ဗေဒင်

သင်ကြိုက်တဲ့ အရောင်တွေကပြောတဲ့ သင့်အကြောင်း

လူတိုင်းမှာ ကိုယ်ကြိုက်နှစ်သက် တဲ့အရောင်တွေ ကိုယ်စီ ရှိကြ ပါတယ်။ အဲ့လို မတူညီတဲ့အရောင်တွေပေါ် အခြေခံပြီး လူတွေရဲ့ စိတ်နေ စိတ်ထားလေးတွေကို ပြောပြပေးချင်ပါတယ်။ (၁) အနီရောင် အနီရောင် ကြိုက်တဲ့ သူတွေက ရဲရင့်ပြီး ပြတ်သားကြ ပါတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ အားအင်အပြည့်ရှိတဲ့ သူတွေလည်း ဖြစ် ပါတယ်။ စူးစမ်းလေ့လာ ရတာကို ကြိုက်နှစ်သက်ကြတဲ့သူတွေ ဖြစ်ပြီး ရည်မှန်းချက်တွေ၊ စိတ်အား ထက်သန် မှုတွေနဲ့ ပြည့်နှက်နေ သူတွေလည်း ဖြစ်ပါတယ်။ ပြီးတော့ သူတို့တွေက ပြိုင်ဆိုင် လိုစိတ်လည်း ပြင်းထန် ကြပါတယ်။ (၂) အဝါရောင် အဝါရောင်ကြိုက်တဲ့သူတွေက ပျော်ရွှင်မှုနဲ့ လေ့လာ ရတာကို ကြိုက်တဲ့ သူတွေဖြစ် ပါတယ်။ အကြံဉာဏ် အသစ်တွေ၊ ကိုယ်စုဆောင်း […]

အခ်စ္နွင့္ဘဝ

မိခင်အပေါ်ဆက်ဆံပုံကိုကြည့်ပြီး မင်္ဂလာဦးညမှာ ကွာရှင်းပြတ်စဲခြင်း…

မင်္ဂလာဦးည၌ပင် ကွာရှင်းပြတ်စဲခြင်း မင်္ဂလာဦးညတွင်မင်္ဂလာဦးမောင်နှံအတွက် ညစာစားဖို့လင်ဗန်းအကြီးတစ်ခု၌ အလွန်ကောင်းပြီးအနံ့ အရသာတွေနဲ့ပြည့်နေတဲ့ အစားအသောက်များကို စားသုံးဖို့အခန်းတစ်ခုမှာအဆင်သင့် ပြင်ဆင်ထားပေးတယ်။ သတို့သားက သတို့သမီးကိုစားသောက်ဖို့ခေါ်တော့ သတို့သမီးကမေးတယ်….ရှင့်အမေကော မစားဘူးလား.…?ခေါ်လိုက်ပါ အတူတူ တစ်ပေါင်းတစ်စည်းတည်း စားလိုက်ကြရအောင် …. သတို့သားက အမေ အိပ်သွားပြီးထားလိုက်ပါ။ငါတို့နှစ်ယောက်ပဲ စားလိုက်ကြရအောင်…ဇနီးက ထပ်ပြောတယ်။ ကျွန်မသိတယ်ရှင့်အမေလည်း ထမင်း မစားရသေးဘူးခေါ်လိုက်ပါ အတူစားရအောင်ပြောတော့..အိပ်ပါစေ ထားလိုက်ပါကွာဟုပြောတယ်။ ထိုအခါ သတို့သမီးက ထပ်ဖန်တလဲလဲအမေကိုခေါ်ဖို့ ပြောပေမယ့်သတို့သားကလည်း ထပ်ဖန်တလဲလဲ   ငြင်းဆိုရာကနေနောက်ဆုံး သတို့သမီးက သူမကိုကွာရှင်းပေးဖို့ တောင်းဆိုလိုက်တယ်။ နှစ်ယောက်သားအချင်းများရာကနေကွာရှင်းပြတ်စဲ လိုက်ကြတဲ့အခြေသို့ဆိုက်ရောက်ခဲ့တယ်။ လမ်းခွဲကြပြီးနောက် သူတို့နှစ်ဦးဟာကိုယ်စီ နောက်အိမ်ထောင်ထူထောင်လိုက်ကြတယ်။ အမျိုးသမီးက သူမရဲ့သားသမီးတွေနဲ့ပျော်ရွှင်ကြည်နူးစရာ ကောင်းတဲ့ မိသားစုဘဝလေး ပိုင်ဆိုင် ဖြတ်သန်းနေတယ်…။နှစ် ၃၀ ကြာပြီးနောက်တစ်နေ့မှာ သူမက နေရပ်ကိုပြန်လာတော့သားသမီးတွေကလာရောက်ကြိုဆိုကြပြီး အိမ်ပြန်လာကြတယ်။ လမ်းခုလတ်တနေရာမှာလူတစ်ယောက်ဟာဟောင်းနွမ်းစုတ်ပြတ်တဲ့အဝတ်အစားဝတ်ဆင်လျက် အလွန်ဆာလောင်မွတ်သိပ်စွာတောင်းရမ်းနေတဲ့သူတစ်ယောက်ကိုတွေ့တော့ […]

