ရင်နင့်အောင် ချစ်ခဲ့ဖူးသူတွေသာ သိရှိ ခံစားနိုင်မယ့် အချက်( ၆ )ချက်….

ရင်နင့်အောင် ချစ်ခဲ့ဖူးသူတွေသာ သိရှိ ခံစားနိုင်မယ့် အဖြစ်အပျက်များ ချစ်တယ်ဆိုတာက ကြိုက်တာနဲ့ လုံးဝ မတူတာကို ချစ်ဖူးသူတိုင်း သိကြပါတယ်။ ဘယ်လို စကားလုံးနဲ့ ပြောပြရမယ် မသိလောက်အောင် ကွာခြားပါတယ်။ ချစ်ဖူးသူတွေရဲ့ ခံစားချက်ကို မချစ်ဖူးတဲ့သူတွေကတော့ အထူးအဆန်း ဖြစ်နေကြမှာပါ။ ရည်းစားတွေ ဘယ်လောက်ထားထား ချစ်ဖူးချင်မှ ချစ်ဖူးကြတာပါ။ ချစ်ဖူးတဲ့သူဆိုရင်တော့ ဒီလို အခြေအနေတွေကို သိပြီး ကိုယ်ချင်းစာတတ်ကြပါတယ်။ (1) စိတ်လှုပ်ရှားတာ ချစ်မိသွားတဲ့ သူတစ်ယောက်က ကိုယ်ချစ်ရသူနဲ့ အရမ်း မရင်းနှီးသေးတဲ့ အချိန်မှာဆို အရမ်း စိတ်လှုပ်ရှားရပါတယ်။ စကားလုံးနဲ့ ဖော်ပြလို့ မရတဲ့ စိတ်လှုပ်ရှားမှုက ပုံမှန် ဖြစ်တတ်တဲ့ စိတ်လှုပ်ရှားမှုနဲ့ လုံးဝ မတူပါဘူး။ ဘာမျှော်လင့်ထားလဲ မေးရင် ဘာမှ မျှော်လင့်ထားလို့ မဟုတ်ဘဲ ကိုယ့်ရှေ့မှာ … Read more

ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ…

သင့်ရဲ့ဘဝမှာ လုံးဝမဆုံနိုင်တော့တဲ့သူတစ်ယောက်၊ အမြဲသတိရနေသူတစ်ယောက်ကတော့ ရှိခဲ့ဖူးမှာပါ။ အခုရှိနေရင်လည်း ရှိနေမှာပေါ့။ သူက ကိုယ့်အနားလုံးဝမရှိတော့တာဖြစ်စေ၊ ဒီကမ္ဘာကြီးမှာ မရှိတော့တာပဲ ဖြစ်ဖြစ် သူ့ကို သတိရတဲ့အချိန် ရှိမှာပါပဲ။ အဲ့လိုအချိန်မှာ တမ်းတစိတ်ကြောင့် ရူးရူးမိုက်မိုက်မဖြစ်သွားပါနဲ့။ သင်ခံစားနိုင်ပါတယ်။ နာကျင်နိုင်ပါတယ်။ သတိရနိုင်ပါတယ်။ ဒါပေမယ့် သတိရတဲ့အချိန်တိုင်း အရင်ကထက် ပိုသက်သာစေမယ့် နည်းလမ်းတွေကို ဖော်ပြပေးပါရစေနော် ၁။ ဒီလိုခံစားရတာဟာ သင့်အမှား မဟုတ်ပါဘူး” အချိန်က အရာရာကို ကုစားသွားမယ်လို့ သိထားရက်နဲ့ သင့်ကျမှ မမေ့နိုင်ဘာကြောင့်ဖြစ်နေရလဲ စဉ်းစားဖူးလား။ သင့်ဦးနှောက်က ဝေးကွာခြင်းဆိုတဲ့အရာကို လက်မခံနိုင်သေးလို့ပါ။ ဒီလိုခံစားရတာ သင်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာ မှတ်ထားပေးပါ။ မမေ့နိုင်သေးတာကို အပြစ်တင်တာမျိုးမလုပ်ပါနဲ့။ လူတစ်ယောက်နဲ့ တစ်ယောက် မေ့ပျောက်နိုင်ဖို့ အချိန်ကာလက မတူညီပါဘူး …။ ၂။ အတင်းပျော်ဖို့ ဖိအားမပေးပါနဲ့ ပိတ်ရက်တွေမှာ … Read more

အသက် ၁၆ နှစ် မှ ၂၄ နှစ်အတွင်း မိန်းကလေးများ ဖတ်သင့်တဲ့ ပို့စ်လေးပါ သိမ်းထားရှယ်ထား သင့်ပါတယ်နော်

