အသက်ကွာသူကို ချစ်မိတဲ့အခါ အချစ်မှာ အသက်အရွယ်ဆိုတာမရှိဘူး နှစ်ဦးနှစ်ဘက် ချစ်ရင်ပြီးတာပဲလို့ ဆိုကြတယ် တကယ်တမ်း ချစ်လို့ တွဲပြီဆိုတော့မှ ပြဿနာကစတာ ။ တစ်ခုပြီးတစ်ခုနဲ့ မဆုံးနိုင်တော့ဘူး။ ဘာလို့လဲဆိုတော့ အသက်ခြင်း တအားကွာနေပြီဆို ဘဝဖြတ်သန်းတာခြင်းလည်း မတူတော့ပါဘူး ။ အမြင်နဲ့ခံယူချက်တွေကလည်းကွာကြတယ် ။ ဒီဒုက္ခတွေကတော့ အသက်ကွာလွန်းသူကို ချစ်မိသူတိုင်း ကြုံရတဲ့ဒုက္ခတွေပဲဖြစ်ပါတယ် ။ လွှမ်းမိုးခြင်း အသက်ကြီးတဲ့သူကလည်း သူကအကြီးမို့ သူပြောတာနားထောင်စေချင်တယ် ။ အနိုင်လိုချင်တယ် ။ ငယ်တဲ့သူကလည်း အငယ်မို့ ဆိုးနွဲ့ပြီးအနိုင်ရချင်တယ် ။ အလျှော့ပေးစေချင်တယ် ။ အကြိုက်မတူခြင်း ဒါကလည်းသိပ်မဆန်းတဲ့ အရာတစ်ခုပဲ ။ အသက်ကြီးတဲ့ လူကတည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးနေချင်တယ် ။ ဆိုင်ကောင်းကောင်းလေးမှာထိုင်ပြီးစကားပြောချင်တယ် ။ ငယ်တဲ့လူကတော့ လျှောက်သွား၊ လျှောက်စားနေချင်ပြီး ပွဲလမ်းတွေဆိုလည်းသွားချင်သေးပါသေးတယ် ။ […]
Life Style
ကောင်လေးတွေ ပြောတဲ့ အကောင်းဆုံး ချစ်သူမိန်းကလေးမှာ ရှိတဲ့ လက္ခဏာရပ်များ
ကောင်မလေးတွေ ယူဆတတ်ကြတာက ကောင်လေးတွေက လှတပတ ကောင်မလေးတွေကို စိတ်အဝင်စားဆုံး သဘောအကျဆုံးလို့ပဲ ဖြစ်ပါတယ်။ တကယ်က အဲ့သည့် ယူဆချက်က မှားပါတယ်။ ကောင်လေးတွေက လှတပတလေးတွေကို ကြိုက်တယ်ဆိုတာက အပေါ်ယံပဲ ဖြစ်ပါတယ်။ တကယ်တမ်း ကောင်လေးတွေ အများစု လက်ခံထားကြတဲ့ အကောင်းဆုံး ချစ်သူမိန်းကလေးဆိုတာကတော့ ဒီအချက်တွေနဲ့ ကိုက်ညီနေတဲ့သူတွေ ဖြစ်ပါတယ်။ (၁) ကိုယ့်ကိုယ်ကို လက်ခံယုံကြည်တယ် ကိုယ့်ကိုယ်ကို ချစ်တတ်တဲ့သူက ချစ်စရာ အကောင်းဆုံးပါပဲ။ ကိုယ့်ရဲ့ အသားအရေ ကိုယ့်ရဲ့ နေထိုင်မှု ပုံစံတွေအတွက် ကျေကျေနပ်နပ် လက်ခံပြီး နှစ်သက်တတ်သူတွေက သဘောကျစရာကောင်းတယ်လို့ အမျိုးသားတွေက လက်ခံထားပါတယ်။ (၂) စမတ်ကျတယ် ကလေးတွေလို မရင့်ကျက်တဲ့ ဟန်တွေ မရှိတာကလည်း စိတ်ဝင်စားစရာ တစ်ချက်ပါ။ ကလေးဆန်တဲ့ ဟန်တွေက ချစ်ဖို့ကောင်းတယ်လို့ […]