အချစ်နှင့်ဘဝ

သူများတွေရဲ့ အကြိုက်ကို တစ်ချိန်လုံး လိုက်နေစရာ မလိုဘူးဆိုတာ ဖော်ပြနေတဲ့ အချက်များ

သူများတွေရဲ့ အကြိုက်ကို တစ်ချိန်လုံး လိုက်နေစရာ မလိုဘူးဆိုတာ ဖော်ပြနေတဲ့ အချက်များ လူတော်တော်များများက တစ်ခြားသူတွေရဲ့ အမြင်တွေကို အရမ်းဂရုစိုက်တတ်ကြသလို သူများတွေဆီမှာ အကောင်းမြင်ရဖို့အတွက် လူတွေရဲ့ အကြိုက်ကို လိုက်တတ်ကြပါတယ်။ ဒီလိုမျိုး သူများတွေရဲ့ အကြိုက်ကိုပဲ လိုက်လုပ်နေတာများတဲ့အခါ ကိုယ့်ရဲ့ ပုံစံအမှန်ဟာ ပျောက်ကွယ်သွားတတ်တာပါပဲ။ ဒီတော့ သူများတွေရဲ့ အကြိုက်ကိုပဲ လိုက်ပြီး သူများတွေဆီမှာ အမြဲတမ်း အကောင်းမြင်နေရဖို့ ကြိုးစားနေစရာမလိုပါဘူး .. ။ (1) နေရတကာမှာ သူများအကြိုက် လိုက်နေစရာ မလိုပါဘူး သူများဆီက အကောင်းမြင်ခံရဖို့အတွက် တစ်ခြားသူတွေရဲ့ အကြိုက်လိုက်ပေးရတာဟာ အရမ်းကိုပင်ပန်းတဲ့ အလုပ်တစ်ခုပါ။ ကိုယ်မလုပ်ချင်တဲ့ အရာတွေကိုလည်း တစ်ခြားသူတွေကို ငဲ့ကွက်ပြီး လုပ်ပေးနေစရာ မလိုပါဘူး။ တစ်ခါတစ်လေမှာ ကိုယ်မကြိုက်တဲ့၊ ကိုယ်မလုပ်ချင်အရာအတွက် ငြင်းဆိုတတ်တာမျိုးကသာ ကိုယ့်အတွက် […]

ဗေဒင်

နှလုံးလမ်းကြောင်း ကပြောတဲ့ အိမ်ထောင်ရေး အကြောင်းကို မျှဝေလိုက်ပါတယ်နော်

နှလုံးလမ်းကြောင်းက ပြောတဲ့ အချစ်ရေး… လက်ဖ၀ါးကိုကြည့် လိုက်ရင် လက္ခဏာလေးတွေ ရှုပ်ထွေးနေ တာတွေ့ရပြီး လက္ခဏာ ဆရာတွေ ကတော့ အချစ်ရေး ဘ၀နဲ့ အလုပ် အကိုင် စတာတွေကို ဟောပြော နိုင်ပါတယ်။ ဗေဒင်ရယ်လို့ မဟုတ်ပေမယ့် စာဖတ်သူတို့ အတွက် အပျော်သဘော အနေနဲ့ နှလုံးလမ်းကြောင်း ကပြောတဲ့ အိမ်ထောင်ရေး အကြောင်းကို မျှဝေလိုက်ပါတယ်နော် …။ နှလုံးလမ်းကြောင်း နှလုံးလမ်းကြောင်းက လက်ဖ၀ါးရဲ့ အလည် လက်သည်းရဲ့အောက် နားထိရောက် တဲ့ မျဉ်းကြောင်းလေးဖြစ်ပါတယ်။ လက်ဝါးနှစ် ဖက်ကို အတူတူစပ် လိုက်လို့ နှလုံး လမ်းကြောင်းက လခြမ်း လိုပုံစံမျိုးဖြစ် သွားလား ဒါမှမဟုတ် တပြေးညီဖြစ် သွားလားဆိုတာကို အရင်ကြည့် လိုက်ပါနော် … လခြမ်း” နှလုံးလမ်းကြောင်းကပြောတဲ့ […]

အလှပရေးရာ

အသားအရေအရမ်းကောင်းတဲ့လူတွေ မနက်တိုင်းပြုလုပ်နေကြတဲ့အရာ (၅) ခု….

