ကြားသိရသမျှ

လူကြမ်းသရုပ်ဆောင်ကြီး ဦးမျိုးကြည်ရဲ့ ဓာတ်ပုံကို တက်တူးထိုးပြီး အားပေးဝန်းရံခဲ့တဲ့ ပရိသတ်တစ်ဦး

လူကြမ်းသရုပ်ဆောင်ကြီး ဦးမျိုးကြည်ရဲ့ ဓာတ်ပုံကို တက်တူးထိုးပြီး အားပေးဝန်းရံခဲ့တဲ့ ပရိသတ်တစ်ဦး လူကြမ်းသရုပ်ဆောင်ကြီး ဦးမျိုးကြည်ရဲ့ ဓာတ်ပုံကို သေရာပါတက်တူးထိုးပြီး အားပေးဝန်းရံခဲ့တဲ့ ပရိသတ်တစ်ဦး ပြီးခဲ့တဲ့ရက်ပိုင်းက Metro Brothers ပေ့ခ်ျကနေ တင်ဆက်တဲ့ ဦးအရိုင်းမင်းနဲ့ ဦးမျိုးကြည်တို့ရဲ့ August လ Cover Shoot ဓာတ်ပုံတွေက ပရိသတ်တွေကြားမှာသာမက အနုပညာအသိုင်းအဝိုင်းမှာပါ ပေါက်ရောက်အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။   ဦးအရိုင်းမင်းနဲ့ ဦးမျိုးကြည်တို့က သူတို့ရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ ကြမ်းကြမ်းရမ်းရမ်း လူမိုက်ဇာတ်ကောင်တွေနဲ့ အသားကျခဲ့ရာပြီး အသက်ကြီးတဲ့အချိန်ရောက်မှ အခုလို ပြင်ဆင်မှုအားကောင်းကောင်းနဲ့ ဓာတ်ပုံတွေ ရိုက်ကူးခဲ့ရာမှာတော့ ပရိသတ်တွေကတော့ အမြင်ဆန်းပြီး သဘောကျခဲ့ရတာပဲ ဖြစ်ပါတယ်။   ဦးအရိုင်းမင်းနဲ့ ဦးမျိုးကြည်တို့အနေနဲ့လည်း ပရိသတ်တွေရဲ့ အသိအမှတ်ပြုအားပေးမှုကြောင့် တော်တော်လေး ဝမ်းသာခဲ့ရတာပဲ ဖြစ်ပါတယ်။ ဦးမျိုးကြည်ရဲ့ ဓာတ်ပုံတစ်ပုံကိုဆို […]

ကြားသိရသမျှ

NLD ပါတီ တံဆိပ်ပါ Mask တပ်ဆင်ခဲ့သည့် ရဲအရာရှိ ၃ ဦး နယ်ပြောင်းရွှေ့ အရေးယူခံရကြောင်း သတင်းများထွက်ပေါ်

NLD ပါတီ တံဆိပ်ပါ Mask တပ်ဆင်ခဲ့သည့် ရဲအရာရှိ ၃ ဦး နယ်ပြောင်းရွှေ့ အရေးယူခံရကြောင်း သတင်းများထွက်ပေါ် NLD ပါတီတံဆိပ်ပါ Mask တပ်ဆင်ခဲ့သည့် ရဲအရာရှိ (၃)ဦးကို ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သို့ နယ်ပြောင်းရွှေ့၍ အရေးယူလိုက်ကြောင်း ရဲအရာရှိ အသိုင်းအဝိုင်း၌ သတင်းများ ထွက်ပေါ်လျက်ရှိသည်။ အဆိုပါသတင်းဖြစ်စဉ်အပေါ် အတည်ပြုနိုင်ရန် People Media က သြဂုတ်လ(၂၅)ရက်နေ့၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးကျော်သီဟကို ဆက်သွယ်မေးမြန်းခဲ့သည်။   “ရဲတပ်ဖွဲ့ဝင်တွေဟာ နိုင်ငံဝန်ထမ်းဖြစ်တဲ့အတွက် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းတွေကို လိုက်နာရသလို ရဲစည်းကမ်း ထိန်း သိမ်းရေးဥပဒေတွေကိုလည်းလိုက်နာရပါတယ်။ သတ်မှတ်ပြဋ္ဌာန်းထားသောစည်းမျဉ်း၊ စည်းကမ်းများကျင့်ဝတ်များ၊ ညွှန်ကြားချက်များကိုမလိုက်နာပါက အရေးယူခြင်းခံရနိုင်ပါတယ်’’ဟု ပြောကြားခဲ့သည်။ ပြီးခဲ့သည့်ရက်ပိုင်းက နေပြည်တော်၌ တာဝန်ကျ ရဲအရာရှိ ၃ ဦးသည် […]

