိုးနေတဲ့စစ်ကိုင်းတိုင်း…..seemore
အနုပညာရှင်တွေပြန်လွှတ်ပေးပြီ စစ်ကိုင်းကိုဖိလာပါပြီနော် အခြေအနေဆိုးနေတဲ့စစ်ကိုင်းတိုင်း…..seemore စစ်ကိုင်းတိုင်း မြို့နယ် ၂၄ ခုတွင် မိုဘိုင်းလ် အင်တာနက်လိုင်းများ စစ်ကောင်စီက ဖြတ်တောက်၊ ရွာလုံးကျွတ်မီးရှို့ခြင်းများနှင့် ပြည်သူများကို သတ်ဖြတ်မှုများ စစ်တပ်က အရှိန်မြှင့်လုပ်ဆောင် စစ်ကိုင်းတိုင်းရှိ မြို့နယ် ၂၄ ခုတွင် အင်တာနက်လိုင်းများကို စစ်ကောင်စီက မတ် လ ၃ ရက်နေ့ ည ၁၁ နာရီမှစတင်ဖြတ်တောက်လိုက်ပြီး စစ်ကောင်စီတပ်များက ရွာလုံးကျွတ် မီးရှို့ခြင်းများ ၊ ပြည်သူများကို သတ်ဖြတ်ခြင်းများကို ယနေ့ မတ်လ ၄ ရက်နေ့တွင် အရှိန်မြှင့်လုပ်ဆောင်လာကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ စစ်ကိုင်းတိုင်းအတွင်းရှိ ချောင်းဦးမြို့နယ်၊ မြောင်၊ ဆားလင်းကြီး၊ ခင်ဦး၊ ဒီပဲယင်း၊ ဝက်လက်၊ ရေဦး၊ မြင်းမူ၊ ဗန်းမောက်၊ ကသာ၊ ထီးချိုင့်၊ […]
နိုင်ငံသားအဖြစ်ကနေ ရပ်စဲခံရတာနဲ့ပတ်သက်ပြီး ဒဲ့ ဆော်လိုက်တဲ့ ပန်ဆယ်လို
ကိုယ်ကသာ ကိုယ့်ကိုယ်ကိုယ် ဘာကောင်မှ မဟုတ်ဘူး ထင်နေတာ။ စောက်တပ်ကဟာတွေက ကိုယ့်ကို ကိုယ့်ထက်တောင် အထင်ကြီးသေးတာ။ NUG က ဝန်ကြီးတွေတောင် အစုံမပါသေးဘူး။ ကိုယ့်လို ငချွတ်က အရင်ဆုံးထုတ်တဲ့ နိုင်ငံသားရပ်စဲခြင်းမှာ ပါလာတယ်။ အာဏာသိမ်းစတုန်းကလည်း NLD က အမတ်တွေတောင် ပြန်လွှတ်ပေးနေချိန် အရင်ဆုံးထုတ်တဲ့ ဝရမ်းList ၇ယောက်မှာ ပါခဲ့တယ်။ ပိုင်ဆိုင်မှုတွေ ချိတ်ပိတ်တော့လည်း ကိုယ်က ရှေ့ဆုံးက ပါသေးတာ။ ငါ့များ ဘာကောင်ကြီး ထင်နေကြတာလဲဟေ။ သာမန်မိန်းမတစ်ယောက်ပါဟ။ နင်တို့သာ မှန်နေရင် နင်တို့နိုင်ငံကြီးကို ဘာမှလုပ်လို့မရပါဘူး။ နိုင်ငံတော်ပျက်စီးစေရန်ဆောင်ရွက်တယ်ဆိုပဲ။ နိုင်ငံတော်ဆိုတာကြီးက ငါလိုကောင် ပျက်စီးစမ်းဆိုတာနဲ့ ပျက်စီးမယ်ထင်ရလောက်အောင် အရမ်းကြောက်နေတယ်ပေါ့။ အဟက် ကိုယ့်ကိုယ်ကိုယ် နိုင်ငံတော်လို့ ထင်နေတဲ့ စောက်ရူးတွေက တစ်မျိုး။ နိုင်ငံတော်ကို ယောက္ခမအမွေလို လုပ်ချင်တိုင်းလုပ်လို့ရမယ် […]
မိမိမွေးနေ့ရောက်တဲ့အခါ ဒီလိုလေး လုပ်ဖြစ်အောင်လုပ်ပေးပါ
မိမိ မွေးနေ့ရောက်တိုင်း ဒီလိုလေး လုပ်ပါ မွေးနေ့ရောက်တိုင်း ဒီလိုလေး လုပ်ကြည့်ပါ (၁၈) ရက် ကျင့် စဉ် ထူး မိမိတို့မွေးနေ့မှစ၍ (၁၈)ရက်တိုင်တိုင် ကျင့်ဆောင်ရပါမည်။ မိမိတို့မွေးနေ့တွင်ကြေးဖလားနှင့်ဖြစ်စေ ငွေဖလားနှင့်ဖြစ်စေ ရေသန့်သန့်ထဲ့ပြီး သပြေပန်းများလှုဒါန်းထားပါ ။ ရေကိုနေ့စဉ် နေထွက်စဉ် အချိန်တိုင်း လဲလှယ် ပေး ပါ ။ ပန်းညှိုးလျှင် အသစ်လှု ဒါန်းပေးပါ။ ရေလဲ ပန်းလဲ လှုဒါန်း ပြီး ချိန် တိုင်း အောက်ပါဂါထာအား (၉)ခေါက်ရွတ်ဖတ် ပါ ” ဣဒ္ဓိ မန္တောစယေဒေဝါ ဝသန္တာ ဣဓသော သနေ တေ ပိ အမှေ နုရက္ခန္တု အရောဂေန သုခေန စ ” အနက် မှာ…n […]
အ ရက်သောက်ရာမှ (၃)ရက် အိပ်ပျော်သွားသူ ရဲ့ ပြန်နိုးလာချိန် မှာ သိလိုက်ရ တဲ့ အဖြစ်ဆိုး ဦး ဇော်မင်းဦး အသက်(၄၇) (ဘ)ဦးလှမြင့်(မိ)ဒေါ်ရင်နုဘုရားကြီးကုန်းကျေးရွာ၊ ပုသိမ်အရှေ့မြို့နယ် ဧရာဝတီတိုင်း… ဖျာပုံမှာ အရက်သောက်ရာမှ (၃)ရက်ခန့် အိပ်ပျော်သွားပြီပြန်နိုးလာတော့ ကျိုက်ခမီမှ ဘုံကျောင်း(ငါးဖမ်းလှေ)ပေါ်ရောက်နေကြောင်းသိရ…။ လာရောက်ပို့ဆောင်သူ ပွဲစားမခိုင်မှငွေ (၇)သိန်း ယူဆောင်သွားခဲ့ပြီး လှေပေါ်တွင် (၆)လ(၁၅)ရက် အလုပ်လုပ်ခဲ့ရပါသည်..။ လှေနားသဖြင့် နေရပ်ပြန်ရန် လမ်းစာရိတ် တောင်းသော်လည်း ပွဲစားကြိုယူငွေ (၁)သိန်းကျော် မကျေသေးသဖြင့် လမ်းစာရိတ် မရရှိခဲ့ပါ..။ ကျိုက်ခမီမှမော်လမြိုင်သို့ လမ်းလျှောက်ခဲ့..။ထမင်းမစားရသေးသဖြင့်မော်လမြိုင် RESCUE လူမူကယ်ဆယ်ရေးအဖွဲ့မှ ထမင်းကျွေး၊ အဝတ်အစားပေး၍ နေရပ်ပြန်နိင်ရေးအတွက်စီစဉ်ပေးသွားပါမည်…။ မော်လမြိုင် RESCUE လူမူကယ်ဆယ်ရေးအဖွဲ့ ၊09 785 785 199၊ 09 260 144 […]