အသားအရေအရမ်းကောင်းတဲ့လူတွေ မနက်တိုင်းပြုလုပ်နေကြတဲ့အရာ (၅) ခု သူများတွေများကြည့်လိုက်ရင် မျက်နှာ အသားအရေလေးက နူးညံ့ချောမွတ် ဝင်းပလို့ဆိုပြီး အားကျရတဲ့ အဖြစ်မျိုး ကြုံဖူးကြတယ်မဟုတ်လား။ နဂိုကိုမှ အသားအရေေ ကာင်းတဲ့ လူတွေရှိပေမယ့်လို့ အသားအရေေ ကာင်းအောင် lifestyle တစ်ခုလုံး စည်းစနစ်ကျကျ သွားနေတဲ့လူတွေလည်း ရှိနေပါတယ်။ ဒါဆိုရင် အဲဒီလူတွေ မနက်တိုင်း အသားအရေေ ကာင်းအောင် ဘယ်လိုတွေ လုပ်သလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ (၁) မျက်နှာသစ်ဆေးရွေးချယ်မှု မနက်ပိုင်းဟာ ညပိုင်းမျက်နှာသစ် တာလောက် သိပ်ပြီး ဂျေးဖုန်တွေ မများတဲ့အတွက်ကြောင့် မလိုအပ်ဘဲ အားပြင်းတဲ့ မျက်နှာသစ်ဆေးတွေကို မသုံးဘဲ ပျော့တဲ့ မျက်နှာသစ်ဆေးကိုပဲ အသုံးပြုပါတယ်။ (၂) နေရောင်ကိုကြောက်ကြတယ် မနက်မိုးလင်းတာနဲ့ နေရောင်ကာ ခရင်ကို လိမ်းလေ့ရှိကြပါတယ်။ အပြင်သွားမှမဟုတ်ဘဲ တီဗီ၊ […]

ဗေဒင်

အကျပ်အတည်း များလာပြီး စီးပွားလာဘ်လာဘ လိုအပ်လာခဲ့ရင်

ပွဲတွေ့ယတြာမီးထွန်းနည်း(ဂါထာမီးထွန်းနည်း) ဒီလို လွယ်လွယ်ကူကူနဲ့ သေသေချာချာ အစွမ်းရှိ စီရင်နည်းတွေကို တင်ပေးဖို့ တာဆူခဲ့တာကြာပါပြီ။ တင်မယ့်တင် ပြည့်ပြည့်စုံစုံ တင်ပေးချင်တာကြောင့် အချိန်တစ်ခုထိ စောင့်ဆိုင်းခဲ့ရတာပါ။ ဒါက အင်းကွက် စမကွက်မဟုတ်ပါဖူး။ဒါကြောင့် ရေးသားစဉ် တင်းကြပ်တဲ့ စည်းစနစ်တွေ မလိုအပ်ပဲ လူတိုင်းလွယ်လွယ်ကူကူ စီရင်အကျိုးပြီးနိုင်ပါတယ်။ အဓိက အနေနဲ့ကတော့ …. (၁)အကြတ်အတည်းများတဲ့အခါ (၂)ဂြိုလ်အစီးအနင်းညံတဲ့အခါ (၃)စီးပွားလာဘ်လာဘ လိုအပ်တဲ့အခါ (၄)အကြောင်းအမျိုးမျိုးကြောင့် ယတြာခြေတိုင်း အစွမ်းမထက်ဖြစ်တဲ့ခါ …..စတဲ့ အခြေအနေ (၄)မျိုးအတွက်ရည်ရွယ် ပြုလုပ်လို့ရပါတယ်။ စီရင်နည်း သန့်ပြန့်တဲ့ စက္ကူအပေါ်မှာ ပုံပါအတိုင်း ရေးသားရမှာပါ။ရေးတဲ့အခါ မနက်ပိုင်း ဘုရားရှေ့မှာ ရေးသားရပါမယ်။ ရေးနေစဉ် စကားမပြောမိဖို့နဲ့ ခေါ်ရင်မထူးဖို့နဲ့ ရေးသားမူကိုပဲ အာရုံစိုက်နေပါမယ်။ ပုံပါအတိုင်း အလယ်မှာ က ဃ ဏ ဠ […]

