အနုပညာ

သိန်းရာကျော်တန်ကားကြီးကို လှူဒါန်းပေးလိုက်တဲ့ မိသားစုကြောင့် ဝမ်းသာနေတဲ့ ဒိန်းဒေါင်….

ဟာသသရုပ်ဆောင် ဒိန်းဒေါင်ကတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ် ။ ယနေ့အချိန်အထိ ဗီဒီယို၊ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အခိုင်အမာရရှိထားသူ ဖြစ်ပြီး ။စိတ်ထားကောင်းပြီး ပျော်ပျော်နေတဲ့ ဒိန်းဒေါင်က အားလုံးကြားမှာ အမြဲတမ်း လူချစ်လူခင်ပေါများလို့နေတာပဲ ဖြစ်ပါတယ် ။ နှစ်ပေါင်းများစွာတိုင်အောင် အနုပညာလောကမှာ အောင်မြင်မှုတွေများစွာနဲ့ ရပ်တည်နေသူလည်း ဖြစ်ပါတယ် လူရွှင်တော်မှတစ်ဆင့် သရုပ်ဆောင်အလုပ်တွေကို လုပ်ကိုင်လာခဲ့သူတစ်ယောက်ဆိုရင်လည်း မမှားနိုင်ပါဘူးနော်။ ဒိန်းဒေါင်ဟာ ဟာသဘက်တွင်သာမက ဒရမ်မာ ရုပ်ဇာတ်တွေကိုလည်း ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ ဝါရင့် သရုပ်ဆောင် တစ်ဦးပဲ ဖြစ်ပါတယ်။ သူကတော့အခုဆိုရင် အလှူအတန်းနဲ့ ပရဟိတလုပ်ငန်းတွေကို ကိုယ်တိုင် တစ်တပ်တစ်အားပါဝင်ကူညီလုပ်ကိုင်နေတာတွေ့ရပါတယ် ။ အခုမှာတော့ သူရဲ့ ပရဟိတအသင်းအတွက် သိန်း နှစ်ရာတန်ကားကြီးကို လှူဒါန်းပေးခဲ့တဲ့ မိသားစုလေးကြောင့် ကြည်နူးပီတိဖြစ်နေရကြောင်းဖေ့ဘွတ်စာမျက်နှာထက်မှာဖော်ပြခဲ့ပါတယ် ။ ပရိသတ်ကြီးလည်း […]

အချစ်နှင့်ဘဝ

မိန်းကလေးတစ်ယောက်ကို ဖြတ်ချင်လာပြီဆိုရင် ယောကျာ်းတွေသုံးတတ်တဲ့ အကွက်များ….

သမီးရည်းစား Relationship တစ်ခုမှာ ကိုယ့်ချစ်သူက ကိုယ့်ကို စိတ်ကုန် လာပြီလားဆိုတဲ့ စိုးရိမ်စိတ်က မိန်းကလေးတွေမှာ ပိုတွေ့ရတတ်ပါတယ်။ စစ်တမ်းတွေအရဆိုရင် Relationship တွေမှာ မိန်းကလေးတွေဘက်ကနေ အရင်စပြီး လမ်းခွဲတာများပါတယ်။ ယောက်ျားအများစုက လမ်း ခွဲရအောင်ဆိုတဲ့ စကား ကို သူတို့ဘက်ကနေ အရင်စပြီး ပါးစပ်ကနေ ဖွင့်မပြောပေမယ့် တစ်ဖက် မိန်းကလေး သူ့အပေါ် စိတ်ပျက်ပြီး လမ်းခွဲချင်လာအောင် လုပ်ပြ၊နေပြ တတ်ကြပါ တယ် …။ နှုတ်ကနေ၊ ပါးစပ်ကနေ ထုတ်မပြောပေမယ့် သူကိုယ့်ကို လမ်းခွဲချင်နေ ပြီဆိုတာကို ဘယ်လိုသိနိုင်လဲ..?ချစ်သူကောင်လေးကို လမ်းခွဲချင်လာပြီဆိုရင် ယောက်ျားတွေ (ပါးစပ်ကနေ လမ်းခွဲရအောင်လို့တော့ ဖွင့်မပြောပေမယ့်) လု ပ်ပြတတ်တဲ့ အပြုအမူတွေကို ဖော်ပြပေးချင်ပါတယ်။ အဲ့ဒါတွေကတော့ …. (၁) အေးစက်လာတာ” ဒါကတော့ […]

