ONE ဝိတ်တန်းနှစ်ခုချန်ပီယံ မြန်မာ MMA ကစားသမား အောင်လအန်ဆန် ၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲကို အောက်တိုဘာ ၃၀ ရက်တွင် ကျင်းပမည်ဖြစ်သည်။ အောင် လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအဖြစ် နယ်သာလန် နိုင်ငံသား ဒီရစ်ဒါနှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။ ONE Championship သည် အောက်တိုဘာ ၃၀ ရက်တွင် Inside The Matrix အမည်ဖြင့် ကျင်းပမည့်ပြိုင်ပွဲတွင် ပါဝင်မည့် ကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲ လေးပွဲကို ထုတ်ပြန်ခဲ့ရာ အောင်လအန်ဆန်၏ တွဲဆိုင်းလည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် အောင်လအန်ဆန်အနေဖြင့် ယခုနှစ်အတွင်း ပထမဆုံးပွဲကို အောက်တိုဘာမှ ယှဉ်ပြိုင်ထိုးသတ်ရခြင်းဖြစ်သည်။ ေ အာ င်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲကို […]
Day: October 9, 2020
အသက် (၃၀) ဝန်းကျင်အရွယ်မှာလည်း နုပျိုလှပနေစေဖို့ ဒါလေးတွေလုပ်ပါ
ဘယ်လောက်ပဲ အသက်တွေရလာပါစေ။ လူတိုင်း လှချင်ကြပါတယ်။ နုပျိုနေသူတစ်ယောက်အတွက်တော့ အသက်ဆိုတာ ကိန်းဂဏန်းတစ်ခုပါပဲ။ အသက် ၃၀ ဆိုတာ တည်ငြိမ်ရင့်ကျက်တဲ့ အရွယ်အပိုင်းတခြားတစ်ခုဖြစ်သလို အလှပဆုံး အချိန်တစ်ခုဆိုလည်း မမှားပါဘူး။ အသက် ၃၀ ဝန်းကျင်မှာ သင့်ကို ပိုပိုပြီးလှနေစေဖို့အတွက် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။ ၁။ ရေဓာတ်ဖြည့်တင်းပါ။ ရေကို သတိတရသောက်ပေးပါ။ အနည်းဆုံး တစ်နေ့ ၈ ခွက်သောက်ပေးသင့်ပါတယ်။ ၂။ လေ့ကျင့်ခန်းလုပ်ပါ။ အရမ်းပြင်းပြင်းထန်ထန်မဟုတ်ဘဲ ပုံမှန်လေးလုပ်သွားပေးပါ။ တစ်နေ့ နာရီဝက် တစ်နာရီလောက် အချိန်ပေးသင့်ပါတယ်။ ၃။ အရက် ဘီယာ သောက်သုံးမှုကိုရှာင်ကျဉ်ပါ။ ၄။ တစ်နေ့ကို ၇ နာရီလောက် အိပ်ပေးပါ။ အိပ်ရေးမပျက်ပါစေနဲ့။ ၅။ သင့်ရဲ့ စိတ်ကျန်းမာရေးကိုလည်းဂရုစိုက်ပါ။ စိတ်ဖိစီးမှုကို လျှော့ချပါ။ ၆။ သရေစာတွေ […]
” (6) လက်မ အကျယ်ရှိတဲ့ အ၀ီစိတွင်းဟောင်းထဲ ပြုတ်ကျတဲ့ ကလေးကို ၀ိုင်းဝန်းကယ်တင်”(ရုပ်သံ)
သထုံမြို့ လိပ်အင်းရပ်ကွက် ဝါးတောလမ်း ၆ လက်မအဝီစိတွင်းဟောင်းထဲသို့ ကလေးတစ်ယောက်ပြုတ်ကျနေသည်ကို အကြောင်းကြားလာပါသဖြင့် အကြင်နာတွဲလက်အသင်းနှင့်ရပ်ကွက်အတွင်းရှိပရဟိတညီကိုများဝိုင်းဝန်းကြိုးပန်းခဲ့သဖြင့်အဝီစိရေတွင်းဟောင်းထဲသိုပြုတ်ကျနေသောကလေးငယ်အား သွားရောက်ကယ်တင်ခဲ့ပါသည် ကံကောင်းလို့ကလေးရယ် 6 .10 .2020 ရက်နေ့ pm 2:46မိနစ်အချိန်တွင်သထုံမြို့လိပ်အင်းရပ်ကွက် ဝါးတောလမ်း အတွင်းနေအိမ်ဝင်းရှိ၆ လက်မအဝီစိတွင်းဟောင်းထဲသို့ကလေးတစ်ယောက်ပြုတ်ကျနေကြောင်းသတင်းရရှိသဖြင့် အကြင်နာတွဲလက်ကယ်ဆယ်ရေးအသင်းမှ အခင်းဖြစ်ရာသို့ သွားရောက်ခဲ့ပါသည်။ ရုပ္သံၾကည့္ရန္ ၆ လက်မ အဝေစိတွင်းထဲသို့ကျရောက်နေသောခလေးမှာ ၁နှစ်၅လ သာရှိသေးပြီး တွင်ထဲတွင် ဆွဲထုတ်ရခက်သဖြင့်ဘေးမှမြေကြီးများကို တူးပြီး မှ ဆွဲထုတ်ရာ ခလေးမှာအသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပါသည်။ ဝိုင်းဝန်းကူညီပေးကြသော သင်းထော်ကယ်ဆယ်ရေးအဖွဲ့ရက်ကွက်အတွင်းမှလူငယ်များလူနာရှင်ကိုယ်စားအထူးကျေးဇူးတင်ရှိပါသည်။ Aung Ko Latt