အချစ်နှင့်ဘဝ

ပျိုပျိုမေတို့ ဘယ်လိုအကြောင်းနဲ့မဆို စိတ်ဓာတ်ကျတိုင်း ဖတ်ဖို့…

ပျိုပျိုမေတို့ ဘယ်လိုအကြောင်းနဲ့မဆို စိတ်ဓာတ်ကျတိုင်း ဖတ်ဖို့… အရာအားလုံး စင်းလုံးချောနေတဲ့ ဘဝဆိုတာ မရှိပါဘူး။ ဒါကြောင့် တစ်ကြိမ်တစ်ခါလောက်တော့ စိတ်တွေ အောက်ဆုံးထိ ကျနေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါမှမဟုတ် စိတ်ဓာတ်ကျရတဲ့ အချိန်တွေကို မကြာခဏ ကြုံရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လို ပဲ ဖြစ်ဖြစ် စိတ်ဓာတ်ကျတယ်လို့ ဖြစ်လေ့ဖြစ်ထ ရှိတဲ့အရာမို့ စိတ်ဓာတ်ကျတဲ့ အချိန်တွေကနေ ပြန်ပြီး လွတ်မြောက်သွားဖို့ ကိုယ့်ဘက်က အခု ဖော်ပြပေးမယ့် အချက်တွေလို ပြုလုပ်ပေးလေ ကိုယ့် အတွက် ပိုပြီး စိတ်သက်သာလေ ဖြစ်မှာပါနော် …။ ကိုယ့်ထက် ဆိုးတဲ့သူတွေ ရှိတယ်… ဘဝမှာ ကိုယ့်ကိုယ်ကို အခြေအနေဆိုးလွန်းတဲ့ အခြေအနေကို ရောက်ပြီလို့ ခံစားရချိန်မှာ ကိုယ့်ကို ပြန် အားတက်စေနိုင်တဲ့ ဘဝတွေ ရှိပါသေးတယ်။ […]

ဗဟုသုတ

ညအိပ်ရင် ဘယ်ဘက်စောင်းပြီး အိပ်ဖြစ်အောင် အိပ်ပါ…

သင်ညအိပ်ရင် ဘယ်ဘက်ကို စောင်းအိပ်တတ်တဲ့ သူတစ်ယောက် ဆိုရင်တော့ ထီပေါက်တာထက် ပိုပြီးတန်ဖိုးရှိသွားပါပြီဘာကြောင့် ဒီလိုမေးရသလဲဆိုတော့ သင်ရဲ့အိပ်စက်ပုံဟာ သင်ရဲ့စိတ်နဲ့ကိုယ် ကျန်းမာရေးအတွက် အရမ်းကိုအရေးတကြီး ပတ်သက်နေလို့ပါပဲ။ အကယ်၍ သင့်အနေနဲ့ ဘယ်ဘက်ကိုစောင်းအိပ်လေ့မရှိရင်တော့ အခုဖော်ပြသွားမယ့် အကြောင်းအရာတွေကို အဆုံးထိဖတ်ကြည့်ရင်း ဘယ်ဘက်ကိုစောင်းအိပ်ဖို့ သင်ကြိုးစားလာပါလိမ့်မယ်။ ခန္ဓာကိုယ်ကို ဘယ်ဘက်သို့စောင်းအိပ်ခြင်းက ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အဆိပ်အတောက်တွေနဲ့ မလိုလားအပ်တဲ့ အခြားသောအရာဝထ္တုတွေကို ခန္ဓာကိုယ်ကနေ ဖယ်ရှားသွားအောင် ကူညီပေးနိုင်လို့ပါပဲ ဒီလို ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေသာမက ဦးနှောက်ထဲက ဓာတုအညစ်အကြေးတွေကိုလည်း ဘယ်ဘက်စောင်းအိပ်ခြင်းဖြင့် ဖယ်ရှားပေးနိုင်ပါတယ်။သင့်ဆီမှာ နှလုံးပြဿနာရှိနေမယ်ဆိုရင် ဘယ်ဘက်ကိုစောင်းအိပ်ခြင်းက သင့်ကိုကူညီပေးနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဘယ်ဘက်ကိုစောင်းအိပ်ခြင်းက နှလုံးသွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေနိုင်တာကြောင့် ဖြစ်ပါတယ်။ရင်ပူခြင်းဝေဒနာ ခံစားနေရသူတွေအနေနဲ့လည်း ဘယ်ဘက်ကိုစောင်းအိပ်ဖို့ လိုအပ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ညာဘက်ကိုစောင်းအိပ်ခြင်းက ဒီဝေဒနာကို ပိုမိုဆိုးရွားစေနိုင်ပြီး ဘယ်ဘက်ကို ဆယ်မိနစ်ခန့်လောက် စောင်းအိပ်လိုက်ရုံနဲ့တင် […]