အထွေအထွေဗဟုသုတ

“စာသင်ကျောင်း မလိုချင်တဲ့ ရွာကလေး နဲ့ကျောင်းဆရာတွေ ငိုခဲ့ရတဲ့ ရွာကလေး”

ဒီပုံမြင်တော့ ဒီရွာကို စာသင်ကျောင်းဖွင့်ဖို့ သွားစည်းရုံစဉ်က အဖြစ်ပျက်ကို သွားသတိရမိတယ်။တစ်ရွာလုံးမှာမှ စာသင်ကျောင်းလိုချင်တာဆိုလို့ ရွာသူကြီးပဲရှိတယ်။ ကျန်တဲ့ရွာသားးတွေက စာသင်ကျောင်းမှာ ကလေးတွေ စာသင်တာဟာ အပိုအလုပ်လို့ ထင်ကြတယ်။ ဒီလိုနဲ့ ကျွန်တော်တို့မှာ အချိန်မရှိတာနဲ့ ရွာသူကြီးကို မရမကစည်းရုံပြီး စာသင်ကျောင်းဖွင့်ဖို့ပြောတယ်။ မတတ်နိုင်တဲ့အဆုံးး ရွာသူကြီးကလည်း စည်းရုံပေးမယ်ပြောလိုက်ရရှာတယ်။ ဆိုတော့ အဲရွာမှာ ကျွန်တော်တို့ ကျောင်းဆရာ ၂ဦးချထားပေးခဲ့တယ်။   လားရှိုးကိုလည်း ပြန်ရောက်တော့ မကြာသေးး ကျောင်းဆရာ၂ယောက်က ဖုန်းဆက်လာတယ်။ရွာမှာ ထမင်းမငတ်ပေမယ့် စားစရာဟင်းငတ်နေကြောင်း ဟင်းတွေကို ရွာသားတွေဆီတောင်းပေမယ့် လာမပေးကြောင်း။ ဆီတောင်းသော်လည်း နည်းနည်းပဲပေးတာကြောင့် ဆီတောင် သုံးစရာ မရှိကြောင်း ပြောလာပါတယ်။ ၁ပတ်လောက်အထိ ဆိုင်ကနေ အကျွေးယူထားတဲ့ ဆီသွတ်ဗူးနဲ့သာ ထမင်းကိုအောင့်အီ စားနေရကြောင်း ပြောလာပါတယ်။ အဆိုးဆုံးက ကျောင်းတက်တဲ့ ကလေး […]

