မြန်မာပြည်တစ်ဝှမ်း လာမည့် မတ်လတွင်း အခါလွန်မိုးများရွာနိုင် ခန့်မှန်းထုတ်ပြန်ချက် မြန်မာပြည်တစ်ဝှမ်း လာမည့် မတ်လတွင်း အခါလွန်းမိုးများရွာသွန်းမည့်ဟု ခန့်မှန်းရသည်🌦⛈ #ကချင် တောင်ပိုင်း🌦⛈ #စစ်ကိုင်း အထက်ပိုင်း🌦⛈ #ရှမ်း မြောက်/ အရှေ့ ပုံမှန်းရွာသွန်းမြဲမိုးရေချိန် မိုးရွာနိုင်ပြီ🌦🌦 #ဧရာဝတီ အရှေ့တောင်ပိုင်း🌦🌦 #ရန်ကုန်🌦🌦 #ပဲခူး အရှေ့ခြမ်းပိုင်း🌦🌦 #ကရင် တောင်ပိုင်း🌦🌦 # မွန် တောင်ပိုင်း🌦🌦 #မန္တလေး အထက်ပိုင်း🌦🌦 #ကယား🌦🌦 #ရှမ်း တောင်ပိုင်း ရွာသွန်းမြဲအောက်လျော့နည်း မိုးရွာကာ⛅ #ရခိုင်⛅ #ချင်း တို့ ရွာသွန်းမြဲအောက်ထက်လျော့နည်း🌧⛈#တနသ်ာရီတိုင်း တောင်ပိုင်း ရွာသွန်းမြဲထက်ပိုပြီ မိုးရွာမည်ဟု ခန့်မှန်းထားသည်။ ကနေဦး ခန့်မှန်းချက်ဖြစ်သည် အနည်းငယ်ပြောင်းလဲရှိမည်။ တောင်သူလယ်သမားများနှင့်ကိုင်းသီးနှံစိုက်ပျိုးရေးသမားများ ဆားလုပ်ငန်းလုပ်ကိုင်သူများ ရေလုပ်ငန်းလုပ်ကိုင်သူများ ရေလမ်းခရီးသွားသူများ ကုန်းခရီးသွားသူများ ပြည်သူများတွက် ကြိုပြင်ဆင်နိုင်ရန် ကြိုခန့်မှန်းထုတ်ပြန်ပေးလိုက်သည်။ […]
သောကြာနေ့ ၁၃ ရက်ကို အနောက်နိုင်ငံသားတွေ ကြောက်ရတဲ့ အကြောင်းအရင်း
အနောက်နိုင်ငံကလူတွေဟာ သောကြာနေ့နဲ့ ၁၃ ရက်နေ့ တစ်ထပ်တည်း ကျရောက်တဲ့နေ့ကို သိပ်ကြောက်ကြပါတယ်။ အဲဒီနေ့မျိုးကို ကံမကောင်းတဲ့နေ့၊ကံဆိုးတဲ့နေ့အဖြစ် ယူဆထားကြပါတယ်။ အဲလိုနေ့မျိုးမှာ ခရီးသွားလာမှုတွေ၊အရေးကြီး ကိစ္စတွေ မလုပ်ကြပါဘူး။ နောက်ခံသမိုင်းကြောင်း တိတိပပ မရှိသော်လည်း ၁၄ ရာစုကစလို့ ဥရောပမှာ ကြောက်မက်ဖွယ် နေ့စွဲတစ်ခု အနေနဲ့ စတင်လာခဲ့တာပါ။ အခုဆိုရင် အာရှမှာပါ ပျံနှံ့စွဲမြဲလို့ လာခဲ့ပါပြီ။ ၁၃ ဂဏန်း သီးသန့် ကြောက်ကြသူများလည်း ရှိပြီး ၎င်းကို ၁၃ ကြောက်ရောဂါ Triskaidekaphobia လို့ ခေါ်ပါတယ်။ သောကြာနေ့နဲ့ပါ တွဲကြောက်နေပြီ ဆိုရင်တော့ Friggatriskaidekaphobia လို့ ခေါ်ပါတယ်။ အထူးသဖြင့် လေကြောင်းလိုင်းတွေနဲ့ ပတ်သတ်ရင် ပိုဆိုးပါတယ်။ ၁၃ ရက်နေ့ သောကြာနေ့မှာ လေယာဉ်မတော်တဆ ဖြစ်ရပ်တွေ အများအပြား […]
လူမှုကွန်ရက်ပေါ်တွင် လူချစ်လူခင်များတဲ့အဘွားမေကြည်ခင် ကင်ဆာဝေဒနာ ခံစားနေရ……
လူမှုကွန်ရက်ပေါ်တွင် လူချစ်လူခင်များသူ YGW ဘိုးဘွားကျောင်း၏ အစောင့်ရှောက်ခံ အဘွားမေကြည်ခင် ကင်ဆာဝေဒနာ ခံစားနေရ မန္တလေးမြို့အရှေ့ဘက်၊ ပုသိမ်ကြီးမြို့နယ်၊ ရေတံခွန်တောင်ပေါ်ရှိ YGW(အဝါရောင်မျိုးဆက်သစ်လူငယ်ပရဟိတအသင်း)၏ ဘိုးဘွားများစောင့်ရှောက်ရေးကျောင်းတွင် နေထိုင်ပြီး လူမှုကွန်ရက်ပေါ်၌ လူချစ်လူခင်များသူ အဘွားမေကြည်ခင်(ဖွားကြည်ခင်)သည် ကင်ဆာရောဂါကိုခံစားရနေသဖြင့် ဖေဖော်ဝါရီဒုတိယပတ်အတွင်းမှစတင်ကာ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။ အသက်၈၄နှစ်အရွယ်ရှိ အဘွားမေကြည်ခင်သည် ယခုနှစ် ဇန်နဝါရီလအတွင်းက ကျန်းမာရေးသိသာစွာချို့ယွင်းလာသဖြင့် ဓာတ်မှန်ရိုက်ခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းတို့ကို ပြုလုပ်ခဲ့ခြင်းဖြစ်ရာ စစ်ဆေးချက်အဖြေသည် ဖေဖော်ဝါရီပထမပတ်အတွင်း ရရှိခဲ့ခြင်းဖြစ်သည်။ “စိတ်မကောင်းစရာမို့ မပြောချင်ပေမယ့်လည်းပြောပါရစေ။ အဖွားရဲ့ အသည်းမှာရော အဆုတ်မှာ အကြိတ်တွေ့တယ်။ ကင်ဆာပါတဲ့။ ရောဂါနဲ့အသက်က မမျှတတော့ ဖွားမေအတွက် လွန်စွာစိတ်မကောင်း ဖြစ်ရပါတယ်။ စွမ်းအားရှိသ၍ ကုသပေးပါ့မယ်။ အသက်ရှည်ရှည်နဲ့ တရားဓမ္မ အားထုတ်နိုင်ပါစေ။ နေဝင်ချိန်မှာ ကုသိုလ်တရားများနှင့် ဖြတ်သန်းနိုင်ပါစေ”ဟု YGW ဘိုးဘွားများစောင့်ရှောက်ရေးကျောင်းဆရာတော်က မိန့်ကြားသည်။ […]
ရပ်တည်ချက်မတူညီကြတော့တဲ့ နှင်းဆီအဖွဲ့ကနေ နုတ်ထွက်လိုက်ပြီ ဖြစ်တဲ့ ပြည်သူချစ်အနုပညာရှင် မင်းမော်ကွန်း