အချစ်နှင့်ဘဝ

သင့်ကိုသူက အပျင်းပြေ အကဲလာစမ်းတာလားဆိုတာ သိနိုင်မယ့်အချက် (၅) ချက်

သင့်ကိုသူက အပျင်းပြေ အကဲလာစမ်းတာလားဆိုတာ သိနိုင်မယ့်အချက် (၅) ချက် အခုလိုအချိန်မျိုးက အကုန်လုံး အချိန်ပိုတွေ များနေပြီး ဘာမှလည်းလုပ်စရာမရှိတာကြောင့် အွန်လိုင်းပေါ်မှာပဲ အချိန်ကုန်နေကြတာ အားလုံးအသိပါပဲ။ အကုန်လုံးက အိမ်မှာပဲ နေရတဲ့ကာလအတွင်း အထီးကျန်ပြီး ပျင်းတာကြောင့် စကားပြောဖော်ရှာလာတတ်ကြပါတယ်။ ဒါကို အချစ်နဲ့ အထင်မှားတတ်ကြပါတယ်။ ဆိုတော့.. အွန်လိုင်းကနေတစ်ဆင့် သင့်ကို ကြိုက်တယ်လို့ လာပြောတဲ့ ကောင်လေးတွေလည်း ရှိမှာပဲ။ ကဲ ဒါဆို သူကသင့်ကို တကယ်စိတ်ဝင်စားလို့ လာကြိုက်တာလား၊ ဒါမှမဟုတ် qurantine-bored-text တွေလားဆိုတာ ဒီအချက် (၅) ချက်တည်းနဲ့ စမ်းစစ်ကြည့်ရအောင်။ (၁) ညသန်းခေါင်မှ ပေါ်လာမယ် တစ်နေကုန် အလုပ်ရှိလို့ ညမှစကားအေးဆေးပြောဖြစ်တာမျိုးကို ပြောတာမဟုတ်ဘူးနော်။ တစ်နေကုန် စာတစ်ကြောင်း၊ ဖုန်းတစ်ကောတောင်မဆက်ဘဲ ညကြီးသန်းခေါင်မှထပြီး “မအိပ်သေးဘူးလား” ဆိုတာမျိုးကတော့ […]

အထွေအထွေဗဟုသုတ

အိမ်ထဲက အပြင်မထွက်ရဘဲ ဗိုက်တာမင်ဒီ လုံလောက်စေဖို့

အိမ်ထဲက အပြင်မထွက်ရဘဲ ဗိုက်တာမင်ဒီ လုံလောက်စေဖို့ အရိုး နဲ့ ကြွက်သားကျန်းမာရေးကောင်းဖို့အတွက် ဗိုက်တာမင်ဒီဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ဗိုက်တာမင်ဒီကို နေဆာလှုံရင်းနဲ့ သဘာဝအလျောက် ရရှိနိုင်ပါတယ်။ အခုလို အိမ်တွင်းအောင်းတဲ့ကာလတွေမှာ အပြင်ထွက်ပြီး နေ‌ရောင်ခြည်အောက် တစ်နေ့ တစ်နာရီလောက် လမ်းလျှောက်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒီတော့ အိမ်ထဲမှာ နေရင်းနဲ့ ဗိုက်တာမင်ဒီဓါတ် ပြည့်ဝစေမယ့် နည်းလမ်းလေးတွေ ညွှန်းချင်ပါတယ်။ (၁) နေ့စဉ် လေ့ကျင့်ခန်းလုပ်ပါ နေ့စဉ်ပုံမှန်လေ့ကျင့်ခန်း လုပ်ခြင်းဟာ ဗိုက်တာမင်ဒီ ထုတ်လုပ်မှုမှာ အထောက်အကူဖြစ်ပါတယ်။ (၂) ကယ်လ်ဆီယမ်ပြည့်ဝပါစေ ဗိုက်တာမင်ဒီနဲ့ ကယ်လ်ဆီယမ်တို့ဟာ အရိုးကျန်းမာစေဖို့ အတူတူ အကျိုးပေးပါတယ်။ ကယ်လ်ဆီယမ်ကိုတော့ နို့ထွက်ပစ္စည်းတွေ ၊ ငါး ၊ တို့ဖူးနဲ့ အယ်လ်မွန်စေ့တွေ စားပေးရင် ရမှာ ဖြစ်ပါတယ်။ […]