အထွေအထွေဗဟုသုတ

ဇနီးတွေရဲ့စိတ်ကို နားမလည်တဲ့ ခင်ပွန်းများဖတ်ဖို့…

ဇနီးတွေရဲ့စိတ်ကို နားမလည်တဲ့ခင်ပွန်းများဖတ်ဖို့ မိန်းမတစ်ယောက်က ယောကျာ်းတစ်ယောက်ကို အမှန်တကယ်ချစ်တဲ့အတွက်သာ ထိုယောကျာ်းနဲ့တစ်ဘဝသာ ဖြတ်သန်းဖို့အတွက် လက်ထပ်လိုက်ကြတာပါ လက်ထပ်လိုက်တဲ့အခါ သူမအပျိုဘဝက ဝတ်ခဲ့တဲ့ ဒေါက်မြင့်ဖိနပ်ကိုလည်း ချွတ်ချသွားနိုင်ပြီးဖိနပ်ပါးလေးနဲ့လည်း လမ်းကြမ်းကြမ်းမှာ လျှောက်ရဲပါတယ်။ မျက်နှာပြင်မှာ မိတ်ကပ်မရှိ နှုတ်ခမ်းနီလည်းမရှိပဲအဆီတဝင်းဝင်းနဲ့ မီးဖိုချောင်ထဲမှာ တကုပ်ကုပ်အလုပ်ရှုပ်ရင်း သူမရဲ့ယောကျာ်း အိမ်ပြန်လာချိန်ကိုထမင်းဝိုင်းပြင်ပြီး စောင့်မျှော်နေမိပါလိမ့်မယ်။ လက်မထပ်ခင်က အိမ်ကမင်းသမီးတစ်ပါးလို ဖူးဖူးမှုတ်ခံခဲ့ရပြီး ဘာမှမလုပ်တတ်ခဲ့ရင်တောင် သူမရဲ့ယောကျာ်းကို ချစ်တဲ့အတွက် အိမ် အလုပ်တွေကို သင်ယူပြီး အိမ်ဖေါ်တစ်ယောက်လို ကျိုးနွံစွာပြုစုကြ ပါလိမ့်မယ်။ သူမဟာ ခဝါသည်တစ်ယောက် မဟုတ်ပေမဲ့သူမချစ်တဲ့ ယောကျာ်းရဲ့အဝတ်စားကိုကိုယ်တိုင်ကိုယ်ကျလျှော်ဖွတ်မီးပူတိုက် ပြင်ဆင်ပေးပါလိမ့်မယ်။ အပျိုဘဝက ဝမှာစိုးလို့ ထိန်းထိန်းသိမ်းသိမ်းပြုစု ဂရုစိုက်ခဲ့တဲ့ ပိန်သွယ်နေတဲ့ခန္ဓာကိုယ်ကိုတောင် ပုံပျက်သွားမှာကိုလည်း မမှုပဲ သူချစ်တဲ့ယောကျာ်းအတွက် သားသမီးရတနာလေးတွေ မွေးဖွားပေး ပါလိမ့်မယ်။ နာနီတစ်ယောက်လို လခတွေမရပေမဲ့လည်းသူမချစ်တဲ့ ယောကျာ်းနဲ့မွေးဖွားလားတဲ့ ရင်သွေးအတွက် […]

အထွေအထွေဗဟုသုတ

ယောက်ျားလေး တွေရဲ့ လက်မအနေအထားက ပြောပြတဲ့ အချစ်စိတ်ထား

ယောက်ျားလေး တွေရဲ့ လက်မအနေအထားက ပြောပြတဲ့ အချစ်စိတ်ထား လက်မှာရှိတဲ့ အရေးအကြောင်းတွေဟာ တစ်ဦးနဲ့တစ်ဦး တူသယောင် ရှိပေမယ့် သေချာကြည့်မယ်ဆိုရင် ကွဲပြားပါတယ်။ ယောက်ျားလေးတွေရဲ့ လက်မမှာရှိတဲ့ အရေးအကြောင်း၊ အရစ်ကြောင်းလေးတွေကလည်း … သူတို့ရဲ့ ချစ်သူ မိန်းကလေးအပေါ် ထားတဲ့ စိတ်နေစိတ်ထားကို ဖော်ပြပေးနိုင်တာကြောင့် ဖတ်ကြည့်ဦးနော်… ယောက်ျားလေး ရဲ့ လက်မ မှာရှိတဲ့ အရစ်အကြာင်းလေးဟာ (A) ပုံစံအတိုင်း လက်မရဲ့ ပထမအရစ်အရှည်က ဒုတိယအရစ်ထက် ပိုရှည်တယ်ဆိုရင် သစ္စာတရား ကို လက်ကိုင်ထားသူ ဖြစ်ပြီး လက်တွဲဖော်ရဲ့ စိတ်ဆန္ဒကို ဦးစားပေးတတ်သူ ဖြစ်ပါတယ်။ လက်တွဲဖော်ကို စွဲစွဲလမ်းလမ်းကို ချစ်တတ်သူ ဖြစ်ပါတယ်။ ယောက်ျားလေး ရဲ့ လက်မ မှာရှိတဲ့ အရစ်အကြောင်းလေးဟာ (B) အတိုင်း လက်မရဲ့ပထမအရစ်နဲ့ […]

