မျက်နှာပေါ်ရှိအမဲစက်အမဲကွက်နှင့်အမာရွတ်များကို(၅)ရက်အတွင်းပျောက်ပျက်စေနိုင်မယ့်အားလူး/သံပုရာ မျက်နှာပေါ်ရှိ အမဲစက် အမဲကွက်နှင့် အမာရွတ်များကို ၅ရက် အတွင်းပျောက်ပျက်စေ နိုင်မယ့် နည်းလမ်း မျက်နှာမှာ ရှိတတ်တဲ့ အမဲစက်တွေ နဲ့ဝက်ခြံကြောင့် ကျန်ခဲ့တဲ့ အမာရွတ်တွေ အမဲကွက်တွေ ကို၅ရက်အတွင်း သိသိသာသာေ ပျာက်ကင်းစေပြီး မျက်နှာ အသားအရေ ကိုဖြူဝင်းတောက်ပစေ မယ့် နည်းလမ်းကောင်း တစ်ခုကိုဖော်ပြပေး ချင်ပါတယ် ။ ပါဝင်ပစ္စည်း အာလူး၁လုံး သံပုယိုသီး ၁စိတ်ပြုလုပ်ပုံ ပထမဦးစွာ အာလူးကို အခွံခွာပါ ထို့နောက်ခပ်သေးသေးလေးတွေလှီးပြီးblender ဖြင့်ကြိတ် ပါပြီးလျှင် ခွက်သန့်သန့်တစ်ခု ထဲသို့ကြိတ်ထားသော အာလူးတွေ ကိုရေစစ်(သို့)ဇကာ စိတ်စိတ်ခံ၍လောင်းထည့် ပါခွက်ထဲတွင်အာလူးအရည် သန့်သန့်သာ ကျန်ပါလိမ့်မည် ။ ထိုအထဲသို့သံပုယိုသီး တစ်စိတ်ကို ညှစ်ထည့်ပြီးမွှေ လိုက်ပါပြီး လျှင်ဂွမ်းလုံးလေးဖြင့် စိမ်ပြီး မျက်နှာ အနံပွတ်ပေးပါ အမာရွတ် […]
Health Care
အရေးအကြောင်းတွေ ပျောက်စေပြီး နုပျိုသွားအာင် လုပ်ပေးမယ့် မျက်နှာပေါင်းတင်နည်
ပျိုမေတို့ရေ … အသက်အရွယ်ကြီး လာတာနဲ့ အသားအရေကအစ ပြောင်းလဲတတ်တယ်။ ဒီလိုပြောင်းလဲလာရင် အဓိက သိသာစေတာကတော့ အရေးအကြောင်းတွေပါပဲ။ ကိုယ့်မျက်နှာမှာ အရေးအကြောင်းတွေ ရှိနေပြီးဆိုတာ ကိုယ်အသက်ကြီးနေပြီ ဆိုတာကို သတိပေးနေတဲ့ အချက်ပါပဲ။ ဒီလိုတွေ မဖြစ်ရအောင် ၊ မှန်ကြည့်တိုင်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင် ဒီနည်းနဲ့ လုပ်ပေးပါ။ (၁) သံလွင်ဆီ နဲ့ သံပယိုရည် ပါဝင်ပစ္စည်းများ – သံလွင်ဆီ နဲ့ သံပယိုရည် ။သံလွင်ဆီကို ဇလုံထဲ ထည့်ပေးပြီး သံပယိုရည် (လက်ဖက်ရည်ဇွန်း ၁ ဇွန်း အပြည့်)ကိုလည်း ရောပေးပါ။ ဒီအရောနဲ့ မျက်နှာကိုလိမ်းပေးပြီး နှိပ်နယ်ပေးပါ။ရလဒ္ကေတာ့.. အသားအေရကို ႏုလာၿပီးအရေးအကြောင်းတွေကိုလည်း လျော့နည်းစေပါတယ်။ (၂) ပန်းသီး ပါဝင်ပစ္စည်း – ပန်းသီး ၊ […]
ကလေးငယ်များ ဘာဖြစ်ရင် ဘယ်နေရာကို နှိပ်ပေးရမယ်ဆိုတဲ့ နည်းလမ်းများ(မိဘများ သိသင့်ပါတယ်)