ကြားသိရသမျှ

တာမွေမြို့နယ်ရှိ ဘော်ဒါဆောင်တခု၌ မီးလောင်မှုဖြစ်ပွား

တာမွေမြို့နယ်ရှိ ဘော်ဒါဆောင်တခု၌ မီးလောင်မှုဖြစ်ပွား ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် Super One Shopping Center ဘေးရှိ ဘော်ဒါဆောင်တခု၌ ယနေ့ သြဂုတ်လ (၂၅) ရက် နေ့လယ်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့သည်။ ဝါယာလျှော့မှတဆင့်လောင်ကျွမ်းခြင်းဖြစ်ကြောင်း ကနဦးသိရပြီး၊ လူထိခိုက်မှုများမရှိကြောင်း တာမွေမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းက ပြောသည်။   “လောင်တာက သစ်သားနဲ့ဆောက်လုပ်ထားတဲ့ နှစ်ထပ်ဘော်ဒါဆောင်ပါ။ ဒုတိယအထပ်ကနေ ဝါယာကြိုးလျှော့ဖြစ်ပြီး လောင်တာလို့တော့ အဲဒီကလူတွေက ပြောတယ်။ဒါကလည်း အတိအကျတော့ မဟုတ်ပါဘူး။ မီးသတ်ဌာနနဲ့လျှပ်စစ်ဌာနက တာဝန်ရှိသူတွေ စစ်ဆေးပါလိမ့်မယ်။ လူထိခိုက်မှုတော့ မရှိပါဘူး”ဟု တာမွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းက ပြောသည်။   မီးလောင်မှုစတင်ဖြစ်ပွားစဉ်က ကြိတ်ပြီးငြှိမ်းသတ်ခဲ့ကြကာ မီးအလွန်များလာမှ မီးသတ်တပ်ဖွဲ့ကို အကြောင်းကြားကြကြောင်း […]

ကြားသိရသမျှ

ရှမ်းပြည်နယ်အတွင်း အထက်တန်းကျောင်းခွဲတစ်ခု မီးလောင်မှုဖြစ်ပွား/ ရှို့မီးဟုယူဆရပြီးငွေကျပ် ၆၄ ဒသမ ၈သန်းကျော်ဆုံးရှုံး

ရှမ်းပြည်နယ်အတွင်း အထက်တန်းကျောင်းခွဲတစ်ခု မီးလောင်မှုဖြစ်ပွား/ ရှို့မီးဟုယူဆရပြီးငွေကျပ် ၆၄ ဒသမ ၈သန်းကျော်ဆုံးရှုံး ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မဘိမ်းမြို့နယ်၊ လ၀ါကျေးရွာတွင် ကျောင်းပြန်လည်ဖွင့်လှစ်ခွင့် ရရှိကာ စာသင်ကြားနေသော အခြေခံပညာအထက်တန်းကျောင်းခွဲတစ်ခုတွင် ယနေ့(သြဂုတ်လ ၂၅ )ရက် နံနက် တစ်နာရီအချိန်ခန့်က ရှို့မီးဟုယူဆရသည့် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း မဘိမ်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညိုက ပြည်မြန်မာ ကိုပြောကြားသည်။   မီးလောင်ကျွမ်းမှုကြောင့် အဆိုပါ အထက်တန်းကျောင်းခွဲရှိ ကျောင်းဆောင်နှစ်ဆောင်ဖြစ်သည့် ချယ်ရီ ဆောင်နှင့် အင်ကြင်းဆောင် နှစ်ဆောင်တို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ ချယ်ရီဆောင်မှာ ၂၀၁၄-၂၀၁၅ ခုနှစ်၌ နိုင်ငံတော်အစိုးရဘက်ဂျက် ကျပ်ငွေ ၆၄ ဒဿမ ၈ သန်းဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အင်ကြင်းဆောင်မှာ ရပ်ရွာလူထု၏ ပံ့ပိုးငွေ ကျပ်သိန်း သုံးရာ့လေးဆယ် ဖြင့် […]