အသက် ၁၆ နှစ် မှ ၂၄ နှစ်အတွင်း မိန်းကလေးများ ဖတ်သင့်တဲ့ ပို့စ်လေးပါ သိမ်းထားရှယ်ထား သင့်ပါတယ်နော် သက် ၁၆ နှစ် မှ ၂၄ နှစ်အတွင်း မိန်းကလေးများ ဖတ်ဖို့ပါ ညီမလေးရေ…….. လှပတဲ့ မျက်နှာ တစ်ခုက တစ်ချိန်ကျရင် အိုမင်းသွားလိမ့်မယ် …။ စွဲမက်စရာ ခန္ဓာကိုယ် ကောက်ကြောင်းတွေကလည်း တစ်ချိန်ကျရင် ပြောင်းလဲသွားပါလိမ့်မယ် … ။ ဒါပေမယ့် မိန်းမကောင်း တစ်ယောက်ကတော့ တစ်ချိန်ကျရင်လည်း မိန်းမကောင်းပါပဲ ။ ဘယ်အချိန်ပဲ ရောက်ရောက် မိန်းမကောင်းပါပဲနော် …. ။ ညီမလေးရေ ဇွဲမလျော့နဲ့ လူတွေကတော့ ညီမလေး ပြုံးနေတာထက် ညီမလေး ရှုံးနေတာ မြင်ချင်တဲ့သူက ပိုများနေတတ်တယ် … ။ … Read more

ရှစ်နာရီထက် ပိုအိပ်ရင် ကြုံတွေ့ရမယ့် ကျန်းမာရေးပြဿနာ (6) ခု….

ရှစ်နာရီထက် ပိုအိပ်ရင် ကြုံတွေ့ရမယ့် ကျန်းမာရေးပြဿနာ (6) ခု ကျန်းမာရေးအတွက် တနေ့ကို ရှစ်နာရီအောက် နည်းပြီး မအိပ်သင့်ပါဘူး။ ဒါပေမယ့် လူအများစုက အိပ်ချိန်ရှစ်နာရီထက် ပိုများရင်လည်း ကောင်းတယ်လို့ ထင်နေကြပါတယ်။ တကယ်တော့ အိပ်ချိန်ရှစ်နာရီထက် ပိုခြင်းက အိပ်ချိန် ရှစ်နာရီအောက် လျော့ခြင်း လိုပဲ ကျန်းမာရေးကို အန္တရာယ် ပေးပါတယ်။ 6. ကိုယ်အလေးချိန် တိုးလာခြင်း အိပ်ချိန် နည်းပါးခြင်းရော အိပ်ချိန်များခြင်းကပါ အဝလွန်ခြင်း၊ ဆီးချိုရောဂါတို့နဲ့ ဆက်စပ်နေပါတယ်။ အိပ်ချိန်များရင်လည်း ဝလာတတ်ပါတယ်။ အိပ်ချိန်များတဲ့ အခါ လေ့ကျင့်ခန်း လုပ်ဖို့လည်း အချိန်မရတော့ပါဘူး ။ 5. စိတ်ဓါတ်ကျခြင်း အိပ်ချိန်မမှန်တဲ့သူတွေက စိတ်ဓါတ်ကျခြင်းကို ခံစားရတတ် ပါတယ်။ အချိန်အကြာကြီး အိပ်တဲ့သူတွေက စိတ်ပျက်လက်ပျက် ဖြစ်ခြင်း၊ ပင်ပန်းနွမ်းလျခြင်းကို … Read more

မြန်မာနိုင်ငံတွင်ပထမဦးဆုံးဖြစ်လာမည့် မှန်တံတား စီမံကိန်းကို ဂုတ်ထိပ်တံတားအနီးတွင် မကြာမီတည်ဆောက်မည်