ပြည်သူချစ်အနုပညာရှင် မင်းမော်ကွန်း နှင်းဆီအဖွဲ့က နှုတ်ထွက်လိုက်ပြီဖြစ်ကြောင်း အတည်ပြုစကားဆိုလိုက်တဲ့ ကိုရဲမင်း (AAC) ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်နေတဲ့ သရုပ်ဆောင်မင်းမော်ကွန်းဟာ လက်ရှိမှာတော့ လွတ်မြောက်နယ်မြေတစ်နေရာမှာရောက်ရှိနေခဲ့ပြီး ကိုယ်တတ်နိုင်တဲ့ဖက်ကနေ အာဏာရှင်ကို တော်လှန်ရေးမှာ အစွမ်းကုန်ပါဝင်နေခဲ့ပါတယ်။ အနုပညာသမား အဖြစ်ကနေ အောင်မြင်မှုတွေကို စွန့်လွှတ်ကာ မတရားမှုကိုတော်လှန်သူအဖြစ် ရဲရဲဝံ့ဝံ့ကူးပြောင်းခဲ့ပြီးနောက် ကိုယ့်ရဲ့ရပ်တည်ချက်အတွက်လည်း နောက်မဆုတ်တမ်းတိုက်ပွဲဝင်နေခဲ့ပါတယ်။ “ကိုကျော် နှင်းဆီအဖွဲ့က နှုတ်ထွက်လိုက်တာ သတင်းအမှန်ပါ ရပ်တည်ချက် ခံယူချက် မတူသူတွေနဲ့ လမ်းခွဲလိုက်တာဖြစ်ပြီး အနုပညာအလုပ်တွေ အတူလုပ်ခဲ့ကြတာ မမေ့ပါဘူး ချစ်ခြင်းမုန်းခြင်းမပါဘူးလို့ ကိုကျော်က ပြောပါတယ်… ကျွန်တော်တို့ရဲ့ နှလုံးလှလူမိုက်ကြီးကို တော်လှန်ရေးကာလအလွန်မှာ ပိုအားပေးကြတာပေါ့……🌹” ဝါရင့်သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်းဟာ နှင်းဆီအဖွဲ့ကနေ နုတ်ထွက်လိုက်ပြီလို့ သိရပါတယ်။ ချစ်ခြင်းမုန်းခြင်း မရှိဘဲ နုတ်ထွက်သွားတာဖြစ်တယ်လို့ ၎င်းနဲ့နီးစပ်တဲ့ မိတ်ဆွေတွေကနေ အတည်ပြုပေးချက်အရ သိရတာပါ။ ပြည်သူချစ် […]
အမေရိကန်မှာ ရှိတဲ့ ကိုရီးယားထုတ် ကားတွေနားကနေ ခပ်ဝေးဝေးနေကြဖို့ ကြေညာချက် ထုတ်ပြန်
အမေရိကန်မှာ ရှိတဲ့ ကိုရီးယားထုတ် ကားတွေနားကနေ ခပ်ဝေးဝေးနေကြဖို့ ကြေညာချက် ထုတ်ပြန် ကိုရီးယားကားအစွမ်း အံ့မခန်း အမေရိကန်ဈေးကွက်မှာ ရောင်းထားတဲ့ ဟွန်ဒိုင်းနဲ့ ကီယာကားစီးရေ ၅၀၀,၀၀၀ ရဲ့ ပိုင်ရှင်တွေကို သူတို့ကားတွေကို အပြင်ခပ်ဝေးဝေးမှာရပ်ဖို့နဲ့ သူများကားတွေနား သွားမရပ်ဖို့အတွက် ကားကုမ္ပဏီက အကြံပြုလိုက်ပါတယ်။ ဒါဟာ အချိန်မရွေး ကားအင်ဂျင်ကနေ မီးထတောက်နိုင်တာကြောင့် ဒီပြသနာကို မပြင်ရသေးမချင်း ခုလိုဂရုတစိုက် ပါကင်ထိုးသွားကြဖို့ အကြံပြုရတာဖြစ်ပါသတဲ့။ ကားအင်ဂျင်တွေကို အချိန်မီပြင်ပေးဖို့ရာ ပျက်ကွက်ခဲ့လို့ အမေရိကန်အာဏာပိုင်တွေက