ထက်မြက်တဲ့ မိန်းကလေးတွေသာ နားလည်နိုင်မယ့် အချစ်နဲ့ ပတ်သတ်တဲ့ ယူဆချက်များ
ထက်မြက်တဲ့ မိန်းကလေးတွေသာ နားလည်နိုင်မယ့် အချစ်နဲ့ ပတ်သတ်တဲ့ ယူဆချက်များ လူတိုင်းက အရွယ်ရောက်လာတာနဲ့ အချစ်ဆိုတာကို မလွှဲမသွေ ရင်ဆိုင်ကြရပါတယ်။ အချစ်နဲ့ ပတ်သတ်ရင် လူတိုင်းက စိတ်ပျော့ညံ့တာ ဒါမှမဟုတ် အလွဲတွေ ဖြစ်ကုန်တာ စသဖြင့် အမျိုးမျိုး ဖြစ်တတ်ကြပါတယ်။ အချစ်နဲ့ ပတ်သတ်ပြီး ထက်မြက်တဲ့ မိန်းကလေးတွေကတော့ သူများထက်ကို ထူးခြားနေလေ့ ရှိပါတယ်။ သူတို့ကတော့ အခုလိုမျိုး တွေးလေ့ ရှိကြသူတွေလည်း ဖြစ်ပါတယ်။ (၁) တကယ်မချစ်ပဲ ချဉ်းကပ်တတ်တာ သိတယ် မိန်းကလေးတွေကို ကောင်လေးတွေက ချစ်စကားဆိုဖို့ အတွက် ချဉ်းကပ်တတ်တာက သဘာဝ တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ထက်မြက်တဲ့ မိန်းကလေးတွေကတော့ သိပ်ပြီး စိတ်မယိုင်တတ်ကြပါဘူး။ သူတို့ သန်မာနေရတဲ့ ထက်မြက်တဲ့ ကောင်မလေး ဖြစ်ရတဲ့ အချက်လည်း […]
အနေဝေးတဲ့ ချစ်သူတွေ သွေးမအေးကြစေဖို့…
အနေဝေးတဲ့ ချစ်သူတွေ သွေးမအေးကြစေဖို့… နေ့စဉ်နေ့တိုင်း အနားမှာ အရိပ်တ ကြည့်ကြည့် ဂရုစိုက်ပေး နိုင်တဲ့ ချစ်သူစုံတွဲတွေလည်း ရှိသလို၊ တစ်နယ်စီ ခြားနေကြတဲ့ ချစ်သူ စုံတွဲတွေလည်း အများကြီးပါပဲ။ Long Distance Relationship (LDRS) လို့ခေါ်တဲ့ အနေဝေးတဲ့ ချစ်သူ စုံတွဲတွေ အနေနဲ့ ရင်ဆိုင်ရမယ့် အခက်အခဲတွေက မလွယ်လှပါဘူး …။ တစ်ယောက်နဲ့ တစ်ယောက် အနေဝေးနေတာကြောင့် သွေးအေးသွားကြမလား၊ သစ္စာရှိရဲ့ လား၊ နားလည်မှုကို ဘယ်လိုတည်ဆောက်ရမလဲ ဆိုတဲ့အပေါ် ဗျာများနေရတဲ့ အဖြစ်မျိုးပါ။ နေ့စဉ် တွေ့မြင် ထိတွေ့နေရတာမျိုး မဟုတ်တော့ အချိန်ကြာလာတဲ့အခါ သွေးအေးသွားတာမျိုး တွေလည်း ရှိတတ်ပါတယ် …။ LDRS တွေအနေနဲ့ ခိုင်မြဲတဲ့ အချစ်ရေးကို တည်ဆောက်လိုတဲ့ အခါ […]
အချစ်နဲ့ ပတ်သက်ရင် စိတ်နုတဲ့သူတွေ ဖတ်ဖို့ ဖတ်ကြည့်ပါ …။