မြန်မာနိုင်ငံတွင်ပထမဦးဆုံးဖြစ်လာမည့် မှန်တံတား စီမံကိန်းကို ဂုတ်ထိပ်တံတားအနီးတွင် မကြာမီတည်ဆောက်မည် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတားအနီးတွင် ခရီးသွားများကို ဆွဲဆောင်နိုင်ရန်အတွက် မှန်တံတား နှင့် အပန်းဖြေစခန်းစီမံကိန်းကို မကြာမီတည်ဆောက်တော့မည် ဖြစ်ကြောင်း ရှမ်းပြည်နယ် စီမံ၊ဘဏ္ဍာဝန်ကြီး စိုးညွန့်လွင်ကအောက်တိုဘာလ ၁၇ ရက်တွင်ပြော သည်။ အဆိုပါ ဂုတ်ထိပ်မှန်တံတားနှင့် အပန်းဖြေစီမံကိန်းကို ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက ယခုနှစ်မှစတင်ကာ ၂၀၂၂ ခုနှစ်အတွင်း အပြီးဆောင်ရွက်မည်ဖြစ်Nပီး စီမံကိန်းတွင် မှန်တံတားအပြင် ဘန်ဂလိုများ၊ ခေတ် မီကစားကွင်း၊အပန်းဖြေဥယျာဉ်၊ရွက်ဖျင်တဲများ၊စိုက်ခင်းများ၊အမှတ်တရပစ္စည်းအရောင်းဆိုင်၊စားသောက်ဆိုင်များပါဝင်မည် ဖြစ်ကြောင်းသိရသည်။ “ခွင့်ပြုမိန့် စာရွက်စာတမ်းအားလုံးပြီးနေပါပြီ။လုပ်ငန်းစတင်ဖို့ဘဲရှိပါတော့တယ်။ ဂုတ်ထိပ်တံတားရယ် ဘန့်ဘွေးကျင်း ရေတံခွန်ရယ်၊မှန်တံတားရယ်ကမနီးမဝေးပါပဲ။ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ဆောင်ရွက်တာပါ။ကိုဗစ်ကာလအလွန်ရှမ်းပြည်နယ်အတွင်းခရီးသွားလုပ်ငန်းတွေစနစ်တကျနဲ့ပြန်လည်ဖွံ့ဖြိုး စေဖို့ ပြည်နယ်နဲ့ကိုက်ညီတဲ့ Tourism master plan ကိုလည်းရေးဆွဲထားပြီးဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။ ဂုတ်ထိပ်မှန်တံတားနှင့် အပန်းဖြေစီမံကိန်းသည် … Read more

မိသားစု တစ်ခု အိမ်တစ်အိမ် ရဲ့ စီးပွားရေး ကို လုံးဝ ပျက်စီးသွားနိုင်တဲ့ ယိုပေါက်ကြီး (၆) ခု…

မြတ် စွာဘုရား ဟောထားတာကတော့ လောကမှာ စီးပွားရေးပျက်ရာ ၊ပစ္စည်းဥစ္စာတွေရဲ့ ယိုပေါက်ကြီး ၆ခုဆိုတာပစ္စည်းဥစ္စာဟာ ဘယ်တော့မှ မတည်ဘူးတဲ့…မြန်မာတွေကတော့ ပြောကြတယ်“လူမိုက်နဲ့ငွေ” အတူမနေဘူးတဲ့ပစ္စည်းဥစ္စာဟာ ပျောက်သွားတယ်။ မြတ်စွာဘုရားက ဘာကိုဟောသလဲဆိုရင်နံပါတ်(၁)က အာလသျ – လူပျင်းနဲ့ဆိုရင် ငွေဟာ အတူမနေဘူးတဲ့။ပျင်းရိလို့ရှိရင် ပျင်းတယ်ဆိုတာ ပူလွန်းတယ်၊အေးလွန်းတယ်၊ မိုးချုပ်လွန်းတယ်၊ ဆာနေသေးတယ်၊မစားရသေးဘူး၊ စားပြီးပြီ၊ ဗိုက်လေးတယ် ဆိုတဲ့အချက်တွေကို အကြောင်းပြပြီး အလုပ်မလုပ်ဘဲနဲ့နေတာကို ပျင်းတယ်လို့ပြောတာနော်။အဲဒီလိုပျင်းရိမှုဟာလည်း ပစ္စည်းဥစ္စာရဲ့ယိုကျဖို့ရာ အပေါက်တစ်ခုပဲတဲ့။ နောက် နံပါတ်(၂)ကတော့ ပမာဒတဲ့ – အပျော်အပါးတွေဘက်ပဲ စိတ်ဝင်စားတယ်။ကောင်းကျိုးချမ်းသာဖြစ်ဖို့ စိတ်မ၀င်စားဘူး။လုပ်ငန်းကိုလည်း စိတ်မ၀င်စားဘူး။ အပျော်အပါးတွေကိုအမြဲတမ်း စိတ်ဝင်စားနေရင်လည်း ပျက်စီးနိုင်တယ်။နံပါတ်(၃)က အနုဋ္ဌာန – လုပ်ငန်းတစ်ခုကို လုပ်တဲ့အခါမှာတက်တက်ကြွကြွ မရှိဘူး။ ၀တ်ကျေတမ်းကျေပဲလုပ်တယ်၊ ဖြေးဖြေးဆေးဆေးပဲ။ slow ပေါ့…။သွက်သွက်လက်လက် လုပ်ရမယ့်ဟာကိုသွက်သွက်လက်လက် မလုပ်ဘူး။ ပျင်းပျင်းရိရိလုပ်တယ်၊ … Read more

