သတင်း
အာဆီယံမှာ ကျားတကောင်အဖြစ် ပြန်နိုး ထလာတော့မယ့် မြန်မာ
အာဆီယံ မှာ ကျားတကောင်အဖြစ် ပြန်နိုး ထလာတော့မယ့် မြန်မာ ကမ္ဘာမှာ စီးပွားရေး တွေ ပြန်စတယ်။ ကျောင်းတွေ ပြန်ဖွင့်ကြတယ်။ ကိုဗစ် ကို နိုင်လိုက်ပီဆိုပီး ရဲဝံ့စွန့်စား လိုက်ကြတယ်။ Mask တွေ မတပ်ကြတော့ဘူး။ အဲဒီအချိန်မှာ ကိုဗစ် က နောက်တကြိမ် ထတွယ်ပါတယ်။ ဂျပန်မှာ မြို့တွေ ပြန်ပိတ်လိုက်ရပီ။ Lock Down ပေါ့။ ၃လ ကျော် ပိုးကူးတဲ့သူ တယောက်မှ မတွေ့ခဲ့တဲ့ ဗီယက်နမ် မှာ ၃ ယောက် သေသွားပီ။ ထိုင်းမှာလဲ အသဲအသန်။ အမေရိကန် မှာလဲ မရပ်တန့်နိုင်သေးပါဘူး။ ဒီအချိန်မှာ ဘာဖြစ်ဖြစ် စည်းကမ်းတွေကို မလျှော့လိုက်တဲ့ မြန်မာအစိုးရကို ကျေးဇူးတင်ရပါတယ်။ ဘောလုံးပွဲတွေ၊ ရှိုးပွဲတွေ၊ […]
သတင်း
ဆရာလေး ဒေါ်နန္ဒမာလာ တစ်ဖြစ်လဲ တေးသံရှင် သရုပ်ဆောင် တင့်တင့်ထွန်း ကွယ်လွန်တဲ့သတင်းဟာ သတင်းမှားသာဖြစ်
သတင်း
(၈)တန်းနှင့်(၁၀)တန်း ကျောင်းသူ(၂)ဦးအား သတ်ခဲ့မှုသတင်းအပြည့်အစုံ
(၈)တန်းနှင့်(၁၀)တန်း ကျောင်းသူ(၂)ဦးအား သတ်ခဲ့မှုသတင်းအပြည့်အစုံ အင်းတော်မြို့နယ် နတ်မဟုတ်ကလေးကျေးရွာမှ(၈)တန်းနှင့်(၁၀)တန်း ကျောင်းသူ(၂)ဦးအား သတ်ခဲ့မှုသတင်းအပြည့်အစုံ အင်းတော်မြို့နယ်က နှစ်‌လောင်းပြိုင်လူသတ်မှုကိုကသာခရိုင်ရဲမှုးကြီး အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့်‌ဖော်ထုတ်ကာ လူသတ်တရားခံအားတရားစွဲဆိုနိုင်တော့မည် ဖြစ်ကြောင်းသိရ။ စစ်ကိုင်းတိုင်းဒေသကြီးကသာခရိုင်အင်းတော်မြို့နယ်နတ်မဟုတ်ကလေးကျေးရွာအနီးမောင်းအင်းကန်နံဘေးတွင်အသက်၁၇နှစ်အရွယ်နှင့်အသက်၁၄နှစ်အရွယ်ကျောင်းသူနှစ်ဦးကိုဓားဖြင့်အချက်ပေါင်းများစွာထိုးသတ်ခဲ့သည့်အမှု၁၃-၇-၂၀၂၀ရက်နေ့ကဖြစ်ပွားခဲ့သည်။ အဆိုပါအမှုကိုသေဆုံးသူညီအစ်မ၏မိခင်ဒေါ်တင်ဖြူ ဦးကတရားလိုပြုလုပ်ကာအင်းတော်မြို့မရဲစခန်း၌(ပ)၅၆/၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ(၃၀၂)ဖြင့်အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ အမှုဖွင့်ပြီးနောက်အမှူမှမသင်္ကာသူသန်းထွန်း(ခ)အံထော်ကိုသက်‌သေခိုင်မာစွာဖြင့်တရားစွဲဆိုတင်ပို့နိုင်ရေးအတွက်ကသာခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးမြင့်‌သောင်းမှအနီးကပ်ကြီးကြပ်ကွပ်ကဲလျှက်ကသာခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှုခင်းနှိမ်နင်းရေးဌာနစုမှရဲအုပ်သက်နိုင်ဦးရဲအုပ်တင်မျိုးထွဋ်ဦးဆောင်သောတပ်ဖွဲ့ဝင်များအင်း‌တော်မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမျိုး‌အေး‌ဆွေအင်းတော်မြိ့မရဲစခန်းမှနယ်ထိန်းခေါင်းဆောင်ဒုရဲအုပ်မင်းအောင်ဦး‌ဆောင်‌သောတပ်ဖွဲ့ဝင်များအမှုစစ်‌ခေတ္တမြို့မရဲစခန်းမှုးဒုရဲမှုးစိန်ရတို့မှအထူးအမှူစစ်အဖွဲ့ဖွဲ့စည်းကာအမှုကိုတိကျစွာဖော်ထုတ်ခဲ့ရကြောင်းသိရသည်။ စစ်ဆေးချက်အရမသင်္ကာတရားခံသန်းထွန်းသည် (၁၃-၇-၂၀၂၀)ရက်နေ့နံနက်၆နာရီအချိန်ကနတ်မဟုတ်ကလေးကျေးရွာအနောက်ဖက်(၁)ဖာလုံခန့်အကွာရှိ၎င်း၏အစ်ကိုဖြစ်သူဦးထွန်းနွဲ့၏လယ်တွင်သူရင်းငှားအလုပ်လုပ်ကိုင်နေခဲ့ကြောင်းထိုနေ့နေ့လယ်တစ်နာရီခန့်အချိန်ကဦးနှင်းအောင်၏အခင်းတောထဲ၌၎င်းစုပုံထားသောထင်းချောင်းအခြောက်အားယူဆောင်ရန်သွားစဉ်ထင်းများစုပုံထားသောနေရာမှတစ်ဖာလုံခန့်အကွာတွင် တစ်ရွာထဲနေ သိန်းသန်းစိုး(ခ)မောင်စိုး၏သမီးနှစ်ယောက်ဖြစ်သော မနီလာစိုးနှင့် မသွယ်သွယ်ဟိန်းတို့နှစ်ဦးမှာ ၎င်းယူဆောင်ရန်ထားရှိသောထင်းတုံးနှင့် ထင်း‌ချောင်းတစ်‌ချောင်းတို့အားသယ်‌ဆောင်လာသည်ကိုတွေ့ရသဖြင့်ထင်းများကို ယူမသွားရန်တားမြစ်ခဲ့ပြီး ထိုညီအစ်မနှစ်ဦးနှင့် စကားများရန်ဖြစ်ရာအငယ်မဖြစ်သူက မကြားဝံမနာသာ စကားများဖြင့်ဆဲဆိုခဲ့ကြောင်း စောက်ပတ်ရုပ်/ဆေးစားဘဲကြီး/ဘိန်းဆီစားကြီးဟု ဆက်တိုက်ဆဲဆိုခဲ့ကြောင်း ထိုသို့မဆဲဆိုရန် တားမြစ်သော်လည်းမရသဖြင့်၎င်းမှာမူးယစ်ဆေးဝါးလည်းအလွန်အကျွံသုံးစွဲထားသဖြင့် စိတ်ရိုင်းများဝင်ကာ မသွယ်သွယ်ဟိန်း၏ ညာဘက်နားထင်အား ညာလက်ဖြင့်ရိုက်ချခဲ့ကြောင်း ထို့နောက်ကျောတွင်လွယ်ထားသောအပြာရောင်ရေပိုက်စဖြင့်ချုပ်ထားသည့်ဓါးထည့်အိတ်အတွင်းမှအရိုးအသွားအရှည်တစ်တောင်ခန့်ရှိဓားဦးချွန်ဖြင့်မသွယ်သွယ်ဟိန်း၏ဝမ်းဗိုက်အားအရင်ဆုံးထိုးခဲ့ကြောင်း ထို့နောက်အကြီးမဖြစ်သူမနီလာစိုးမှာ အနားကပ်လာသဖြင့်လက်တွင်ကိုင်ထားသောအဆိုပါဓားဦးချွန်ဖြင့်ထိုးခဲ့‌ကြောင်းညီအစ်မနှစ်ဦးအား လိုက်လံထိုးနှက်စဉ် အခင်းဖြစ်လမ်းဘေးခြုံဘုတ်အတွင်းပုံလျှက်လဲကျသွားခဲ့ကြောင်း ထိုအခါသူမတို့နှစ်ဦး၏ခန္ဓာကိုယ်အနှံဓားဖြင့်းအဆက်မပြတ်ထိုးခဲ့ပြီးအစ်ကိုဖြစ်သူဦးထွန်းနွဲ့၏လယ်တဲသို့ပြန်လာခဲ့ကြောင်းအခင်းဖြစ်နေရာတွင်၎င်းစီးနင်းသည့်နံပါတ်(၁၀)ခွဲအဝါရောင်သဲကြိုးပါရှိုးဝါးဖိနပ်တစ်ဘက်ကျန်ရစ်ခဲ့ကြောင်းညာဘက်ဖိနပ်မှာမည်သည့်နေရာတွင်ကျန်ခဲ့သည်ကို မမှတ်မိသောဓားနှင့် အင်္ကျီများကိုလည်းလိုက်လံပြသခဲ့ပြီးနောက်အင်း‌တော်တရားရုံးရှိတရားသူကြီးရှေ့မှောက်တွင်ဖြောင့်ချက်ပေးကာဝန်ခံထွက်ဆိုခဲ့သည်။ ယင်းလူသတ်မှုအားအမှုမှန်ပေါ်ပေါက်အောင်မနားမနေစုံစမ်းထောက်လှမ်းဖော်ထုတ်ခဲ့သောကသာခရိုင်ရဲတပ်ဖွဲ့မှုး ဒုတိယရဲမှုးကြီးမြင့်သောင်းသည်မြန်မာနိုင်ငံရဲတပ်ဖွဲ့မှဆုလက်မှတ်ပေါင်း(၂၄)ကြိမ်ဆုတံဆိတ်(၂)ကြိမ်ရရှိခဲ့သူဖြစ်ပြီးတစ်ဆင့်မြင့်ရာထူးတိုး နှစ်ကြိမ်ရခဲ့သည်။ ၂၀၀၅ ခုနှစ်က မင်္ဂလာတောင်ညွန့်မြို့နယ်ကန်တော်လေးအနီးတွင်ဖြစ်ပွားခဲ့သောအောင်အောင်(LGBT)အား လူ ၃ဦးကအဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သော အမှုအမှတ်(ပ)၁၂၆၄/၂၀၀၅ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၅ […]
သတင်း
တစ်ဦးတည်းသာ သက်ရှိထင်ရှား ကျန်တော့သည့် အာဇာနည်ခေါင်းဆောင်တစ်ဦး၏ ဇနီး…။
တစ်ဦးထဲသာကျန်ရှိတော့သည့်အာဇာနည်ခေါင်းဆောင်ဦးအုန်းမောင်၏ ဇနီးဖွားဖွားဒေါ်သိန်းကြွယ် အာဇာနည်ခေါင်းဆောင်ကြီး (၉)ဦးထဲက သားသမီးမြေးမြစ်အနေနဲ့မဟုတ်ဘဲ ဇနီးမယားအဖြစ် သက်ရှိကျန်ရှိနေတာ တစ်ဦးပဲရှိပါတော့တယ်။ သူမကတော့ အသက် (၉၅) နှစ်အရွယ် ဖွားဖွားဒေါ်သိန်းကြွယ်ဖြစ်ပါတယ်။ သူမရဲ့ခင်ပွန်းသည် အာဇာနည်ခေါင်းဆောင်ကြီးကတော့ သူမထက်အသက် (၁၀)နှစ်ကြီးတဲ့ အတွင်းဝန် ဦးအုန်းမောင်ပါ။ သူဟာ ဗိုလ်ချုပ်အောင်ဆန်းထက် အသက်(၂)နှစ်ကြီး၍၁၉၁၃ ခုနှစ် ဇနဝါရီဖွားဖြစ်ပါတယ်။ အတွင်းဝန်ဦးအုန်းမောင်ဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူတူတစ်ရက်ထဲ ၁၉၄၇ ခုနှစ် ၁၉ ဇူလိုင်နေ့မှာ ဂဠုန်ဦးစောရဲ့လုပ်ကြံမှုနဲ့ ကျဆုံးခဲ့ရသူ ဖြစ်ပါတယ်။ ဖွားဖွားကြီးဒေါ်သိန်းကြွယ်ကျမ္မာချမ်းသာပါစေ……။အိန်ဂျယ် အာဇာနည် ဦးအုန်းမောင်(၁၉၁၃-၁၉၄၇) ဦးအုန်းမောင်သည် မင်းဘူးမြို့ မစ္စတာ အိပ်ခ်ျဒဗလျူတရပ်(တ်)ဝိန်း၊ ဒေါ်ရွှေမြင့်တို့၏ ဒုတိယသားဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉၁၃ ခု၊ ဖေဖော်ဝါရီလ ၂ ရက် ဖြစ်သည်။တက္ကသိုလ်ကျောင်းသားဘဝက ရန်ကုန်တက္ကသိုလ် တပ်ရင်းတွင် တပ်ခွဲ တပ်ထောက်အဖြစ် ဆောင်ရွက်ခဲ့သည်။ […]
သတင်း
မသင်းသင်းကို မမှန်မကန်လိမ်လည်ထွက်ဆိုမှုဖြင့် အရေးယူပေးရန် ရုံးတော်တွင် လျှောက်ထားလိုက်ပြီ
ဦးဝေဠုကျော်ရှေ့နေမှ မသင်းသင်းဦးအား မမှန်မကန်လိမ်လည် ထွက်ဆိုမှုဖြင့် အရေးယူပေးရန် ရုံးတော်တွင်လျှောက်ထားလိုက်ပြီ…. မသင်းသင်းမှတခြားအမျိုးသား တဦးကိုလည်း ကာမလိမ်လည်မှုနဲ့ တရား စွဲခဲ့ဘူးတဲ့ အတွေ့အကြုံရှိသူ ဖြစ်နေ မသင်းသင်းဦး VS ကိုဝေဠုကျော် ပြန်လှန်စစ်မေးခြင်း (ဒုတိယ) အကြိမ်ကိုဝေဠုကျော်၏ ရှေ့နေမှ မသင်းသင်းဦးအား စစ်မေးချက်များ ယခင် ရုံးချိန်းမှအဆက် ရှေ့နေမေး ….စာမျက်နှာ ၂၅၄ မှ ၈၃၉ ထိသက်သေခံအဖြစ်တင်ပြထားသောသက်သေခံ (ည) (ဋ) (ဌ) အသံဖိုင်များ အနက်ကျန်ရှိသောစာမျက်နှာ ၂၅၄ မှ ၈၃၉ ထိ အသံဖိုင်များတွင်လည်း ကိုဝေဠုကျော် မှ ကျမအားလက်ထက်ပေါင်းသင်းပါမည် ဟု ကတိပေးပြောကြားထားသည့် စကားရပ်များ ပါဝင်ခြင်း မရှိဆိုလျှင် မသင်းသင်းဦးဖြေ …..ပါပါသည် ရှေ့နေမေး ……ကိုဝေဠုကျော် မှ မည်သည့် နေ့ရက်တွင် […]
သတင်း
ဇွဲကပင်တောင်တွင် ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားခဲ့တဲ့ကောင်လေးရဲ့ မိဘအိမ်သို့သွားပြီး အားပေးနှစ်သိမ့်ခဲ့တဲ့ Sinon Loresca
မြန်မာပြည်ရှိ ဆင်းရဲသား အခြေခံလူတန်းစားများရဲ့ဘဝကို စာနာသနားစိတ်ဖြင့် တစ်ဖက်တစ်လမ်းကနေ တတ်နိုင်သလောက် လိုက်လံကူညီထောက်ပံ့ပေးနေတဲ့ ဖိလစ်ပိုင်နိုင်ငံသား Sinon Loresca ဟာဆိုရင် သူ့ရဲ့ဖြူစင်တဲ့စိတ်ထား၊ ကြင်နာတတ်တဲ့နှလုံးသားကြောင့် မြန်မာပရိသတ်တွေရဲ့ အချစ်တွေကိုရရှိပိုင်ဆိုင်ထားတာပါ။ အလျဉ်းသင့်ရင် သင့်သလို ကူညီလှူဒါန်းမှုတွေပြုလုပ်နေတဲ့ SInon က မြန်မာပြည်သူတွေရဲ့ ကိုးကွယ်မှုနဲ့ ယဉ်ကျေးမှုကိုလည်း အလေးထားမြတ်နိုးသူပါ။ Sinon က ကိုဗစ်-၁၉ ရောဂါကြောင့် Stay Home ကာလများအပြီးမှာ မြန်မာပြည်ရဲ့ နာမည်ကြီးနေရာဒေသတွေကို သွားလာလည်ပတ်နေတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ ဇွဲကပင်မြေ ဘားအံကိုရောက်ရှိနေတဲ့ Sinon က ကရင်ပြည်နယ်ကိုရောက်ခိုက်မှာ မကြာသေးခင်ကမှ ဇွဲကပင်တောင်တွင် ကိုယ့်ကိုကိုယ် Suicide လုပ် အဆုံးစီရင်သွားတဲ့ကောင်လေးရဲ့ မိဘများရှိရာနေအိမ်သို့သွားရောက်ခဲ့တယ်လို့ သိရပါတယ်။ သားဖြစ်သူ ဆုံးပါးသွားတာကြောင့် ပူဆွေးသောကရောက်နေတဲ့ ထိုကောင်လေးရဲ့မိဘအိမ်သို့သွားရောက်ပြီး အားပေးနှစ်သိမ့်ခဲ့တာကို တွေ့မြင်ရပါတယ်။ […]
သတင်း
သာသနာ့ဘောင် အပြီးဝင်တော့မယ့် အပျိုးကြီး ဒါရိုက်တာ ကြည်ဖြူရှင်
မြန်မာနိုင်ငံရဲ့ ရှားရှားပါးပါး အမျိုးသမီး ရုပ်ရှင်ဒါရိုက်​တွေထဲမှာ ကြည်ဖြူရှင်လည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ ဒါရိုက်တာ ကြည်ဖြူသျှင်ဟာ ၁၉၉၇ ခုနှစ်ကတည်းက အနုပညာလောကထဲမှာ ဒါရိုက်တာ တစ်ယောက်အဖြစ် ရပ်တည်လာခဲ့တာဖြစ်ပါတယ်။ သူဟာ ကိုယ်တိုင် ဇာတ်ညွှန်းလည်းရေးသလို ၊ ဒါရိုက်တာအဖြစ် ရုပ်ရှင် နဲ့ ဗီဒီယို ဇာတ်ကားတွေ ကိုရိုက်ကူးခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် ဂျပန်- မြန်မာ ချစ်ကြည်ရေးအဖြစ် ရိုက်ကူးထားတဲ့ “ဇာတိမြေ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဖန်တီးသူ တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ အဲ့ဒီလို အောင်မြင်မှုတွေ ပိုင်ဆိုင်ထားတဲ့ ဒါရိုက်တာကြည်ဖြူသျှင်ကတော့ အနုပညာ အလုပ်တွေကို စွန့်လွှတ်ပြီးသာသနာ့ဘောင် ထဲအပြီးတိုင် ဝင်ရောက်ဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီလို့ သိရပါတယ်။ ။အသက် (၅၅) နှစ်မှာ ဒါရိုက်တာ အလုပ်ကို စွန့်လွှတ်ကာ အစသက် ( […]
သတင်း