ခဏတော့ငိုပါ…အချစ်နဲ့ ပတ်သက်ရင် စိတ်နုတဲ့သူတွေ ဖတ်ဖို့ ဖတ်ကြည့်ပါ …။ အသဲကွဲတိုင်း ငိုနေစရာလား ငိုမိရင်ခဏပေါ့ မျက်နှာထသစ် သနပ်ခါးလိမ်းပြီးရင် စိတ်လက်ကြည်သာတဲ့နေရာကို ထသွားလိုက်မယ်။ နဂိုအတိုင်း အချစ်ကို ပြန်မရနိုင်မှတော့ ဘာလို့များ မျှော်လင့်တောင့်တ ငိုကြွေးနေရမှာလဲ …၊ လောကမှာ သနားစရာအကောင်းဆုံး လူဟာ ကိုယ်ဖြစ်သင့်သလို ကိုယ့်ကိုကိုယ်လောက် ဘယ်သူမှ မချစ်နိုင်ပါဘူးနော်။ လမ်းခွဲသွားလို့  ဝမ်းနည်းကြေကွဲနေစရာလား…၊ စိတ်ထိခိုက် ခံစားရရင် ခဏဆို လုံလောက်ပြီလေ …။ ကိုယ်လုပ်စရာရှိတာတွေကို ဆက်လုပ်ဖို့  အားအင်အသစ်တွေကို အမြန်ဆုံးမွေးယူပြီး လုပ်ငန်းခွင်နဲ့  သူငယ်ချင်းတွေကြား ပျော်ပျော်ပဲ နေလိုက်မယ်။ ချန်ထားခဲ့သူထက် တစ်နေ့ သာရမယ် ဆိုတဲ့ စိတ်နဲ့ အလုပ်တွေကို ပိုတောင် ကြိုးစားလိုက်ရုံပဲ …။ ကိုယ့်ဘဝအတွက် […]
ကိုယ့်အနားက ဘယ်တော့မှ စွန့်ခွာ မသွားမယ့် ချစ်သူဆိုတာကို ပြနေတဲ့ လက္ခဏာရပ်များ
ကိုယ့်အနားက ဘယ်တော့မှ စွန့်ခွာ မသွားမယ့် ချစ်သူဆိုတာကို ပြနေတဲ့ လက္ခဏာရပ်များ အချစ်တွေဆိုတာ ရှိနေကြပေမယ့်လည်း အချစ်တွေ သက်တမ်းကုန်သွားတဲ့အခါ ကိုယ့်ဆီကနေ စွန့်ခွာသွားတတ်ကြတာပါပဲ။ အချစ်တွေ ကုန်သွားလို့ လမ်းခွဲရတဲ့သူတွေ ရှိသလို အချစ်တွေ ခိုင်ခိုင်မြဲမြဲနဲ့ ကိုယ့်အနားက စွန့်ခွာမသွားဘဲ ချစ်ပေးကြတဲ့သူတွေလည်း ရှိပါတယ်။ ကိုယ့်ချစ်သူက ကိုယ့်ကို ဘယ်တော့မှ စွန့်ခွာမသွားဘဲ အတူရှိနေပေးမယ့်သူဆိုတာကို ဒီအချက်တွေကို ကြည့်ပြီး သိနိုင်ပါတယ်။ (၁) သင့်ကို မငြိုငြင်ဘူး ကိုယ့်ကို တကယ်ချစ်တဲ့သူတွေက ကိုယ့်ရဲ့ အဆိုးတွေကို သိရင်တောင် ဆိုးတဲ့ အချက်တွေလို့ပဲ လက်ခံလိုက်ပြီး ငြိုငြင်မှုတွေ မရှိတဲ့သူ ဖြစ်ပါတယ်။ သင့်မှာ ရှိနေတဲ့ အချက်တွေအတွက် စိတ်ဆိုးရင်ပဲ စိတ်ဆိုးမယ်၊ ငြိုငြင်ပြီး သင့်ကို ရှောင်ခွာ မနေတတ်ကြပါဘူး။ […]
ချစ်သူကောင်လေးအပေါ် မိန်းကလေးတွေ အမြဲလိမ်နေကျ စကား(၅)ခွန်း
ချစ်သူကောင်လေးအပေါ် မိန်းကလေးတွေ အမြဲလိမ်နေကျ စကား(၅)ခွန်း Relationship တစ်ခုမှာ ယောကျာ်းလေးတွေကပဲ လိမ်တတ်တယ်လို့ထင်ထားရင်တော့ သင်လုံးဝကို မှားသွားပါလိမ့်မယ်။ ယောကျာ်းလေးတွေနည်းတူ မိန်းကလေးတွေလည်း လိမ်တတ်ကြပါတယ်။ မိန်းကလေးတွေ လိမ်တယ်ဆိုတာကတော့ သူတို့ရဲ့ စိတ်ထဲအရာတွေကို လက်တွေ့မှာပြောင်းပြန်အနေအထားပြောဆို လိမ်ညာကြတာဖြစ်ပါတယ်။ ဘယ်လိုစကားတွေက သင့်ကောင်မလေး သင့်ကို လိမ်နေပြီဆိုတာသိရအောင် ဆက်ဖတ်ကြည့်လိုက်ပါဦးနော်။ (၁) စိတ်မဆိုးပါဘူး မိန်းကလေးတွေစီက စိတ်မဆိုးပါဘူးဆိုတဲ့စကားဟာ သိပ်ကိုကြောက်ဖို့ကောင်းတဲ့ အင်အားပြင်းလက်နက်ကြီးတစ်ခုပါ နော်။ စိတ်မဆိုးပါဘူးလို့ပြောလာရင်တော့ သေချာပါတယ် သူတို့ရဲ့ ရင်ထဲက ဒေါသအလိပ်လိပ်ကို မြိုချကာ ဟန်ဆောင်နေတာဖြစ်ပါတယ်။ စိတ်မဆိုးပါဘူးဆိုရင်တော့ ဘာအမှားလုပ်မိလည်း ပြန်တွေးပြီး ချော့ဖို့သာပြင်ထားပါတော့ ကွီးတို့ရေ။ (၂) လာမချော့နဲ့ အချော့မကြိုက်တဲ့ မိန်းကလေးတစ်ယောက်လောက် ဒီကမ္ဘာမှာရှိနိုင်လားလို့ ရိုးရိုးလေးပဲတွေးကြည့်ပါ။ စိတ်ဆိုးစိတ်ကောက်တာဟာ မိန်းကလေးတွေရဲ့သဘာဝဖြစ်ပြီး ချော့ရမှာက ကွီးတို့ တာဝန်ဖြစ်တာကြောင့် လာမချော့နဲ့လို့ပြောလာရင်တော့ […]
အချစ်ကို ကိုးကွယ်မှာမဟုတ်တဲ့ မိန်းမတစ်ယောက်ရဲ့ လက္ခဏာ (၅) ခု မိန်းကလေးတွေဟာ အရမး်ချစ်မိသွားတဲ့ အခါမျိုးမှာ ဘာကိုမှမမြင်နိုင်တော့ လောက်အောင် အချစ်ကိုကိုးကွယ်တတ် ကြပါတယ်။ ဒါပေမယ့် တစ်ချို့ မိန်းကလေး တွေကတော့ ဘယ်လောက် ချစ်ချစ် အချစ်ကို ကိုးကွယ်မယ့် သူတွေ မဟုတ်ကြပါဘူး။ အချစ်ကို ကိုုးကွယ်မှာ မဟုတ်တဲ့ အသိဉာဏ်မြင့် မိန်းမတွေရဲ့ လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ် (၁) မဟုတ်မခံ အသိဉာဏ် မြင့်တဲ့ မိန်းကလေးတွေက သူတို့ မှန်နေတဲ့ ကိစ္စတွေကို ချစ်သူက အတင်း စွပ်စွဲတာတွေ ၊ ချစ်သူက အနိုင်ကျင့်တာ ၊ မမျှမတ လာလုပ်တာ မျိုးဆိုရင် ငြိမ်ခံနေမယ့် သူမျိုးတွေ မဟုတ်ပါဘူး။ သူတို့ကို ဘလိုင်းကြီး အနိုင်လာယူတာ ၊ […]
ငယ်ချစ်ဦးနဲ့လွဲခဲ့သူများမဖတ်ရ