ကြားသိရသမျှ

ကရင်ပြည်နယ် အာရှလမ်းမကြီးပေါ်တွင် မျက်နှာချင်းဆိုင် ယာဉ်တိုက်မှုဖြစ်ပွား၍ နှစ်ဦး ပြင်းထန်ဒဏ်ရာရ

ကရင်ပြည်နယ် အာရှလမ်းမကြီးပေါ်တွင် မျက်နှာချင်းဆိုင် ယာဉ်တိုက်မှုဖြစ်ပွား၍ နှစ်ဦး ပြင်းထန်ဒဏ်ရာရ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်အတွင်း အာရှလမ်းမကြီးပေါ်ရှိ နတ်စင်ကွေ့နှင့် ရင်ကွဲတောင်ကြား၌ မြ၀တီဘက်မှ ကော့ကရိတ်ဘက်သို့ မောင်းနှင်လာသော VIGO မော်တော်ယာဉ်နှင့် ကော့ကရိတ်မှ မြ၀တီဘက်သို့ မောင်းနှင်လာသော HONDA Fit မော်တော်ယာဉ်တို့ ယနေ့(သြဂုတ်၂၅) ရက် နံနက် ၁၁ နာရီအချိန်ခန့်က မျက်နှာချင်းဆိုင်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။   အဆိုပါ ယာဉ်တိုက်မှုကြောင့် HONDA Fit မော်တော်ယာဉ် ပါလာသည့်သူနှစ်ဦးအနက် တစ်ဦးမှာ ညာဘက် ပေါင်းရိုးကျိုးပြီး ကျန်တစ်တစ်ဦးမှာ ညာဘက်ခြေသလုံးထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် ပုလဲဖြူလူမှု ကယ် ဆယ်ရေးအဖွဲ့က ကော့ကရိတ်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။   “မြ၀တီက ဆင်းလာတဲ့ VOGO ကားက အဆင်းကွေ့မှာ […]

ကြားသိရသမျှ

ဘုန်းတော်ကြီးသင်ပညာရေးပရဟိတကျောင်းက ၆ ဘာသာဂုဏ်ထူးရှင် ၁ ဦး ထွက်ပေါ်

ဘုန်းတော်ကြီးသင်ပညာရေးပရဟိတကျောင်းက ၆ ဘာသာဂုဏ်ထူးရှင် ၁ ဦး ထွက်ပေါ် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် ကန်ပြားအရှေ့ရွာမှာဖွင့်လှစ်ထားတဲ့ ယသဇေယျာရုံ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကနေ ၆ ဘာသာဂုဏ်ထူးရှင်တစ်ဦး ထွက်ပေါ်ခဲ့တယ်လို့ သိရပါတယ်။   ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို ၂၀၀၁ ခုနှစ်လောက်က စတင်ဖွင့်လှစ်ပေးခဲ့ကာ လွန်ခဲ့တဲ့ ၄ နှစ်လောက်က ၅ ဘာသာ၊ ၄ ဘာသာ၊ ၃ ဘာသာ ဂုဏ်ထူးရှင်တွေထွက်ပေါ်ခဲ့ပြီး ယခု ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ ၆ ဘာသာ ဂုဏ်ထူးရှင်ကျောင်းသူတစ်ဦး ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။   ယသဇေယျာရုံ ဘုန်းတော်ကြီးမှာ ပညာသင်ယူခဲ့တဲ့ မအိမွန်အောင် ဆရာ ဆရာမတွေနဲ့ ဘုန်းကြီးတွေရဲ့ သင်ကြားမှုနဲ့ အမှတ်ပေါင်း ၅၂၄ မှတ်၊၆ ဘာသာဂုဏ်ထူးနဲ့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့တာ ဖြစ်ပြီး မကွေးတိုင်းမှာ အမှတ်အများ […]