နိုင်ငံတော်မှပေးဝေသော ဆန်၊ ဆီနှင့်၊ ငွေကြေးများ မရရှိဟုဆိုကာ ရပ်ကွက်နေ ပြည်သူတစ်ချို့ ပြောဆို ဇူလိုင်(၁၃) AlinnMyay(အလင်းမြေ) မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ)ရပ်ကွက် အပိုင်း ၁ မှ ရပ်ကွက်နေပြည်သူတစ်ချို့သည် ပထမအကြိမ် နိုင်ငံတော်မှ ဆန်၊ဆီ ပေးဝေတုန်းကလည်း မရရှိ၊ ဒုတိယအကြိမ် ပိုက်ဆံပေးဝေတဲ့အခါမှာလည်း မရရှိဟု ဆိုတာ ရင်ဖွင့် ပြောဆိုလာခဲ့ကြပါတယ်။ ယနေ့မှာတော့ ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးထံ ထပ်မံမေးမြန်းရာတွင် မရသေးပဲ ကျန်ရှိနေသူအချို့ကို ထပ်မံစာရင်းကောက်ယူကာ ပေးဝေပေးခဲ့ပြီဖြစ်ကြောင်း ပြောပါတယ်။ AlinnMyay(အလင်းမြေ) ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး သတင်းမှန်မီဒီယာ Credit to AlinnMyay Zawgyi နိုင်ငံတော်မှပေးဝေသော ဆန်၊ ဆီနှင့်၊ ငွေကြေးများ မရရှိဟုဆိုကာ ရပ်ကွက်နေ ပြည်သူတစ်ချို့ ပြောဆို ဇူလိုင်(၁၃) AlinnMyay(အလင်းမြေ) […]
သတင်း
ကျော်ဟိန်းရဲ့ သမီး ခင်ခင်ခ တင်ထားတဲ့ “ပထမဆုံး” လွမ်းဆွတ်ဖွယ်သီချင်းလေး😥😥
ကျော်ဟိန်းရဲ့ သမီး ခင်ခင်ခ တင်ထားတဲ့ “ပထမဆုံး” လွမ်းဆွတ်ဖွယ်သီချင်းလေး ရုပ်သံကို အောက်ဆုံးတွင် ဖော်ပြထားပါသည်။ မင်းသားကြီးဦးကျော်ဟိန်းရဲ့ လူသိနည်းသော ဘဝဇာတ်ကြောင်းကို ပြန်လည် မျှဝေလိုက်ပါတယ်နော်.. ရန်ကုန်မြို့၊ ကြည့်မြင်တိုင်၊ ABM ကျောင်းမှာ ပထမတန်း ကနေ စတုတ္ထတန်း အထိ ကျောင်းစာ သင်ကြားခဲ့သည်။(စတုတ္ထတန်းစာမေးပွဲမှာ အောင်မှတ် မပြည့်လို့ နွေရာသီကျောင်းပိတ်ရက် နှစ်လ မှာ စာကျက်ပြီစာမေးပွဲပြန်ဖြေရတယ်။ (၁၉၅၆ ခုနှစ် အလုံမြို့နယ်၊ ဟုမ်းလမ်း ဘူတာရုံနားက ယူနစ်ကရင်ကျောင်းမှာ ပဉ္စမတန်း ကို တက်ရောက်သင်ကြား။၁၉၅၇ခုနှစ်အလုံမြို့နယ်၊ ကူရှင်ကျောင်းမှာ ဆဋ္ဌမတန်း၊ သတ္တမတန်း (နှစ်ကြိမ်)၊အဋ္ဌမတန်း၊ နဝမတန်း (နှစ်ခါ ကျလို့ကျောင်းထွက်လိုက်ရ)၁၉၆၄ခုနှစ် ရန်ကုန်မြို့၊ မြို့နယ် အသီးသီးရှိ အလွတ် ပညာသင်ကျောင်း (ညကျောင်း အပါအဝင်)၊(၂၃) ကျောင်းပြောင်းရွှေ့သင်ကြား၊နောက်ပိုင်း ကျောင်း […]
သတင်း