ကိုရီးယားကားကုမ္ပဏီကို ဒေါ်လာသန်း ၂၁၀ ဒဏ်ကြေးသတ်မှတ်ခဲ့ပါတယ်။ အမေရိကန်လို သေချာစိစစ်တဲ့ ကားဈေးကွက်မှာတောင်မှ ခုလိုဂျင်းတွေ လုပ်ရဲကြတာ၊ မြန်မာပြည်ဈေးကွက်ထဲမှာဆို မတွေးရဲဘူး။ ကွကိုယ်ဂျပန်ကားစုတ်လေးနဲ့ပဲ စိတ်ချမ်းသာပါတယ်လေ။ Francis Zin အမေရိကန်မှာ ရှိတဲ့ ကိုရီးယားထုတ် ကားတွေနားကနေ ခပ်ဝေးဝေးနေကြဖို့ […]
ဇာတိမြို့က ရွာသူရွာသားများကို ရဟတ်ယာဉ် အခမဲ့စီးခွင့်ပေးတဲ့ အမှိုက်သိမ်းသမားဘဝကနေ သန်းကြွယ်သူဌေးဖြစ်လာခဲ့တဲ့ အမျိုးသား
ဇာတိမြို့က ရွာသူရွာသားများကို ရဟတ်ယာဉ် အခမဲ့စီးခွင့်ပေးတဲ့ အမှိုက်သိမ်းသမားဘဝကနေ သန်းကြွယ်သူဌေးဖြစ်လာခဲ့တဲ့ အမျိုးသား လူတော်တော်များများက ပိုက်ဆံဟာသင့်ရဲ့ပျော်ရွှင်မှုကိုမဝယ်နိုင်ဘူးလို့ဆိုကြပါတယ်။သို့ပေမဲ့ ပိုက်ဆံဟာသင့်ရဲ့အတွေ့အကြုံတွေကို ဝယ်ပေးန်ုင်ပါတယ်။ဥပမာ လေယာဉ်ပျံ သို့မဟုတ်ရဟတ်ယာဉ်စီးရင်း မိုးပေါ်ပျံသန်းခြင်းလိုပေါ့။မလေးရှားလူမျိုးအများစုဟာ ၎င်းတို့မှာများပြားတဲ့ပိုက်ဆံမျိုးမရှိနိုင်ကြောင်းကိုစဉ်းစားတတ်ကြတာကြောင့် ၎င်းတို့ဘဝမှာ လေယာဉ်ပျံစီးဖို့ကို မဖြစ်နိုင်ကြောင်း တွေးထင်ထားတတ်ကြပါတယ်။ သို့ပေမဲ့ အမှိုက်သိမ်းဆည်းသူကနေ သန်းကြွယ် သူဌေးဖြစ်လာခဲ့တဲ့ Muhammad Azlan Al-Amin ရဲ့ ကျေးဇူးကြောင့် သူ့ရဲ့ဇာတိဖြစ်တဲ့ မလေးရှားနိုင်ငံ Terengganu ပြည်နယ် Besut မြို့ရှိကျေးလက်ဒေသမှာ နေထိုင်တဲ့သူများဟာ ၎င်းတို့ရဲ့ တစ်သက်တာမှာတစ်ခေါက်လောက် ရဟတ်ယာဉ်စီးရင်း ခံစားခွင့်ရရန်အတွက် Muhammad ရဲ့ရဟတ်ယာဉ်ကို စီးကြည့်ဖို့ အခွင့်အရေးရခဲ့ကြပါတယ်။ Muhammad Azlan Al-Amin ဟာ ရွာသူရွာသားတို့ရဲ့စိတ်လှုပ်ရှားပြီး ချစ်စရာကောင်းတဲ့အပြုအမူဓာတ်ပုံတွေကို သူ့ရဲ့ Facebook မှာ ပြန်လည်မျှဝေပေးခဲ့ပါတယ်။“ သူတို့ပျော်ရွှင်မှုဟာ ကျွန်တော့်ရဲ့ပျော်ရွှင်မှုပါပဲ၊ […]
ဗွီဒီယိုစျေးကွက် မပျက်ခင်ကတည်းက အနုပညာလောကမှ ထွက်ခွာခဲ့သူ သရုပ်ဆောင် ကျော်ဝင်းထွဋ်
