အဆုတ်ကျန်းမာရေး ချွတ်ယွင်းလာပြီဆိုရင် ခန္ဓာကိုယ်မှာပြလာတတ်တဲ့ လက္ခဏာများ…
ယနေ့ခေတ်မှာ လူဦးရေထူထပ်ပြီး ယာဉ်တွေ ပေါများလာတာကြောင့် လေကောင်းလေသန့်ရဖို့က ခက်လာပါပြီ။ အဲဒါကြောင့် အဆုတ်ကျန်းမာရေးကို ဂရုစိုက်ဖို့ လိုအပ်လာပါပြီ။ အဆုတ်က နေမကောင်းရင် ခန္ဓါကိုယ်မှာ လက္ခဏာတွေ ပြလာတတ်ပါတယ်။ ၁။ ကျောနဲ့ ပုခုံးနာကျင်လာခြင်း ရင်ဘတ်အောင့်တာက အဆုတ်ကင်ဆာရဲ့ ရှေးဦးလက္ခဏာဖြစ်တာတောင် ကျောနဲ့ပုခုံးနာကျင်လာခြင်းက တွေ့ရခဲတဲ့ လက္ခဏာပါပဲ။ ကျောနဲ့ပုခုံးနာကျင်တဲ့လက္ခဏာတွေ ပြလာရင် အဆုတ်ကို ကုသလို့ရပါသေးတယ်။ နာကျင်မှုက ပြင်းထန်လာပြီး ကျောက အမြဲလိုလို နာကျင်နေတယ်ဆိုရင် ဆရာဝန်နဲ့ မြန်မြန်ပြသသင့်ပါတယ်။ ၂။ ချောင်းဆိုးခြင်း အဆုတ်ကျန်းမာရေးမကောင်းရင် ချောင်ူဆိုးလာပါတော့တယ်။ အဲဒီလိုချောင်းဆိုးတာက အအေးမိလို့ ချောင်းဆိုးတာနဲ့ ဆင်ဆင်တူပါတယ်။ ဒါပေမယ့် ချောင်းဆိုးခြင်းက နာတာရှည်ရောဂါတစ်ခုရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် ချောင်းဆိုးလာပြီဆိုရင်လည်း မပေါ့ဆသင့်ပါဘူး။ ချောင်းဆိုးတဲ့အခါ သွေးပါလာပြီ ဆိုရင်တော့ အဆုတ်ကင်ဆာရဲ့ … Read more
လာမယ့်တစ်လအတွင်း ဘယ်လိုအပြောင်းအလဲတွေ ဖြစ်မလဲသိရဖို့ ကတ်တစ်ခုကို ရွေးလိုက်ပါ
လာမယ့်တစ်လအတွင်း ဘယ်လိုအပြောင်းအလဲတွေ ဖြစ်မလဲသိရဖို့ ကတ်တစ်ခုကို ရွေးလိုက်ပါ Tarot card လေးတွေက သင့်ရဲ့ ကံကြမ္မာကို မသတ်မှတ်နိုင်ပါဘူး။ ဒါပေမယ့် သင်ကြုံတွေ့ရမယ့် ကံကြမ္မာနဲ့ပတ်သက်ပြီး အရိပ်အမြွက်တော့ ပြောပြနိုင်ပါတယ်။ ဒီတော့ လာမယ့်တစ်လအတွင်းမှာ ဘယ်လိုအရာတွေဖြစ်လာမလဲဆိုတာ သိရဖို့ သေချာအာရုံစိုက်ပြီး ဒီကတ်တွေထဲက တစ်ခုကိုရွေးပြီးဖတ်ကြည့်လိုက်နော်။ (၁) Knight of Swords ဒီကတ်လေးကိုရွေးလိုက်တယ်ဆိုရင်တော့ လာမယ့်တစ်လအတွင်းမှာ ကိုယ်ဖြစ်ချင်တဲ့အရာတွေ၊ ကိုယ်တွေးထားတဲ့အရာတွေနဲ့ ပတ်သက်လို့ မြန်မြန်ဆန်ဆန်ပြောင်းလဲလာတာမျိုးဖြစ်လာနိုင်ပါတယ်။ ကိုယ်ဖြစ်ချင်တာတစ်ခုကိုပဲ အာရုံစိုက်နေတော့ သင့်အတွက်ကောင်းမွန်တဲ့ တခြားအခွင့်အရေးတွေကို သတိမပြုမိလိုက်တာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်ဖြစ်ချင်တာတွေအတွက် ကြိုးစားနေဆဲမှာပဲ တခြားအခွင့်အလမ်းတွေအတွက်လည်း နားစွင့်ထားမယ်ဆိုရင် ပိုအဆင်ပြေနိုင်ပါတယ်။ (၂) 7 of Cups ဘာကိုမှ စိတ်မဝင်စား၊ ဘာကိုမှမလုပ်ချင်လောက်အောင် ဖြစ်နေပါလိမ့်မယ်။ ကိုယ့်အတွက် အခွင့်အရေးကောင်းတွေ အများကြီးရလာနိုင်ပေမယ့် … Read more
ခြင်ဆေးခွေ အမြဲလိုလိုသုံးမိနေပြီဆိုလျှင် မဖြစ်မနေ သိထားရမည့် အချက်များ……
ခြင်ဆေးခွေ အမြဲလိုလိုသုံးမိနေပြီဆိုလျှင် မဖြစ်မနေ သိထားရမည့် အချက်များ သင့်အိမ်မှာ ခြင်ဆေးခွေနှင့်ပရုတ်လုံးတွေံ အသုံးပြုနေပါက ဒီစာစုလေးကို မဖြစ်မနေ သိထားသင့်ပါတယ်။ကမ္ဘာ့လူသုံးကုန်ပစ္စည်းများအဖွဲ့ရဲ့ ကြေညာချက်အရ နှစ်စဉ် အမေရိကန်လူမျိုး ၃၃.၁မီလ်ီယန်လောက်ဟာ အိမ်သုံးပစည်း များကြောင့် ကျန်းမာရေးထိခိုက်ခြင်းကို ခံစားနေရတယ်လို့ ဆိုပါတယ်။ထိုသို့ဖြစ်ရခြင်းဟာ အိမ်သုံးပစ္စည်းများတွင်ပါဝင်သော ဓာတုပစည်း များကြောင့်လို့ သိပံပညာရှင်များက ယုံကြည်ကြပါတယ်။ (၁)ခြင်ဆေးခွေ မြန်မာနိုင်ငံလို ခြင်ပေါတဲ့ နိုင်ငံအနေနှင့်တော့ ခြင်ဆေးခွေဟာ မရှိမဖြစ် အရေးပါပါတယ်။ အထူးသဖြင့် နယ်ဘက်လိုနေရာ မျိုးတွေမှာဆိုရင် ခြင်ဆေးခွေကို အိမ်တိုင်းနီးပါး အသုံးပြုကြပါတယ်။ခြင်ပြေးစေတာမို့ ခြင်နှင့်ပတ်သက်သောကျန်းမာရေးပြဿနာများကို တားဆီးနိုင်သော်ငြားလည်း အခြားသော ကြောက်စရာရောဂါတွေကိုတော့ လက်ယပ်ခေါ်နေသလို ဖြစ်စေကြောင်းတွေ့ရှိထားပါတယ်။ သိပံ္ပပညာရှင်တွေရဲ့ စမ်းသပ်ချက်များအရ ခြင်ဆေးတစ်ခွေကနေလာသော မီးခိုးငွေ့တွေဟာဆိုရင် ဆေးလိပ်ပေါင်း ၇၅လိပ်ကနေ၁၃၇လိပ်ကနေ ထွက်လာသောမီးခိုးငွေ့တွေနဲ့ ညီမျှတယ်ဆိုတာသိရပါတယ်။အဆုတ်နဲ့ပတ်သက်သော ရောဂါဆိုးကြီးတွေ ဖြစ်ပေါ်စေဖို့ ကောင်းကောင်း … Read more
ခြင်တွေက သင့်ကိုပဲရွေးကိုက်နေတာ ဘာကြောင့်လဲ