ရောင်းချရန်ထီလက်မှတ်(10)သိန်းဖိုးခန့်အိတ်မှားပါသွား၍ ရရှိထားသူမှပြန်လည်ဆက်သွယ်ပေးပါရန်တောင်းဆိုပါသည် ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်သဇင်ရေကျော်ကျေးရွာနေ ဦးမိုးသီးသည်မအူပင်မြို့ မိုးယံထီဆိုင်မှ ထီလက်မှတ်များကိုရွာတွင်ပြန်ရောင်းရန် 5.7.2020ရက်နေ့မနက်(10)နာရီခန့်တွင်မအူပင်တွင်သွားယူပြီးရန်ကုန်သို့သွားမည့်ရွှေကိန္နရီကားဖြင့် မအူပင်ဘုရားလမ်းမှတက်စီးခဲ့ပါသည်ဆားမလောက်အမှတ်(2)မြောင်းတွင်ဆင်းခဲ့ရာ ကားသမားချပေးသောပီနံအိတ်အဖြူကို မိမိအိတ်နှင့်အလွန်တူနေသောကြောင့်ယူပြီးရွာသို့ပြန်ခဲ့ရာ ရွာရောက်မှမိမိအထုပ်မဟုတ်မှန်းသိရပါသည်မှားပါလာသောအထုပ်ထဲတွင် အသီးအနှံများသာပါလာပါသည်ဦးမိုးသီးအထုပ်ထဲတွင် ရောင်းချရန်ထီလက်မှတ်(10)သိန်းဖိုးခန့်နှင့်အခြားသူများမှမှာလိုက်သော ဆေး မညွန့်မေဆေးလိပ် ကျားပဲမုန့်များပါသွားပါသည် ဦးမိုးသီးသည် အသက်(89)နှစ်အရွယ်ရှိ မိခင်အိုကြီးနှင့်သားအမိနှစ်ယောက်တည်း ထီရောင်းရင်း ဘဝကိုခက်ခဲစွာ ရုန်းကန်ရှာဖွေစားသောက်နေရသူတစ်ဦးပါ ယခုအခါထီလက်မှတ်ဖိုးများ ပြန်ပေးရန်လည်းလွန်စွာအခက်အခဲရှိနေပါသည်အိတ်မှားရရှိသွားသူအနေဖြင့်သနားငဲ့ညာသောအားဖြင့်ပြန်လည်ဆက်သွယ်ပေးပါရန် အနူးအညွတ် တောင်းဆိုပါတယ် ပြန်ရရှိခဲ့ရင်လည်း ကျေးဇူးပြန်ဆပ်ပါမယ် ပြန်လည်ဆက်သွယ်ပေးပါရန် 09 784 172 808 09 9610 16 116 ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် သဇင်ရေကျော်ကျေးရွာ Credit ======== ရောင်းချရန်ထီလက်မှတ်(10)သိန်းဖိုးခန့်အိတ်မှားပါသွား၍ ရရှိထားသူမှပြန်လည်ဆက်သွယ်ပေးပါရန်တောင်းဆိုပါသည် ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်သဇင်ရေကျော်ကျေးရွာနေ ဦးမိုးသီးသည်မအူပင်မြို့ မိုးယံထီဆိုင်မှ ထီလက်မှတ်များကိုရွာတွင်ပြန်ရောင်းရန် 5.7.2020ရက်နေ့မနက်(10)နာရီခန့်တွင်မအူပင်တွင်သွားယူပြီးရန်ကုန်သို့သွားမည့်ရွှေကိန္နရီကားဖြင့် မအူပင်ဘုရားလမ်းမှတက်စီးခဲ့ပါသည်ဆားမလောက်အမှတ်(2)မြောင်းတွင်ဆင်းခဲ့ရာ ကားသမားချပေးသောပီနံအိတ်အဖြူကို မိမိအိတ်နှင့်အလွန်တူနေသောကြောင့်ယူပြီးရွာသို့ပြန်ခဲ့ရာ ရွာရောက်မှမိမိအထုပ်မဟုတ်မှန်းသိရပါသည်မှားပါလာသောအထုပ်ထဲတွင် […]