ကလေးငယ်များ ဘာဖြစ်ရင် ဘယ်နေရာကို နှိပ်ပေးရမယ်ဆိုတဲ့ နည်းလမ်းများ..(မိဘများ သိသင့်ပါတယ်) ကလေးငယ်တွေအတွက် နှိပ်နည်း ။ကလေးငယ်ရှိတဲ့ မိဘများသိထားသင့်တဲ့ ဘာဖြစ်ရင် ဘယ်နေရာကို နှိပ်ပေးရမယ်ဆိုတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်…။ (၁) ဦးခေါင်းနဲ့ သွားများ အတွက် ခန္ဓာကိုယ်ရဲ့ reflexology မြေပုံညွှန်ပြပုံ အရ ဦးခေါင်းနဲ့ အံသွားများက ခြေချောင်းတွေနဲ့ ဆက်စပ်မှုရှိနေပါတယ် ။ အဆိုပါ ခြေချောင်းလေးတွေကို နှိပ်နယ်ပေးခြင်းဖြင့် သွား နဲ့ ဦးခေါင်းနာကျင်ခြင်း ဝေဒနာများကိုသက်သာစေပါတယ်။ ဒါ့ကြောင့် ကလေးရဲ့ ဘယ် ညာ ခြေမလေးတွေ၊ ခြေဖျားလေးတွေကို ညင်ညင်သာသာ ဖျစ်ညစ်ပြီး ပတ်ပတ်လည် နှိပ်နယ်ပေးလိုက်ပါ။ နှိပ်တဲ့အခါ ခြေချောင်းအောက်ဘက် ဧရိယာ တစ်ဝှိုက်ကို ညင်ညင်သာသာ နှိပ်နယ်ပေးဖို့ လိုအပ်ပါတယ်။ (၂) နှာခေါင်း အတွက် […]
အဆီတဝင်းဝင်း မဲနေတဲ့မျက်နှာကို ခဏလေးနဲ့ ချက်ချင်း ပုံစံပြောင်းသွားစေမယ့် နည်းလမ်းများ
မျက်နှာအဆီပြန်တတ်တဲ့ အသားအရေများက ပူနေတဲ့အချိန်ကာလတွေဆို သိပ်ကို စိတ်ညစ်ကြရပါတယ်..။ အရေပြားက သဘာဝအဆီတွေကို ပုံမှန်အချိန်ထက် ပိုထုတ်တဲ့အပြင် အပြင်မှာ အရမ်းပူနေလို့ ချွေးကလည်း ထွက်၊ အရေပြားဆဲလ်အသေတွေက စုပုံနေ ချွေးပေါက်တွေက ကျယ်နေပြီးတော့ အညစ်အကြေးတွေပိတ်မိနဲ့ ဝက်ခြံပေါက်လိုက် ပျောက်လိုက်နဲ့ သံသရာက လုံးလည်ချာလည် လိုက်နေတော့တာပါပဲ။ ဒါကြောင့် မျက်နှာအဆီတဝင်းဝင်း ဖြစ်နေတာနဲ့ပတ် သက်ပြီးတော့.. ခဏလေးနဲ့ ရှင်းလင်းသွားစေမယ့် နည်းလမ်းလေးတွေကို အခုလိုပဲ ဖော်ပြပေးလိုက်ပါတယ်။ ၁။ မျက်နှာကို အမြဲသစ်ပါ ဒီအချက်ကို လူတိုင်းသိကြပေမယ့် တကယ်တမ်း လုပ်ဖို့ကျတော့ တော်တော်များများက ပျင်းနေတတ်ပါတယ်။ အထူးသဖြင့် အရေပြားအဆီပြန်တဲ့သူတွေဆို ဒီအဆီတွေကို ဖယ်ထုတ်ပစ်ဖို့ မျက်နှာကို ပုံမှန်သစ်ပေးဖို့ လိုအပ်ပါတယ်..။ ဒါကြောင့် မနက်အိပ်ရာထလာရင် တစ်ကြိမ်၊ ညအိပ် ခါနီးရင် တစ်ကြိမ် မျက်နှာသစ်ဆပ်ပြာ […]
မျက်နှာအသားအရေ ညစ်ညစ်ကြီးဖြစ်နေလို့ စိတ်ညစ်နေရင်..