ခြင်တွေက သင့်ကိုပဲရွေးကိုက်နေတာ ဘာကြောင့်လဲ..? သူတွေပါတဲ့။ သင်ရော အဲဒီ ၂၀ ရာခိုင်နှုန်းသောလူတွေထဲမှာပါနေပြီလား။ ဒါဆိုရင်တော့ ခြင်တွေက လူတွေအများကြီးရှိတဲ့အထဲကမှ သင့်ကိုပဲ ရွေးပြီးကိုက်ရတဲ့ အကြောင်းအရင်းကို သိဖို့လိုအပ်နေပါပြီ။ ဘာအကြောင်းရင်းတွေကြောင့် အမြဲ ခြင်တွေရဲ့ သားကောင်ဖြစ်နေရလဲဆိုတာ ကြည့်လိုက်ပါဦးနော်။ အဝတ်အစား ခြင်တွေကတော့ သူတို့ရဲ့ သားကောင်ကို အမြင်နဲ့ပဲ ရှာဖွေလေ့ရှိပါတယ်။ခြင်တွေကတော့ အမြင်အာရုံကောင်းကြပြီး ညနေပိုင်းအချိန်မှာ အမြင်အာရုံနဲ့ပဲ လူတွေကို ရှာဖွေပါတယ်။ ချက်ခြင်းမြင်တွေ့လွယ်တဲ့ အရောင်တွေဖြစ်တဲ့ အနီ၊အနက်နဲ့ နက်ပြာရောင် ဝတ်ထားတဲ့ သူတွေကတော့ အများဆုံး အကိုက်ခံရပါတယ်။ သွေးအမျိုးအစား အရွယ်ရာက်ပြီးဖြစ်တဲ့ ခြင်ထီးတွေကတော့ ဝတ်မှုန်တွေကို စားသုံးကြပေမဲ့ ခြင်မတွေကတော့ ဥဥဖို့အတွက် သွေးကို သူတို့ရဲ့ အာဟာရအဖြစ် သောက်သုံးရပါတယ်။ O သွေး အမျိုးအစားတွေကတော့ A နဲ့ … Read more
သင်အကြိုက်ဆုံး သစ်သီးကိုကြည့်ပြီး သင့်အကြောင်း ပြောပြမယ်
သင်အကြိုက်ဆုံး သစ်သီးကိုကြည့်ပြီး သင့်အကြောင်း ပြောပြမယ် . . သစ်သီးလေးတွေကို ကြည့်ပြီး သင်အကြိုက်ဆုံး သစ်သီးတစ်မျိုးကို အရင်ဆုံး ရွေးလိုက်ပါ။ ပြီးရင် အဲဒီသစ်သီးကပြောတဲ့ သင့်အကြောင်းကို ဖတ်ရှုလေ့လာနိုင်ပါတယ်။ 1. ပန်းသီးက သင် အကြိုက်ဆုံး သစ်သီးဆိုရင် သင်ဟာ အပေါင်းအသင်းတွေဆုံရင် စကား အများဆုံး ဒိုင်ခံပြောနေတတ်တဲ့သူ ဖြစ်နိုင်ပါတယ်။ ဆုံးဖြတ်ချက်တွေကို လျင်လျင်မြန်မြန်ချနိုင်ပြီး ရုတ်တရက် ဖြစ်လာတဲ့ ကိစ္စတွေကို ချက်ချင်းဆိုသလို ဖြေရှင်းနိုင်စွမ်း ရှိပါတယ်။ ခရီးသွားရတာကို နှစ်သက်ပြီး မရောက်ဖူးတဲ့ နေရာ အသစ်တွေကို သွားချင်နေ သူပါ။ သင်ဟာ ခေါင်းဆောင်ကောင်း တစ်ယောက်လည်း ဖြစ်နိုင်ပါတယ်။ အများအားဖြင့် ဆွဲဆောင်နိုင်စွမ်း ကောင်းသူတွေ ဖြစ်တတ်ပြီး သင့်လက်တွဲဖော် အပေါ်ကို လွှမ်းမိုးနိုင်မယ့် သူပဲဖြစ်ပါတယ်။ 2. … Read more
ပုံမှန်ထက်ပိုပြီး စီးပွားတက်လာဘ်ရွှင် လာဘ်ပွင့်စေရန်….