အချစ်နှင့်ဘဝ

ရင့်ကျက်လာတဲ့ အမျိုးသမီးတစ်ယောက် လက်ခံလိုက်ရတဲ့ နာကျင်စရာကိစ္စများ

ရင့်ကျက်လာတဲ့ အမျိုးသမီးတစ်ယောက် လက်ခံလိုက်ရတဲ့ နာကျင်စရာကိစ္စများ သိလာတာများတဲ့နောက်မှာတော့ ဘာမှ မသိတဲ့ အချိန်ကို ပြန်ရောက်ချင်မိတတ်ကြပါတယ်။ ဘာမှ မသိတဲ့အချိန်မှာတော့ မရင့်ကျက်မှုတွေ ရှိနေပြီး ရင့်ကျက်လာတဲ့သူတွေရဲ့ တန်ကြေးကတော့ တစ်ချို့ နာကျင်မှုတွေကို လက်ခံလိုက်ရခြင်းပါပဲ။ ရင့်ကျက်လာတဲ့ အမျိုးသမီးတွေကတော့ မသိနားမလည်တဲ့အချိန်ထက် ပိုပြီး နာကျင်မှုတွေ များလာပါတယ်။ ဒါတွေကတော့…. (၁) အနားကသူတွေက သစ္စာဖောက်နိုင်တယ်ဆိုတာ မသိနားမလည်တဲ့ အချိန်မှာတော့ ကိုယ့်အနားက ယုံကြည်ရတဲ့သူက သစ္စာဖောက်သွားရင်လည်း နာကျင်ပြီး ခံစားရတဲ့ အခြေအနေပဲ ရှိပါတယ်။ ရင့်ကျက်လာတဲ့အခါမှာတော့ ဒီလို အခြေအနေတွေ ရှိတတ်တယ်ဆိုတာကို တွေးပြီး နာကျင်ရတာ၊ သိလေလေ နာကျင်လေလေနဲ့ အနားကလူတွေကို သံသယ ထားရှိမှုနဲ့ ယတိပြတ် မယုံနိုင်မှုတွေ ရှိနေရတာကတော့ ရင့်ကျက်သူတွေရဲ့ နာကျင်မှု တစ်ခုပါပဲ။ (၂) […]

အထွေအထွေဗဟုသုတ

ဆံပင်အရှည်နှေးလို့စိတ်ညစ်နေသူတွေအတွက် တစ်လအတွင်းသိသိသာသာဆံပင်ရှည်လာအောင်

ဆံပင်က ဒုတိယမျက်နှာဆိုတာ လူတိုင်းသိပြီးသားဖြစ်မှာပါ။ ဆံပင်ပုံစံကကိုယ်နဲ့မလိုက်ရင် လုံးဝမလှတာလည်း အားလုံးအသိပါပဲ။ ဆံပင်အရှည်ထားချင်ပေမယ့် စိတ်မရှည်တဲ့သူတွေအနေနဲ့ တစ်လအတွင်း ဆံပင်ရှည်လွယ်ပြီးတောက်ပြောင်စေမယ့်နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) မကြာခဏအဖျားတိပေးပါ ဆံပင်အဖျားလေးတွေကို မကြာခဏတိပေးတာက ဆံပင်ရဲ့မကျန်းမာတဲ့အစိတ်အပိုင်းတွေကိုဖယ်ထုတ်လိုက်တာဖြစ်တဲ့အတွက် ဆံပင်ကိုကျန်းမာတောက်ပြောင်တဲ့အသွင်မျိုးဖြစ်စေပါတယ်။ (၂) သဘာဝအသီးအနှံတွေနဲ့ပေါင်းတင်ပါ ဆံပင်ရှည်လွယ်ချင်သူတွေအနေနဲ့ သဘာဝအသီးအနှံတွေနဲ့ပေါင်းတင်တဲ့နည်းလမ်းတွေကို သုံးပေးသင့်ပါတယ်။ ကြက်သွန်နီတစ်လုံးကို အတုံးလေးတွေဖြစ်အောင်ကြိတ်ပြီးအရည်ညှစ်ပါ ရလာတဲ့အရည်ကို သံလွင်ဆီအနည်းငယ်နဲ့ရောပြီး ဦးရေပြားနဲ့ဆံပင်အနှံ့ရွှဲနေအောင်လိမ်းပေးကာ နာရီဝက်လောက်ကြာရင် ခေါင်းလျှော်ပေးလိုက်ပါ။ ဒီနည်းကို တစ်ပတ်နှစ်ကြိမ်လုပ်ပေးရင် တစ်လကြာတဲ့အခါ ဆံပင်သိသိသာသာရှည်လာတာကို တွေ့ရပါလိမ့်မယ်။ (၃) ခေါင်းလျှော်တိုင်းပေါင်းဆေးသုံးပေးပါ ခေါင်းလျှော်တိုင်းဆံပင်ပေါင်းဆေးသုံးပေးတာက ဆံသားခြောက်သွေ့တာ၊ ဆံပင်တွေညှိပြီးပြတ်တာတွေမဖြစ်အောင်ကာကွယ်ပေးပြီး ဆံပင်ပိုရှည်အောင် အားပေးပါတယ်။ ဒါကြောင့် ခေါင်းလျှော်တိုင်းဆံပင်ပေါင်းဆေးကိုမဖြစ်မနေသုံးပေးပါ။ (၄) သဘာဝအတိုင်းအခြောက်ခံတဲ့နည်းကိုသုံးပါ ဆံပင်ရှည်လွယ်ချင်သူတွေက ဆံပင်နဲ့ဦးရေပြားကို တတ်နိုင်သလောက်အပူမထိအောင် ထိန်းသိမ်းသင့်ပါတယ်။ ခေါင်းလျှော်ပြီးတဲ့အခါ တဘက်နဲ့ရေစင်အောင်သုတ်ပြီး သဘာဝအတိုင်းအခြောက်ခံတာက အကောင်းဆုံးပါ။ အခုဖော်ပြခဲ့တဲ့နည်းလမ်းတွေကို သေသေချာချာလိုက်နာပြီး […]