မျက်နှာအသားအရေ ညစ်ညစ်ကြီးဖြစ် နေလို့ စိတ် ပူနေတဲ့ ပျိုမေတို့ အတွက် အညစ်အကြေးတွေ အကုန် ပြောင်စင်ပြီး ခဏအတွင်း ဖြူ ဖွေးလာမယ့် DIY homemade ပေါင်းတင်နည်းလေး ပြောပြပေးပါမယ်နော် ။ လိုအပ်တဲ့ ပစ္စည်းတွေကတော့… ကြက်ဥ တစ်လုံး သံပုရာသီး တစ်လုံး Tissue လိပ်တို့ပဲ ဖြစ်ပါတယ် ။ ပထမဦးဆုံး ကြက်ဥ အကာနဲ့ အနှစ်ကို ခွဲထုတ်ပါမယ်..။ အကာရည်ကိုပဲယူပြီး.. ခွက်ထဲထည့်ပြီး မွှေပေးပါ ။ ပြီးရင်သံပုရာ သီးကိုညစ်ပြီး မွှေထားတဲ့ ကြက်ဥအကာရည်နဲ့ ရောပြီး ပြန်မွှေပေးပါ ။ မွှေထားတဲ့အနှစ်ရည်ကိုမျက်နှာပေါ်အနှံ သုပ်လိမ်းပေးပါပြီးရင်မျက်နှာပေါ်ကိုTissue ဖတ်နဲ့အပြည့်ကပ် ပေးပြီး ၁၅ မိနစ်ခန့် လောက်ခြောက်အောင် ထားထား ပေးပါ..။ခြောက်ရင်ညှင်သာစွာ ဖြေးဖြေးလေး ခွာပေးပါ […]
မိန်းကလေးများ ရာသီလာစဉ် (လုံးဝ) သတိထားကြပါ
မိန်းကလေးများ ရာသီလာစဉ် (လုံးဝ) သတိထားကြပါ ဒါတွေ (လုံးဝ) မလုပ်သင့်ပါဘူး (အမျိုးသမီးများသတိထားဆင်ခြင်နိုင်ရန်အတွက်သာ) အမျိုးသမီးများ ရာသီကာလအတွင်း အောက်ပါအချက်များမလုပ်သင့်ပါ။ ၁။ ရာသီချိန်ကာလအတွင်း ရေခဲရေ၊ ဆိုဒါ မသောက်သုံးသင့်သလို အုန်းသီးလည်း မစားသင့်ပါ။သုတေသီများ၏လေ့လာချက်များအရ ရာသီကာလအတွင်းရေခဲရေသောက်သုံးခြင်းသည် သားအိမ်တွင်းကျန်ရှိနေသော ရာသီသွေးကို ခဲစေတက်ပြီး ၅နှစ် မှ ၁၀ နှစ် အတွင်းအကြိမ်ရေများလာသည့်အခါ သားအိမ်ကင်ဆာအကျိတ်ဖြစ်ပေါ်စေနိုင်ပါတယ်။ ၂။ အမျိုးသမီးများရာသီချိန်ကာလအတွင်း ခေါင်းလျှော်ခြင်းမပြုသင့်ပါ။ အဘယ်ကြောင့်ဆိုသော် ရာသီချိန်ကာလအတွင်း ဦးခေါင်း၏ချွေးပေါက်ငယ်လေးများပွင့်နေတတ်ပြီး ခေါင်းလျှော်လိုက်ခြင်းအားဖြင့် ပိုမိုကျယ်သွားစေကာ ဦးခေါင်းအတွင်းပိုင်းကို လေတိုက်ရိုက် သက်ရောက်စေခြင်းကြောင့် ဦးခေါင်းကိုက်ခဲခြင်းကို ဖြစ်စေတတ်ပါတယ်။ ထိုသို့ဖြစ်ခြင်းသည် အရမ်းအန္တရာယ်များပြီး ငယ်ရွယ်စဉ်မှာမသိသာသော်လည်း အသက်ကြီးလာသည့်အခါမှာ ပိုမိုခံစားရပါတယ်။ ၃။ ရာသီကာလအတွင်း သခွားသီးမစားသင့်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သခွားသီးအတွင်းက အရည်ဓာတ်ဟာဆိုရင် သားအိမ်နံရံမှာရှိတဲ့ ရာသီသွေးစွန့်ပစ်ရာ အပေါက်ငယ်လေးများကို […]
ရေနွေးပူပူသောက်တတ်သူများ သတိထားဖို့ ကြောက်စရာ
ရေနွေးပူပူသောက်တတ်သူများ သတိထားဖို့ ကြောက်စရာ ရေနွေးကြမ်းသောက်တာက ခန္ဓာကိုယ်အတွက်ကောင်းကျိုးတွေအများကြီးရပါတယ်။ ဒါပေမယ့် ရေနွေးကြမ်းကိို အရမ်းပူနေတဲ့အချိန်မှာသောက်လိုက်မယ်ဆိုရင် ကျန်းမာရေးအတွက် အန္တရာယ်ရှိပါတယ်။ အထူးသဖြင့် လည်ချောင်းနဲ့ အစာရေမြိုပြွန်အတွက် အန္တရာယ်ရှိတာပါ။ အမေရိကားအခြေစိုက် ကင်ဆာသုတေသနပညာရှင်တွေက အသက် ၄၀ ကနေ ၇၅ နှစ်ကြား လက်ဖက်ရည်ကြမ်းသောက်တတ်တဲ့ လူ ၅သောင်းကို လေ့လာမှုတွေလုပ်ခဲ့တဲ့အခါမှာ ရေနွေးအရမ်းပူနေတုန်းမှာ သောက်တာက လည်ချောင်းကင်ဆာဖြစ်နိုင်ချေကို မြင့်တက်စေတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ လည်ချောင်းက အပူချိန် ၁၄၀ ဒီဂရီဖာရင်ဟိုက် လောက်ဆို မခံနိုုင်တော့တာကြောင့် အရမ်းပူူတဲ့ ရေနွေးကိုသောက်လိုက်တဲ့အခါ တစ်ခေါက်နှစ်ခေါက်ဆို သက်ရောက်မှုသိပ်မရှိပေမယ့် နေ့တိုင်းလိုလို အဲ့လိုအပူကြီးသောက်မယ်ဆိုရင်တော့ လည်ချောင်းကင်ဆာဖြစ်နိုင်ချေ ၉၀ ရာခိုင်နှုန်းအထိရှိလာစေပါတယ်။ လက်ဖက်ရည်၊ ရေနွေးစတာတွေကို ပူတုန်းလေးသောက်လိုက်ပါ ဆိုတဲ့စကားလေးကိုု ကြားနေကျဖြစ်ပါတယ်။ သောက်စရာတစ်ခုကို မှုတ်ပြီးသောက်ရတဲ့အနေအထားဆိုရင် မသောက်သင့်သေးပါဘူး။ ခန္ဓာကိုယ်ကလက်ခံနိုင်တဲ့ အနွေးဓာတ်ရရုံလောက် […]
သွေ_းထွက် ဒဏ်_ရာများအတွက် အခြေခံ အရေးပေါ် ကုသနည်း