ချစ်သူအပေါ် အရမ်းသိတတ်လွန်းတဲ့လူမျိုးတွေက ဘယ်တော့မှ တန်ဖိုးထားမခံရဘူး…
ချစ်သူအပေါ် အရမ်းသိတတ်လွန်းတဲ့လူမျိုးတွေက ဘယ်တော့မှ တန်ဖိုးထားမခံရဘူး… ချစ်သူအပေါ် အရမ်းသိတတ်လွန်းတဲ့လူမျိုးတွေက ဘယ်တော့မှ တန်ဖိုးမထားမခံရဘူး… ချစ်သူအပေါ်အရမ်းသိတတ်လွန်းတဲ့သူတွေအားနာတတ်လွန်းတဲ့သူတွေ သိပ်ချစ်လွန်းတဲ့သူ …၊ အနစ်နာခံတတ်တဲ့သူ တွေမှာ အပင်ပန်းရဆုံး အချိန်က ဘာမှမဖြစ်သလို ဟန်ဆောင်ပြုံးပြ ရတဲ့အချိန်ပဲ ကိုယ်နာကျင်နေပေမယ့် ကိုယ့်ကိုယ်နာကျင်အောင် လုပ်တဲ့သူကို ပြန်နာကျင်အောင်လုပ်ဖို့ မပြောနဲ့ …၊ ကိုယ်နာကျင်နေတာတောင် သူသိမှာစိုးလို့ ဟန်ဆောင်ပြုံးပြတတ်တဲ့ သူမျိုးတွေ …၊ သိပ်အလိုက်သိ သိပ်ကို မျက်နှာရိပ်မျက်နှာကဲ ကြည့်တတ်တဲ့သူတွေ ဖြစ်ပေမယ့် သူတို့ ဘာဖြစ်နေတယ်တော့ ဘယ်သူမှ မသိစေရဘူး …။ နာကျင်လေလေ ရယ်စရာတွေပြော ဟာသတွေ လျောက်လုပ်နဲ့ ကိုယ်မပျော်တာတောင် သူများပျော်အောင် လုပ်ပေးတတ်တဲ့သူမျိုးတွေ …။ I’m okay ဆိုတဲ့ စကားကို အမြဲပြောတတ်ပေမယ့် အမြဲပြုံးနေတတ်ပေမယ့် …၊ သူတို့ကတစ်ကယ်တော့ … Read more
မြန်မာ လူမျိုး အများစုတွေ ဆင်းရဲစေတဲ့ အချက် (၃၇)ချက်
မြန်မာလူမျိုး အများစုတွေကို ဆင်းရဲစေတဲ့ အချက် (၃၇) ချက်ကို ဖော်ပြ ပေးလိုက်ပါတယ်။ ဖော်ပြထားတဲ့ အချက်တွေ တကယ် မှန်၊ မမှန် ဖတ်ကြည့်လိုက်ပါဦး ခင်ဗျာ (၁) မြန်မာအများစုက (TEAM WORK) အားနည်းတယ်။ မညီညွတ် ဘူး (၂) ဘေးကနေ သွေးခွဲရ လွယ်တယ်။ (၃) မနာလိုစိတ် များတယ်။ (၄) အချင်းချင်း ထဲ ကိုယ့်ထက် သာသွားမှာ မလိုလားဘူး။ သာရင်လည်း မနာလိုဘူး။ (၅) သူများကို ချီးကျူးရင် မကြိုက်ဘူး။ကိုယ့်တစ်ယောက်တည်းကိုပဲ ချီးကျူး စေချင်တယ်။ (၆) မုဒိတာ မပွါးနိုင်ဘူး။ (၇) ကြိုးစားရမယ့် နေရာတွေမှာ တက်တက်ကြွကြွ မရှိဘူး။ (၈) သူများမလုပ်ရင် မလုပ်ချင်ဘူး။ (၉) … Read more