ခြေညှိုးက ခြေမထက် ရှည်တဲ့သူတွေကို ဘာ့ကြောင့် လက်မလွှတ်သင့်တာလဲဆိုတဲ့ အကြောင်းရင်း

ခြေညှိုးက ခြေမထက် ရှည်တဲ့သူတွေကို ဘာ့ကြောင့် လက်မလွှတ်သင့်တာလဲဆိုတဲ့ အကြောင်းရင်း ခြေညှိုးဟာ ခြေမထက် ရှည်တဲ့သူတွေ တော်တော်များများ ရှိပါလိမ့်မယ်။ အဲလို လူတွေရဲ့ ဖြစ်တတ်တဲ့ စိတ်သဘောထားတွေကို တင်ပြ ပေးလိုက်ပါတယ်။ သူတို့မှာ ကောင်းတဲ့အချက်တွေ အများကြီး ရှိနေပါတယ်။ ယောင်္ကျားလေးပဲ ဖြစ်ဖြစ်၊မိန်းကလေးပဲ ဖြစ်ဖြစ် သူတို့လို လူတွေကို တွေ့ရင်တော့ လက်မလွတ်လိုက်ပါနဲ့။ သူတို့ဟာ ချစ်ပြီဆိုလဲ သူများနဲ့ မတူသလို မုန်းပြီဆိုလဲ လှည့်ကြည့်တတ်တဲ့သူတွေ မဟုတ်ပါဘူး။ခြေညှိုးက ခြေမထက်ရှည်နေတဲ့ သူတွေဟာ… (1) အချစ်ကြီးတယ် အစွဲအလမ်းကြီး ခံစားလွယ်တယ်။ (2) ချစ်သူကိုဦးစားပေးတယ် ချစ်သူကိုလည်း အနိုင်ယူတယ်။ (3) ချစ်ပြီဆို ဘယ်လိုတားတား ဇွတ်ချစ်တယ် မုန်းပြီးဆို လုံးဝလှည့်မကြည့်ဘူး။ (4) အငြိုးကြီးတယ် ရန်ငြိုး ထားတတ်တယ်။ … Read more

ပြန်မလာတော့မယ့် ခရီးရှည်ကြီးကို ထွက်ခွာသွားပြီဖြစ်တဲ့ မီးမီးခဲအတွက် ခင်ပွန်းဖြစ်သူ ကို Brice ရေးတဲ့ ဝမ်းနည်းဖွယ်ရာ စာတစ်စောင်

တောက်ပတဲ့ ဂီတကြယ်ပွင့်တစ်ပွင့်ဖြစ်တဲ့ အဆိုတော် မီးမီးခဲကတော့ အချိန်မတန်သေးပဲ စောစီးစွာ ကြွေလွင့်သွားခဲ့ပြီ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် သီချင်းတွေနဲ့ ခံစားမှုရသပေါင်းစုံကို ပေးစွမ်းနိုင်ခဲ့တဲ့ အဆိုတော်ကောင်းတစ်ယောက် ကွယ်လွန်သွားတဲ့အပေါ် ပရိသတ်တွေကလည်း စိတ်မကောင်းဝမ်းနည်းကြသလို မီးမီးခဲရဲ့ မိသားစု၊ မိတ်ဆွေ၊ အသိုင်းအဝိုင်းကလည်း ပူဆွေးနေကြတာပဲ ဖြစ်ပါတယ်။ မီးမီးခဲရဲ့ ခင်ပွန်းဖြစ်သူ ကို Brice ကလည်း မီးမီးခဲရဲ့ နောက်ဆုံးခရီးအတွက် ဝမ်းနည်းစရာ စာတစ်စောင်ကို အခုလိုပဲ မျှဝေပေးလာတာပဲ ဖြစ်ပါတယ်။ ၂၀၂၀ အောက်တိုဘာလ (၁၆) ရက်နေ့မှာ ကျွန်တော်တို့မိသားစုရဲ့ ယုံကြည်အားထားရာဖြစ်တဲ့ မီးမီးခဲကတော့ ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့ပြီဖြစ်တဲ့အတွက် စိတ်မကောင်းကြီးစွာ ဖြစ်ရပါတယ်။ မီးမီးခဲနဲ့အတူတူ သူမအရမ်းချစ်တဲ့ ကလေးသုံးယောက်နဲ့ ပျော်စရာကောင်းတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ခွင့်ပေးခဲ့တဲ့ ဘုရားသခင်ကိုလည်း ကျေးဇူးတင်ပါတယ်။ မီးမီးခဲနဲ့ လက်ထပ်ခဲ့တဲ့ … Read more

ကားပေါ်မှာ ဓမ္မတာလာလို့ဒုက္ခရောက်ခဲ့တဲ့ ကောင်မလေးကို ပါးပါးနပ်နပ်ကူညီခဲ့တဲ့ အမျိုးသား..