ကြားသိရသမျှ

ဧရာဝတီဘဏ် ATMငွေထုတ်စက် ဖောက်ထွင်းသူများအား CCTV မှတ်တမ်းဖြင့် ဖမ်းဆီးရမိ

ဧရာဝတီဘဏ် ATMငွေထုတ်စက် ဖောက်ထွင်းသူများအား CCTV မှတ်တမ်းဖြင့် ဖမ်းဆီးရမိ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ နဝဒေးလမ်းရှိ ဧရာဝတီဘဏ် ATM ငွေထုတ်စက်ကို ဖောက်ထွင်းသူများအား CCTV မှတ်တမ်းဖြင့် ဖမ်းဆီးရမိ ခဲ့ကြောင်း ဒဂုံမြို့မ ရဲစခန်းတာဝန်ရှိသူက ပြည်မြန်မာကို ယနေ့ (သြဂုတ်လ ၂၄ ရက်)ပြောသည်။   ပြီးခဲ့သည့် သြဂုတ်လ၂၁ ရက် နံနက် ၂ နာရီအချိန်ခန့်က ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ နဝဒေးလမ်း ရှိ City Express Convenience Store အရှေ့တွင် တပ်ဆင်ထား သည့် ဧရာဝတီဘဏ် ATM စက်အ မျိုးအစား (Wincor 280 xe) အတွင်းမှ ငွေသားများကို လူရွယ်အမျိုးသား နှစ်ဦးက ခိုးယူရန် […]

ကြားသိရသမျှ

COVID-19 ကာကွယ်ရေးအပူချိန်တိုင်းကင်မရာ ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများစမ်းသပ်အောင်မြင်

COVID-19 ကာကွယ်ရေးအပူချိန်တိုင်းကင်မရာ ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများစမ်းသပ်အောင်မြင် COVID-19 ကာကွယ်ထိန်းချုပ်ရေးအထောက်အကူပြု အပူချိန်တိုင်းကင်မရာ ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများ တီထွင်စမ်းသပ်အောင်မြင် ကချင်ပြည်နယ်၊ဗန်းမော်မြို့တွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအထောက်အကူပြု အပူချိန်တိုင်း ကင်မရာအား ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)ကျောင်းသားများက တီထွင်စမ်းသပ်အောင်မြင်ခဲ့ပြီး တစ်လအတွင်း ကင်မရာ(၁၀)လုံးခန့် တီထွင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သြဂုတ် ၂၄ ရက်နေ့က သိရသည်။   COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအထောက်အကူပြု အပူချိန်တိုင်းတာသည့် ကင်မရာသည် အလွန်သက်သာသည့် ငွေကျပ်ခြောက်သောင်းကျပ်ဖြင့် အောင်မြင်စွာတီထွင်ဖန်တီးခဲ့ပြီး တယ်လီဖုန်းဖြင့်လည်းကောင်း၊ Smart TV ဖြင့်လည်းကောင်း မှတ်တမ်းတင်နိုင်သည့်အပြင် TV နှင့် တယ်လီဖုန်းမပါဘဲ ကင်မရာ၏ LCD ဖြင့်လည်း တိုင်းတာမှုရလဒ်များ ပုံရိပ်များကိုလည်း ကြည့်ရှုနိုင်ကာ SD Card ဖြင့်လည်း မှတ်တမ်းတင်စောင့်ကြည့်နိုင်သည်။   “COVID-19 ကာလအတွင်း ကျောင်းများ၊ရုံးအဖွဲ့အစည်းများအတွင်း လူတစ်ဦးမှနေ၍ ကင်မရာအား ကိုင်တွယ်ပြီး […]