ကလေးဘဝ ကိုပြန်လွမ်းမယ်ဆိုပြီး စဉ်းစားတော့ အချစ်ဦးကို တန်းပြန်သတိရ တာပါပဲ။ ကျွန်တော်တို့တွေဟာ ဘာကောင်ကြီးတွေ မှမဟုတ်ပဲ အချစ်ဦး အတွက်ဆို သူရဲကောင်းကြီး အဖြစ်ရှိ ချင်ခဲ့ကြတယ်။ ကလေးဘ ဝကိုပြန် သွားတာနဲ့ အချစ်ဦးဆိုတာ ကလည်း ဇာတ်လမ်းတစ်ပုဒ်ရဲ့ ဇာတ်ဝင်ခန်း တစ်ခုလိုပါပဲ။အချစ်ဦးလို့ သုံးတာက Crush ဆိုတဲ့စကားကို ကလေးဘဝက မသိခဲ့သေးတာရော Crush တယ်ဆိုတာထက်ပြီးမြတ်နိုးခဲ့ မိတာကြာင့်ရောပါ ။ ကျွန်တော်တို့ အားလုံးနှစ်သက်ပြီး ပြန်တမ်း တကြတဲ့အဖြူ စိမ်းကျောင်းသား ဘဝမှာဆို မနက်မိုးလင်းလို့ကျောင်းရောက်တာနဲ့ ကိုယ့်အဖွဲ့ လေးနဲ့ကိုယ် ကလေးတို့သဘာ ဝဆော့မယ် ကစားမယဒီလိုနဲ့ အချိန်ကုန်တတ်ခဲ့ကြ ပါတယ်။ ဒါပေမယ့် အချစ်ဦးဆိုတဲ့ ကောင်မလေးက စိန်ပြေးတမ်း ကစားနေသလား ကြိုးခုန်နေသလား ဇယ်ခုပ်နေသလားဆို တာကိုလည်း စိတ်ဝင်တစား လိုက်ကြည့်ခဲ့ကြဖူး […]
အကျင့်ဆိုးလေးတွေ ရှိပေမယ့် စိတ်ရင်း ကောင်းတဲ့ အငယ်ဆုံးလေးတွေအကြောင်း
အကျင့်ဆိုးလေးတွေ ရှိပေမယ့် စိတ်ရင်း ကောင်းတဲ့ အငယ်ဆုံးလေးတွေအကြောင်း အငယ်ဆုံးတွေဆိုတာ မိသားစုထဲမှာ ဆိုးချင်တိုင်းဆိုး လို့ရတက်တဲ့ အကျင့်ဆိုးလေးတွေတော့ရှိတယ် ဒါမဲ့ စိတ်ရင်းကောင်းထားတက်ကြသလို အချစ်ရေးမှာလည်း သူ့ချစ်သူအပေါ်အချစ်သန်ပြီး မမူးပဲရစ်တက်တဲ့ ချစ်စရာကောင်းတဲ့သူလေးတွေလေ သူတို့ကို ချစ်ရင် အချစ်ကြီးလွန်းလို့ အစစအရာရာ.အမြဲတမ်း ဂရုစိုက်မူတွေအပြည့်ခံရတက်ကြတယ် သူလေးတွေပါ မဟုတ်မခံ ဆိုပေမဲ့ အရာရာကို မတွေးတောပဲ တဇွတ်ထိုး နိုင်တက်ကြတယ် သူငယ်ချင်းတွေထဲမှာတော့ တခုခု ဖြစ်လာရင် လက်မြန်ခြေမြန်တက်ကြသူတွေပါ မိသားစုအပေါ်မှာ ဘယ်လောက်ဆိုးဆိုး သူငယ်ချင်းတွေအပေါ်မှာတော့ အရမ်းကိုကောင်းတတ်ကြတယ် အိမ်မှာ ဘာအလုပ်မှမလုပ်ချင်ပေမယ့် သူငယ်ချင်းတွေအတွက်ဆိုရင်တော့ ကူညီဖို့ အမြဲတမ်း အစဉ်သင့် ဖြစ်နေသလို ဘာပဲလုပ်ပေးရလုပ်ပေးရ မညီးညူပဲ တက်တက်ကြွကြွ လုပ်ပေးချင်တဲ့စိတ်ထားလေးရှိတယ် ထပ်ပြောပါမယ် အငယ်ဆုံးလေးတွေဆိုတာ ဆိုးချင်နွဲ့ချင်ပေမယ့် ဘယ်တော့မှ သူတစ်ပါးအပေါ်မှာ ယုတ်မာတဲ့ စိတ်ထား လုံးဝမရှိပါဖူးဗျာ… […]