အချစ်နှင့်ဘဝ

ချစ်သူကို အရမ်းချစ်မိသွားတဲ့အခါ ဖြစ်ပေါ်လာတဲ့ခံစားချက်(၉)ချက်

ချစ်သူကို အရမ်းချစ်မိသွားတဲ့အခါ ဖြစ်ပေါ်လာတဲ့ခံစားချက်(၉)ချက် ၁။ သူအနားမှာရှိနေရရင် ဘဝတစ်ခုလုံးပြည့်စုံနေသလို အရမ်းပျော်နေမိတယ်။ ၂။ သူနဲ့ပတ်သတ်တဲ့ အသေးအမွှားလေးတွေကအစ သေချာဂရုစိုက်ပေးနေမိတယ်။ ၃။ သူနဲ့အဆက်အသွယ်မရတဲ့အခါ အရမ်းစိတ်ပူမယ်၊ သူဘာတွေ လျှောက်လုပ်နေတာလဲ ဘယ်သူနဲ့ရှိနေလဲပေါ့။ ၄။ သူနဲ့စိတ်ဆိုး စိတ်ကောက်ကြတိုင်း တစ်လောကလုံးက ကိုယ့်ကို ဥပေက္ခာပြုထားသလိုမျိုး ခံစားနေရတတ်တယ်။ ၅။ ကိုယ့်ချစ်သူမှားမှားမှန်မှန် သူ့ဘက်က အမြဲရပ်တည်ပေးနေတတ်တယ်။ ၆။ အဆင်မပြေတဲ့ အချိန်တိုင်းလဲ ပြန်အဆင်ပြေသွားမယ်ဆိုတာ သိပေမဲ့ ပာိုတွေး ဒီတွေးနဲ့ကိုယ့်ကိုယ်ကို နာကျင်ခံစားနေတတ်ကြတယ်။ ၇။ သူရဲ့စိတ်ဓာတ်ကျမှုတွေကို ခွန်းအားအဖြစ်ပြောင်းလဲအောင် ကိုယ့်က ဖေးဖကူညီပေးနေမိတယ်။ ၈။ သူများအတွက် သူက ဘာမှမပာုတ်တဲ့သူတစ်ယောက်ဖြစ်နေပါစေ…ကိုယ့်အတွက်ကတော့ ဘဝမှာ အရေးပါဆုံးသော လူတစ်ယောက်အဖြစ် လက်ခံထားကြတယ်။ ၉။ သူ့အပေါ်မှာ အတတ်နိုင်ဆုံး နားလည်ပေးပြီး သာယာတဲ့အချစ်တစ်ခုဖြစ်အောင် အမြဲကြိုးစားနေတတ်ကြတယ်။ […]

ကျမ္မာရေး ဗဟုသုတ

မြန်မာပြည်က အရိပ်ရအပင်အဖြစ် စိုက်ပျိုးတဲ့ ဗန်ဒါပင်တွေ ရွှေဖြစ်ပြီ ဗန်ဒါသီးစေ့ အကြောင်းသိကောင်းစရာ