သွေးထွက်ဒဏ်ရာများအတွက် အခြေခံ အရေးပေါ် ကုသနည်း.. ယေဘုယျအနေနဲ့ သွေးထွက်ဒဏ်ရာအများစုက သွေးမထွက်အောင် လုပ်ဖို့ လွယ်ကူပါတယ်။ဒါပေမဲ့အဓိကသွေးလွှတ်ကြော(အကြီး)၊သွေးပြန်ကြော(အကြီး)တွေ ထိခိုက်မိတာက အချိန်မီသာ မထိန်းချုပ်နိုင်ရင် အသက်အန္တရာယ်ရှိတဲ့အထိ ဖြစ်နိုင်တာမို့ အရေးကြီးပါတယ်။ သွေးထွက်ဒဏ်ရာကို ယေဘုယျအနေနဲ့ ၁။ပြင်ပဒဏ်ရာမှ သွေးထွက်ခြင်း ၁.၁ ဖြတ်တောက်ဒဏ်ရာ၊ပြတ်တောက်ဒဏ်ရာ(ဥပမာ လက်ထိပ် ဓားနဲ့ ထိပြတ်) ၁.၂ အသားကြေဒဏ်ရာ( ဥပမာ အရာဝတ္ထုနဲ့ဖိမိခြင်း၊ကြားညှပ်မိခြင်း) ၁.၃ နှာခေါင်းသွေးထွက်ခြင်း ၁.၄ ပွန်းပဲ့ဒဏ်ရာ ၁.၅ ထိုးသွင်းဒဏ်ရာ၊သေနတ်ဒဏ်ရာများ ၂။ခန္ဓာကိုယ်တွင်း မှ သွေးထွက်ခြင်း(ဥပမာ အသည်း၊ကျောက်ကပ် ထိခိုက်မိခြင်း၊အစာအိမ်သွေးကြောပေါက်ခြင်း) ပွန်းပဲ့ဒဏ်ရာတို့ ၊ထိရှဒဏ်ရာတို့ကနေ သွေးမထွက်ဖူးသူ ရှားပါလိမ့်မယ်။ယေဘုယျအားဖြင့် အဲဒီလိုဒဏ်ရာတွေက သွေးတိတ်မြန်သလို အသက်အန္တရာယ်လည်း မရှိပါဘူး။ ဒါပေမဲ့ သွေးကြောကြီးတစ်ခုခု ဥပမာ လည်ပင်ကသွေးပြန်ကြော ပြတ်ရှမိရင်တော့ အသက်အန္တရာယ်ရှိပါတယ်။တချို့ပြင်ပဒဏ်ရာတွေက ခန္ဓာကိုယ်အတွင်းပိုင်း အင်္ဂါအစိတ်အပိုင်းထိခိုက်တာနဲ့ […]
ဆောင်းရာသီမှာ နှုတ်ခမ်းသား ခြောက်သွေ့အက်ကွဲခြင်းမှ ကာကွယ်နိုင်မယ့် နည်းလမ်းကောင်း (၅) ခု
ဆောင်းရာသီမှာ နှုတ်ခမ်းသား ခြောက်သွေ့အက်ကွဲခြင်းအတွက် နည်းလမ်းကောင်း ၅ ခု- ဆောင်းရာသီမှာ အများဆုံးဖြစ် တတ်တဲ့ အရေပြားဆိုင်ရာ ပြဿနာတွေထဲမှာ နှုတ်ခမ်းသား ခြောက်သွေ့ အက်ကွဲတာကလည်း စိတ်အနှောင့်အယှက် ဖြစ်စရာ တခုပဲ ဖြစ်ပါတယ်။ နှုတ်ခမ်းသားတွေ ခြောက်သွေ့အက်ကွဲလို့ ကြံရာမရ ဖြစ်နေတဲ့ ပျိုမေတွေအတွက် အခု ဖော်ပြပေးမယ့် နည်းလမ်းတွေက အသုံးတည့်စေမှာပါ။ (၁) သျခားသီး မျက်နှာပေါင်းတင်တဲ့အခါ အသုံးပြုကြတဲ့ သခွားသီး စိတ်လေးတွေကို နှုတ်ခမ်းသား ခြောက်သွေ့အက်ကွဲတဲ့ အခါမျိုးမှာ အသုံးပြုနိုင် ပါတယ်။ နှုတ်ခမ်းပေါ်မှာ သခွားသီး စိတ်လေးတွေ ကပ်ထားပေးရုံနဲ့ ရေဓာတ်ကို ပြန်လည် ဖြည့်တင်းပေးပြီး စိုပြည်ချောမွေ့စေမှာ ဖြစ်ပါတယ်။ (၂) အုန်းဆီ အိမ်တိုင်းအိမ်တိုင်းမှာ အလွယ်တကူ ရှိကြတဲ့ အုန်းဆီဟာဆိုရင်လည်း နှုတ်ခမ်းသားခြောက်သွေ့ အက်ကွဲခြင်းတွေအတွက် […]
ရှေးကလူကြီးတွေအသုံးပြုသည့် အရှည်မြန် ဆံပင်ပြန်ပေါက်စေမည့် အိမ်တွင်းနည်း
ရှေးကလူကြီးတွေအသုံးပြုသည့် အရှည်မြန် ဆံပင်ပြန်ပေါက်စေမည့် အိမ်တွင်းနည်း (ကြက်သံ အထွက်မြန်တာ ဆံကေသာ ) ယခင်က မိတ်ဆွေသူငယ်ချင်းများက ကျွန်တော်ကိုတွေ့ပါလျှင်ပြောင်ကြီးတဲ့။အချို့ကပြောင််ပြောင်တဲ့လူကြားသူကြားလည်းမရှောင်တော့။ယခုကျွန်တော်ကို ပြောင်ကြီးလို့မခေါ်ကြတော့ပါ။ ဆေးနည်း ကြက်သွန်နီီနဲ့သံပုရာသီးပဲလိုပါတယ်။ဒီနည်းကို အဘိုးသံပေးခဲ့တယ်လို့ ဆေးနည်းပေးသူကပြောပါတယ်။ကျွန်တော်မယုံကြည်ခဲဲ့ပါ။ ခုတော့ကျွန်တော်ယုံခဲ့ပါပြီ။ (၁)ကြက်သွန်နီ အခွံနွာပြီး ထုထောင်း၍ သတ္တုရည်ယူပါ။ (၂) သံပုရာရည်ကို ယူပါ။ ထိိုသတ္တုရည်နှစ်မျိုးကို စတီးဇွန်း(၃)ဇွန်းဆီလောက်အရည်သန့်သန့်ရစေရန် အဝတ်သန့်သန့်ဖြင့် စစ်ပါ။နေ့စဉ် အိပ်ရာ ဝင်တိုင်း ပြောင်နေသောဦးခေါင်းကိုလိမ်းပြီးအိပ်ပါ။စလုပ်စဉ် ကြက်သွန်နံ့ နံသော်လည်းနောက်ပိုင်း အကျင့်ရသွား ပါလိမ့်မယ်။(၁၀)ရက်လောက်မှာပင် ထူးခြားခြင်းကြုံပါလိမ့်မည်။ပြောင်နေသောဦးခေါင်းအရည်ပြားတွင် ဆံပင် လေးများ ပေါက်လာမည်က ဧကန်အမှန်ပင်ဖြစ် ပါလိမ့်မည်။ကြက်သွန်နီနှင့်သံပုရာက အိမ်တိုင်းဆောင် ထားတတ်သော အိိမ်တွင်းအသုံးအဆောင်ဖြစ်၍ လုပ်ဆောင်လိုသူတို့အတွက် အခက်အခဲရှိ မည်မထင်ပါ။ ကြက်သွန်နီ၏ အနောက်တိုင်းတွေ့ရှိချက် (၁) ကြက်သွန်ဖြူသည် ဆာလ်ဖာဓာတ်ကြွယ်ဝပါသည်။ (၂)ကြက်သွန်နီသည် ကိုလာဂျင် ပရိိုတိန်းထုတ်လုပ်မှုကောင်းစေသဖြင့် […]