သတိထားတဲ့ အမှုမဲ့အမှတ်တမဲ့ ကြောက်စရာအန္တရာယ်
သတိထားစရာ အမှတ်တမဲ့အန္တရာယ် ရုတ်တရက်နှလုံးခုန်ရပ်ပြီး သွေးလည်ပတ်မှု့ရပ် ကာ ဦးနှောက်သို့သွေးမရောက်လျင် လူသည် ၅ မိနစ်အတွင်းသေစေနိုင်သည်ကို သိပြီးသူများ ပါသည် ။ နှလုံးခုန်မရပ်ပဲ ဦးနှောက်သွေးကြောပိတ်ကာ သေဆုံးဖူးသူတွေရှိပါသည် အက်စီးဒင့်မဟုတ်ပဲ အမှတ်တမဲ့ဖြစ်တတ်သော ကိစ္စမို့အများကသတိ မထားမိကြပါ ။ ထိုအရာမှာ ဝါးပက်လက်ကုလားထိုင် ပင်ဖြစ်၏ တချို့က ထိုထိုင်ခုံပေါ်လှဲလျက်စာဖတ်ခြင်းအိပ် ခြင်းများ ပြုလုပ်တတ်သည် ။ ထိုင်ခုံ၏ ခေါင်းမှီတန်းမှာ ဦးခေါင်းနောက်စိသွေး လည်ပတ်ရာကို ဖိမိပြီးဖြစ်သလိုဖြစ်နေတတ်၏ နှလုံးမှဦးခေါင်းသို့ ပို့လွှတ်ပေးသောသွေးများက ပိတ်ဆို့ပြီး အသက်အန္တရာယ်ရှိလေသည် ။ ကျွန်တော့်၏ အသိမိတ်ဆွေမှာထိုသို့ဖြစ်ခဲ့ဖူးပြီး သူသည် အထက်ကပုံစံမျိူး ပက်လက်ကုလား ထိုင်ပေါ်အိပ်နေပြီး ပြန်လည်သတိမရပဲသေဆုံး သွားခဲ့ဖူးလေသည် ။ ။ စေတနာဖြင့် အသိပေးရေးသားလိုက်ပါသည် သတိမူ၍ဂူမြင်နိုင်ကြပါစေ ။ Sai Min Thant … Read more
တကယ်ချစ်တဲ့ယောက်ျား နဲ့ ဟန်ဆောင်တတ်တဲ့ယောက်ျား…
တကယ်ချစ်တဲ့ယောက်ျား နဲ့ ဟန်ဆောင်တတ်တဲ့ယောက်ျား မိန်းခလေး တယောက်က သူ့ချစ်သူ ကောင်လေးနဲ့ 6 နှစ် အကြာ လက်တွဲ ခဲ့တယ် ။ ဒါပေမဲ့ ချစ်သူကောင်လေးက သူမကို လက်ထပ်ယူဖို့ စိတ်ကူး မရှိခဲ့ဘူး ။ အဲဒါကြောင့် ဒီ 6 နှစ် ကြာ အချစ်ဇာတ်လမ်း ကို သူမ ဖြတ်တောက်ပြစ်ဖို့ ရွေးချယ် လိုက်တယ် ။ သူမရဲ့ အခုလက်ရှိ လင်ယောက်ျားကို အိမ်ထောင်ဖက် တွေ့တဲ့ အနေနဲ့ စတွေ့တဲ့ အချိန်တုန်းက သူမ အိမ်ထောင်ပြုချင်ပြီလို့ ပြောခဲ့တယ် ။ သူမရဲ့ ယောက်ျားက တချက်ပြုံးသွားတယ် ။ အတူတူ ထမင်း စားခဲ့ကြပြီး ပျော်ရွှင်စွာ စကားတွေ ပြောခဲ့ကြတယ် ။ … Read more