ဗွီဒီယိုစျေးကွက် မပျက်ခင်ကတည်းက အနုပညာလောကမှ ထွက်ခွာခဲ့သူ သရုပ်ဆောင် ကျော်ဝင်းထွဋ် ပရိသတ်ကြီးရေ ဗွီဒီယိုခေတ်က နာမည်ကြီးခဲ့တဲ့ အက်ရှင်မင်းသားတစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ကျော်ဝင်းထွဋ် ကိုတော့ အားလုံးပဲ မှတ်မိကြအုန်းမယ်ထင်ပါတယ်။ ၆နှစ်အရွယ်မှာ ကလေး သရုပ်ဆောင်ဘဝနဲ့ အနုပညာလောက ကိုစတင်ဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ ထို့နောက် အသက် ၁၆ နှစ်မှာ နာမည်အရင်း ကျော်မင်းထွန်း ကို ကျော်ဝင်းထွဋ် လို့ ပြောင်းလဲခဲ့ပြီး လူကြီးသရုပ်ဆောင်အဖြစ် အက်ရှင်ရုပ်ရှင်ဇာတ်ကားတွေနဲ့ ဆက်လက်ရိုက်ကူးခဲ့တယ်။ မင်းသား ရဲကိုကို၊ရဲမင်းပိုင်တို့နဲ့အတူ အက်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပါတယ်။ ကျော်ဝင်းထွဋ် ဟာ ဖိုက်တင်မင်းသားဖြစ်တာကြောင့် ကရာတေးသင်တန်းတွေ တတ်ရောက်သင်ကြားခဲ့ပြီး ဇာတ်ကားတွေထဲမှာ တကယ်ဖိုက်ခဲ့တာကြောင့် အခုချိန်ထိတိုင်အောင် အဲ့ဒီဒဏ်တွေက နေမကောင်းဖြစ်ရင် ပြန်လည်ပေါ်လာတတ်တာကြောင့် အရမ်းကို ကိုက်ခဲနာကျင်ရပါတယ်တဲ့။ ဇာတ်ကားတွေရိုက်ကူးနေရင်းနဲ့ ဗွီဒီယိုစျေးကွက် မပျက်ခင်ကတည်းက အနုပညာလောကမှ ထွက်ခွာခဲ့ပါတယ်။ […]
ပရိသတ်တွေနဲ့ မတွေ့ဖြစ်၊ စကားမပြောဖြစ်ကြပေမယ့် အားလုံးကိုတော့ သတိရနေတယ်ဆိုတဲ့ ချမ်းမြေ့မောင်ချို
အဆိုတော် အိအိရဲ့ သမီးငယ်ဖြစ်တဲ့ ချမ်းမြေ့မောင်ချိုက Myanmar Idol သီချင်းဆိုပြိုင်ပွဲကနေ ကျော်ကြားလာသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ချမ်းမြေ့မောင်ချိုက Winner ဆုကြီးနဲ့ လွဲချော်ခဲ့ရပေမယ့် သူမဝါသနာပါရာ အနုပညာအလုပ်တွေကို တစိုက်မတ်မတ်လုပ်ကိုင်နေဆဲဖြစ်ပြီး အနုပညာလမ်းကြောင်းမှာလည် း နေရာတစ်နေရာရရှိနေပြီပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၂၀၂၁) ခုနှစ်က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့ပြီး (၅၀၅) က နဲ့ တရားစွဲခံခဲ့ရတဲ့ ချမ်းမြေ့မောင်ချိုဟာ အခုအချိန်ထိ အနုပညာအလုပ်တွေကို ရပ်နားထားပြီး မိသားစုနဲ့ပဲ အေးချမ်းစွာနေထိုင်နေဆဲဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ အချိန်အတော်ကြာ အဆက်အသွယ်ပြတ်တောက်နေခဲ့တဲ့ ချမ်းမြေ့မောင်ချိုက ဒီကနေ့မှာတော့ သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ “အားလုံးနေကောင်းကြတယ်နော် ? မတွေ့ဖြစ် စကားမပြောဖြစ်တာကြာပေါ့။ အားလုံးကိုသတိရနေပါတယ်ဗျာ။ Milestones တွေရော အဆင်ပြေကြရဲ့လား ? မောင်ချို နေကောင်းကျန်းမာပါတယ် ဆေးလဲထိုးထားပါတယ်။ ဒီရက်ပိုင်းအေးတယ်နော်။ နွေးနွေးထွေးထွေးနေကြပါဗျ ” ဆိုပြီး […]
Omicron (အိုမီခရွန်) အတွက် သိကိုသိရမယ့် အချက် 17 ချက်….
ရဟန်း(၃)ပါးရဲ့ မယ်တော်ဆိုတာအမေ သိပါတယ် သားဒါပေမဲ့ ဒီအဖြစ်ပျက်ဆိုးကြီးကို Seemore…
ရဟန်း(၃)ပါးရဲ့ မယ်တော်ဆိုတာအမေ သိပါတယ် သားဒါပေမဲ့ ဒီအဖြစ်ပျက်ဆိုးကြီးကို အမေ ဘယ်လိုမှ လက်မခံနိုင် မဖြေနိုင်ဘူး သားသမီးငယ်နဲ့ ငါ့သား ချဉ်ဆီတူတယ်လို့ သတင်းကြားတော့ အမေဖြစ် ဝမ်းသာလိုက်တာခေတ်မှီဆေးဝါးဓာတ်စာတွေနဲ့ ကုသလို့ ပျောက်ကင်းကျမ္မာပြီး အမေ့ဆီကို ပြုံးပြုံးကြီးနဲ့ လေယာဉ်ကြီးစီးလို့ပြန်လာတော့မှာပဲလို့ တွေးပြီးပျော်လိုက်တာဖြစ် မပြောပါနဲ့ သား ငါ့သားက ပြန်လာပါတယ်ဒါပေမဲ့ ငါ့သား ပြန်လာတာကအမေတို့ဆီကို ဘယ်တော့မှ ပြန်မလာခြင်းမျို့နဲ့ ပြန်လာတာလေ ဖြစ်နိုင်ရင် လောကကြီးကို အမေ တရားစွဲချင်တယ် သားဖြစ်ခဲ့သမျှ တနေ့ပျက်ရမယ်ဆိုတာ ငါ့သားတို့ ဟောပြဆုံးမထားလို့အမေ ကောင်းကောင်းကြီး သဘောပေါက် နားလည်ခဲ့ပါတယ် သားဒါပေမဲ့ အကြွေစောခဲ့တယ်လို့ တွေးလိုက်တိုင်း အမေ ဘယ်လိုမှ မဖြေဆည်းနိုင်ဘူး သားပွင့်ချပ်တဝေဝေ ဝတ်ဆံတသင်းသင်းနဲ့ လောကအလယ်မှာ လှပနေတဲ့ငါ့သားကိုမှ သေမင်းက ခူးဆွတ်လို့ အသုံးတော် ခံချင်သလားကွယ် […]