ကြားသိရသမျှ

YBS မစီးဘူး…. TAXI ငှားမရဘူး ၊QUARANTINE စင်တာ သို့ လမ်းလျှောက်လာခဲ့သော စစ်တွေပြန်လေးစားစရာ စိတ်ဓာတ်ပိုင်ရှင်

YBS မစီးဘူး…. TAXI ငှားမရဘူး ၊QUARANTINE စင်တာ သို့ လမ်းလျှောက်လာခဲ့သော စစ်တွေပြန်လေးစားစရာ စိတ်ဓာတ်ပိုင်ရှင် စစ်တွေကပြန်လာတာတဲ့ ။နေ့လည် (၄)နာရီ ခွဲလောက် ၊ အားလုံး ပြိုင်းကုန်ကြပီ။ ခနတဖြုတ် ကိုယ့်အခန်းကိုယ်အနားပြန်ယူ အိပ်သူကအိပ် (မနက်က swabယူတဲ့နေ့မို့ စောစောထရတာကိုး)အဲ့ဒီအချိန် ကွာရန်တင်းယူမဲ့ (၁) ယောက် ရောက်လာတယ်။ အားလုံးအလုပ်ရှုပ် ယောက်ယှက် ခပ်ကုန်ကြရော ၊ဘာလို့ဆို သူက သူ့အစီစဉ်နဲ့သူ ရောက်လာတာ ကိုယ်က တော့ သူ့ကို စပ်စု လိုက်မိတယ် ။   စစ်တွေက ပြန်လာတာတဲ့ လမ်းမှာကားနဲ့ (၁) ရက် ကြာတယ်တဲ့ ။ဇာတိက ဧရာဝတီတိုင်း ကျိုက်ပိကတဲ့ စစ်တွေမှာ အလုပ် သွားလုပ်တာတဲ့။သူပြန်လာပီး အနောက်မှာ နောက်နေ့ […]

ကြားသိရသမျှ

လမ်းဘေးခွေး ၃၀၀ ကျော်ကို ၁၄ နှစ်လုံးလုံး တစ်ရက်ငါးသောင်းဖိုး ကုန်ကျခံကျွေးမွေးနေသူ…………..

လမ်းဘေးခွေး(၃၀၀) ကျော်ကို (၁၄)နှစ်လုံးလုံး တစ်ရက် ငါးသောင်းဖိုး ကုန်ကျခံ ကျွေးမွေးနေသူ။ မုံရွာမြို့ နေရာအနှံ့က လမ်းဘေးခွေး အကောင် ၃၀၀ ကျော်ကို ညနေတိုင်း တစ်ရက်ကို ငွေ ၅ သောင်းကျပ်ဖိုးခန့် ထမင်းနဲ့ ကြက်ခေါင်းဟင်းကို နယ်ပြီး မြို့အနှံ့ နေရာစုံ လိုက်လံ ကျွေးမွေးပြီး တိရိစ္ဆာန်များရဲ့ ကျန်းမာရေးကိုပါ စောင့်ရှောက်ပေးနေတဲ့ ဦးခင်မောင်ဆန်း၊ အများကခေါ်ကြတဲ့ ဂျပန်ကြီးဆိုတဲ့ လေးစားဖွယ်ရာ ဦးလေးတစ်ဦးရှိပါတယ်။ သူဟာ အခုလို လမ်းဘေးခွေးများကို နေ့စဉ်နေ့တိုင်း လိုက်လံကျွေးမွေးနေခဲ့တာ တစ်ရက်ကို ငွေ ၅ သောင်းကျပ်ဖိုးနှင့် နှစ်ပေါင်း ၁၄ နှစ်အတွင်းမှာ တစ်ရက်မှ မပျက်ကွက်ခဲ့ဘူးလို့လည်းဆိုပါတယ်။ တစ်ခါတစ်လေ သူနားတဲ့ ရက်တွေမှာဆို သူရဲ့တပည့်ကို ကျွေးခိုင်းတာ ဖြစ်ပြီး အခုလို ကျွေးမွေးရတဲ့ […]