မြန်မာပြည်မှာ အရိပ်ရအပင်အဖြစ် စိုက်ပျိုးတဲ့ ဗန်ဒါပင်တွေ ရွှေဖြစ်ပြီ ဗန်ဒါသီးစေ့ကနေ ရတဲ့ အံ့မခန်းအကျိုးကျေးဇူးများ မြန်မာနိုင်ငံမှာ ဗန်ဒါပင် (ဗန်ဒါသီး) လို့ အလွယ် ခေါ်လေ့ရှိတာကြောင့် ဗာဒံပင် ဆိုတဲ့ သူ့မူလအမည် ပျောက်ကွယ်နေတာပါ။အင်္ဂလိပ်အမည်ကIndian Almond ပါတဲ့။ ဗာဒံစေ့နဲ့ပတ်သက်ပြီး၊ ကျန်းမာရေး အကျိုးကျေးဇူးတွေ ဘယ်လောက်တောင်များတယ် ဆိုတာသိနိုင်ကြပါစေရန် မျှဝေလိုက်ပါတယ်နော်။ဗာဒံပင်က အကြီးမြန်ပြီး၊အရွက်တွေ ကလည်းတဆင့်ပြီးတဆင့် အတက်မြန်တာကြောင့် မြန်မာနိုင်ငံမှာ အရိပ်ရအပင်အဖြစ် စိုက် ပျိုးလေ့ရှိကြပါတယ်နော်။ယနေ့ နိုင်ငံတကာမှာတော့ ဗာဒံစေ့နဲ့ ၎င်းမှရတဲ့အဆီကို တန်ဖိုးထား စားသုံးနေကြပါပြီနော်။ဗဟုသုတအနေဖြင့် ပြောရလျှင် ဂရိနိုင်ငံရဲ့ မင်္ဂလာဆောင်တွေမှာ ဗာဒံစေ့ကို wedding sweets အဖြစ် အထူးတလည် ဧည့်ခံနေကြတာပါနော်။အီရန်နိုင်ငံမှာတော့ NewYear ပါတီပွဲတို့လို ထူးထူးခြားခြားနှစ်ပတ်လည် ဧည့်ခံပွဲတွေမှာပင်လယ်မှ ဆားဖြ င့်အငံဖောက်ထားတဲ့ ဗာဒံစေ့ လှော်နဲ့ […]

အေထြအေထြဗဟုသုတ

တန်ဖိုးရှိလိုက်တာ ဖေဖေရယ် သမီးနောက်တခါ ဘုရားကို ဘယ်တော့မှထပ်မသွားချင်တော့ဘူး..

ဖေဖေ သမီး ဘုရားကို နောက်တစ်ခါ ဘယ်တော့မှ ထပ်မသွားချင်တော့ဘူး ဖေဖေ သမီး ဘုရားကို နောက်တစ်ခါ ထပ်မသွားတော့ဘူးဘာဖြစ်လို့လဲ သမီး ဘုရားကို သမီးသွားတော့ တွေ့တဲ့လူတိုင်းက ဘုရားဝတ်ပြုနေတဲ့ အချိန်မှာတောင် ဖုန်းသုံးနေတဲ့သူနဲ့ အတင်းပြောနေတဲ့သူနဲ့ ဘယ်သူမှ တလေးတစား မရှိကြဘူး သူတို့အားလုံးဟာ သူတော်ကောင်းယောင် ဆောင်နေကြတာပဲ ဖေဖေ အင်း ဒါဆို သမီး ဘုရား မသွားတော့ဖို့ မဆုံးဖြတ်ခင် ဖေဖေ သမီးကို တစ်ခုလောက် လုပ်ခိုင်းလို့ရမလား ပြောကြည့်လေ ဖေဖေ ဘာများလဲ.. ဒါဆို သမီး ဖန်ခွက်ထဲ ရေအပြည့်ထည့်ပြီး ဘုရားကို ၂ ပတ် လမ်းလျောက်ရမယ် ဒါပေမယ့် ရေတော့ လုံးဝ မဖိတ်ရဘူးနော် ဒါလေးများ အေးဆေး လုပ်နိုင်ပါတယ် ဖေဖေ […]