ကားပေါ်မှာ ဓမ္မတာလာလို့ဒုက္ခရောက်ခဲ့တဲ့ ကောင်မလေးကို ပါးပါးနပ်နပ်ကူညီခဲ့တဲ့ အမျိုးသား.. ကိုရီးယားမှာသာမက အာရှမိန်းကလေးပရိသတ်တွေကြားမှာ အမျိုးသားတစ်ယောက်ရှိပါတယ် …။ရုပ်ချောလို့ နာမည်ကြီးနေတာမျိုး မဟုတ်ပဲ သူ့ရဲ့ gentleman ဆန်တဲ့ အပြုအမူကြောင့် ပါ။ ဘတ်စကားပေါ်မှာ ဓမ္မတာ လာနေတဲ့ မိန်းကလေးတစ်ယောက်ကို တစ်ဖက် မိန်းကလေးလည်း သူ့ကြောင့် အရှက်ရတာမျိုး မဖြစ်အောင် ပညာသားပါပါ ကူညီပေးလိုက်တဲ့ သူ့ရဲ့ အပြုအမူကြောင့် “Straw berry Milk Oppa” ဆိုပြီး နာမည်ကြီးနေတာပဲ ဖြစ်ပါတယ် …။ ဖြစ်ရပ်ကတော့ မိန်းကလေး တစ်ယောက်ဟာ ဘတ်စ်ကားပေါ်မှာ ရာသီလာလို့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်နေခဲ့ပါတယ်။သူမကိုယ်တိုင်ကလည်း လာမယ့် ရက်ကို မေ့နေခဲ့လို့ ဘာမှ အကာအကွယ်တွေ မလုပ်ခဲ့ရပါဘူး။ ပိုဆိုး တာ က … Read more

ဆယ်ကျော်သက်အရွယ် လှသွေးကြွယ်ချိန်မှာ မိုးကုတ်မြို့ရဲ့ အလှမျက်နှာဖုံးဖြစ်ခဲ့တဲ့ ငယ်ဘဝလေးကို ပြသလာခဲ့တဲ့ ထက်ထက်မိုးဦး

မှုံရွှေရည်ဆိုတဲ့ နာမည်လေးကနေတဆင့် ထက်ထက်မိုးဦးအဖြစ် လျှောက်လှမ်းအောင်မြင်ခဲ့တဲ့ မင်းသမီးချောကတော့ သူမရဲ့ ဘဝတစ်လျှောက်မှာ အနိမ့် အမြင့် အတက် အကျတွေ မျိုးစုံနဲ့ ကြုံဆုံခဲ့ရရှာတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ထက်ထက်မိုးဦးကတော့ ဒီနေ့ဒီအချိန်ထိတိုင် ပရိသတ်တွေဆီက မပြောင်းလဲတဲ့ မေတ္တာတွေကို ရရှိပိုင်ဆိုင်ထားလို့ ကံကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ထက်ထက်မိုးဦးကလည်း သူမရဲ့ အသက်အရွယ်တွေပြောင်းလဲခဲ့ပေမယ့် အရင်ကအတိုင်း မပြောင်းလဲပဲ ချစ်စရာကောင်းနေဆဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ငယ်ငယ်က အကြောင်းအရာတွေနဲ့ အမှတ်တရတွေကို ပြန်လည်အောက်မေ့တမ်းတရင်း ပရိသတ်တွေအတွက် မျှဝေပေးနေတဲ့ ထက်ထက်မိုးဦးက ဒီတစ်ခေါက်မှာလည်း သူမရဲ့ မွေးရပ်မြေ မိုးကုတ်မြို့က အမှတ်တရလေးကို မျှဝေလာပါတယ်။ ထက်ထက်မိုးဦးက “ရတနာမြေမှာ မွေးတော့ ရတနာတွေကိုချစ်တာပေါ့လို့ ဒါပေမယ့် ပရိသတ်ရဲ့ မေတ္တာတွေက ထက်ကိုပိုပြီး အားရှိစေတာပါ။” ဆိုပြီး ဆယ်ကျော်သက်အရွယ်က … Read more